Pages

Saturday, January 5, 2013

ကလင်မတီကျောင်းသို့ တရားဓမ္မများ လေ့လာ သင်ယူ ကျင့်ကြံပွားများ အားထုတ်နိုင်ပါကြောင်း ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းအား ဖြူစင်ရိုးသားသောစေတနာနှင့်ဖိတ်ခေါ်ပါသည် ။ ကျေးဇူး ပြု၍ မျှဝေပေးပါ။။

ကလင်မတီကျောင်းသို့ သောကြာ စနေ တနင်္ဂနွေ နေ့များတွင်

တရားဓမ္မများ လေ့လာ သင်ယူ ကျင့်ကြံပွားများ

အားထုတ်နိုင်ပါကြောင်း

ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းအား

ဖြူစင်ရိုးသားသောစေတနာနှင့်ဖိတ်ခေါ်ပါသည် ။

ကျေးဇူး ပြု၍ မျှဝေပေးပါ။။

သာသနာအကျိုးမျှော်၍ နိုးဆော်အသိပေးလိုက်ပါသည်..။

သာသနာ ဆက်လက် တည်တံစေအောင်

စေတနာထား၍ စုပေါင်းစောင့်ရှောက်ကြပါစို့

၆၇၇၈၁၆၇၈

Friday, January 4, 2013

အချစ်နှင့်တူတဲ့အရာမရှိ

Nothing like love
----------------Nothing like love----------------

My darling ...
Nothing like love
It is sweet
And bitter
But, like a dream
with flowers in a garden
It is shining always
It is never seen
On this earth
But, it is a real garden
In my dream
And I've seen you, always
there !!! ,
Keep that mind
It is love
Love of mine
Eternally burning
In my heart
For you
Days and nights
Nothing last forever
In my life
But, you
I have remained
In my heart
Since, that time
I have dreamed
bunch of sweet dreams
By you,
Nothing like love
It might be a sun set
It might be a beautiful morning
It might be a romantic evening
But, all of my time
It was for you
It is for you
It will be for you
Your beauty is burning always
In my heart
It is a burning love
Never be forgotten
I love you that
Our life is goes on
But, your love is everything
For me ...
It is always raised with
The sun in the glorious morning
It is drowned in the sea with
The sun set ,
And sad
But, my life was being changed
Since, that time
Nothing last forever
But, it is like a journey of thoughts
With love in me
Keeping, going
With love
I was born again
After that
Nothing like this
But, Love
I am a particle of dust
I am a particle of water
I am a particle of air
But,
I could be a mountain
I could be a cloud
I could be a wind
For you
It is your love
It was in me
It is in me
It will be forever in the future
With my soul
Love
In me
Keep hearing
Keep writing
Keep loving
All of words
From my heart
for you
It is love
My love
For you
Forever
Ever lasting
In my heart
My darling sweet heart.

Composed by Michael Ko <3 br="br">
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်နှင့်တူတဲ့အရာမရှိ

ချစ်သူရေ ...
အချစ်နှင့်တူတဲ့အရာမရှိဘူးနော်
အဲ့ဒီ့အရာကချိုလဲချိုတယ် ခါးလည်းခါးတယ်
ဒါပေမဲ့ အိပ်မက်နဲ့လည်းတူတယ်

ပန်းခင်းထဲကလှပတဲ့ ပန်းလေးတွေနဲ့လည်းတူတယ်
အမြဲတန်းလည်းတောက်ပနေတယ်

မမြင်တော့မမြင်နိုင်ဘူးလေ

ဒီကမ္ဘာမြေပေါ်မှာပေါ့
ဒါပေမဲ့ အဲ့ဒီအရာကမှန်ကန်တဲ့ ဥယျာဉ်လေးပေါ့
ငါ့ရဲ့အိပ်မက်ထဲမှာလေ ငါအမြဲတန်းပဲမြင်နေတယ်
အဲ့ဒီနေရာလေး

စိတ်ထဲမှာလည်းသိမ်းဆည်းထားတယ်
အဲဒါအချစ်ဘဲ
အချစ်ရဲ့စိတ်ကလေးက အဆုံးအစမဲ့လောင်ကျွမ်းနေတယ်
ငါ့ရဲ့နှလုံးသာထဲမှာပေါ့ မင်းအတွက်လေ

နေ့တွေညတွေမှာပေါ့
အမြဲတန်းနောက်ဆုံးမှာဘာမှမရှိတော့ဘူး
ငါ့ဘ၀ထဲမှာပေါ့
ဒါပေမဲ့မင်းဟာကျန်ခဲ့တယ်
ငါ့ရဲ့နှလုံးသားထဲမှာလေ
အဲံဒီအချိန်ထဲက ငါဟာအိမ်မက်လေးကိုရရှိခဲ့တယ်
ချိုမြိန်တဲ့အိပ်မက်လေးပေါ့

မင်းကြောင့်လေ အချစ်နဲ့တူတဲ့အရာမရှိ

အဲ့ဒီအရာကနေ၀င်ဆည်းဆာဖြစ်ကောင်းဖြစ်လိမ့်မယ်
လှပတဲ့မနက်ခင်းဖြစ်ချင်ဖြစ်လိမ့်မယ်

ဒါပေမဲ့ငါ့ရဲ့အချိန်တွေတိုင်း
ဖြစ်ပြီးခဲ့တဲ့အဲ့ဒီအရာတွေကမင်းအတွက်ပေါ့
အဲ့ဒီဖြစ်နေတဲ့အရာတွေကလည်းမင်းနဲ့အတူငါဘဲ
အဲ့ဒီဖြစ်လာတဲ့အရာတွေကလည်းမင်းအတွက်ပါဘဲ
မင်းရဲ့အလှဟာအမြဲတန်းလောင်ကျွမ်းနေမယ်
ငါ့ရဲ့နှလုံးသားထဲမှာပေါ့

အချစ်တွေနဲ့လောင်ကျွမ်းနေတယ်
ဘယ်တော့မှမမေ့ပါနဲ့ ငါဟာမင်းကိုချစ်တယ်
ငါတို့ရဲ့ ဘ၀တွေကုန်ဆုံးသွားတဲ့ထိပေါ့
ဒါပေမဲ့မင်းရဲ့အချစ်ဟာ

အရာအားလုံးငါ့အတွက်

အမြဲတန်းတောက်ပနေတယ်
မနက်ခင်းရဲ့တောက်ပတဲ့နေရောင်လေးလိုပေါ့
ပင်လယ်ထဲကိုလည်းဖြာကျနေတဲ့ ဆည်းဆာချိန်လေးလိုပေါ့
ဒါပေမဲ့ငါ့ဘ၀ကပြောင်းလဲခဲ့တယ်
အဲ့ဒီအချိန်ထဲကပေါ့
အမြဲတန်းနောက်ဆုံးမှာဘာမှမရှိတော့ဘူး
ဒါပေမဲ့အဲ့ဒီအရာက ခရီးသွားအတွေးနဲ့တူတယ်
အချစ်တွေနဲ့ငါ့အထဲမှာ နှလုံးသားထဲမှာ
သိမ်းဆည်းထားတယ်
အချစ်နဲ့အတူ ငါကထပ်ပြီးမွေးဖွားခဲ့တယ်
ပြီးတဲ့နောက်ဘာကိုမှ မနှစ်သက်တော့ဘူး
ဒါပေမဲ့အချစ်ငါဟာဖုန်မှုန်လေးတစ်စပေါ့
ငါဟာရေပေါက်လေးတစ်ပေါက်ပေါ့
ငါဟာလေထုရဲ့ အပိုင်းအစလေးပေါ့
ဒါပေမဲ့ ငါဟာတောင်ကြီးဖြစ်နိုင်တယ်
ငါဟာတိမ်လေးလည်းဖြစ်နိုင်တယ်
ငါဟာလေလေးလည်းဖြစ်နိုင်တယ် မင်းအတွက်ပေါ့
အဲ့ဒါမင်းရဲ့အချစ်ဘဲ အဲ့ဒါငါဖြစ်ခဲ့တယ် အဲ့ဒါငါဖြစ်နေတယ်
အနာဂတ်မှာ ငါဟာအမြဲတန်းဖြစ်လိမ့်မယ်
ငါ့ရဲ့ဝိဥာဏ်နဲ့ မင်းရဲ့အချစ်ဟာငါ့ရဲ့ နှလုံးသားထဲမှာပေါ့
ဖတ်ရှုမှတ်သားထိန်းသိမ်းထားမယ်
ချစ်ခြင်းကိုလည်းထိန်းသိမ်းထားမယ်
ငါ့ရဲ့စကားလုံးအားလုံးကိုပေါ့
ငါ့ရဲ့နှလုံးသားထဲမှာ မင်းအတွက်ပေါ့

ဒါအချစ်ဘဲ ...

ငါ့ရဲ့အချစ်တွေဟာ မင်းအတွက်ဘဲအမြဲတန်းပေါ့
ငါ့ရဲ့နှလုံးသားထဲမှာ နောက်ဆုံးအချစ်လေးပေါ့
ငါ့ရဲ့ချစ်လှစွာသောချစ်သူ♥♥

♥♥ translated by ♥Ma..ma♥

Wednesday, January 2, 2013

ကျန်းမာရေး သော့ချက်များ

ကျန်းမာရေး သော့ချက်များ (အင်တာနက်)
 
(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။   

(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။   

(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။  

(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။
   
(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။
   
(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။
   
(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။
 
ပျင်းကြောဆန့်ခြင်း

ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ် အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာ ကျန်းမာဖို့ အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။
စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေး များက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်း ရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်း ညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ 
ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး

(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး

(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး

(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး

(၅) ထမင်း၊ ဟင်းပေါင်းခံရည် ၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောေ ကြာင့်ဖြစ်သည်။

သစ်သီးများ အလွန်အကျွံမစားသင့်ပေ

ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာ ကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါ က ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။

အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
 Crataegus (山楂 (shanzha))
 
ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။

ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ

အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက် ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။

(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း

(၂) ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။

လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။

ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူ အယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည် ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်း အကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ် ခွက်သောက်ခြင်းဖြင့်  ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင် သည်။

အကောင်းဆုံး ရေသောက်ချိန်

ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။
သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။

မနက်စာ အစားဝရုံမက အကောင်းစားသင့်သည် "မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည် အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။

အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ် များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွား သည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။

စပျစ်ဝိုင်၏ အသုံးဝင်ပုံ

(၁) သင့်တင့်သောစပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။

(၂) 
စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။

(၃) 
စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအား နည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။

(၄)
စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အ ထိ သောက်ပေးခြင်းဖြစ်သည်။

လက်ဖက်ခြောက်

လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့် ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။
ကျန်းမာရေး သော့ချက်များ (အင်တာကျန်းမာရေး သော့ချက်များနက်)

(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

... (၂) SLEEP

.

Tuesday, January 1, 2013

အနိစ္စ

အနိစ္စ

မတည်မြဲခြင်းတွေ၏ နောက်ကွယ်..

စက္ကန့်မလပ် သေဆုံးနေတာ

...
မတည်မြဲခြင်းတွေရဲ့  ဒုက္ခသစ္စာ

ဖြစ်ဒုက္ခ ပျက်ဒုက္ခ

ရှုမြင်သုံးသပ် ဝေဖန် တတ်မှ အနှစ်ပါတာ

သတိမလပ် အဖန်ဖန် အထပ်ထပ် ပွားများ ရှုပြီး

ပညာ သတိ ဥာဏ်လေးနဲ့ကြည့်

မြတ်သည့် နိဗ္ဗာန်ပါ ။ ။
..

တဂိုး၏ ကဗျာများ “ငှက်တေလေ”

(၁)

နွေငှက်တေလေလေးတွေ
ငါ့အိမ်ပြတင်းကို
တေးဆိုဖို့ရောက်လာ
ပြီးတော့
ပျံထွက်သွားကြတယ်။

သီချင်းမရတဲ့
ဆောင်းဦးရွက်ဝါတွေကတော့
ဖျတ်ကနဲလှုပ်
သက်ပြင်းတစ်ချက်မှုတ်ရင်း
နေရာတွင်ကြွေဆင်းသွားကြတယ်။

(၂)
အို.....
လောကရဲ့ခြေသလုံးအိမ်တိုင်
ဇာတ်သမားလေးတွေရယ်...
မင်းတို့ရဲ့ ခြေရာကို
ငါ့စကားလုံးလေးတွေအဖြစ်
ထားရစ်ခဲ့ပါ့ကွယ်။

(၃)
လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏။
ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာ အထိ
သေးငယ်သွားတော့၏။

(၄)
ကမ္ဘာမြေ
သူ့အပြံး တဝေေ၀
လုပ်ပေးတာက
သူ့မျက်ရည်စ တွေ။

(၅)
ခေါင်းကလေးခါ
ရယ်ကာမောကာနဲ့
လှစ်ကနဲ ခွဲခွာပြေးတဲ့
မြက်ပင်ရဲ့ အရွက်မျှင်လေးကို
ချစ်မိလို့
ကြီးမြတ်တဲ့ သဲကန္ထာရဟာ
တဟုန်းဟုန်း တောက်လောင်နေရတယ်။

(၆)နေမင်းကြီးနဲ့ လွဲရလို့
မျက်ရည်ကျနေမယ်ဆိုရင်
ကြယ်ပွင့်တွေနဲ့လည်း
မင်းလွဲရပေဦးမယ်။

(ရ)
က´နေတဲ့ ရေပြင်ရယ်....
မင်းစီးဆင်းရာလမ်းမှာရှိတဲ့
သဲပွင့်လေးတွေက
မင်းသီချင်းရယ်
မင်းလှုပ်ရှားတာရယ်
ဒါကို မေတ္တာရပ်ကြတယ်။
သူတို့ရဲ့ မသန်စွမ်းမှုဝန်ထုပ်ကို
မင်းသယ်ပိုးသွားနိုင်မလားကွယ်။

(၈)
သူ့ရဲ့
 တမ်းတမ်းတတမျက်နှာလေးဟာလေ။
ညညရွာတဲ့မိုးလို
ကိုယ့်အိပ်မက်တွေထဲ
အခါခါ ရောက်လာစိုးမိုးနေ။

(၉)
တခါက
အိပ်မက်မက်ခဲ့ရာ
ကိုယ်တို့နှစ်ဦးသား
သူစိမ်းများ။
နိုးလာသောအခါ
ဖက်လှဲတကင်း ဆွေရင်းဘဝ
တွေ့ကြရ။

(၁၀)
ဝမ်းနည်းခြင်းသည်
နှုတ်ဆိတ် သစ်ပင်များကြားရှိ
ညနေခင်းသဖွယ်
ငါ့နှလုံးသား အတွင်း
ငြိမ်းချမ်းခြင်းအဖြစ်
တိတ်ဆိတ်စွာတည်လာ၏။

(၁၁)
မမြင်ရတဲ့ လက်ချောင်းလေးတွေက
ညှင်းသွဲ့သွဲ့ လေပြေလို
ကိုယ့်နှလုံးသားပေါ်မှာ
လှိုင်းပုတ်သံ ဂီတကို တီးခတ်နေကြတယ်။

(၁၂)
``အို... ပင်လယ်
သင့်ဘာသာစကားက ဘာပါလဲ´´
``ထာဝရ ပုစ္ဆာဆိုတဲ့ ဘာသာစကားပါ။´´

``အို...ကောင်းကင်
သင့်အဖြေကရော...
ဘာ  ဘာသာစကားပါလဲ´´
``ထာဝရ  ဆိတ်ငြိမ်ရာဆိုတဲ့ ဘာသာစကားပါ။´´

(၁၃)
ငါ့..နှလုံးသား
နားစွင့်လော့
လောက၏ တီးတိုးစကား။
ယင်းတို့က
သင့်အတွက်ဖန်တီးအံ့
အချစ်တရား။

(၁၄)
ဖန်ဆင်းမှု၏
နက်နဲဆန်းကျယ်ခြင်းကား
ညဥ့်အမှောင်နှင့် ထပ်တူထား
ကြီးကျယ်ခမ်းနားစွ။
အသိဥာဏ်၏လှည့်စားမှုမှာမူ
ဆိုပါစို့ နံနက်ခင်း နှင်းမြူ။

(၁၅)
မြင့်မားသည်ဟု
သင့်အချစ်၏ ထိုင်စရာနေရာ။
မထားလေနှင့်
မတ်စောက်တောင်စွန်းမှာ။

(၁၆)
ယနေ့ နံနက်
ငါ့အိမ် ပြတင်း၌ ထိုင်နေစဉ်
လောကသည်
လမ်းသွားလမ်းလာ တစ်ဦးပမာ
ခဏတဖြုတ်ရပ်
ငါ့အား ခေါင်းငြိမ့်ပြ
ထို့နောက်
ထွက်ခွာသွားလေသည်။

(၁၇)
ဤအတွေးတို့ကား
သစ်ရွက်ခတ်သံများ။
ယင်းတို့သည်
ငါ့စိတ်ထဲတွင်
ယင်းတို့၏ပျော်ရွှင်မှုတီးတိုးစကားကို

ဆိုကြ၏။

(၁၈)
မင်းဘယ်သူဆိုတာ
မင်း မမြင်သာ
မင်းမြင်ရတာ
မင်း အရိပ်ပါ။

(၁၉)
အရှင်
အကျွန်၏ လိုအင်ဆန္ဒတို့ကား
သူရူးများ။
အရှင့်တေးသီချင်းများကို
သူတို့ာကားဖေါက်ဟစ်အော်ကြ၏။
သို့သော်
အကျွန့်အားနားထောင်ခွင့်ပြုစေချ
င်သည်။

(၂၀)
အကောင်းဆုံးကို
ငါကမရွေးချယ်နိုင်။
အကောင်းဆုံးကသာ
ငါ့ကို ရွေးချယ်၏။

(၂၁)
မီးအိမ်ကို
ကျောပေါ်တင်သွားတဲ့သူတွေဟာ
ကိုယ့်အရိပ်ကို
ကိုယ့်ရှေ့ရောက်အောင်  ပို့ကြတယ်။

(၂၂)
ငါဟုတည်ရှိနေသည်ကား
ဘ၀ဆိုသည့်
အတောမသတ် အံ့ဖွယ်တပါး။

(၂၃)
“ငါတို့ဟာ
တသဲသဲလှုပ်နေတဲ့ သစ်ရွက်တွေပဲ
တို့မှာမုန်တိုင်းကို အဖြေပေးဖို့
အသံရှိတယ်
နေပါဦး
တိတ်ချက်သားကောင်းတဲ့မင်းက ဘယ်သူလဲ”

“ကျွန်တော်လား...
ပန်းတစ်ပွင့်ပါဗျာ”

(၂၄)
နားနေမှုသည်
အလုပ်ပေါ်တည်၏။
မျက်ခွံသည်
မျက်လုံးပေါ် တည်သကဲ့သို့တည်း။

(၂၅)
လူသည်
မွေးခါစ ကလေးငယ်ဖြစ်၏။
သူ့ အစွမ်းအစသည်
ကြီးပျင်းမှု၏  အစွမ်းအစသာ။

(၂၆)
ဘုရားသခင်
မျှော်လင့်သည့် အဖြေစကားတို့ကား
အကျွန်ုပ်တို့ထံ ပို့သလိုက်သည့်
ပန်းပွင့်များအကြောင်းသာ။
နေမင်းကြီးအကြောင်း
ကမ္ဘာမြေကြီးအကြောင်း မဟုတ်ပါ။

(၂၇)
စိမ်းစိုစို သစ်ရွက်တွေကြားမှာ
ကိုယ်လုံးတီးကလေးတစ်ယောက်လို
ပျော်ပျော်ပါးပါး ကစားနေတဲ့
အလင်းရောင်ဟာ
လူဆိုတာ
မုသားပြောတတ်မှန်း မသိရှာဘူး။

(၂၈)အို...အလှတရား
သင့်ကိုယ်သင် အချစ်၌ တွေ့အောင်ရှာ။
သင့်မှန်ပြင်၏
အချယ်အမှုန်း၌  မရှာလေနှင့်။

(၂၉)
ငါ့နှလုံးသားသည်
လောကကမ်းစပ်ကို
သူ့လှိုင်းများဖြင့် ပုတ်ခတ်ကာ
“မင်းကို ကိုယ်ချစ်တယ်”
ဆိုသည့်စကားကိုရေးသား၍
မျက်ရည်များဖြင့် လက်မှတ်ထိုးထား၏။

(၃၀)
“လမင်း...သင်ဘာလုပ်ဖို့စောင့်
နေတာလဲ”
“အကျွန် လမ်းဖယ်ပေးရမယ့်
နေမင်းကို ဂါရ၀ပြုဖို့ပါ.....”

-----------------            -----------------

(၃၁)
ဆွံ့အကမ္ဘာမြေ၏
ရော်ရမ်းတမ်းတသံအလား
သစ်ပင်များ
ငါ့ပြတင်းဆီ
ထိုးတက်လာကြပြီ။

(၃၂)
ဘုရားသခင်၏
ကိုယ်ပိုင်နံနက်ခင်းတို့ကား
ကိုယ်တော်အရှင်အတွက်
အံ့ချီးဖွယ် အသစ်အသစ်
ဖြစ်ကုန်၏။

(၃၃)
ဘ၀သည်
မိမိ၏ စည်းစိမ်ဥစ္စာကို
လောက၏တောင်းဆိုချက်များကြောင့်
ရရှိပြီး
မိမိ၏ တန်ဘိုးရှိမှုကိုမူ
အချစ်၏တောင်းဆိုချက်များကြောင့်
ရရှိလေသည်။

(၃၄)
ခြောက်ခမ်းသွားသော
မြစ်ကြမ်းပြင်သည်
ယင်း၏ အတိတ်နှင့် ပတ်သက်၍
ကျေးဇူးတရားရှာတွေ့ချေ။

(၃၅)
ငှက်က တိမ်လွှာ ဖြစ်လိုက်ချင်တယ်။
တိမ်လွှာကလည်း ငှက်ဖြစ်လိုက်ချင်တယ်။

(၃၆)
ရေတံခွန်က တေးဆိုသည်။
“ငါ့လွတ်လပ်မှုကို တွေ့သောအခါ
ငါ့သီချင်းကိုတွေ့သည်သာ။”

(၃၇)
ဤနှလုံးသား
တိတ်ဆိတ်မှုဖြင့် ညှိုးဖျော့နေသည်မှာ
အဘယ်ကြောင့်ဟု ငါမပြောတတ်။
စင်စစ်
သူ မတောင်း၊ မသိ၊
မှတ်လည်း မမှတ်မိသည့်
အသေးအဖွဲ လိုအပ်ချက်များကြောင့်သာ။

(၃၈)
အမျိုးသမီး...
အိမ်အလုပ်တို့ဖြင့်
သင် လုပ်ကိုင် လှုပ်ရှားစဉ်
တောင်ကျစမ်းက
တေးဆိုသကဲ့သို့
သင့်ကိုယ်လက် အင်္ဂါတို့လည်း
တေးဆိုကြ၏။

(၃၉)
နေသည်
အနောက်ပင်လယ်ကို
ကျော်ဖြတ်ရန်အသွား
အရှေ့အရပ်ဆီ
သူ၏နောက်ဆုံး ဂါရ၀တရား
ထားရစ်ခဲ့လေသည်။

(၄၀)
ကိုယ့်ဟာကိုယ်
ခံတွင်းပျက်တာ
အစားအစာကို အပြစ်မဆိုရာ

(၄၁)
ကမ္ဘာမြေ၏
တမ်းတမှုနှင့်တူသော
သစ်ပင်များသည်
ကောင်းကင်ဘုံကို ချောင်းကြည့်ရန်
ခြေဖျားထောက်ကြ၏။

(၄၂)
မင်းကပြုံးပြပြီး
ကိုယ့်ကို
ဘာတစ်ခွန်းမှ မပြောခဲ့။
အဲသည်အပြုံးကြောင့်ပဲ
ကိုယ့်မှာအကြာကြီး
စောင့်စားခဲ့ရတယ်လို့
ခံစားမိပါရဲ့။

(၄၃)
ရေထဲကငါးက တိတ်ဆိတ်တယ်။
မြေပေါ်က တိရိစ္ဆာန်က ဆူညံတယ်။
လေထဲက ငှက်က တေးဆိုတယ်။
ဒါပေမဲ့ လူကတော့
ပင်လယ်ရဲ့ တိတ်ဆိတ်မှု
ကမ္ဘာမြေရဲ့ ဆူညံမှုနဲ့
လေထုရဲက ဂီတကို ပိုင်ဆိုင်ထားပါတယ်။

(၄၄)
မခွဲနိုင် မခွာရက်သည့်
နှလုံးသား၏ စောင်းကြိုးများအပေါ်
လောကသည်
အတင်းတိုးဝှေ့ကာ
ပူဆွေးမှုဂီတကို
ဖန်တီးသွားလေသည်။

(၄၅)
အကြင်ပုဂ္ဂိုလ်သည်
မိမိ လက်နက်များကို
နတ်ဘုရားအဖြစ် အားထား၏။
လက်နက်တို့က
အနိုင်ယူသွားသောအခါ
ထိုပုဂ္ဂိုလ်သည်
ကိုယ့်လက်ချက်နှင့်ကိုယ်
ချေမှုန်းခံရ၏။

(၄၆)
ဘုရားသခင်သည်
ဖန်ဆင်းခြင်းဖြင့်သာ
မိမိ ကိုယ်မိမိ
တွေ့ရှိတော်မူ၏။

(၄၇)
အရိပ်ဟာ
သူ့ဇာမျက်နှာဖုံးကိုလှပ်၊
သူ့ အချစ်ရဲ့ နှုတ်ဆိတ်ခြေလှမ်းတွေနဲ့
တိတ်တိတ်ကလေး
အကွယ်အကာ မပါပဲ
အလင်းနောက်ကို
တကောက်ကောက် လိုက်ရှာတယ်။

(၄ဂ)
ကြယ်တို့သည်
ပိုးစုန်းကြူများပမာ
ပေါ်ပေါက်လာရသော်ငြား
စိုးရိမ်ကြောင့်ကြ မဖြစ်ကြချေ။

(၄၉)
အရှင့်အား
အကျွန် ကျေးဇူးဆို၏။
အကျွန်သည်
တန်ခိုးအာဏာ၏
ယန္တရားဘီးမဖြစ်ပဲ
ထိုဘီးဖြင့်
အကြိတ်ခံရသော
သက်ရှိ သတ္တ၀ါတို့အနက်
တစ်ဦးအပါအ၀င် ဖြစ်သောကြောင့်တည်း။

(၅၀)
စိတ်ဆိုတာ
သဘော မပြည့်ရင်သာနေမယ်
ထက်ရှတတ်တယ်။
မလှုပ်ရင်သာနေမယ်
နေရာတကာ ကပ်ညိတတ်တယ်။

(၅၁)
သင့်ဆင်းတုတော်
မြေမှုန့်ထဲတွင်
အပိုင်းပိုင်း ကျိုးကြေနေခြင်းသည်
ဘုရားသခင်၏မြေမှုန့်က
သင့်ဆင်းတုတော်ထက်
ပို၍ မြင့်မြတ်ကြောင်း
သက်သေပြ၏။

(၅၂)
လူဆိုတာ
သူ့သမိုင်းထဲမှာ
သူ့ကိုယ်သူ ပွဲထုတ်ပြလို့မရဘူး။
အဲသည်အထဲကနေ
ရုန်းကန်ပြီးသာ တက်လာရတယ်။

(၅၃)
မှန်မီးအိမ်က မြေမီးခွက်ကို
သူနဲ့ အမျိုးစပ်ရကောင်းလားလို့
ခါးခါးသီးသီး ပြောဆိုနေတုန်း
လ ထွက်လာတာမြင်တော့
မှန်မီးအိမ်က...
``သိပ်ချစ်တယ် မမရယ်´´လို့
ရိုသေကျိုးနွံတဲ့ အပြုံးနဲ့
လမင်းကို လှမ်းခေါ်သတဲ့။

(၅၄)
စင်ရော်နဲ့ လှိုင်းတွေရဲ့
တွေ့ဆုံခြင်းလို
တို့တွေ တွေ့ဆုံကြ
နီးစပ်ခဲ့ကြတယ်။
စင်ရော်တွေထပျံ
လှိုင်းတွေလိမ့်သွားတော့
တို့လည်း ခွဲခွာကြရပေါ့။

(၅၅)
ငါ့ တစ်နေ့တာကုန်ပြီ။
ငါလည်း
ကမ်းစပ်ပေါ်တင်ထားတဲ့လှေလို
ညနေချမ်းမှာ
ဒီရေရဲ့ အကဂီတကို
နားဆင်နေပါပြီ။

(၅၆)
ဘ၀ကို ငါတို့က
ရရှိ ပိုင်ဆိုင်ထားတယ်။
ငါတို့ကဘ၀ကို
ပေးဆပ်ခြင်းနဲ့
အလုပ်အကျွေးပြုရတယ်။

(၅၇)
တို့မှာ
နှိမ့်ချ သီးခံခြင်းတရား
ကြီးကျယ်မြင့်မြတ်လာတာနဲ့ အမျှ
ကြီးကျယ်မြင့်မြတ်ခြင်းတရားနဲ့
အနီးဆုံးကို
တို့ေ၇ာက်တာပဲ။

(၅၈)
စာကလေးက
ဥဒေါင်းငှက်ခမျာ
အမြီးကြောင့် လေးရှာမယ်ဆိုပြီး
စိတ်မကောင်းဖြစ်သတဲ့။

(၅၉)
အခိုက်အတန့်တွေကို
စိုးရိမ်နေစရာ မလိုပါ။
ဒါကြောင့်
ထာဝစဉ်တည်တံ့မယ့် အသံနဲ့သာ
တေးဆိုပါ။

(၆၀)
မုန်တိုင်းသည်
လမ်းမရှိမှုဖြင့်
အတိုဆုံးလမ်းကိုရှာ၏။
ထို့နောက်
နေရာဟု မရှိရာတွင်
ရုတ်တရက် အဆုံးသတ်လိုက်၏။

(၆၁)
သူငယ်ချင်း...
ငါ့ဝိုင်အရက်ကို
ငါ့ခွက်နဲ့ပဲသောက်ပါ။
တစ်ခွက်က တစ်ခွက်ပြောင်းရင်
အရစ်ရစ်ထနေတဲ့ သူ့ အမြုပ်လေးတွေ
ပျောက်ပျက်သွားတတ်လို့ပါ။

(၆၂)
ပြည့်စုံခြင်းက
သူ့ကိုယ်သူ
အလှပြင်လာတာ
မပြည့်စုံခြင်းကို
ချစ်မိလို့ပါ။

(၆၃)
ဘုရားသခင်က
လူကိုမိန့် ဆို၏။
``ငါသည် သင့်အား အနာကျက်စေ၏။
ထို့ကြောင့် သင့်အား အနာတရဖြစ်အောင်ငါပြု၏။
ငါသည် သင့်အား ချစ်မြတ်နိုးပါ၏
ထို့ကြောင့်ပင် သင့်အားအပြစ်ပေးတော်မူ၏။´´

(၆၄)
အလင်းရောင်အတွက်
မီးတောက်ကို ကျေးဇူးတင်ပါ။
ဒါပေမယ့်
မှေင်ရိပ်ထဲမှာ
သည်းခံစိတ်နဲ့
ခိုင်ခိုင်မတ်မတ် ရပ်နေတဲ့
မီးတိုင်က်ုလည်း
မေ့မထားပါနဲ့။

(၆၅)
မြက်ပင်ကလေး
မင်းခြေလှမ်းတွေက သေးကွေး။
ဒါပေမယ့်
ပင်းခြေလှမ်းအောက်မှာ
မင်းပိုင်ဆိုင်ထားပြီလေ
ကမ္ဘာမြေ။

(၆၆)
ပွင့်စ ပန်းကလေးက
အငုံကိုလှပ်ရင်း
မြည်တမ်းတယ်။
``ချစ်တဲ့ ကမ္ဘာလောကရယ်
တဆိတ် ပျေက်ကွယ်မသွားပါနဲ့ကွယ်။´´

မှတ်ချက်။ ။ အစ်ကိုကြည်နိုင်ဆီမှတစ်ဆင့် .။ ။

(၆၇)
ဘုရားသခင်သည်
ကြီးကျယ်သည့် မင်းနေပြည်တို့ကို
ပင်ပမ်းငြီးငွေ့တော်မူသော်လည်း
ပန်ကလေးများကို
ပင်ပမ်းငြီးငွေ့သည်မရှိ။

(၆၈)
အမှားက
အရှုံးမခံရဲဘူး
အမှန်ကခံရဲတယ်။

(၆၉)
ရေတံခွန်ကတေးဆိုတယ်
``ရေဆာသူအဖို့
အနည်းအကျဉ်းဆို
လုံလောက်မှန်းသိပေမယ့်
ငါကတော့
ငါ့ရှိသမျှရေတွေအကုန်
အားရ၀မ်းသာ ပေးလိုက်ပါတယ်။´´

(၇၀)
သည်ပန်းတွေကို
ရွှင်မြူးအားရနဲ့
မနားတမ်း ပွင့်ဝေလာအောင်
မှုတ်တင်လိုက်တဲ့ရေတိုင်ဟာ
ဘယ်မှာရှိပါလိမ့်။

(၇၁)
သစ်ခုတ်သမားရဲ့ ပုဆိန်က
သူ့လက်ကိုင်ရိုးလုပ်ဖို့
သစ်ပင်ဆီမှာ တောင်းရမ်းတယ်
သစ်ပင်က ပေးလိုက်ပါတယ်။

(၇၂)
ငါ့နှလုံးသား၏
အထီးကျန်မှုတွင်
မိုးနှင့်မြူ ဇာမျက်နှာဖုံးအုပ်
ဤမုဆိုးမ ညနေခင်း၏
သက်ပြင်းချသံကို
ငါခံစားရ၏။

(၇၃)
ကံသုံးပါး စင်ကြယ်မှုဆိုသည်မှာ
မေတ္တာအဆောက်အဦမှ ဖြစ်လာသည့်
စည်းစိမ်ဥစ္စာ။

(၇၄)
မြူငွေ့သည် ချစ်ခြင်းနှင့်တူ၏
တောင်ကုန်းတို့ အချက်အချာ၌
ဆော့ကစားပြီး
အလှတရား၏ အံ့သြစရာများကို
ထုတ်ဖေါ်ပြသ၏။

(၇၅)
ကျုပ်တို့က
လောကကြီးကို မှားဖတ်ပြီး
ကျုပ်တို့ကို
လောကကြီးက လှည့်စားတာပါလို့
ပြောကြတယ်။
http://linloon.multiply.com/

ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်

ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်
download ဆွဲချင်သူများ
ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6ko8ek7s
(ကျေးဇူးတင်ပါတယ်)

...

Credit-BuddhismBeams(myanmar)
..

"ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၁မိနစ်တွင် MRTV မှထုတ်လွှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်းစကား အပြည့်အစုံ"

"ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၁မိနစ်တွင် MRTV မှထုတ်လွှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်းစကား အပြည့်အစုံ"

၂၀၁၃ ခုနှစ်အတွက် ဆုတောင်းဆိုတော့ ၊တကယ်တော့ ပြည်သူတွေ ဆုတောင်းပဲ ဖြစ်ရမှာပါ၊ပြည်သူတွေ အရည်အချင်းတိုးတက်လာဖို့ ၊ပြည်သူတွေဟာ
တကယ်ကို ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားများပီပီ လုပ်နိုင်ကိုင် နိုင် တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်ဖို့ အဲဒီဟာ က အရေးကြီး ဆုံး ဆုတောင်းလို့ ကျမ
ထင်ပါတယ်..။

နိုင်ငံတစ်နိုင်ငံရဲ့ တကယ့် အနှစ်သာရဟာ နိုင်ငံသူနိုင်ငံသားတွေပါ၊နိုင်ငံသူနိုင်ငံသားတွေ အရည် အချင်းရှိမှ နိုင်ငံလည်းတိုတက်မယ်၊နိုင်ငံလည်း
အဆင့်ရှိမယ်၊ဒါကြောင့်မို့ ကျမရဲ့ နှစ်သစ်ကူး ဆုတောင်းလေးက အင်မတန်မှ ရိုးသားပါတယ်။

ကျမတို့ရဲ့ ပြည်သူပြည်သားများ တစ်နေ့ထက်တစ်နေ့ ပိုပြီး အရည်အချင်းတွေ တိုးတက်နိုင်ပါစေ၊ကိုယ့်ရဲ့တာဝန်တွေကို ကိုယ်သိသိ နဲ့ ကိုယ်ရသင့် ရထိုက်
တဲ့ အခွင့် အရေးတွေ အတွက် လုပ်ရဲကိုင်ရဲ ပါစေလို့ ကျမအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်၊ကျေးဇူးတင်ပါတယ်..။