Pages

Monday, March 25, 2013

နွေအရိုက်ခံရချိန်




နွေရဲ့အရိုက်ခံရချိန်
တစ္ဆေတွေဆော့ကစား ဘီလူးတွေပျော်ပါးချိန်
သစ်ရွက်လေးတွေဟာ တဖြုတ်တဖြုတ်ကြွေကျတယ်..
...
ခေါင်ကမိုးမလုံချိန်မှာ အရောင်ပြောင်းတတ်တဲ့ ကောင်းကင်ဟာ
ညို့မှိုင်းပြီး မုန်တိုင်းအဖြစ်တိုက်ခတ်ပြန်တယ်..
မုန်တိုင်းငြိမ်လို့ ကောင်းကင်ကြည်လင်လာချိန်မှာ
သဘာဝက တီးတိုးလှုတ်ခတ်တဲ့ လေတိုးသံသဲ့သဲ့လေးကြားမိတာတောင်မှ
ကယောင်ခြောက်ခြားနဲ့ ကော်ဖီခါးခါးမသောက်ပါဘဲ
ရင်တွေခုန် လက်တွေတုန် စိတ်တွေထဲသက်ပျင်းတွေခုန်ခုန်ချတယ်..
အိပ်ရေးတွေပျက်ပြီး ညနဲ့မနက်လွဲနေချိန်မှာ
စိတ်တွေအရိုက်ခံရတယ်..
ဟူးးးးးးးးးး
ရှိုက်ထုတ်လိုက်တဲ့လေပူများကြောင့် ဒီနွေဟာပိုပြီးပူပြင်းတယ်..
ပူလောင်တဲ့လူသားတွေရယ် တီးတိုးသက်ပျင်းချသံတွေရယ်ကြောင့်
စိတ်မကောင်းဖြစ်မိပါတယ် ကမ္ဘာကြီးရယ်..
သဘာဝကပျက်စီးချိန် အပူတွေထပ်ရပြန်ပြီကွယ်..

Sunday, March 24, 2013

နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလားဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ


နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလားဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ရှာဖွေ တူ...း ဖေါ်ရရှိခဲ့သည်။ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင်း လက်ထက် အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။ ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။ ကျောင်းတော် မြေနေရာအား ၂၀၀၉ ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။ ၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သူ Atish Dipankar နေထိုင်ခဲ့ရာ နေအိမ် အနီးတွင် တည်ရှိသည်ဟု ဆိုသည်။ MTHN(UNIM) ref; by Share Arakan NewsSee More Photo: နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလားဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိခဲ့သည်။ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင်း လက်ထက် အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။ ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။ ကျောင်းတော် မြေနေရာအား ၂၀၀၉ ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။ ၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သူ Atish Dipankar နေထိုင်ခဲ့ရာ နေအိမ် အနီးတွင် တည်ရှိသည်ဟု ဆိုသည်။
 MTHN(UNIM) ref; by Share Arakan News

Saturday, March 23, 2013

ဘောင်ထဲကအယူများနှင့် အမှောင်ထဲကလူများ

ဝှက်ဖဲတွေ ကစားနေမှာလား
ဘုရင်တွေအကွက်ရွှေ့နေတာလား
နေ့နဲ့ည  မှားနေတာလား
ဥတုရာသီ ပျက်နေတာ
လူကြောင့်လား   ကမ္ဘာကြောင့်လား
တောမီးလောင်တာ စစ်မီးလောင်တာ
ရှို့မီးလောင်တာ တို့မီးလောင်တာ
ကမ္ဘာကြီး စောင်းနေတာကြောင့်များလား
ဘောင်တွေခတ်ပြီး အယူဝါဒမှိုင်းမိလို့များ
လောက ပိုပူလာတာလား
စိတ်တွေ တက်လိုက်ကြလိုက်
လူတွေ သတ်လိုက် ဖြတ်လိုက်
သတ္တ၀ါတွေ သေလိုက်ကြေလိုက်
ကူးသန်း လူးလားခတ်နေတာများ
ဘောင်ခတ်ထားတဲ့ ရေပူကန်ထဲ
အမှောင်ထဲကလူများ
ပျော်မြူးနေသလိုပါပဲလားနော်..


ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု

အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြသည်
အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြသည်
လူမမယ်ကလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေး ရပြီ ...
ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြမည်
အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားမြဲမည်
ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည် ...
ဒို့အသက်နဲ့ ဒို့ခန္ဓာတွေ အမြဲရှိသရွေ့ရင်ထဲမှာ
ဒို့ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိမ်းဖို့အဓိဌာန်ရည် ..................

Thursday, March 21, 2013

♥ငါချစ်တဲ့နိုင်ငံလေး♥“ ကမ္ဘာလောကကို မီးဝိုင်းရှို့နေတဲ့သူထဲ မပါစေနဲ့ ”

♥ငါချစ်တဲ့နိုင်ငံလေး♥“
•••••••••••••

“ ကမ္ဘာကိုတုန်လှုပ်စေသော လူတွေထဲမှာ
ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်...တွေ
မပါဝင်ဖို့ အရေးကြီးတယ်။
လူ့လောကကြီးရဲ့လိုအပ်ချက်တွေကို ကျွန်ုပ်တို့
ဘာသာရေးခေါင်းဆောင်တွေ ၀ိုင်းဝန်းဖြည့်စွက်
ပေးနိုင်ကြဖို့ အားထုတ်ကြရမယ်။
ပူလောင်နေတဲ့ကမ္ဘာမှာ ကျွန်ုပ်တို့က မီးသတ်
သမားတွေလို - ကိလေသာမီး၊ သောကမီး၊ စစ်မီး
တွေကို ငြိမ်းသတ်နိုင်တဲ့သူများအဖြစ် ကမ္ဘာ့အရေး
မှာ ပါဝင်ကြရမယ်။ ကမ္ဘာလောကကို မီးဝိုင်း
ရှို့နေတဲ့လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ”

- သီတဂူဆရာတော် ဒေါက်တာဥာဏိဿရ

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

♥ငါချစ်တဲ့နိုင်ငံလေး♥
မေတ္တာနိုင်ငံလေးပါ

ဘာသာမရွေး လူမျိုးမရွေး

အဲ့ဒီနိုင်ငံမှာ

မေတ္တာလက်နက် ကိုင်ဆွဲထားရင်

ငါချစ်တဲ့ကမ္ဘာကြီး အေးချမ်းတယ်။♥..
.
♥ငါချစ်တဲ့နိုင်ငံလေး♥
မေတ္တာနိုင်ငံလေးပါ

ဘာသာမရွေး လူမျိုးမရွေး

အဲ့ဒီနိုင်ငံမှာ

မေတ္တာလက်နက် ကိုင်ဆွဲထားရင်

ငါချစ်တဲ့ကမ္ဘာကြီး အေးချမ်းတယ်။♥..
.
 မြို့ပျက်ကြီး

 အနူရုပ်ထုံးသုတ် အပုတ်ကောင် ရုပ်ဆောင်ထားသောမြို့

အရေပြားတစ်ထောက် ဟန်လုပ်သောမြို့

စိတ်၏ ခိုင်းစေရာ ခံနေရသော ခန္ဓာမြို့ပျက်ကြီး
,

Monday, March 18, 2013

"စိတ်ခွန်အားစောင့်သူ"ဘ၀ အသင်္ချေ "အမေ"


"စိတ်ခွန်အားစောင့်သူ"
အမေ့ရဲ့ စကားလေးတခွန်း
သားအတွက် အားဆေးတဇွန်းပေါ့
အမေ သေသွားတဲ့အခါ
အမေ့ရဲ့နောင်ဘဝက…သားတဲ့။
ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း
~~~~~~~~~~ကောင်းကင်ကို~~~~~~~~~~~  


ဘ၀ အသင်္ချေ "အမေ"
အမေဆိုတာ ဘ၀ အသင်္ချေ တော်ခဲ့တယ်
မိန်းမ ဟူသရွေ့  ဘ၀ အသင်္ချေ
အမေတော်တယ်
မယုံမရှိနဲ့ မြတ်စွာဘုရား
တရားဟောလို့ ထားခဲ့တယ်
 
မိန်းမ ဟူသ၍
ဘ၀ ပေါင်းများစွာ
အမေတော်လို့ 
စိတ်နဲ့တောင်မှ မညှင်းဆဲနဲ့
သံသရာ အဆက်ဆက်
အမေ့နို့ရည် သောက်သုံးခဲ့ ပြီး
"သားမောင်" အသက်ဆက်ဖူးတယ်

မြတ်စွာဘုရား ဒေသနာ
တရား ဟောကြားထားခဲ့တယ်
သံသရာမှာဆွေမျိုးဆပ်ရင် ဆွေမျိုးကြည့်ဘဲ
အမှန် တရား လက်ခံထား
ထားတဲ့သူတိုင်းသိပါတယ်

ဘ၀ အသင်္ချေ "အမေ"တော်လို့  စိတ်နဲ့တောင်မှ မညှင်းဆဲနဲ့

ဘ၀ဟောင်းကအမေမို့   ဘ၀ အသင်္ချေတော်ဘူးတယ်
~~~~~~~~~~~~မ~~မ~~~~~~~~~~~~`

အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့်

အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…
======================================
ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ…
အသက်ရာကျော် ရှည်ပါစေ ....

Mg Mandalay စာကြည့်ခန်း

သတင်းချစ်သူ - ဝေဟင်

Friday, March 15, 2013

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်




ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ဟောင်းများနှင့် ပတ်သက်ပြီး အလွန်အကျွံသည်းခံသူဖြစ်ကြောင်း NLD ၀ါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်က ဝေဖန်ပြောဆိုလိုက်သည်။ဝါရှင်တန်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာ Veteran Burmese activist Win Tin says democracy icon Suu Kyi is too conciliatory  ခေါင်းစဉ်တပ် ဆောင်းပါး တစ်ပုဒ်တွင် ယမန်နေ့ရက်စွဲဖြင့် ယင်းသို့ ရေးသားထားခြင်း ဖြစ်သည်။”ကျွန်တော်တို့ထဲကတချို့ကတော့ ဒီစစ်ဗိုလ်ချုပ်တွေကို ဘင်္ဂလားပင်လယ်အော်ထဲ ပို့လိုက်ချင်တာ။ သူကတော့ (ရန်ကုန်မြို့)ကန်တော်ကြီးထဲ တွန်းချလိုက်တာမျိုးလောက်ပဲ လုပ်ချင်တာ” ဟု ဦးဝင်းတင်က ပြုံးပြီး ပြောသည်ဟု ရေးထားသည်။

ဆောင်းပါးတွင် ဦးဝင်းတင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြောင်းကို အသားပေး ရေးထားသည်ကို ဖတ်ရမည်ဖြစ်သည်။

ဒေါ်စုက တချိန်ချိန်တွင် သမ္မတဖြစ်လာရေးအတွက် စစ်ခေါင်းဆောင်များနှင့် ညှိနှိုင်းစေ့စပ်ပြီး အခြေခံဥပဒေကို ပြင်ဆင်လိုဟန်ရှိသည်ဟု ယုံကြည်ရကြောင်း၊
ဦးဝင်းတင်က အခြေခံဥပဒေကို ဖျက်သိမ်းလိုသူဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

စစ်အုပ်စုက အပြောင်းအလဲ အနည်းငယ် လုပ်ပြရုံဖြင့် သွေးအေးမသွားကြရန် သူ၏ လုပ်ဖော်ကိုင်ဘက်များကို သတိပေးနေရသည်ဟု ဆိုသည်။

“စာနယ်ဇင်းသမား တော်တော်များများ၊ နိုင်ငံရေးသမား တော်တော်များများက အခြေအနေ ကောင်းနေပြီလို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ သိပ် ကျေနပ်နေကြတယ်။ ပွင့်ပွင့်လင်းလင်း မပြောချင်ကြဘူး။ သူတို့က အစိုးရကို မဝေဖန် မတိုက်ခိုက်ချင်ကြဘူး။ အဲဒါ ပြဿနာပဲ” ဟု ဦးဝင်းတင်က ၀ါရှင်တန်ပို့စ်ကို ပြောလိုက်သည်။

သံတမန်တချို့ကမူ အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်သော ဦးဝင်းတင်သည် သဘောထားတင်းမာသူ၊ လက်ရှိ အပြောင်းအလဲနှင့် အံဝင်ခွင်ကျခြင်းမရှိသောသူတစ်ဦးဟု မြင်ကြသည်ဟု ယင်းဆောင်းပါးက ဆိုသည်။

NLD မှ ခွဲထွက်သွားသူများနှင့် ဖွဲ့စည်းထားသည့် NDF ပါတီ ဌာနချုပ်တွင်လည်း ဦးဝင်းတင်က နာမည်ကောင်းမရကြောင်း ဆောင်းပါးတွင် ဆက်လက် ဖော်ပြထားသည်။

ထောင်သက်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဦးဝင်းတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပုံကိုလည်း ၀ါရှင်တန်ပို့စ် ဆောင်းပါးတွင် ရေးထားသည်။

“သူက ရူးနေတဲ့လူပဲ။ ထောင်ထဲမှာပဲ အာဇာနည်အဖြစ် သေသွားချင်တဲ့သူပဲ” ဟူသော အသက် ၇၁ နှစ်အရွယ် ဦးခင်မောင်ဆွေ၏ စကားကို ကိုးကား ဖော်ပြထားသည်။

ဦးဝင်းတင်သည် အကျဉ်းသားယူနီဖောင်းဖြစ်သည့် အပြာရောင်ကို အမြဲ ဝတ်ဆင်လေ့ ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာသည်အထိ ထိုကဲ့သို့ ၀တ်ဆင်မည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်ချက်ကို ဖော်ပြထားသည့် ဤဆောင်းပါး ထွက်ပေါ်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုစုသည့် လက်ပံတောင်းဒေသအစီရင်ခံစာအပေါ် အများအပြားက မကျေမနပ် ဖြစ်နေချိန်နှင့်

တိုက်ဆိုင်နေသည်ကို တွေ့ရှိရသည်။
မိုးမခအထောက်တော် အမှတ် ဝဝ၂
မတ် ၁၃၊ ၂၀၁၃

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgmkbAkhvc2sG7osX5niqQE_Jg7-Rexx-s7dYq9BFvRNfHTMVrkso9J547bQidTpW7fLUb0WWHYF3Ls9iL4RTKQWpU2D4jFwGBPMR9AxFjL9A8G6FhpJeMLP_lgjCoCVo-zidcReBoYwXt/s1600/uwintin-suu.jpg
ဓာတ်ပုံ – James Mackay