Pages

Thursday, March 14, 2013

လက်ပန်းတန်းတောင်ဆန္ဒပြပွဲမြင်ကွင်းများ

 သတင်းစာတွင်ပါသောစုံစမ်းရေးကော်မရှင်အစီရင်ခံစာကိုဖတ်ရှုနေသောတုံရွာဒေသခံအမျိုးသမီးတစု
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ


ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင်ဒေသခရီးစဉ်ဒုတိယနေ့



ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်စီမံကိန်းအနီးရှိ ကျေးရွာများဖြစ်သော ကံကုန်း၊ဒုံးတော၊ကျော်ရွာ၊မိုးကြိုးပြင်၊ဆည်တဲ စသည့်ရွာများကို တစ်ရွာဝင်တစ်ရွာထွက်သွားရောက်ကာ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းခဲ့သည်။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


လက်ပန်းတောင်းတောင် အစီရင်ခံစာထွက်ပေါ်လာပြီး၊ ပြည်သူတွေကြားမှာ သဘောထားအမျိုးမျိုးကွဲလွဲခဲ့ကြပါတယ်။ ဒေသခံတွေကလည်း အစီရင်ခံစာကို
ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဆန္ဒပြတာတွေဖြစ်ပေါ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင်ဒေသခရီးစဉ်ဒုတိယနေ့



ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်စီမံကိန်းအနီးရှိ ကျေးရွာများဖြစ်သော ကံကုန်း၊ဒုံးတော၊ကျော်ရွာ၊မိုးကြိုးပြင်၊ဆည်တဲ စသည့်ရွာများကို တစ်ရွာဝင်တစ်ရွာထွက်သွားရောက်ကာ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းခဲ့သည်။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)















Tuesday, March 12, 2013

အလုပ်မလုပ်သူက ဘာမှမလုပ်တော့ ဘာမှဝေဖန်စရာမရှိဘူး

Mar 8, '13 2:41 PM
for everyone
လုပ်သလိုမဖြစ်ခဲ့ရင် ဖြစ်သလိုလုပ်ကိုင်မနေထိုင်ပဲ နေထိုင် လုပ်ကိုင်ဆောင်ရွက်ချက်တိုင်းမှာ ကောင်းမွန်သော စိတ်ရင်း စေတနာအမှန်နဲ့လုပ်ကိုင်နေထိုင်ရင်းနဲ့ လုပ်ဆောင်ချက်တိုင်းမှာ
အကောင်းဆုံးတွေတော့ရှိလာမှာပါ
ဘာမှ မလုပ်ပဲနေသူထက် အများကြီးသာပါတယ်
ဘ၀မှာ  ပျော်သလိုမနေပဲ နေသလိုပျော်အောင်ကြိုးစားရင်း ပျော်နေနိုင်တာပေါ့
တော်သလိုမနေရင်း နေတဲ့နေရာမှာ တော်လာတာပါ
အားမာန်ဆိုတာ ကိုယ်ကမထည့်ရင်ဘယ်လိုရမလဲ
ဘယ်သူမှလာမပေးဘူး စိတ်ဆိုတာ ထိခိုက်တတ်တဲ့အရာ
အထိမခံဘူး အထိမခံပေမယ့် ထိခိုက်တာများလာတော့
အသာမာတက်လို့အသားမာလာသလို နှလုံးသားထဲက ပျော့ပျောင်းပေမယ့် စိတ်ကတော့
့မာကျောလာတာပေါ့ မာကျောလာတဲ့စိတ်ရဲ့အောက်ခြေမှာ နှလုံးသားကနုနယ်ပါတယ်
ထိခိုက်မိတိုင်း ဒဏ်ရာရတိုင်း မျက်ရည်ကသွေးအဖြစ်ထွက်တာပါ
အဲ့တာလေးတွေကို အမှတ်တမဲ့မနေပဲ တွန်းအားအဖြစ်ရယူလိုက်ပါ ကောင်းမွန်သော ခွန်အားဖြစ်လာပါတယ်
ခွန်အားတွေအရှိန်ရလာတော့ အောင်မြင်မှုဆိုတာရောက်ရှိလာတာပါ
လူတယောက် အောင်မြင်မှုရဲ့နောက်ကွယ်မှာ ဒဏ်ရာတွေ အမာရွတ်တွေ အနာတရတွေရှိပါတယ်
မျက်ရည်တွေကိုဖြူစင်စွာစားသုံးပြီး ကိုယ်စိတ်နဲ့ နှိုင်းလို့လူသမိုင်းမှာမရိုင်းအောင် ကောင်းမွန်သော လုပ်ဆောင်ချက်တွေနဲ့ လူသားအဖြစ်
ပေးဝေမျှလို့ နေထိုင်လုပ်ကိုင်ပြီးဆောင်ရွက် ပြောဆို နည်းပေးလမ်းပြ
ရှေ့ဆောင်နိုင်တာပါ တွေ့သိခဲ့တဲ့ လူမှန်သမျှ အကောင်းအဆိုးရောထွေးနေတာကို
သူနေရာနဲ့ သူတကန့်စီထားပြီး သူတန်ဖိုးနဲ့သူ တော့အဖိုးတန်တယ်ပဲ သတ်မှတ်လိုက်
ပါတယ်
ဆင်လဲဆင်ဈေး၊ ဆိတ်လည်းဆိတ်ဈေးပေါ့
တန်ဖိုးမသိသူကတော့ သူကိုယ်တိုင်က အဖိုးမဖြတ်တတ်လို့ ငါပြောတာအမှန် ငါလုပ်တာအမှန်
ငါမှ ငါအမှန်ယူဆကြပါတယ်
ငါထဲမှာ ငါပဲ အမှန်ထင်လို့ ငါ့နေရာ ဘယ်သူမှ အစားမထိုးချင်ကြပါဘူး
ဖေးမကူချင်ပါဘူး လက်တွဲခေါ်ဖို့ကို ၀န်လေးတတ်ကြပါတယ်
ငါပဲမြင်လို့ငါပဲထင်ပြီး ငါတလုံးနဲ့လမ်းဆုံးနေတတ်ကြပါတယ်
..
ယုံကြည်မှုအားနည်းတတ်တယ်
ခင်မင်ပြီးမှ ယုံကြည်ချင်ကြတာ လူလောက သဘာဝဖြစ်ရိုးဖြစ်စဉ်တခုပေါ့

ခင်မင်ယုံကြည်လာအောင်လုပ်ဆောင်ြ
ပီး ယုံကြည်မှုကို ရောင်းစားတတ်တာလည်း လူသဘောပါပဲ လူတယောက်ကို အစအဆုံး  သူ၏ သမိုင်းကြောင်းမသိပဲ
ထင်တလုံးနဲ့အထင်မှား ပျက်ရည်ပြုလို့ စော်ကားမှုပြုကြတာလဲ
လူတွေထဲက လူတွေရဲ့  ကျင့်ကြံတဲ့ အလေ့အကျင့်တခုပါပဲ
ဲအလုပ်မလုပ်သူက ဘာမှမလုပ်တော့ ဘာမှဝေဖန်စရာမရှိဘူး
လုပ်ဆောင်ချက်မရှိတော့ ချပြစရာအကောင်းအဆိုး အကြောင်း အကျိုး အပြစ်မရှိဘူး
အလုပ်လုပ်နေသူကို ထိုင်နေသူမှ ဝေဖန်ပြီး အပြစ်ပြောဖို့ဝန်မလေးဘူး
ဆုံးမပဲ့ပြင်သော ဘာသာတရား စာပေ ဘုရားကျောင်းကန်  ဗဟုသုတရှိသော
လူကြီးသူမထံ သွားလာမှု နည်းပါးလာတယ် ချည်းကပ်လေ့လာမှု အားနည်းတယ်
ကောင်းမွန်သော အလေ့ အကျင့် ဓလေ့စရိုက် ဘာသာ သာသနာတွေပျောက်ဖို့
ပိုမိုလွယ်ကူလာ
တဲ့ခေတ်ပေါ့..။
ငိုတတ်တဲ့ကလေး နို့စို့ရတယ်

တောင်းတတ်တဲ့လူ ရတယ်

ပြောတတ်တဲ့လူ သဘောကျကြတယ်

ပေါင်းတတ်တဲ့လူ အရာရာမှာ အမြန်အလုပ်ဖြစ်တယ်

ပေးတတ်တဲ့လူ အခြွေအရံပေါတယ်

သူတော်ခြင်းခြင်း သတင်းလွေ့လွေ့တဲ့..

မိတ်ဆွေဆိုတာ အကျိုးလဲပြောတယ်

အပြစ်လဲပြောတယ်

ရန်သူဆိုတာလိမ်ညာပြီး

အကြိုက်လိုက်ပြီးပေါင်းသင်းတာ

အတိတ် ကံတရားဝဋ်ပါရင်

ကိုယ်မှန်နေလဲခံရတယ်

ဒါအရင်ကအတိတ်ဝဋ်ကျွေး

ဆပ်ရတာပဲ ခံရတာပဲ

ဘုရားရှင်တောင်မလွတ်ဘူးနော်..

Thursday, March 7, 2013

အသစ်အသစ် ထပ်ချစ်ကြည့်ပေါ့

အသစ်အသစ် ထပ်ချစ်ကြည့်ပေါ့
Mar 7, '13 11:53 AM
for everyone 
အကောင်းမမြင်
 ဝေဒနာဖွေရှာခန္ဓာမှာ
 အသေကြည့်ပဲဖြစ်နေတာ
 ခန္ဓာ အစုတ်
 ဒီအထုတ်ကို ယုယပိုက်ထွေး
 ပိုးမွေးသလိုမွေး
 စိတ်ဘ၀င်မကျ
 ဒီလောကီမှာ
 အသေမဦးခင်
 ဥာဏ်ဦးဖို့ပြင်
 ခန္ဓာမြေဇာ ဘယ်မှာဖွေရှာ
အရိုးတွေလည်း တောင်လိုပုံတာ
ဘ၀အသင်္ချေ ဥာဏ်မရှိသူ မကြည့်တတ်ပါ
မသိတတ်စွာ
သား မယား ၀ရေး
ဆွေမျိုးရေးတဲ့
တိုင်းရေးပြည်ရေး
သူ့ အရေးတဲ့
ဘ၀ဖွေရှာ သေချာကြည့်မှ
အသေကြည့်ပဲဖြစ်နေတာ
အသစ်အသစ် ထပ်ချစ်ကြည့်ပေါ့
အသေကြည့်ပဲဖြစ်နေမှာ..။
http://api.ning.com/files/Z1Uxs-hTocHGLq3uM*44-f7F2kkaMVOwvk4PBdLHvuFqX3w8IFVOMr7PIMcHOVM982kwIAklzcy5XJl2hESwbrQmOoM6guPM/buddha3jz4.gif

Monday, March 4, 2013

ဦးပေါ်ဦး ဇမ္ဗူဒိပ်ကျွန်း နမိတ်ထွန်း

ဇမ္ဗူဒိပ်ကျွန်း နမိတ်ထွန်း
""ဘိုးတော်ဦးဝိုင်းသည် တစ်နေ့သောညီလာခံတွင် ညည်းညူတော်မူသည်မှာ..
"ငါကိုယ်တော် အရှင်မြတ်သည် ယိုးဒယားနိုင်ငံ အလုံးကိုသိမ်းကြုံးရန် ချီတက်သောအခါ..
အယူတော် မင်္ဂလာအားတဘောင် စနည်းနာစေခဲ့သည်၊
"အယူတော်မင်္ဂလာက မချီလျှင်ခေါင်က  ချီလျှင်နောင်တ"
ကြားနာခဲ့ရကြောင်းတင်လျှောက်သော
တဘောင်စနည်းဆိုသည်မှာ အစဉ်အမြဲ
မှတ်ယူသင့်သောစကားမဟုတ်၊ ယိုးဒယားပြည်ဆိုသည်မှာလဲ မင်းသိမ် မင်းငယ်
စိုးရိမ်ဖွယ်ရာမရှိ သဘောထားကာ အယူတော်မင်္ဂလာစကားကို မနာယူပဲ ချီတက်တိုက်ခိုက်စေခဲ့ရာ အရေးမသာရှိခဲ့သည်။
အယူတော်မင်္ဂလာ၏ တဘောင်ကိုကြံဆောင်ချေပစေခဲ့ရာလဲ အချီးအနှီးပင်ဖြစ်ခဲ့သည်။
ငါတို့ မြန်မာနိုင်ငံတွင်ရှိသော မှုးတော် မတ်တော်တို့မှာ အရေးရှိက ဘယ်သူမှအားမကိုးရ
ယတြာကိန်းခန်း လောကီလမ်းကို တတ်ကျွမ်းလိမ်မာသည့် ဆရာဆိုသည်မှာလဲ
အမည်သာရချေသည်""ဟုညည်းညူတော်မူေ
လသည်။

ဦးပေါ်ဦးသံတော်ဦးတင်သည်မှာ..
" ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း  နမိတ်ထွန်းဆိုတဲ့စကားရှိပါတယ်ဘု
ရား၊
ဒီကျွန်းဟာ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း အစစ်အမှန်ဖြစ်ပါတယ်၊
နမိတ်ထွန်းတဲ့ကျွန်းလဲ မှန်ပါတယ် သူ့ခေတ်နဲ့သူ့အခါအလိုက်
ကြုံကြိုက်တဲ့စကားဟာ မမှားနိုင်
ပါဘုရား "

"နေပါဦးပေါ်ဦးရဲ့ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း အစစ်အမှန်လို့ဆိုတာ
ဘယ်အထောက်အထားနဲ့ပြောနိုင်သလဲ"
မှန်လှပါ  ဇမ္ဗူဒိတ်ကျွန်းမှာ ပေါက်ရောက်နေသော သစ်ပင်အားလုံးတို့မှာ နွယ်ပင်တို့ဟာ
အားထားမှီခိုရာ သစ်ပင်ကိုနွယ်ပြီးတက်ကြတဲ့အခါ လက်ယာရစ်သာ နွယ်ပြီးတက်ကြပါတယ်
လက်ဝဲရစ်မတက် မတက်ကြပါ၊
အနွယ်ကိုအနွယ်ချင်းရစ်ပတ်ပြီးတဲ
့အခါမှာလဲ လက်ယာရစ်သာ နွယ်ပြီးတက်ကြပါတယ်၊ တစ်ခါတစ်ရံရှားမှရှားတဲ့ လက်ဝဲရစ်တက်တဲ့ နွယ်ပင်များကိုတွေ့တဲ့အခါမှာ ပယောဂဆရာတို့ဟာ ထူးခြားတဲ့နွယ်ပင်ဖြစ်လို့ ဖြတ်တာက်ယူငင်ထုထောင်းပြီး ပယောဂဆေးအဖြစ် ဖော်စပ်ကာ ဆိုင်ရာရောဂါများကိုကုတတ်ကြပါတယ် ပျောက်လဲပျောက်ပါတယ်ဘုရား"

"" အေးပေါ်ဦးစကားကတော့ဟုတ်တုတ်တုတ်
ပဲဟေ့""
" မှန်လှပါ ဒါကြောင့် ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းဟာ နမိတ်သြဘာ
ထွန်းတဲ့ကျွန်းဖြစ်တဲ့အတိုင်း သူ့အကြောင်းအရာနဲ့သူ
ကြုံကြိုက်ပေါ်ပေါက်လာတဲ့ နမိတ်သြဘာ စကားများဟာ မှန်ကန်တယ်လို့ယူဆပါတယ်
ဒါကြောင့်လဲ အယူတော်မင်္ဂလာ တင်လျှောက်တဲ့ နမိတ်တဘောင်စကားကို ဖယ်ရှားပြီး
ချီတော်မူစေတဲ့အတွက် ဗိုလ် လူ ဆင် မြင်း အလုံးအရင်းတို့ပင်ပန်းခြင်းဖြစ်ပါတယ်ဘုရားး"
ဟုလျှောက်ထားရာ  ဘိုးတော်ဦးဝိုင်းမှာ ပြုံးတော်မူလျက် နေတော်မူရလေသတည်း

''အနော်ရထာကျွဲဖြူခတ်သည့်ထုံး''
ဘိုးတော်ဦးဝိုင်းက ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နမိတ်သြဘာထွန်းသည့်
အကြာင်းဦးပေါ်ဦးလျှောက်ထားချက်
ကို နှစ်သက်စွာ လက်ခံတော်မူသော်လည်း
အပျင်းလည်းပြေ ဗဟုသုတလည်း ရရှိစေရန် ရည်သန်တော်မူပြီး
ဦးပေါ်ဦးအားမေးမြန်းတော်မူသည်
" ဦးပေါ်ဦးလျှောက်တင်ချက် စကား ရွှေနားဝင်တော်မူပါတယ် ဒါပေမယ့် ဥပမာ
အထောက်အထားကိုထပ်မံလျှောက်ထားဦ
းကွယ့်"
"မှန်လှပါအရှင်ဘုရား၏ ဘေးလောင်းတော်ဖြစ်သောအနော်ရထာ
မင်းသည် ရထားစီးပြီး
နန်းတော်မှထွက်တော်မူခဲ့ရာ ရထားဦးကထူးဆန်းသောအသံ
 မြေကြီးထဲက ရင်ကွဲမတတ်အော်ဟစ်ငိုကြွေးတဲ့ အသံကိုကြားရလို့ ထင်းရှားသိသာရန်
ပုဏ္ဏားတော်များကို မေးမြန်းတဲ့အခါ ဖားဖိုသေလို့ ဖားမငိုတဲ့အသံဖြစ်ကြောင်း
လျှောက်ထားကြပါတယ်"

ဘေးလောင်းတော်အနော်ရထာမင်းလဲ ပုဏ္ဏားတွေလျှောက်စကား ထင်ရှားသိသာအောင်
မြေကိုတူးပြီး ကြည့်စေပါတယ် လျှောက်ထားတဲ့အတိုင်း အမှန်ကိုပဲတွေ့ရပါတယ်
"အေးတော်တဲ့ပညာရှိတွေပါလား"
ဖား၏ နမိတ်အတိတ်ကို သိလိုတဲ့အတွက် ပညာရှိတွေကိုမေးမြန်းသောအခါ
ဒီအတိတ်ဟာ အနိဋ္ဌာရုံ အနိဋ္ဌာအသံ ဖြစ်တာကြောင့် အရှင်မြတ် ထွက်တော်မမူသင့်ပါ
ပျက်စီးခြင်းသာဖြစ်ပါလိမ့်မယ် ဘုရားလို့လျှောက်ထားတာကို ဘေးလောင်းတော်
အနော်ရထာမင်းမြတ်က ငါကဲ့သို့ ကြိမ်စကြာင်္ရှင်ကို ဘယ်ဘေးရန်က
နှောင့်ယှက်နိုင်မလဲလို့ ဘုန်းလက်ရုံးကို အားကိုးတော်မူပြီး
ပညာရှိတို့စကားကိုမနာယူဘဲ ထွက်ကြွတော်မူရာမှာ ကိုးခရိုင်အရောက်
ကျွဲဖြူခတ်လို့ နန်ရွာစံရကြောင်း ထုံးဟောင်းသာဓကရှိပါတယ်..


ဘ၀ရှင်မင်းတရားကြီး  ယိုးဒယားကို ချီတက်သိမ်းပိုက်လိုတဲ့ ဆန္ဒပြည့်ဝဖို့ရာမှာ
 ဘုရားအလောင်းတော် မဟာဇနက္ကကောင်းစားဖို့အချိန်ရော
က်တဲ့အခါ
ပေါလဇနကမင်းကြီးပျက်စီးရသလို အရှင်မင်းတရားကြီး ရွှေဘုန်းတော် အချိန်တန်က  
သာမန်အားနဲ့ပဲ ယိုးဒယားကို အလွယ်ရနိုင်ပါလိမ့်မယ်ဘုရားဟု လျှောက်ထားလေမှ
အားရ နှစ်သက်တော်မူပြီး ဆုတော်များ ပေးသနားတော်မူလေသည်။

Sunday, March 3, 2013

'မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ'



မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ
ရိုးသားမှု့နဲ့ပေါင်းပါဟန်မဆောင်ပါနဲ့ မာနမကြီးပါနဲ့သဘာဝကျစွာပေါင်းပါ ။
မျှော်မြင်ဆင်ခြင်နိုင်မှု့နဲ့ပေါင်းပါ။

ကိုယ်ချင်းစာစိတ်ဖြင့်ပေါင်းပါ။
မိသားစုစိတ်ဖြင့်ပေါင်းပါ။

ငယ်ပေါင်းစိတ်နဲ့ပေါင်းပါ။
သူတော်စင်စိတ်နဲ့ပေါင်းပါ။

ဝန်တိုခြင်းကင်းသောစိတ်နဲ့ပေါင်းပါ။
တဘက်သတ်မကျသောစိတ်နဲ့ပေါင်းပါ။

တစ်နပ်စားမကြံသောစိတ်နဲ့ပေါင်းပါ။
မြို့ရွာမည်မျှဝေးဝေးသွေးမအေးပဲပေါင်းပါ။

နှုတ်ကတိပြုသလိုလက်တွေ့မှာလည်းကတိ အတိုင်းပေါင်းသင်းပါ။
မှားနေလျှင်ထိုအမှားကိုပြောပေါင်းသင်းပါ။

မှန်နေတဲ့အခါ ထိုအမှန်ကို ချီးမွမ်းဝမ်းမြောက်စွာ ပြောပြီးပေါင်းသင်းပါ။
သာရေးမသွားဖြစ်တောင် နာရေးကိုဦးစားပေးသွားပါ။

သာရေးနာရေးအရေးကြုံလျှင်ပေါင်း သင်းနိုင်အောင်ပေါင်းသင်းပါ။
ဆန့်ကျင်ဘက်ကိုမပေါင်းနဲ့ မပေါင်းမဖြစ်ပေါင်းရလျှင် အပေါ်ကယှဉ်
အထဲကျဉ်၍ပေါင်းသင်းပါ။

ရန်သူဆိုလျှင် အတွင်းမ၀င်နိုင် အောင်ပေါင်းသင်းပါ။
သစ္စာမဲ့သူကို ကိုယ်က သစ္စာရှိစွာပေါင်းသင်းပါ။

ဥစ္စာငွေကြေးပျက်ပါစေ စရိတ္တမပျက်စေပဲ ပေါင်းသင်းပါ။
ဆင်းရဲသော်လည်း သီလမမွဲက ပေါင်းသင်းပါ။


မေ့လျှော့ မူးယစ်သည်ကို စောင့်ရှောက်ခြင်း။
မေ့လျှော့သော မိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်ခြင်း။

ကြောက်လန့်သော မိတ်ဆွေ၏ အားကိုးမှီခိုရာဖြစ်ခြင်း။
ဘေးရန် ဖြစ်ပေါ်လာသော်လည်းမစွန့်ခြင်း။

မိတ်ဆွေ၏ သားသမီးမြေးမြစ်တိုင်အောင်မြတ်နိုးခြင်း။

(ဆောင်ပုဒ်လင်္ကာမှတ်စရာ)

မေ့လျော့ စောင့်လာ ဥစ္စာ စောင့်ရှောက်

ဘေးရောက်ကိုးကွယ် ဘေးတွယ်မပစ်

သားမြစ်စဉ်ဆက် မပျက်ချီးပင့်

ဝတ်ငါးဆင့် ပြုကျင့်မိတ်ဆွေများ။


(ညောင်တုန်း ရွှေဟသ်ာတောရ ဆရာတော်)


သုတေသီဘုန်းမြင့်သွေး
(လူဖြစ်ရကျိုးနပ်မည့်ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်)

မိတ်ဆွေစစ်ဆိုတာ .......

(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။

(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။

(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။

(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။

(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။

(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။

(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။


မိတ်ဆွေအတုအယောင် လေးယောက်

(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။





(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ ....
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် ။
သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။


(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ ....
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ် ။
ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ် ။


(၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ ....
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ် ။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ် ။

(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ ....
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ် ။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။

Saturday, March 2, 2013

မတ်လ ၂ ရက် တောင်သူလယ်သမားနေ့  တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သက်သည့်အရေးကြီးသော ရက်စွဲများ

မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ 
တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သက်သည့်အရေးကြီးသော ရက်စွဲများ

မြန်မာသက္ကရာဇ် ၁၁၈၅-၈၇ ခု (၁၈၂၄-၂၆)
အင်္ဂလိပ် မြန်မာပထမစစ်ပွဲ ပြီးသည့်နောက်
... ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၁၃-၁၄ ခု (၁၈၅၂)
အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲ ပြီးသည့်နောက်
အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၃ဝ-၁၂၃၁ ခု (၁၈၆၉)
စူးအက်တူးမြောင်း ဖောက်လုပ်ပြီးစီး၍ မြန်မာပြည်တွင်
ဝမ်းစာ စိုက်ပျိုးရေးခေတ်မှ ကူးသန်းရောင်းဝယ်ရေး
စိုက်ပျိုးရေးခေတ်သို့ စတင်ပြောင်းလဲလာသည်။

မြန်မာသက္ကရာဇ် ၁၂၄၂-၄၃ ခု (၁၈၈၁-၁၈၈၂)
တောင်သူလယ်သမားများ စတင်ကြွေးမြီတင်ရှိလာသည်။

မြန်မာသက္ကရာဇ် ၁၂၄၆-၄၇ ခု (၁၈၈၅)
အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲ ပြီးသည့်နောက်
အထက် မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၆၁-၆၂ ခု (၁၉ဝဝ)
ကြွေးမြီ တင်ရှိနေသူ တောင်သူလယ်သမားဦးရေ
တိုးတက်များပြားလာသည်။

မြန်မာသက္ကရာဇ် ၁၂၇၅-၇၉ ခု (၁၉၁၄-၁၈)
ပထမကမ္ဘာစစ်အတွင်း ဆန်စပါး ဈေးကောင်းလာသည်။

မြန်မာသက္ကရာဇ် ၁၂၈၁-၈၂ ခု (၁၉၂ဝ)
ပထမကျောင်းသားများ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့သည်။
ထို့နောက်တွင် အလုပ်သမား သပိတ်မှောက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၂၈၂-၈၃ ခု (၁၉၂၁)
ဗြိတိသျှ ကုမ္ပဏီကြီးများ ပူးပေါင်းဖွဲ့စည်းထားသည့်
ဘူလင်ဂျာပူးလ်၏ ချယ်လှယ်မှုကြောင့် ဆန်စပါးဈေး
အလွန်ကျဆင်း၍ တောင်သူလယ်သမားတို့ စီးပွားရေး ကြပ်တည်းစ ပြုလာသည်။

မြန်မာသက္ကရာဇ် ၁၂၈၆-၈၇ ခု (၁၉၂၅)
အနယ်နယ်တွင် ဗြိတိသျှအစိုးရအား အသိအမှတ် မပြုရေး၊
အခွန်များ မပေးရေး စသော လူတန်းစား တိုက်ပွဲများ ပြင်းထန်လာသည်။

မြန်မာသက္ကရာဇ် ၁၂၈၇-၈၈ ခု (၁၉၂၆)
ဆရာတော် ဦးဝိစာရသည် အခွန်မပေးရေး တိုက်ပွဲများ ဆင်နွှဲရန်
ခရိုင်အသီးသီးတွင် စည်းရုံးမှုများ ပြုလုပ်သည်။

မြန်မာသက္ကရာဇ် ၁၂၈၈-၈၉ ခု (၁၉၂၇)
ဆရာတော် ဦးဥတ္တမသည် “လိပ်ကို အခွံခွာရမည်”ဟူသော
ဆောင်ပုဒ်ဖြင့် ဗြိတိသျှအစိုးရအား အခွန်မပေးရေး တရားများကို ဟောပြောသည်။

မြန်မာသက္ကရာဇ် ၁၂၈၉-၉ဝ ခု (၁၉၂၈)
ဆရာစံသည် ဦးစိုးသိမ်း ဂျီစီဘီအေ အဖွဲ့ချုပ်၏ တာဝန်ပေးချက်
အရ၊ ခရိုင်အသီးသီးသို့ သွားရောက်၍ ဗြိတိသျှအစိုးရ၏ အတင်း
အဓမ္မ အခွန်တောင်းမှုကိစ္စများကို လိုက်လံစုံစမ်းသည်။

၁၂၉၁ ခု၊ ပြာသိုလဆုတ် ၅ ရက် (၁၈-၁-၃ဝ)
ဆရာစံသည် အင်္ဂလိပ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေး
အတွက် မော်လမြိုင်မှ သာယာဝတီသို့ ထွက်ခွာလာသည်။

၁၂၉၂ ခု၊ တန်ဆောင်မုန်း လဆုတ် (၈)ရက် (၂၈-၁ဝ-၃ဝ)
မြစိမ်းတောင်ညို ဘုရားတွင် သုပဏ္ဏက ဂဠုနရာဇာဟူသော
ဘွဲ့ကိုယူ၍ ဥပုသ်ကြီးဝင်သည်။

၁၂၉၂ ခု၊ နတ္တော်လဆုတ် ၁ ရက် (၅-၁၂-၃ဝ)
အလံတောင်တွင် ဗုဒ္ဓရာဇာမြို့ တည်ရန် ပန္နက်ရိုက်သည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၃ ရက် (၂၁-၁၂-၃ဝ)
အလံတောင်တွင် တဲတန်း တည်ဆောက်သည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၄ ရက် (၂၂-၁၂-၃ဝ)
ဆရာစံ၏ အမိန့်အရ၊ သာယာဝတီထောင်ကို ဖွင့်ရန်
သွားကြသော ဗိုလ်ဖိုးဆော့ ခေါင်းဆောင်သည့်
ဂဠုန်သူပုန်များ သည် ဇိမ်ဇာသူကြီးအား စမ်းတွင်းရွာအနီးတွင်
တွေ့ရှိတိုက်ခိုက် ကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၅ ရက် (၂၃-၁၂-၃ဝ)
ဖားရွှေကျော် ပထမတိုက်ပွဲ၊ ဦးမောင်ကလေး ခေါင်းဆောင်သော
ပုလိပ်အဖွဲ့ ဆုတ်ခွာထွက်ပြေးကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၆ ရက် (၂၄-၁၂-၃ဝ)
ဝဲရွာတိုက်ပွဲ သစ်တောအင်ဂျင်နီယာ မစ္စဖီးကလပ် ကျဆုံးသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၇ ရက် (၂၅-၁၂-၃ဝ)
ဖားရွှေကျော် ဒုတိယတိုက်ပွဲ၊ ရာဇဝတ်ဝန်ကလေး
ဦးမောင်ကလေး ကျဆုံး၍ ပန်ချာပီတပ်များ ထွက်ပြေးကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၁၂ ရက် (၃ဝ-၁၂-၃ဝ)
ဖားရွှေကျော်တတိယတိုက်ပွဲ၊ ဂဠုန်သူပုန်တို့ဘက်မှ
အကျအဆုံးများစွာနှင့် ဆုတ်ခွာရသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၁၃ ရက် (၃၁-၁၂-၃ဝ)
နယ်ချဲ့အင်္ဂလိပ်စစ်တပ် အလံတောင်သို့ တက်ရောက် တိုက်ခိုက်
ဖျက်ဆီးသောကြောင့် ဆရာစံသည် ထိုနေရာမှ ထွက်ခွာသည်။

၁၂၉၂ ခု၊ ပြာသိုလဆုတ် ၅ ရက် (၇-၁-၃၁)
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ထန်းတောရွာအနီးတွင် ဦးအောင်လှ
ခေါင်းဆောင်သော ဂဠုန်သူပုန်တို့နှင့် အရေးပိုင်မစ္စတာ ဘရက်တို
ခေါင်းဆောင်သော နယ်ပုလိပ်၊ စစ်ပုလိပ်များ တိုက်ပွဲဖြစ်ပွားသည်။

၁၂၉၂ ခု၊ ပြာသိုလဆုတ် ၁၁ ရက် (၁၃-၁-၃၁)
အလံတောင်မှ ထွက်ခွာသွားသော ဆရာစံသည် မန္တလေးမြို့သို့ ရောက်ရှိသည်။

၁၂၉၂ ခု၊ တပေါင်းလဆုတ် ၂ ရက် (၄-၃-၃၁)
ဆရာစံသည် ရှမ်းပြည်နယ်မြောက်ပိုင်း မက်ချင်းနုရွာသို့ ရောက်သည်။

၁၂၉၂ ခု၊ တန်ခူးလဆုတ် ၉ ရက် (၁ဝ-၄-၃၁)
သရက်ခရိုင်၊ ကာမမြို့နယ်၊ ခြောက်ပင်ရွာတွင် သူကြီးများ
စည်းဝေးပွဲလုပ်စဉ် သူပုန်တို့ ဝင်ရောက်တိုက်ခိုက်သည်။


၁၂၉၂ ခု၊ တန်ခူးလဆုတ် ၁၂ ရက် (၁၃-၄-၃၁)
သရက်ခရိုင်၊ ရာဇဝတ်ဝန်ကြီး မစ္စတာအေစီစမစ်
ခေါင်းဆောင်သော အဖွဲ့နှင့် သူပုန်တို့ ထုံးရွာအနီးတိုက်ပွဲ
ဖြစ်ပွားရာ ရာဇဝတ်ဝန်ကြီး ပြင်းထန်စွာ ဒဏ်ရာရရှိသည်။

၁၂၉၂ ခု၊ ကဆုန်လဆုတ် ၄ ရက် (၄-၅-၃၁)
ပြည်ခရိုင် ရာဇဝတ်ဝန်ကြီး မစ္စတာ သြစတင် ခေါင်းဆောင်
သော အဖွဲ့အား ဝက်ထီးကန်အနီး မြို့မရွာတွင် သူပုန်တို့
ဝိုင်းဝန်းတိုက်ခိုက်သဖြင့် ရာဇဝတ်ဝန်ကြီးနှင့် ပုလိပ်အဖွဲ့ဝင် ခုနစ်ဦး ကျဆုံးသည်။

၁၂၉၂ ခု၊ ကဆုန်လဆုတ် ၁ဝ ရက် (၁ဝ-၅-၃၁)
ဂဠုန်သူပုန်တို့ ဟင်္သာတမြို့လယ် ဂါတ်ဝင်းအတွင်းရှိ
ပန်ချာပီတပ်တို့ ဝင်ရောက်စီးနင်းရာ ပန်ချာပီစစ်သားတို့ ဒဏ်ရာရကြသည်။

၁၂၉၂ ခု၊ ကဆုန်လကွယ်နေ့ (၁၅-၅-၃၁)
ဟင်္သာတခရိုင်၊ လယ်တီစာဖြူစုပုလိပ်ကင်းစခန်းကို သူပုန်တို့
ဝင်ရောက်စီးနင်းသည်။

၁၂၉၃ ခု၊ နယုန်လဆုတ် ၁၃ ရက် (၁၃-၆-၃၁)
ရန်ကုန်မြို့ တရားလွှတ်တော်သည် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်
ထန်းတောကျေးရွာမှ ခေါင်းဆောင် ဦးအောင်လှ၊ ဦးမိုးမင်း၊
ဦးဘိုးချစ်တို့ အပေါ်တွင် အထူးခုံရုံးမှ တသက်တကျွန်း
ထောင်ဒဏ်ပေးထားသည့် အမိန့်ကို ပယ်ဖျက်၍၊ သေဒဏ်သို့
ပြောင်းလဲပေးသည်။ အထူးခုံရုံးမှ သေဒဏ်ပေးထားသည့် ၁၅ ဦး၏
စီရင်ချက်ကိုလည်း အတည်ပြုသည်။

၁၂၉၃ ခု၊ ပထမဝါဆိုလဆန်း ၃ ရက် (၁၇-၆-၃၁)
ဆရာစံသည် ပါဝိုင်း စခန်းတွင် အောင်ချမ်းသာမြို့ကို တည်သည်။

၁၂၉၃ ခု၊ ဒု-ဝါဆိုလဆုတ် ၄ ရက် (၂-၈-၃၁)
ဆရာစံအား ရှမ်းပုလိပ်များမိသည်။

၁၂၉၃ ခု၊ ဝါခေါင်လဆန်း ၁ ရက် (၁၄-၈-၃၁)
ဆရာစံအား သီပေါထောင်မှ သာယာဝတီသို့ ပို့လိုက်သည်။

၁၂၉၃ ခု၊ ဝါခေါင်လဆန်း ၅ ရက် (၁၈-၈-၃၁)
ဆရာစံအား အထူးခုံရုံးတွင် တရားစွဲဆိုရန် ပို့သည်။

၁၂၉၃ ခု၊ ဝါခေါင်လပြည့် (၂၈-၈-၃၁)
သာယာဝတီ အထူးခုံရုံးမှ သေဒဏ်အမိန့်ချသည်။

၁၂၉၃ ခု၊ သီတင်းကျွတ်လဆုတ် (၂ ၉ - ၁ဝ -၃၁)
တရားလွှတ်တော်မှ ဆရာစံ၏ သေဒဏ်ကို အတည်ပြုသည်။

၁၂၉၃ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက်နေ့ (၂၈-၁၁-၃၁)
နယ်ချဲ့အစိုးရက ဆရာစံအား သာယာဝတီထောင်ရှိ ကြိုးစင်တွင် တင်၍ သတ်သည်။SarPayLawKa (စာပေလောက)
မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ 

တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သက်သည့်အရေးကြီးသော ရက်စွဲများ

.

ပြည်သူ၏ ကျေးဇူးရှင်စစ်စစ်.. မတ်လ ၂ ရက်တောင်သူလယ်သမားနေ့

ပြည်သူ၏ ကျေးဇူးရှင်စစ်စစ်.. မတ်လ ၂ ရက်တောင်သူလယ်သမားနေ့
Mar 2, '13 4:22 PM
for everyone
ပြည်သူ၏ ကျေးဇူးရှင်စစ်စစ်
တောသူတောင်သား
တောင်သူလယ်သမား
ကျောမွဲများမို့
ဘ၀ နေပူ
ခါးရတယ်..
ရေ မြေ တောတောင် ရာသီကောင်းမှ
တောင်သူလယ်သမား
စားရတယ်..


ဒိုးတူဘောင်ဖက်
နေပူစပ်ခါး နွားနှင့်အပြိုင်
ရုန်းရတယ်..

တောင်သူလယ်သမား
ကျေးဇူးရှင်မို့
မတ်လ ၂ ရက်မမေ့ဘူးကွယ်..


‘ထွာနံငယ် ခမောက်စုတ်နှင့်
လူလုပ်ကယ်တဲ့ ညံ့လိုက်တာ
ဆိုးတဲ့ ကံဟာ။
မိုးမရွာ မြေသာကွဲလို့
ခနဲ နှင့် ရေကိုတင်
ပန်းတဲ့ဖြစ်အင်။’
ရွှေဘို ဗုံကြီးသံ‘မောင်း နှင့် ခူနင်း
ရေလျှင်သွင်း
ပျိုးခင်းကောင်းလျက်
မြောင်တောင် ဖျက်’
ဖျက်စု သံပေါက်
တောင်ဖီလာဆရာတော်
(မြန်မာ သက္ကရာဇ် ၉၄ဝ-၁ဝ၁၃)ဒိုးတူဘောင်ဖက်
နေပူစပ်ခါး နွားနှင့်အပြိုင်
ရုန်းရတယ်..

တောင်သူလယ်သမား
ကျေးဇူးရှင်မို့
မတ်လ ၂ ရက်မမေ့ဘူးကွယ်..
လယ်မြေကောင်းလျှက်
ခရိုနီဖျက်
လယ်ယာကောင်းလျှက်
စီမံကိန်းဖျက်
ပျိုးခင်းကောင်းလျက်
ရာသီဖျက်
စပါးကောင်းလျှက်
ငါးမြှောင်တောင်ဖျက်
ဖျက်စု သံပေါက်

မ..မ

မ မ