Pages

Wednesday, April 10, 2013

ပျော်စရာနှစ်ဦး အတာတန်ခူး ဒေါင်းသခင်တွေ ရွှင်ကာမြူး **မောင်နဲ့မေ တွေးကာ ကြောက် မဖောက်ပြန်နဲ့သင်္ကြန်ရယ် .. 'ပိတောက်သက်သေ လွမ်းမျက်ရည်

♥♥မောင်နဲ့မေ တွေးကာ ကြောက် မဖောက်ပြန်နဲ့သင်္ကြန်ရယ်♥♥'

တူပို့ တူပို့  ဂျီးနဲ့ ဗြောင်

တူတူကိုယ်အပြိုင်ကဲပါတဲ့

မြန်ရိုးရာသင်္ကြန်ထဲ

ဝုန်းဒိုင်းဆိုအကုန်လွင့်ရတယ်

သွေးမြေခသင်္ကြန်ပွဲ


အဖေရိုးပါသည် အမေရိုးပါသည်

ကြွက်မနိုင်ကျီ မီးရှို့တဲ့ပွဲ

မီးလောင်စရှိလောင်

ဗုံးထောင်စရှိထောင်

လူကြောင်စရှိကြောင်

ငှက်ထောင်စရှိထောင်

ကြောင်သူတော်ကြွက်သူခိုး

အပြစ်မဲ့ပြည်သူတွေ ကြားထဲကသေနေ

စိတ်ရှိသလိုကိုင်ကာတုတ်ရရင်

နင့်အမေ ရိုး တယ် .လေ.........

နင့်မေရိုး တော့ ငါ့မေ မဆန်းပါဗျ
ဒီရန်ကုန် အကုန်အင်ထုတယ်
ခေါင်းပေါင်းတွေပေါပါလို့
လူအစစ်တကယ်ရှား
နင့်မေကလွှား

ဆိုးပါ့ဟယ် ...........
ဒီခေတ်က လူပျက်တာများ
များသတ္တ၀ါ သေ ကြေ
ပန်းပိတောက်နဲ့အတူတူလေ
မြန်ရိုးရာသင်္ကြန်ပွဲ အပြိုင်ကဲချင်လည်း
ဒီနှစ်ဦး ခါတော်ချိန်မှာ
တူပို့ တူပို့ ဘယ်နယ်လုပ်မယ်
မေ..ကြောက်တဲ့ပွဲ ဒီသင်္ကြန်ပဲ


ကင်မရာတွေ အတည်တပ်ပါလို့ 
လှုပ်လှုပ်မြင်အကုန်တွေ့ ရမယ်
ဒီကြိုးမဲ့ အင်တာနက်
ဒီမောင်မှာ ဘ၀င်ဆူရင်ဖြင့်
လိုင်းပေါ်ကို အတည်ရောက်မယ်
မယ်ရင်တွေလေးပါတဲ့
ရုပ်သံများ သံသရာထဲ


ရင်ခုန်ကာလန့် ရတယ်
ဖြေးဖြေးခြင်း လုပ်ပါ့မောင်ရယ်
ဘေးလွတ်ရာရှောင်ကာရှား
မောင်နဲ့မေတူစုံ မြူးပျော်ဖို့
သူရိုက်မယ့့်အင်တာနက်
ဝေးးးရာသိုသွားးးးးး
ဗုံးရန်ကများးးးးးးးးးးးး


ကြောက်လေနဲ့ မောင့်ချစ်လေးရယ်
ဒီရန်ကုန်ဟော်တယ်ကများ
လိုက်ခဲ့ပါ မတွေးလေနဲ့ 
ငွေများစွာအသင့်ပါတယ်
ဖြစ်ပါတယ် တညသာတော့
ငါဟဲ့သတိုသား


ဗုံးရန်ကလွတ်ပေမယ့်
မောင့်ရန်ကမလွတ်နိုင်ဘူး
မေ........ကြောက်တဲ့ပွဲ ဒီသင်္ကြန်ပဲ
မ...မ
မြို့ စားလေး

'"မောင်"ခူးပေး ပိတောက်ရွှေဝါ'

♥မောင်ခူးပေး ပိတောက်ရွှေဝါ♥
 မောင်နဲ့မေ
အတူဆုံမြူးမယ့် ဒီတန်ခူးမှာ
မောင်ခူးပေး ပိတောက်ရွှေဝါ အပြုံးပန်းဆင် မေ့ ကေသာဆံနွယ်ဦး ပန်ဆင်လို့ စိတ်ကြည်နူး
မြန်မာတွေ အစဉ်အလာပွဲ
ဂိမ္ဗာန်နွေ တန်ခူးလပဲ
အတာသင်္ကြန်နဲ့ မြူးထူးဆဲ
တစ်နှစ်မှာ ဒီတစ်လပေမို.
နှစ်ဟောင်းက အညစ်အကြေးတွေ
ဒီနှစ်ဦးအခါသမယမှာ ဒီတန်ခူးအခါသမယမှာ
မြန်မာရယ် ထုံးစံဓလေ့ပေမို့
``မေ´´လည်းလေ``မောင်´´နဲ့အတူစိတ်ကြည်းနူး
အတိတ်ရည်စူး``မြတ်ဘုရား´´မှာ ပန်းရွှေဝါ ပိတောက်တွေနဲ. ဟောင်းအညစ်အကြေးကို ပြောင်းသစ်ပေးမယ့်
``မြတ်ဘုရား´´ထံ ``ဆုပန်ရည်စူး´´
ဒီတန်ခူးမှာ မူးသူလဲမူး ရူးသူလဲရူး
လှူသူလဲလှူ သက်ကြီးအိုခေါင်းလျှော်ဆေး စတုဒီသာ ဒီအလှူပွဲနဲ့
မြန်မာ့အတာ ရေသဘင်ပွဲ  ခြိမ့်ခြိမ့်သာနွှဲ..။

`````````````````````

နွေဦးရဲ့ကျက်သရေ
ပိတောက်တွေ ရွှေရည်လူးးး
နွေဦးရဲ့ကျက်သရေ..
ဝါ၀ါလေ ၀င်းနေပ
ရနံ့ရယ်ကြူ...
ခါတော်မှီ ပွင့်လန်းလေကြ
ပြိုင်ဆိုင်သူ ဘယ်သူနိုင်ပါ့မယ်...
ဝါ၀ါလေ၀င်းလေတဲ့
အို..ပိတောက်ရယ်.........

နွေ..အရောက်မယ်
ပန်သူပန် ချိုးသူချိုး
လှုသူလှု ကြည်ဖြူစွာ ပွင့်လန်း
ပန်းမြတ်တော်ဝင် ၀ါဝါစွင့်လန်း
 နှစ်ဦးရဲ့ကျက်သရေ ခါတော်မှီပွင့်လန်း
ပိတောက်ရွှေရည် ၀ါဝါဖူးပြီမို့ မွှေးရနံ့ချိုအီ
လေယူရာသင်းပါလို့ တော်ဝင်တဲ့ပန်း
ကိုထွန်းဝင်းလတ်
မ..မ
ပိတောက်သက်သေ 
လွမ်းမျက်ရည်
 ရင်တွင်းစစ်ခင်း သင်္ကြန်ချိန်ခါ

ဘုရားသွားကျောင်းတက် အတူပျော်ချင်တာ

မိုင်တွေကွာခြား ဝေးမြေရပ်ခြား

အတူပျော်ချိန်လေး ဘယ်အချိန်များ ကြုံဆုံနိုင်မှာ

ပိတောက်သက်သေ
လွမ်းမျက်ရည်မိုး ရွာသွန်းဖြိုး

ပန်းပိတောက်များ  ဖူးပွင့်ဝေစီ 
ဘုရားကပ်လှူ ဆုတောင်းနေသည်တွေ့ကြုံခဏ ခွဲခွါရလည်း

နောင်နှစ်သင်္ကြန် အတူစုံချင်ပြီ ချစ်သူမောင်ထံ
မျှော်ရည်မှန်းပြီး မေလွမ်းနေသည်.....
♥♥
မဟာသင်္ကြန် မြန်မာရိုးရာ
သပြေခက်မှာ အမွေးနံ့သာ
ပန်းပိတောက်တော်ဝင် ဖူးပွင့်မော်ကြွား
ပေါင်းဖော်ဆွေသဟာ ရေလောင်းဆော့ကစား
စတုဒီသာ အလှူပွဲနဲ့ ခြိမ့်ခြိမ့်စည်ကား
မွန် ဓလေ့တဲ့
သနပ်ခါးနံ့သာပါးတို့ပွဲမှာ ရေပက်ဆော့ကစား
ရခိုင်ရိုးရာ ဓလေ့များ
လောင်းလှေလေးနှင့် ရေပက်ကစား
ပေါ်ထင် ဖော်ချင် အန္တရာယ် မမြင်
မူးယစ်သောက်စား မေ့လျှော့သွား
အန္တရာယ်များ လက်ယပ်ခေါ်သလား
 ဒီအတာ ဒီတန်ခူး ကုသိုလ်ထူးအောင်
များလှဖော်သဟာ ရေလောင်းရေပက်
ဘုရားသွားကျောင်းတက် ကုသိုလ်ဖက်
ရိုးရာမပျက်ဆင်နွဲပါ မွန်မြတ်လှတဲ့သင်္ကြန်ချိန်ခါ..။


လက်ကမ်း လင့်ချီ

ယနေ့ပွင့်သည့်
ပန်း ပိတောက်မင်းးးးး


အသစ် အဖြစ် သူ့ တရာသီ ထပ်ဖူးခဲ့ပြီ

နောက် သစ်တဖန် ရှင်သန်ရအောင်

စိုက်ပျိုးသည့်သူ တန်ဖိုး သိသူ

အပင်အိုမှ ခုတ်ယူ စိုက်ပျိုး တန်ဖိုးမြတ်လှ
ပိတောက်မင်း ပျိုလေး

သူအစွမ်းနှင့် သူခွန်အားပေါ့ ဖူးတန်ဝင့်လို့ လှပလေပြီ

ထို့အတူပင် အပင်အိုမှ အပင်သစ်စီ လက်ကမ်း လင့်ချီ

ဖူးတံလေးတွေ ပွင့်ဖတ်ဝေသီ လှသွေးကြွယ်မည်

ငယ်နုသွေး လို့ ပင်ငယ်လေးလဲ လောကအတွက် လှပနေသည်

ပိတောက်မင်း ဆိုသည့် ပန်းမြတ်ပုံသွင် ရှိစေချင်သည်

လှပတင့်ဆန်း လောကလမ်းဝယ်


မြင့်မြတ်စေ့ချင့်စမ်းပါတယ်..................။

 ခွတ်ဒေါင်း ညီညာ အောင်ကြောင်းဖြာ

အောင်ပါစေကြောင်း အောင်စေကြောင်း

နှစ်ဦးဆုမွန်တောင်း

ကောင်းကင် ထက်က ဒေါင်းသခင်တွေ

အောင်ပါစေကြောင်း အောင်စေကြောင်း

နှစ်ဦးဆုမွန်တောင်း

ခွတ်ဒေါင်း ညီညာ အောင်ကြောင်းဖြာ

အောင်ပါစေကြောင်း အောင်စေကြောင်း

နှစ်ဦးဆုမွန်တောင်း

ဆွေမျိုးဖော်သဟာ ဝေးကွာနေလည်း

နိုင်ငံအတွက် ပေးဆပ်နေတယ်

မိဝေး ဘဝေး နိုင်ငံရပ်ခြားတိုင်းတပါးမှာ

အောင်ပါစေကြောင်း အောင်စေကြောင်း

နှစ်ဦးဆုမွန်တောင်း

အဝေးရပ်က ဖော်သဟာဆွေ

မေတ္တာ ရေချမ်း အေးစေကြောင်း

စိတ်ကူးလေးနဲ့ ရေချမ်းလောင်း

အောင်ပါစေကြောင်း အောင်စေကြောင်း

နှစ်ဦးဆုမွန်တောင်း

ပျော်စရာနှစ်ဦး အတာတန်ခူး

ဒေါင်းသခင်တွေ ရွှင်ကာမြူး

ဒီတန်ခူးမှာ ကုသိုလ်ထူး

အောင်ပါစေကြောင်း အောင်စေကြာင်း

အတာရေအေး ဖြန်းပက်လောင်း
 
အောင်ပါစေကြောင်း အောင်စေကြောင်း
နှစ်ဦးဆုမွန်တောင်း


နှစ်သစ်ကူးတဲ့၊တန်ခူးခါမှာ
ရွှင်လန်းချမ်းမြေ့ကြပါစေ..


.

နှစ်သစ်ကူးတဲ့၊တန်ခူးခါမှာ
ရွှင်လန်းချမ်းမြေ့ကြပါစေ..











.






Photo



♥ငါချစ်တဲ့နိုင်ငံလေး♥
မေတ္တာနိုင်ငံလေးပါ

ဘာသာမရွေး လူမျိုးမရွေး

အဲ့ဒီနိုင်ငံမှာ

မေတ္တာလက်နက် ကိုင်ဆွဲထားရင်

ငါချစ်တဲ့ကမ္ဘာကြီး အေးချမ်းတယ်။♥..

Monday, April 8, 2013

ကမ္ဘာကြီးငိုချိန်


ကမ္ဘာကြီးငိုချိန်
 



. 
ကမ္ဘာကြီးမုန်းတီ်းသော ကမ္ဘာရွာငယ်
 ဒီကမ္ဘာကြီး မှီတင်းနေထိုင် ကမ္ဘာရွာငယ် နေထိုင်ကြသူ 

လူ သတ္တ၀ါကြောင့်

ကမ္ဘာကြီးငို မိုးတွေပြို ကမ္ဘာငိုရှိုက် လှိုင်းတွေရိုက်

 
ကမ္ဘာကြီးမောပန်း သက်ပြင်းတွေချ မြေတွေပြိုလို့ လူတွေငို

 
ကမ္ဘာကြီးစိတ်ဆိုး မုန်းမာန်ငြိုး ဒေါသမာန်ကြီး မိုးမီးလောင်တိုက် 


ကမ္ဘာရွာကပ်ဆိုက်
 
ကမ္ဘာကြီးမုန်းချိန် လေတွေဆင်လို့ မုန်တိုင်း ချိန်တိုက်

 
သူချစ်ခင်သော ကမ္ဘာအိမ်တွင်

 
ဆန်းသစ်လက်နက် ဆန်းသစ်ဇိမ်ခံ

 
နည်းပညာတွေ ထွန်းကားလာသမျှ

 
သူမွေးဖွားသော မြေပေါ်မြေအောက်

 
ပေါများလှသော သယံဇာတ သူ့သားသစ်ပင်

 
သူ့သမီးမြေပြင် သူ့မြစ်ရေပြင်

 
သူ့ကလေးဝေဟင် မြေး မြစ် တီတွတ်

 
သူချစ်ခင်သော  သူ့အမျိုးတွေ

 
လူတွေနှောက်ယှက် ညစ်ထေးစွန်းပေ

 
လူတွေနှောက်ယှက် လုယူပျောက်ပျက်

 
လူသားသတ္တ၀ါ အတတ်ပညာ

 
သူနဲ့ယှဉ်ကာ ဘယ်သူပြိုင်မလည်း

 
လာဟဲ့လူသား .....................

 
ထစ်ကနဲရှိ ဆန်းသစ်တီထွင် နည်းပညာတွေ

 
မြေပေါ်မြေအောက် လူသားနင်တို့ တတ်သမျှကို

 
ငါခဏချက်ချင်း ဖျောက်ဖျက်ပြမှာ

 
ကမ္ဘာကြီးစိတ်ဆိုး မုန်းမာန်ငြိုးပြီ

 
ကမ္ဘာကြီးဝမ်းနည်း ရှိုက်ငင်ငိုကြွေး ၀ဲကယက်နဲ့ ရေလှိုင်းကြီး

 
ကမ္ဘာကြီးမောပမ်း သက်ပြင်းချချိန် ငလျှင်တွေလှုပ်လို့ မြေပြိုချိန်

 
ဒီကမ္ဘာကြီး လေပူမှုတ်ထုတ် မုန်တိုင်းဆင်ပြီ် 


ဒေါသစိတ်ကြီး ထိန်းမရပြီ
 
ဒီကမ္ဘာကြီး

 
ကောင်းကင်ထက်မှ နာကျည်းချက်ပြင်း လျှပ်ရောင်တ၀င်းဝင်း

 
ကမ္ဘာရွာကို ပြာမှုန့်အဖြစ်မီးလောင်တိုက်သွင်း


သမုဒ္ဒရာရေများ အစွယ်တွေထွက် ကောင်းကင်တက်


ကမ္ဘာရွာကို ရေလှိုင်းများ နဲ့သတ်ဖြတ်ဝါးမျို


ရင်ဘတ်မြေကြီး တုန်ခါဟည်းပြီး ငလျှင်လှုပ်၍် ခါရမ်းသတ်ဖြတ်


ကမ္ဘာရွာကို သတ်ကွင်းဆင်တော့ သူ့ရင်ဘတ်ပေါ် မှီတင်းနေထိုင်


ကမ္ဘာရွာမှ လူသားသတ္တ၀ါ


မျက်စေ့တစ်မှိတ် လျှက်တပြက်လေး


အစုလိုက်အပုံလိုက် သေကြေပျက်စီး


ကမ္ဘာရွာမှာ ကပ်တွေဆိုက်လို့


လူသားသတ္တ၀ါ လများနှစ်ရှည်သူ့ထက်ငါသာ


နိုင်ငံတိုးတက် လကမ္ဘာထိတက် ဆန်းသစ်တီထွင်


အနုမြူလက်နက် ကျော်ကြားမှုတွေ အောင်မြင်ခြင်းတွေ


ကမ္ဘာကြီးမှ ဟားတိုက်ရယ်မော ကမ္ဘာရွာငယ် လူသားသတ္တ၀ါ


ကမ္ဘာကြီးက တခဏတွင်းဖျောက်ပစ်ပြီ။။။

Friday, April 5, 2013

ဝ, လုံးကိုကြည့်ရင်း အဝေမျှလို့ .အမျှဝေကြပါ..

ဝ, လုံးကိုကြည့်ရင်း
သုညက အယောင်ဆောင်ထားတာလား ... ?
O ..ဇီးရိုးလား မသေချာတဲ့လောကမှာ
သင်ခန်းစာအတိုင်း ဖတ်နေကြတာများတယ်..

မသူတော်တွေနိုးထလို့ သူတော်တွေ အိပ်ပျော်နေချိန်မှာ
အမှန်တရားနဲ့ တရားအမှန်ဟာ ကောင်းကင်ပေါ် ခရီးခဏထွက်တယ်..

က ကြီး .. ယ ပလက် ..င် ငသတ်.. ဒ ဒွေး တွေးကြည့်ပါ

သင်ခန်းစာက..
လိုတာယူလို့ ယူတာရနေတာ မတူတာ ပြနေတာ
စိမ့်ကြီးမြိုင်ကြီး ဂနိုင်ကြီးမှာ အထာကျနေရှာ
မြင်သလောက်ငင် ထင်သလောက်ဝင်
မြေပေါ်မြေအောက် နေရာချနေတာ..
ဒို့တိုင်းပြည်ကို ဂုတ်ခွစီးလို့ လိုတာရနေတာ..
လိပ် ပက်လက်လှန် ပြည်သူခမျာ ယက်ကန် ယက်ကန်
သွေးရူးသွေးတန်း ဆန့်တငင် ငင် လုံးချာလည်လိုက်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀နဲ့ အမျှဝေနေရှာ..

ဆည်မြောင်း တာတမံ ဆောက်လုပ်ပြီးတော့
ရေထဲမျှောသေ ဆင်းရဲမွဲတေ ပပျောက်ရေးပေါ့
မပေါ်သမျှတော့ ဖော်လံဖားများ ကြည့်လို့လှနေမှာ
ရေထဲငုတ်တုတ်ထိုင် ယိုသမျှဟာ
မစင်အပေါ်တက်.. အရှက်ရစေတာ ..

ဓါးမဦးချ တောင်ယာလယ်ကွက်
ပြည်ပတိုင်းပြည် ချမ်းသာကြဖို့ ၀င်လာ.. မျှယူတာ
တောကြီးမြက်မဲ စိမ့်စမ်းရေအိုင် မြိုင်ကြီးဂနိုင်ကြီး ရှာလို့မတွေ့နိုင်ပါ
သစ်ဝါးပေါလို့ ပြည်ပနိုင်ငံအလည်ထွက်နေရှာ
ဒို့တိုင်းပြည်ကို ဂုတ်ခွစီးပြီး ယူတာရနေတာ ..

မြေပေါ်မြေအောက်
စိန် ရွှေ ရတနာ သံယာဇာတ ကျောက်သံပတ္တမြား
ဇယ်တောက်ကစားဖို့ ပြည်ပနိုင်ငံ ရရှိသွားပေါ့
ဒို့တိုင်းပြည်ကို ဂုတ်ခွစီးနေတာ ..
အဝေမျှလို့ .အမျှဝေကြပါ..

Thursday, April 4, 2013

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကြေညာ


မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကြေညာ
...................................................................................................................
မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ရန် နောက်ဆုံးအတည်ပြုချက်ကို လက်ခံရရှိပြီးဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ယင်းသည် မြောက်ကိုရီးယား နိုင်ငံတော် သတင်းဌာနဖြစ်သော KCNA မှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းကြေညာချက်တွင် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ပိုမိုသေးငယ်၊ ပိုမိုပေါ့ပါးပြီး မျိုးကွဲ အမျိုးမျိုးရှိသည့် အဆင့်အမြင့်ဆုံး နျူကလီးယား တိုက်ခိုက်မှုများဖြင့် ဖယ်ရှားသွားမည်ဟု ပါရှိသည်။
မြောက်ကိုရီးယား စစ်တပ်၏ ကြေညာချက်တွင် ယခုကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်၏ အညှာမဲ့ စစ်ဆင်ရေးနှင့် ပတ်သက်၍ နောက်ဆုံးစစ်ဆေးမှုများ ပြုလုပ်ပြီးစီးပြီးနောက် နောက်ဆုံး အတည်ပြုချက် ချမှတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်း၌ပေါက်ကွဲမှုကြီး ဖြစ်ပွားမည့် အချိန်သို့ အလျင်အမြန် ချည်းကပ်လာနေပြီဖြစ်ကြောင်း၊ ယင်းသည် ယနေ့ဖြစ်စေ၊ မနက်ဖြန်ဖြစ်စေ အချိန်မရွေး ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့ရှိ ထောက်လှမ်းရေး ဌာနများမှ ထွက်ပေါ်လာသော အတွင်းသတင်းများကို ကိုးကားလျက် တောင်ကိုရီးယားနိုင်ငံမှ Yonhap သတင်းဌာနက မြောက်ကိုရီးယားသည် တာလက်ပစ် Musudan ဒုံးကျည်ဟု ယူဆရသော အရာကို ၎င်း၏ အရှေ့ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဒုံးကျည်သည် ၁၈၇၅ မိုင် အကွာအဝေးသို့ ရောက်နိုင်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ပစ်မှတ်များ အားလုံးအတွက် လုံလောက်သည်ဟု ဆိုသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်များအတွက် သိသာထင်ရှားသော အန္တရာယ်တစ်ရပ်အဖြစ် တည်ရှိနေကြောင်း ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယား စစ်တပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် တပ်များကို အဆင့်အမြင့်ဆုံး သတိပေးချက်အရ နေရာချထားပြီး ချက်ချင်း တုံ့ပြန်နိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်သည် ယင်းဒေသအတွင်းရှိ ချထားနှင့်ပြီးဖြစ်သော စစ်အင်အားကို B2 လျှို့ဝှက်ဗုံးကြဲ လေယာဉ်များ၊ F22 လျှို့ဝှက် တိုက်လေယာဉ်များနှင့် B 52 ဗုံးကြဲလေယာဉ်များဖြင့် အားဖြည့်ထားပြီး ဂူအမ်သို့လည်း အဆင့်မြင့်ဒုံးကျည် ဘက်ထရီတစ်ခု ပို့ထားကြောင်း သိရသည်။
မြောက်ကိုရီးယားက အသုံးပြုနိုင်ဖွယ်ရှိသည့် တာလက်ပစ် ဒုံးကျည်သည် ဟာဝိုင်အီနှင့် ဂူအမ်သို့ ရောက်ရှိနိုင်ဖွယ် မရှိသော်လည်း တောင်ကိုရီးယားနှင့် ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများမှာ တိုက်ခိုက်ခံရနိုင်ဖွယ် ရှိနေသည်။ မြောက်ကိုရီးယားသည် ဒီဇင်ဘာလအတွင်းက တာဝေးပစ်ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သော်လည်း တိုက်ကြီးများအကြား ဖြတ်ကျော်ပစ်နိုင်သည့် ဒုံးကျည်များ ဖွံ့ဖြိုးလာနိုင်ရန် နှစ်အတန်ကြာ လိုသေးကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတာဝေးပစ် ဒုံးကျည်သည်သာ အမေရိကန်ပြည်ထောင်စု (ပြည်မ) သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံကလည်း ၎င်းတို့၏ တပ်များကို မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ချထားကာ အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ဧပြီလ ၃ ရက်တွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်ရာ နေရာဖြစ်သော နယ်စပ်ရှိ ကေဆောင်စက်မှုဇုန်အတွင်းသို့ တောင်ကိုရီးယား အလုပ်သမားများ ၀င်ရောက်မှုကို ပိတ်ဆို့ထားခဲ့သည်။ တောင်ကိုရီးယား သက်ဆိုင်ရာ အာဏာပိုင်များက အလုပ်သမားများကို ကေဆောင်မှနေ၍ အလုပ်သမားများကို နေရပ်သို့ ပြန်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ဧပြီလ ၃ ရက်တွင် ကေဆောင်သို့ ၀င်ရောက်မည့် လူပေါင်း ၄၈၀ ကို မြောက်ကိုရီးယားက ၀င်ခွင့်မပြုခဲ့ဟု ဆိုသည်။
Ref:AFP/Daily Mail,Reuters
Eleven Media Group\PHOTO ZTM
..
ဂူအမ်ကျွန်းမှာ အမေရိကန်က မစ်ဇိုင်းဒုံး ကာကွယ်ရေးစနစ် တပ်ဆင်မယ်

မြောက်ကိုရီးယား တို့က နျူကလီးယားနဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် အမေရိကန်ကနေ ပစိဖိတ်ပင်လယ်မှာရှိတဲ့ ဂူအမ် ကျွန်းမှာ မစ်ဇိုင်းဒုံး ကာကွယ်ရေး စနစ်ကို တပ်ဆင်တော့မှာ ဖြစ်ပါတယ်။

အဲဒီမှာ သီတင်းပတ် အနည်းငယ် အတွင်း ဒုံးကာကွယ်ရေး အပြီး တပ်ဆင်မှာ ဖြစ်ပြီး၊ စစ်သင်္ဘောတွေကို တော့ ခပ်စောစော စေလွှတ်ထားမှာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပန်တဂွန် က ပြောပါတယ်။

အမေရိကန် ပြည်မ၊ ဟာဝိုင်ဟီကျွန်းနဲ့ ဂူအမ် ကျွန်းနေရာတွေဟာ ပစ်မှတ် ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားက ကြေညာထားတာ ဖြစ်ပါတယ်။
ဂူအမ်ကျွန်းမှာ အမေရိကန်က မစ်ဇိုင်းဒုံး ကာကွယ်ရေးစနစ် တပ်ဆင်မယ်

မြောက်ကိုရီးယား တို့က နျူကလီးယားနဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် အမေရိကန်ကနေ ပစိဖိတ်ပင်လယ်မှာရှိတဲ့ ဂူအမ် ကျွန်းမှာ မစ်ဇိုင်းဒုံး ကာကွယ်ရေး စနစ်ကို တပ်ဆင်တော့မှာ ဖြစ်ပါတယ်။

အဲဒီမှာ သီတင်းပတ် အနည်းငယ် အတွင်း ဒုံးကာကွယ်ရေး အပြီး တပ်ဆင်မှာ ဖြစ်ပြီး၊ စစ်သင်္ဘောတွေကို တော့ ခပ်စောစော စေလွှတ်ထားမှာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပန်တဂွန် က ပြောပါတယ်။

အမေရိကန် ပြည်မ၊ ဟာဝိုင်ဟီကျွန်းနဲ့  ဂူအမ် ကျွန်းနေရာတွေဟာ ပစ်မှတ် ဖြစ်နိုင်တယ်လို့  မြောက်ကိုရီးယားက ကြေညာထားတာ ဖြစ်ပါတယ်။
.

Monday, April 1, 2013

ရူးမှာဖြင့်လဲ ထမင်းလွတ်ဟင်းလွတ်ရူး APRIL fool

APRIL fool
ထ္မင်းလွတ်ဟင်းလွတ်ရူး

ရိုက်ပြီးရူး မိုက်ပြီးရူး APRIL fool

မြင်နေပါရဲ့နဲ့ကန်းချင်ဟန်ဆောင်ပြီးရူး APRIL fool

မဟုတ်မမှန်တာကို အဟုတ်လုပ်၍ရူး APRIL fool

အဟုတ်အမှန်ကိုအမှားလုပ်၍ရူး APRIL fool

နေရာတခုအတွက်တည်မြဲဖို့သတ်ပြီးရူးAPRIL fool

စုံလုံးကန်းတို့ရူး APRIL fool

ဝတ်လစ်စလစ်ရူး APRIL fool

အခြင်းခြင်အရူးဘုံမြှောက်၍ရူး APRIL fool

ဟိုအရူး ဒီ အရူး APRIL fool

အတိတ် ပ္ပစ္စုပန် အနာဂတ် မေ့အောင်ရူး APRIL fool

ရူးမှာဖြင့်လဲ ထမင်းလွတ်ဟင်းလွတ်ရူး APRIL fool

ပုထုဇနော ဥမ္မာတကောမို့ရူး APRIL fool*

Sunday, March 31, 2013

ကိန္နရီ ကိန္နရာ သိကောင်းစရာ ....


..... ကိန္နရီ ကိန္နရာ သိကောင်းစရာ ....


ကိန္နရာ ( ကိံ + နရာ ) နရာ - ထိုလူသည်၊ ကိံ - ဘယ်လိုပုံပန်းသဏ္ဍာန်ကြီးလဲ ?
ကိန္နရီ ( ကိံ + နရီ ) နရီ - နာရီ - ထိုအမျိုးသမီးသည်၊ ကိံ - ဘယ်လို ပုံပန်းသဏ္ဍာန်လဲ ?
...
ဒါကတော့ သက္ကဋ ဘာသာက ဆင်းသက်လာတဲ့ စကားလုံးတစ်ခုကို စာရေးသူရဲ့ တတ်သလောက် မှတ်သလောက် ဥာဏ်လေးနဲ့ definition အဓိပ္ပါယ် ဖွင့်ကြည့်တာပါ။ များပြားလှတဲ့ ဇာတ်တော်တွေ သမိုင်းတွေ ရှိခဲ့တာမို့ ခေတ်တိုင်း ခေတ်တိုင်းမှာ ရှိနေတယ်လို့ အတိအကျ သတ်မှတ်ဖို့ ခဲယဉ်းပေမယ့် ဟို ရှေးအတိတ်ဆီကတော့ ကိန္နရီ ကိန္နရာ တွေ ရှိခဲ့တယ် ဆိုတာ လက်ခံရမှာပါ၊

ကိန္နရာသည် လူတစ်ပိုင်း ငှက်တစ်ပိုင်း တိရစ္ဆာန်မျိုးဖြစ်သည်။ ကိန္နရာများ၏ ပုံသဏ္ဍာန်မှာ ခေါင်း ကိုယ် လက်တို့သည် လူကဲ့သို့ ခက်မငါးဖြာရှိသည်။ မျက်နှာသဏ္ဍာန်၊ ခြေလက်သဏ္ဍာန်တို့သည် လူနှင့်မတူ။ ကိန္နရာ၏ ခံတွင်းမှ လည်ပင်းအထိ မြင်းနှင့် တူ၍ လည်ပင်းမှ အောက်ခြေဖျားအထိ နှုတ်သီး၊ လက်ခြေတို့သည် ငှက်နှင့်တူသည်။

ရွှေရောင်အဆင်း ရှိသည်။ ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။ ကိန္နရာကိန္နရီ
များသည် ဟိမ၀န္တာတောတောင်ကြီးများတွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ဟန်တူသည်။ ကယားလူမျိုးများသည် ကိန္နရာ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု ယူဆကြ၏။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။

ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ ချောင်းမြောင်းများတွေ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်။

ကိန္နရာ နှင့် လူ့စကား

ကိန္နရာတို့သည် လူ့စကားကို မပြောဆိုကြကြောင်း မြတ်ဘုရား ဟောစကားတွင် မှတ်သားရ၏။

(၁) လိမ်ညာ မုသားစကား မပြောလိုပါ၊
(၂) သူတပါးကိုလည်း ( လူသားများကဲ့သို့ ) မမှတ်မမှန် မုသားများနှင့် မစွပ်စွဲလိုပါ၊

ထို့ကြောင့်ပင် ကိန္နရာများသည် လူ့စကားကို ပြောတတ်သော်လည်း မပြောဆိုကြဟု သိရ၏။



မာန်လည်ဆရာတော်၏ မဃဒေ၀လင်္ကာသစ် တွင်မူ

`ဟေမာလယ၊ တောမြိုင် ၀က၊ ဒေ၀ စန္ဒ၊ သကုဏနှင့်၊ ဒုမ ကောန္တ၊ ထိုပြီ အပ၊ ကဏ္ဏ ပါဝု၊ အစ ပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက် ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါ လူသွင်၊ ဆံပင် နောက်လန်၊ ယမံ ငယ်သွေး၊ ငှက်မွေး တောင်ပေါက်၊ ရွယ်မဖောက်ဘဲ´ စပ်ဆိုထားသည်။

ကိန္နရာ အမျိုးအစားများ

• ၁။ ဒေ၀ ကိန္နရာ
• ၂။ စန္ဒ ကိန္နရာ
• ၃။ ဒုမ ကိန္နရာ
• ၄။ ဒဏ္ဍမာန ကိန္နရာ
• ၅။ ကောန္တ ကိန္နရာ
• ၆။ သကုဏ ကိန္နရာ
• ၇။ ကဏ္ဏပါဝုရဏ ကိန္နရာ တို့အပြင်
ဝေဿ၀ဏ္ဏ ( ကုဝေရ ) နတ်မင်းကြီးစံရာ အာဠကမန္ဒာဝီသာဏမြို့၊ ဓရဏီရေကန်တွင်လည်း လှံတံ တောင်ဝှေး စွဲကိုင်သည့် ဒဏ္ဍမာဏ၀ိက ကိန္နရာမျိုး တို့ရှိကြသည်။

သာရတ္ထသင်္ဂဟ ကျမ်းလာ ကိန္နရီ များအကြောင်း

ကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ၀ရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။
တိဿရဟန္တာ ( ကောန္တပုတ္တတိဿထေရ် )သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံ သည်။ ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက် တလား အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည် ဟူ၏။ ထို့ကြောင့် နောက်ပိုင်း ဘုန်းကြီးပျံများတွင် လောင်တိုက် တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။

ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်း လက်ထက် အနောက်သလ္လာဝတီမြစ်မှာ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်။

ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ ၌

`နတ်ကိန္နရာ၊ ဟေ၀န္တာက၊ ချိန်ခါ ရေဦး၊ မျောလာ ဘူးဟု၊ ချီးကျူး ကျေညာ၊ ထင်ရှား စွာသား၊ သလ္လာ ၀တီ၊ ရေသီတာလျှမ်း၊ ထိုမြစ် ကမ်းမှ၊´
စသည်ဖြင့် ရေးစပ်ထားသည်ကို တွေ့နိုင်ပေသည်။

• ကိန္နရာများသည် ကိုယ် နှုတ် စိတ် သုံးပါးလုံး နူးညံ့သည့် အမူအရာရှိခြင်း၊
• အာဟာရ အဖြစ် ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊
• ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊
• ဘုရားပွင့်တော်မူသည့်နေ့တွင် ၀မ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့်
မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လက်ျာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။
မြန်မာဗေဒင်ကျမ်း ၁၂-ရာသီတွင် မေထုန်ရာသီအိမ်၌ ကိန္နရာ ဖိုမအရုပ်နှင့် အမှတ်အသားပြုထားသည်။

ကိန္နရာ အက

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိ၏။
ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။

ကိန္နရာ ချစ်ပုံပြင်

ကိန္နရီ ကိန္နရာ မောင်နှံတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွင်ချစ်ခင်ကြပြီး ကွဲကွာနေသောအခါ ငိုယိုရခြင်းကြောင့် သံလွင်မြစ် ဖြစ်လာသည်ဟု ပင်ဆိုသည်။တစ်ညတာ ဝေးရရင်ဖြင့် နှစ်ပေါင်း ၇၀၀ ဝေးရသလိုပင် - စသည်ဖြင့် ဂီတ ၀ါသနာရှင်များ စပ်ဆိုထားသည်ကို နားထောင်မိဖူးသည်။ သူတို့သက်တမ်းသည်လည်း နှစ်ပေါင်း ထောင်ချီ နေရသည့် သတ္တ၀ါမျိုးမို့ ထိုအ ဆို မှန်ကောင်း မှန်နိုင်ပေမည်၊ သို့မဟုတ် သိင်္ဂါရရသ ပေါ်လွင်အောင်ပဲ အတိဝုတ္တဒေါသ( စကားကို မဖြစ်နိုင်ပဲ အလွန်အကျွံ ပြောဆိုမှု့ ) သင့်အောင် ဖွဲ့နွဲ့ ကြသလား မပြောတတ်ပေ။ ထို့ကြောင့်ပင် အချစ်ကြီးသူတို့ကို ကိန္နရီ ကိန္နရာ မောင်နှံ အဖြစ် တင်စားလေ့ရှိကြပါသည်။

ကျမ်းကိုး

အဂုင်္တ္တိုရ် ပါဠိတော် ဒုကနိပါတ်
မဟာဝင်
အာဋာနာဋိယသုတ်
အဘိဓာန်ဋီကာ
ဘလ္လာတိယဇာတ် အဌကထာ
သာရတ္ထသင်္ဂဟ ကျမ်း
https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9/335471433162716
.



Tuesday, March 26, 2013

တပေါင်းလပြည့် ကပိလ၀တ် ပြည်တော်ဝင်အခါတော်နေ့

တပေါင်းလပြည့် ကပိလ၀တ် ပြည်တော်ဝင်အခါတော်နေ့

posted by
ပန်းကမ္ဘာ


နောက်တစ်ရက်တွင် ကပိလ၀တ်မြို့တော်အတွင်းသို့ ဆွမ်ခံဝင်လာသော မြတ်စွာဘုရားအား ယသော်ဓရာနှင့် သားတော် ရာဟုလာ နန်းတော်လေသာဆောင်မှ ဖူးမြှော်နေကြပုံ
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် တပေါင်းလပြည့်နေ့နှင့် ပက်သက်၍ သာသနာသမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ ဗုဒ္ဓ၀င် အကြောင်းအရာများ များပြားစွာ ရှိခဲ့သလို ယနေ့အချိန်အထိလည်း ရှိနေဆဲဟုပင် ဆိုရပါမည်။ အဘယ့်ကြောင့် ဆိုသော် မြန်မာပြည် အထက်ပိုင်း အောက်ပိုင်း အပါအ၀င် တနိုင်ငံလုံးတွင် မအေးလွန်း မပူလွန်းသော တပေါင်းလပြည့် နေ့၌ ဘုရားပွဲ၊ အလှူပွဲ၊ ထီးတော်တင်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မပူဇာတရားပွဲ၊ ၀ိပဿနာ ဆယ်ရက်တရားစခန်းပွဲ စသည်ဖြင့် အမျိုးပေါင်းစုံလင်သော ကုသိုလ်ကောင်းမှုပွဲတော်များကို ဘိုးဘေးဘီဘင် လက်ထက်များကတည်းက နေရာ အနှံ့ ကျင်းပလေ့ရှိခဲ့ကြပြီး ယနေ့အထိတိုင် ကုသိုလ်ကောင်းမှုများ ကြိုးစားနေကြသည်ကို တွေ့မြင်ရသည်မှာကြည်နူး စရာအတိ ဖြစ်ပါသည်။
ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာ၏ ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်သည် ရဟန္တာဖြစ်ပြီး၍ အေးချမ်းစွာ နေလို သော် လည်း ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား ပေးခဲ့သော ကတိစကားဖြင့် တပေါင်းလ၏ သာယာပုံ၊ ရာသီ ဥတု မျှတပုံ၊ သစ်ပင်ပန်းမာန်များ ရွက်ဟောင်းကြွေကာ ရွက်နုရွက်သစ်ဝေနေကြပုံ၊ ကျေးငှက်သာရကာ မျိုးစုံတို့သည် လည်း ပွင့်လင်း ရာသီဖြစ်သောကြောင့် အမြဲမပြတ်တွန်ကြူးသီဆိုနေကြပုံ စသဖြင့် ဂါထာပေါင်း ( ၆၄ ) သီကုံးကာ ရဟန္တာ တပါးပီပီ ဖွဲ့နွဲ့ လျောက်ထားခဲ့သောကြောင့် ဘုရားရှင်သည် မွေးရပ်ဋ္ဌာနီ ကပိလ၀တ်ပြည်သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ် တော်မူခဲ့သည်။
( စကားချပ်= အမှန်မှာ မဟာဗုဒ္ဓ၀င်တွင် ကာဠုဒါယီမထေရ်က ၆၄ ဂါထာတို့ဖြင့် လျောက်ထားသော်လည်း အဋ္ဌကထာ ဋီကာများ၌ အလွယ်မှတ်နိုင်စေရန် ဂါထာ ( ၆၀ ) ဟုသာ ရေတွက်ကြသတတ် )
ထိုသို့ လျောက်ထားသော အချိန်ကား ဗုဒ္ဓမြတ်စွာသည် သဗ္ဗညုတဘုရားစင်စစ် ဧကန်ဖြစ်ပြီး၍ လအနည်းငယ်သာ လွန်ပြီး သော မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၏ တပေါင်းလ မပြည့်ခင် ဖြစ်ပါသည်၊ ( မဟာသက္ကရာဇ် (၁၀၃) ခု၊ ကဆုန်လပြည့် တွင် ဘုရားဖြစ်တော်မူပြီး တပိုတွဲလပြည့်နေ့တွင် သြ၀ါဒပါတိမောက်ပြတော်မူကာ အဂ္ဂသာဝကနှစ်ပါးအား လက်ဝဲ လက်ယာ အဂ္ဂသာဝကရာထူး အပ်နှင်းတော်မူခဲ့သည် )
တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ

၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်သည်။

၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပြီး ၀ါတွင်းသုံးလအတွင်း ဥရုဝေလကဿပညီနောင် ၃- ယောက် နှင့် နောက်ပါအခြံအရံ ရသေ့ပုရဗိုဇ်ပေါင်း ( ၁၀၀၀ ) ကို ဧဟိဘိက္ခု ရဟန္တာများ ဖြစ်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းပြီးချိန်ဖြစ်သည်။

၃။ ထိုကြည်ညိုဖွယ် ၀မ်းသာဖွယ်သတင်းစကားများကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံ အရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက် သည်။ နောက်ဆုံးအသုတ်ကို ဖွားဖက်တော်ကာဠုဒါယီအမတ်ကြီးကို ခေါင်းဆောင်စေကာ လွှတ်လိုက်ပြီး မြတ်စွာဘုရား နှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ ဘောင်သို့ ၀င်ရောက်ပြီးဧဟိဘိက္ခုရဟန္တာတွေချည်းဖြစ်ကုန်ကြသည်။


၎။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က ကတိပေးခဲ့သော တာဝန်ကို ကျေပွန်စေရန် တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄- ဂါထာသီကုံး၍ ခမည်းတော်၏ကျေးဇူးကို ဆပ်သောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန် တန်ြ ပြီ ဖ စ်ေ ကြာင်းလျှောက်ထားခဲ့သည်။

၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ( ရသေ့ညီနောင်မှ ရဟန္တာ ၁ သောင်း၊ ကပိလ၀တ်မှ ဘုရားပင့်လာသော ရဟန္တာ ၁ သောင်း အားဖြင့် ) စုစုပေါင်း ရဟန္တာပေါင်း ၂ -သောင်း ) ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာ) အတုရိတဒေသစာရီ- မနှေးမမြန်လွန်းသော ကြွချီနည်းဖြင့် ကြွချီတော်မူ ခဲ့ သည်။
ကပိလ၀တ်ရွှေနန်းတော်မှ ဘုရားရှင်ကြိုဆိုပွဲ
၁။ ကပိလ၀တ်မြို့တော်သို့ ရောက်ခါစမှာပင် မာနထောင်လွှားနေကြသော သာကီဝင်ဆွေ မျိုးအပေါင်း တို့အား မာန ကျ စေရန်အလို့ငှါ ဘုရားဆိုသည်မှာ ဘယ်လို ပုံသဏ္ဍာန်ရှိသည်၊ အဘယ်ကဲ့သို့ ကြည်ညိုစရာကောင်းသည်၊ အဘယ်သို့ သော အစွမ်း အစ အရည်အချင်းမျိုး၊ တန်ခိုးမျိုးတို့နှင့် ပြည့်စုံသည်ကို သိရှိစေရန် အထက်အာကာသ ကောင်းကင်ယံတွင် ရတနာ စင်္ကြံတော်ကို ဖန်ဆင်းတော်မူကာ သြဒါတကသိုဏ်းလျင် အာရုံရှိသော စတုတ္ထဈာန်သမာပတ် ကို ၀င်စားတော် မူပြီး တလောကလုံး အဖြူရောင် အလင်းရောင်များ ဖြစ်စေသ တည်း ဟု အဓိဋ္ဌာန်တော် မူကာ ရေမီးအစုံ အစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။
၂။ စကြာဝဠာ တိုက်အပေါင်းမှ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ ဂန္ဓဗ္ဗများနှင့်တကွ နတ်ဗြဟ္မာများကလည်း မန္ဒာရ၀ နတ်ပန်း၊ ပဒုမ္မာကြာပန်း၊ ပင်လယ်ကသစ်ပန်း တို့ဖြင့် ပူဇော်ကြကာ“ မြတ်စွာဘုရားသည် တလောကလုံးအတွက် အကျိုးစီးပွား ကို ဆောင် ရွက်တော်မူပါပေသည်၊ အလွန်ကြည်ညိုဖွယ် အံ့သြဖွယ် ကောင်းပါပေစွ ” ဟု သြဘာသံဘ၀ဂ်ညံေ အာင် ကောင်းချီး ထောမနာပြုကြသည်။
၃။ ထိုအချိန်မှာပင် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့သည်လည်း ကောင်းကင်ယံမှ ကြွချီလာကာ Biography Of The Buddha ဘုရားရှင်တပါး၏ အကြောင်းအတ္ထုပ္ပတ်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောပြမှသာလျင် ပြည့်စုံစွာ သိရှိနိုင် မှာ ဖြစ်ေ သာေ ကြာင့် ဟောကြားတော်မူပါရန် လျောက်ထားသောအခါ သာကီဝင်မင်းမျိုးအားလုံးတို့ ကြည်ညိုနေစဉ် ကပိလ၀တ်ေ နပြည် တော်၏ ကောင်းကင်ယံ၌ပင် ဘုရားဖြစ်တော်စဉ် မဟာဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူ သည်။
၎။ ဗုဒ္ဓ၀င် ဟူသည် ဗုဒ္ဓ၀ံသ ပါဠိစကားဖြစ်ပြီး ( ဗုဒ္ဓ - ဘုရားရှင်တို့၏၊ ၀ံသ - အနွယ်တော်၊ မျိုးရိုး ) ထို့ကြောင့် ဘုရားရှင် တို့၏ ဘ၀၊ အနွယ် တော်အကြောင်း၊ မျိုးရိုးအကြောင်းတို့ကို ဖော်ပြထားခြင်းကို ဗုဒ္ဓ၀င် ဟု ခေါ်ဆိုရသည်။ ဤနေရာ၌ ဂေါတမ ဘုရားရှင်၏ ဘ၀အကြောင်းကို ဂေါတမဗုဒ္ဓ၀င် ဟု ခေါ်ဆိုနိုင်ပါသည်။ ဂါထာပေါင်း ( ၉၅၁ ) ဂါထာတို့ဖြင့် တန်ဆာ ဆင်အပ်သော ( အဋ္ဌကထာဆရာ၊ ဋီကာဆရာ၊ ရဟန္တာမထေရ်တို့ သီကုံးအပ်သော ဂါထာတို့နှင့်ပေါင်းလျင် ဂါထာပေါင်း ( ၁၀၇၀ ) တို့ဖြင့် ဖော်ပြထားသော ဂေါတမဘုရားရှင်၏ အတ္ထုပ္ပတ်ကို ထိုအခါ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောကြားတော်မူ ခဲ့သောကြောင့် ယခုအခါ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီး ရေးသားထားသော မဟာဗုဒ္ဓ၀င် စာအုပ်ကြီးများကို ဂေါတမဗုဒ္ဓ၀င် ဟု မှတ်သားရပါမည်။
၅။ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူစဉ်ပင် နတ်ဗြဟ္မာများက ပေါက္ခရ၀ဿမိုး ရွာသွန်းဖြိုးစေ သောကြောင့် သာကီဝင်များမှာ အံ့သြဘနန်းဖြစ်ပြီး မာနများချကာ ရှိခိုး ကန်တော့ကြတော့သည်၊ ( ပေါက္ခရ၀ဿမိုး ဟူသည် ကောင်းကင်ယံတွင် ကြာရွက်ပမာဏ တိမ်တိုက်များ တက်လာပြီး ပရိသတ်တွင်းမှ ရေစိုလိုသူကို စိုစေပြီး မစိုစွတ်လိုသူကို မစိုစေသော ကွက်ကြား ကွက်ကြား ရွာသော မိုး ဖြစ်သည် )
၆။ ထိုမိုးအကြောင်းနှင့် စပ်၍ ယခုအခါသာ မဟုတ်သေး၊ ပါရမီဖြည့်စဉ်ကာလ ဝေဿန္တရာမင်းကြီး ဘ၀ကလည်း ရွာခဲ့ ဖူးကြောင်း ဟောလိုရကား ဂါထာပေါင်း ( ၁၀၀၀ ) တို့ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်ေ တ်ာကြီးကို ဟော တော်မူပြန်သည်။ ဤသည်တို့ကား ဘုရားရှင် ကပိလ၀တ်နန်းတော် ကြွရောက်စဉ်က အခြေအနေမြင်ကွင်းများ ဖြစ်ပါ သည်။
ကပိလ၀တ်နှင့် ပက်သက်၍ ဖြစ်ပေါ်လာသော အကျိုးဆက်များ

၁။ နောက်တစ်နေ့တွင် ကပိလ၀တ်မြို့အတွင်း ဆွမ်းခံဝင်တော်မူစဉ် “ဥတ္တိဋ္ဌေ န ပမဇ္ဇေယျ ”စသော ဂါထာကို ကြားနာရ၍ ဖခင် သုဒ္ဓေါဒန မင်းကြီး သောတာပန် တည်ခဲ့သည်။
၂။ နောက်တကြိမ်တွင် “ ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ” စသော ဂါထာတပုဒ်တည်းဖြင့် ဖခင်ဘုရင်ကြီးကို သကဒါဂါမ် ဖြစ်စေပြီး မိထွေးတော် မဟာပဇာပတိဂေါတမီ ကို သောတာပန် တည်စေကာ နိဂြောဓာရုံ ကျောင်းတိုက် ကြီးလဲ ပေါ်ထွန်း လာခဲ့သည်။
၃။ နောင်အခါတွင် မိထွေးတော် ဂေါတမီသည် အမျိုးသမီးထုအားလုံး၏ ရှေ့ဆောင်လမ်းပြ အဖြစ် ဘိက္ခုနီသာသနာကို ခက်ခက်ခဲခဲ ပင်ပင် ပန်းပန်း တည်ထောင်ခဲ့ကာ သာသနာပြုခဲ့သည်။
၎။ “ တရားပြည့်ဝနေပါက ငယ်ငယ်ရွယ်ရွယ်နှင့် သေရိုးထုံးစံ မရှိ” ဟူသော စကားနှင့် စပ်၍ ဖခင်ဘုရင်ကြီးအား မဟာ ဓမ္မပါလဇာတ်တော်ကြီးကို ဟောကြားကာ တတိယမဂ်ဖိုလ်အဆင့် အနာဂါမ်တည်စေခဲ့ပြန်သည်၊ နောက်ပိုင်း လူဝတ် ကြောင် ဖြင့်ပင် ရဟန္တာဖြစ်ကာ (၇) ရက်အတွင်း ပရိနိဗ္ဗာန်စံခဲ့ရသည်။
၅။ ပါရမီဖြည့်ဖက် ယသော်ဓရာသည် ဘုရားရှင်အထံ ဖူးမျှော်ရန် မလာသောကြောင့် အဂ္ဂသာဝကနှစ်ပါးကို နောက်လိုက် အဖြစ်ခေါ်ဆောင်ကာ ကိုယ်တော်တိုင် တိုက်ခန်းအထိ ကြွတော်မူပြီး မယ်ယသော် ၏ မိမိလင်သားအပေါ် သစ္စာစောင့် စည်းပုံနှင့် စပ်၍ စန္ဒကိန္နရီ ဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။
၆။ နောင်အခါ ဇနပဒကလျာဏီ၊ နန္ဒမင်းသား၊ သားတော်ရာဟုလာ၊ ယသော်ဓရာနှင့် မဟာနာမ်မင်းသား၊ အနုရုဒ္ဓါမင်းသား၊ ကိမိလမင်းသားစသော နန်းညွန့်နန်းလျာအားလုံး သာသနာ့ဘောင် ၀င်ရောက်ကာ ရဟန္တာဖြစ်ကြသည်။
၇။ သာကီဝင်တစ်မျိုးလုံး နန်းတော်တွင် ဆိတ်သုဉ်းခြောက်ကပ်သွားပြီး လူသူကင်းမဲ့သော အခြေအနေထိ ဖြစ်ခဲ့ရသည်၊ ဘုရားရှင်သည် မယ်တော်မာယာဒေ၀ီအပေါ်၌လည်း မွေးကျေးဇူး ပေးဆပ်လိုသောကြောင့် တာဝတိံသာနတ်ပြည် အထိ တက်ကာ အဘိဓမ္မာပဋ္ဌာန်းတရားကို ဟောကြားပြီး မယ်တော်နတ်သားကို သောတာပန်တည်စေခဲ့သောကြောင့် မွေးကျေး ဇူးကျေအောင် ပေးဆပ်ခဲ့သည် ဟု ဆိုရပါမည်။
၈။ ကာဠုဒါယီမထေရ်သည် ရဟန္တာဖြစ်ပြီးနောက်ပိုင်း ဘုရားရှင် တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် ရာဇဂြိုလ်မှထွက် ကာ ကပိလ၀တ်သို့ ကြွနေဆဲ (၂) အတွင်းမှာ ဘုရင်သုဒ္ဓေါဒန မင်းကြီးအား “ ဘုရားရှင် ကပိလ၀တ်ရွှေနန်းတော်သို့ ကြွလာပြီဖြ စ်ကြောင်း၊ ယနေ့ ဘယ်အရပ်ဒေသ၊ ဘယ်တိုင်းပြည်၊ ဘယ်မြို့ရွာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းစကား ပြန်ကြားပေးရန် ဈာန်အဘိညာဉ်တန်ခိုးဖြင့် ကပိလ၀တ်ပြည် သို့ ကြွလာကာ ဆွမ်းဘုန်းပေးတော်မူသည်၊ ပြန်ကြွလျင် လည်း ဘုရားရှင်သုံးေ ဆာင်တော်မူရန် ဆွမ်းသပိတ်ဖြင့် လူအများမြင်စဉ်ပင် ကောင်းကင်ခရီးဖြင့် သယ်ဆောင်ကာ နေ့စဉ်နေ့တိုင်း နှစ်လတိတိ ဆွေတော်မျိုးတော်သာကီဝင်တို့အား ချီးမြှောက်ပေးခဲ့သည်။
ထို့ကြောင့်ပင် နောင်အခါ ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှောက်တော်မူသောအခါ ဆွေမျိုးဒကာ ဒါယိကာမတို့အား ကြည်ညိုစေရန် စည်းရုံးနိုင်သူတို့တွင် ဖွားဖက်တော် ကာဠုဒါယီမထေရ်သည် အမြတ်ဆုံး အသာဆုံး ဖြစ်ပါပေ သည် ဟု ကုလပ္ပသာဒ ( ကုလ - ဆွေမျိုးတို့အား၊ ပသာဒ - ကြည်ညိုစေခြင်း ) အရာတွင် ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြောက်တော် မူခဲ့သည်။
တပေါင်းလဖွဲ့ နှင့်စပ်၍ ရှင်အုန်းညို ရေးသားခဲ့သော ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်

လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊
ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။
“ သားတော်ဘုရား တပည့်တော်တို့ သာကီဝင်မျိုးရိုးမှာ တောင်းရမ်းစားသူတွေ မရှိခဲ့ပါ၊ ယခု ရဟန်း နှစ်သောင်းကို ခမည်းတော်တသက်လုံး ကျွေးမွေးထားနိုင်ပါတယ်ဘုရား၊ တောင်းရမ်းမစားပါနှင့် ” ဟု လျောက်ထားလာသော ခမည်းတော်အား ဆွမ်းခံခြင်းသည် ဘုရားရှင်တို့၏ ထုံးတမ်းအစဉ်အလာဖြစ်ကြောင်း ရှင်းပြကာ ၄ ပါဒဂါထာတပုဒ် ဟောပြလိုက်သောအခါ လမ်းပေါ်၌ ဤပုံ အခြင်းအရာဖြင့်ပင် ခမည်းတော်ကြီး သောတာပန် တည်ခဲ့ရသည် ...
နှလုံးသည်းအူ ပြတ်သွားလောက်အောင် စိတ်ရှိသလောက် အားရပါးရ ငိုကြွေးနေသော ပါရမီဖြည့်ဖက် မယ်ယသော် အား ဖြေသိမ့်စကား ဆိုတော်မူပြီး မိမိအပေါ် သစ္စာစောင့်စည်းပုံ နှင့်စပ်ကာ စန္ဒကိန္နရီဇာတ်ေ တ်ာကြီး ကို ဟောေ တာ် မူခဲ့ပြန်သည်...
အချုပ်ဆိုရသော် တပေါင်းလပြည့် တွင် ရဟန္တာမထေရ် ကာဠုဒါယီ၏ ကျေးဇူးဖြင့် စခဲ့သော ကပိလ၀တ်ဇာတ်လမ်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအားလုံးအတွက် အားကျဖွယ်၊ အတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ပီတိဖြစ်ဖွယ် တို့ဖြင့် ပြည့်နှက်နေသော နေ့ထူးနေ့မြတ်အခါသမယ ဖြစ်သောကြောင့် ယင်းနေ့ကိုပင် ဗုဒ္ဓမြတ်စွာ၏ ကပိလ၀တ်ရွှေနန်းတော်သို့ ၀င်တော်မူသောနေ့ ဟု သတ်မှတ်ခဲ့ကြပါသည်။
မေတ္တာဖြင့်
Date. 6.Mar.2012
( ၁၃၇၃ ခု၊ တပေါင်းလဆန်း ၁၄ ရက် )