Pages

Tuesday, January 1, 2013

အနိစ္စ


အနိစ္စ

မတည်မြဲခြင်းတွေ၏ နောက်ကွယ်..

စက္ကန့်မလပ် သေဆုံးနေတာ

...
မတည်မြဲခြင်းတွေရဲ့  ဒုက္ခသစ္စာ

ဖြစ်ဒုက္ခ ပျက်ဒုက္ခ

ရှုမြင်သုံးသပ် ဝေဖန် တတ်မှ အနှစ်ပါတာ

သတိမလပ် အဖန်ဖန် အထပ်ထပ် ပွားများ ရှုပြီး

ပညာ သတိ ဥာဏ်လေးနဲ့ကြည့်

မြတ်သည့် နိဗ္ဗာန်ပါ ။ ။
..

တဂိုး၏ ကဗျာများ “ငှက်တေလေ”



(၁)

နွေငှက်တေလေလေးတွေ
ငါ့အိမ်ပြတင်းကို
တေးဆိုဖို့ရောက်လာ
ပြီးတော့
ပျံထွက်သွားကြတယ်။

သီချင်းမရတဲ့
ဆောင်းဦးရွက်ဝါတွေကတော့
ဖျတ်ကနဲလှုပ်
သက်ပြင်းတစ်ချက်မှုတ်ရင်း
နေရာတွင်ကြွေဆင်းသွားကြတယ်။


(၂)
အို.....
လောကရဲ့ခြေသလုံးအိမ်တိုင်
ဇာတ်သမားလေးတွေရယ်...
မင်းတို့ရဲ့ ခြေရာကို
ငါ့စကားလုံးလေးတွေအဖြစ်
ထားရစ်ခဲ့ပါ့ကွယ်။


(၃)
လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏။
ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာ အထိ
သေးငယ်သွားတော့၏။


(၄)
ကမ္ဘာမြေ
သူ့အပြံး တဝေေ၀
လုပ်ပေးတာက
သူ့မျက်ရည်စ တွေ။


(၅)
ခေါင်းကလေးခါ
ရယ်ကာမောကာနဲ့
လှစ်ကနဲ ခွဲခွာပြေးတဲ့
မြက်ပင်ရဲ့ အရွက်မျှင်လေးကို
ချစ်မိလို့
ကြီးမြတ်တဲ့ သဲကန္ထာရဟာ
တဟုန်းဟုန်း တောက်လောင်နေရတယ်။


(၆)နေမင်းကြီးနဲ့ လွဲရလို့
မျက်ရည်ကျနေမယ်ဆိုရင်
ကြယ်ပွင့်တွေနဲ့လည်း
မင်းလွဲရပေဦးမယ်။


(ရ)
က´နေတဲ့ ရေပြင်ရယ်....
မင်းစီးဆင်းရာလမ်းမှာရှိတဲ့
သဲပွင့်လေးတွေက
မင်းသီချင်းရယ်
မင်းလှုပ်ရှားတာရယ်
ဒါကို မေတ္တာရပ်ကြတယ်။
သူတို့ရဲ့ မသန်စွမ်းမှုဝန်ထုပ်ကို
မင်းသယ်ပိုးသွားနိုင်မလားကွယ်။


(၈)
သူ့ရဲ့
 တမ်းတမ်းတတမျက်နှာလေးဟာလေ။
ညညရွာတဲ့မိုးလို
ကိုယ့်အိပ်မက်တွေထဲ
အခါခါ ရောက်လာစိုးမိုးနေ။


(၉)
တခါက
အိပ်မက်မက်ခဲ့ရာ
ကိုယ်တို့နှစ်ဦးသား
သူစိမ်းများ။
နိုးလာသောအခါ
ဖက်လှဲတကင်း ဆွေရင်းဘဝ
တွေ့ကြရ။


(၁၀)
ဝမ်းနည်းခြင်းသည်
နှုတ်ဆိတ် သစ်ပင်များကြားရှိ
ညနေခင်းသဖွယ်
ငါ့နှလုံးသား အတွင်း
ငြိမ်းချမ်းခြင်းအဖြစ်
တိတ်ဆိတ်စွာတည်လာ၏။


(၁၁)
မမြင်ရတဲ့ လက်ချောင်းလေးတွေက
ညှင်းသွဲ့သွဲ့ လေပြေလို
ကိုယ့်နှလုံးသားပေါ်မှာ
လှိုင်းပုတ်သံ ဂီတကို တီးခတ်နေကြတယ်။


(၁၂)
``အို... ပင်လယ်
သင့်ဘာသာစကားက ဘာပါလဲ´´
``ထာဝရ ပုစ္ဆာဆိုတဲ့ ဘာသာစကားပါ။´´

``အို...ကောင်းကင်
သင့်အဖြေကရော...
ဘာ  ဘာသာစကားပါလဲ´´
``ထာဝရ  ဆိတ်ငြိမ်ရာဆိုတဲ့ ဘာသာစကားပါ။´´


(၁၃)
ငါ့..နှလုံးသား
နားစွင့်လော့
လောက၏ တီးတိုးစကား။
ယင်းတို့က
သင့်အတွက်ဖန်တီးအံ့
အချစ်တရား။


(၁၄)
ဖန်ဆင်းမှု၏
နက်နဲဆန်းကျယ်ခြင်းကား
ညဥ့်အမှောင်နှင့် ထပ်တူထား
ကြီးကျယ်ခမ်းနားစွ။
အသိဥာဏ်၏လှည့်စားမှုမှာမူ
ဆိုပါစို့ နံနက်ခင်း နှင်းမြူ။


(၁၅)
မြင့်မားသည်ဟု
သင့်အချစ်၏ ထိုင်စရာနေရာ။
မထားလေနှင့်
မတ်စောက်တောင်စွန်းမှာ။


(၁၆)
ယနေ့ နံနက်
ငါ့အိမ် ပြတင်း၌ ထိုင်နေစဉ်
လောကသည်
လမ်းသွားလမ်းလာ တစ်ဦးပမာ
ခဏတဖြုတ်ရပ်
ငါ့အား ခေါင်းငြိမ့်ပြ
ထို့နောက်
ထွက်ခွာသွားလေသည်။

(၁၇)
ဤအတွေးတို့ကား
သစ်ရွက်ခတ်သံများ။
ယင်းတို့သည်
ငါ့စိတ်ထဲတွင်
ယင်းတို့၏ပျော်ရွှင်မှုတီးတိုးစကားကို

ဆိုကြ၏။


(၁၈)
မင်းဘယ်သူဆိုတာ
မင်း မမြင်သာ
မင်းမြင်ရတာ
မင်း အရိပ်ပါ။


(၁၉)
အရှင်
အကျွန်၏ လိုအင်ဆန္ဒတို့ကား
သူရူးများ။
အရှင့်တေးသီချင်းများကို
သူတို့ာကားဖေါက်ဟစ်အော်ကြ၏။
သို့သော်
အကျွန့်အားနားထောင်ခွင့်ပြုစေချ
င်သည်။


(၂၀)
အကောင်းဆုံးကို
ငါကမရွေးချယ်နိုင်။
အကောင်းဆုံးကသာ
ငါ့ကို ရွေးချယ်၏။


(၂၁)
မီးအိမ်ကို
ကျောပေါ်တင်သွားတဲ့သူတွေဟာ
ကိုယ့်အရိပ်ကို
ကိုယ့်ရှေ့ရောက်အောင်  ပို့ကြတယ်။


(၂၂)
ငါဟုတည်ရှိနေသည်ကား
ဘ၀ဆိုသည့်
အတောမသတ် အံ့ဖွယ်တပါး။


(၂၃)
“ငါတို့ဟာ
တသဲသဲလှုပ်နေတဲ့ သစ်ရွက်တွေပဲ
တို့မှာမုန်တိုင်းကို အဖြေပေးဖို့
အသံရှိတယ်
နေပါဦး
တိတ်ချက်သားကောင်းတဲ့မင်းက ဘယ်သူလဲ”

“ကျွန်တော်လား...
ပန်းတစ်ပွင့်ပါဗျာ”


(၂၄)
နားနေမှုသည်
အလုပ်ပေါ်တည်၏။
မျက်ခွံသည်
မျက်လုံးပေါ် တည်သကဲ့သို့တည်း။


(၂၅)
လူသည်
မွေးခါစ ကလေးငယ်ဖြစ်၏။
သူ့ အစွမ်းအစသည်
ကြီးပျင်းမှု၏  အစွမ်းအစသာ။


(၂၆)
ဘုရားသခင်
မျှော်လင့်သည့် အဖြေစကားတို့ကား
အကျွန်ုပ်တို့ထံ ပို့သလိုက်သည့်
ပန်းပွင့်များအကြောင်းသာ။
နေမင်းကြီးအကြောင်း
ကမ္ဘာမြေကြီးအကြောင်း မဟုတ်ပါ။


(၂၇)
စိမ်းစိုစို သစ်ရွက်တွေကြားမှာ
ကိုယ်လုံးတီးကလေးတစ်ယောက်လို
ပျော်ပျော်ပါးပါး ကစားနေတဲ့
အလင်းရောင်ဟာ
လူဆိုတာ
မုသားပြောတတ်မှန်း မသိရှာဘူး။


(၂၈)အို...အလှတရား
သင့်ကိုယ်သင် အချစ်၌ တွေ့အောင်ရှာ။
သင့်မှန်ပြင်၏
အချယ်အမှုန်း၌  မရှာလေနှင့်။


(၂၉)
ငါ့နှလုံးသားသည်
လောကကမ်းစပ်ကို
သူ့လှိုင်းများဖြင့် ပုတ်ခတ်ကာ
“မင်းကို ကိုယ်ချစ်တယ်”
ဆိုသည့်စကားကိုရေးသား၍
မျက်ရည်များဖြင့် လက်မှတ်ထိုးထား၏။


(၃၀)
“လမင်း...သင်ဘာလုပ်ဖို့စောင့်
နေတာလဲ”
“အကျွန် လမ်းဖယ်ပေးရမယ့်
နေမင်းကို ဂါရ၀ပြုဖို့ပါ.....”

-----------------            -----------------

(၃၁)
ဆွံ့အကမ္ဘာမြေ၏
ရော်ရမ်းတမ်းတသံအလား
သစ်ပင်များ
ငါ့ပြတင်းဆီ
ထိုးတက်လာကြပြီ။


(၃၂)
ဘုရားသခင်၏
ကိုယ်ပိုင်နံနက်ခင်းတို့ကား
ကိုယ်တော်အရှင်အတွက်
အံ့ချီးဖွယ် အသစ်အသစ်
ဖြစ်ကုန်၏။


(၃၃)
ဘ၀သည်
မိမိ၏ စည်းစိမ်ဥစ္စာကို
လောက၏တောင်းဆိုချက်များကြောင့်
ရရှိပြီး
မိမိ၏ တန်ဘိုးရှိမှုကိုမူ
အချစ်၏တောင်းဆိုချက်များကြောင့်
ရရှိလေသည်။


(၃၄)
ခြောက်ခမ်းသွားသော
မြစ်ကြမ်းပြင်သည်
ယင်း၏ အတိတ်နှင့် ပတ်သက်၍
ကျေးဇူးတရားရှာတွေ့ချေ။


(၃၅)
ငှက်က တိမ်လွှာ ဖြစ်လိုက်ချင်တယ်။
တိမ်လွှာကလည်း ငှက်ဖြစ်လိုက်ချင်တယ်။


(၃၆)
ရေတံခွန်က တေးဆိုသည်။
“ငါ့လွတ်လပ်မှုကို တွေ့သောအခါ
ငါ့သီချင်းကိုတွေ့သည်သာ။”


(၃၇)
ဤနှလုံးသား
တိတ်ဆိတ်မှုဖြင့် ညှိုးဖျော့နေသည်မှာ
အဘယ်ကြောင့်ဟု ငါမပြောတတ်။
စင်စစ်
သူ မတောင်း၊ မသိ၊
မှတ်လည်း မမှတ်မိသည့်
အသေးအဖွဲ လိုအပ်ချက်များကြောင့်သာ။


(၃၈)
အမျိုးသမီး...
အိမ်အလုပ်တို့ဖြင့်
သင် လုပ်ကိုင် လှုပ်ရှားစဉ်
တောင်ကျစမ်းက
တေးဆိုသကဲ့သို့
သင့်ကိုယ်လက် အင်္ဂါတို့လည်း
တေးဆိုကြ၏။


(၃၉)
နေသည်
အနောက်ပင်လယ်ကို
ကျော်ဖြတ်ရန်အသွား
အရှေ့အရပ်ဆီ
သူ၏နောက်ဆုံး ဂါရ၀တရား
ထားရစ်ခဲ့လေသည်။


(၄၀)
ကိုယ့်ဟာကိုယ်
ခံတွင်းပျက်တာ
အစားအစာကို အပြစ်မဆိုရာ



(၄၁)
ကမ္ဘာမြေ၏
တမ်းတမှုနှင့်တူသော
သစ်ပင်များသည်
ကောင်းကင်ဘုံကို ချောင်းကြည့်ရန်
ခြေဖျားထောက်ကြ၏။


(၄၂)
မင်းကပြုံးပြပြီး
ကိုယ့်ကို
ဘာတစ်ခွန်းမှ မပြောခဲ့။
အဲသည်အပြုံးကြောင့်ပဲ
ကိုယ့်မှာအကြာကြီး
စောင့်စားခဲ့ရတယ်လို့
ခံစားမိပါရဲ့။


(၄၃)
ရေထဲကငါးက တိတ်ဆိတ်တယ်။
မြေပေါ်က တိရိစ္ဆာန်က ဆူညံတယ်။
လေထဲက ငှက်က တေးဆိုတယ်။
ဒါပေမဲ့ လူကတော့
ပင်လယ်ရဲ့ တိတ်ဆိတ်မှု
ကမ္ဘာမြေရဲ့ ဆူညံမှုနဲ့
လေထုရဲက ဂီတကို ပိုင်ဆိုင်ထားပါတယ်။


(၄၄)
မခွဲနိုင် မခွာရက်သည့်
နှလုံးသား၏ စောင်းကြိုးများအပေါ်
လောကသည်
အတင်းတိုးဝှေ့ကာ
ပူဆွေးမှုဂီတကို
ဖန်တီးသွားလေသည်။


(၄၅)
အကြင်ပုဂ္ဂိုလ်သည်
မိမိ လက်နက်များကို
နတ်ဘုရားအဖြစ် အားထား၏။
လက်နက်တို့က
အနိုင်ယူသွားသောအခါ
ထိုပုဂ္ဂိုလ်သည်
ကိုယ့်လက်ချက်နှင့်ကိုယ်
ချေမှုန်းခံရ၏။


(၄၆)
ဘုရားသခင်သည်
ဖန်ဆင်းခြင်းဖြင့်သာ
မိမိ ကိုယ်မိမိ
တွေ့ရှိတော်မူ၏။



(၄၇)
အရိပ်ဟာ
သူ့ဇာမျက်နှာဖုံးကိုလှပ်၊
သူ့ အချစ်ရဲ့ နှုတ်ဆိတ်ခြေလှမ်းတွေနဲ့
တိတ်တိတ်ကလေး
အကွယ်အကာ မပါပဲ
အလင်းနောက်ကို
တကောက်ကောက် လိုက်ရှာတယ်။


(၄ဂ)
ကြယ်တို့သည်
ပိုးစုန်းကြူများပမာ
ပေါ်ပေါက်လာရသော်ငြား
စိုးရိမ်ကြောင့်ကြ မဖြစ်ကြချေ။


(၄၉)
အရှင့်အား
အကျွန် ကျေးဇူးဆို၏။
အကျွန်သည်
တန်ခိုးအာဏာ၏
ယန္တရားဘီးမဖြစ်ပဲ
ထိုဘီးဖြင့်
အကြိတ်ခံရသော
သက်ရှိ သတ္တ၀ါတို့အနက်
တစ်ဦးအပါအ၀င် ဖြစ်သောကြောင့်တည်း။


(၅၀)
စိတ်ဆိုတာ
သဘော မပြည့်ရင်သာနေမယ်
ထက်ရှတတ်တယ်။
မလှုပ်ရင်သာနေမယ်
နေရာတကာ ကပ်ညိတတ်တယ်။

(၅၁)
သင့်ဆင်းတုတော်
မြေမှုန့်ထဲတွင်
အပိုင်းပိုင်း ကျိုးကြေနေခြင်းသည်
ဘုရားသခင်၏မြေမှုန့်က
သင့်ဆင်းတုတော်ထက်
ပို၍ မြင့်မြတ်ကြောင်း
သက်သေပြ၏။

(၅၂)
လူဆိုတာ
သူ့သမိုင်းထဲမှာ
သူ့ကိုယ်သူ ပွဲထုတ်ပြလို့မရဘူး။
အဲသည်အထဲကနေ
ရုန်းကန်ပြီးသာ တက်လာရတယ်။


(၅၃)
မှန်မီးအိမ်က မြေမီးခွက်ကို
သူနဲ့ အမျိုးစပ်ရကောင်းလားလို့
ခါးခါးသီးသီး ပြောဆိုနေတုန်း
လ ထွက်လာတာမြင်တော့
မှန်မီးအိမ်က...
``သိပ်ချစ်တယ် မမရယ်´´လို့
ရိုသေကျိုးနွံတဲ့ အပြုံးနဲ့
လမင်းကို လှမ်းခေါ်သတဲ့။


(၅၄)
စင်ရော်နဲ့ လှိုင်းတွေရဲ့
တွေ့ဆုံခြင်းလို
တို့တွေ တွေ့ဆုံကြ
နီးစပ်ခဲ့ကြတယ်။
စင်ရော်တွေထပျံ
လှိုင်းတွေလိမ့်သွားတော့
တို့လည်း ခွဲခွာကြရပေါ့။


(၅၅)
ငါ့ တစ်နေ့တာကုန်ပြီ။
ငါလည်း
ကမ်းစပ်ပေါ်တင်ထားတဲ့လှေလို
ညနေချမ်းမှာ
ဒီရေရဲ့ အကဂီတကို
နားဆင်နေပါပြီ။


(၅၆)
ဘ၀ကို ငါတို့က
ရရှိ ပိုင်ဆိုင်ထားတယ်။
ငါတို့ကဘ၀ကို
ပေးဆပ်ခြင်းနဲ့
အလုပ်အကျွေးပြုရတယ်။


(၅၇)
တို့မှာ
နှိမ့်ချ သီးခံခြင်းတရား
ကြီးကျယ်မြင့်မြတ်လာတာနဲ့ အမျှ
ကြီးကျယ်မြင့်မြတ်ခြင်းတရားနဲ့
အနီးဆုံးကို
တို့ေ၇ာက်တာပဲ။


(၅၈)
စာကလေးက
ဥဒေါင်းငှက်ခမျာ
အမြီးကြောင့် လေးရှာမယ်ဆိုပြီး
စိတ်မကောင်းဖြစ်သတဲ့။


(၅၉)
အခိုက်အတန့်တွေကို
စိုးရိမ်နေစရာ မလိုပါ။
ဒါကြောင့်
ထာဝစဉ်တည်တံ့မယ့် အသံနဲ့သာ
တေးဆိုပါ။


(၆၀)
မုန်တိုင်းသည်
လမ်းမရှိမှုဖြင့်
အတိုဆုံးလမ်းကိုရှာ၏။
ထို့နောက်
နေရာဟု မရှိရာတွင်
ရုတ်တရက် အဆုံးသတ်လိုက်၏။


(၆၁)
သူငယ်ချင်း...
ငါ့ဝိုင်အရက်ကို
ငါ့ခွက်နဲ့ပဲသောက်ပါ။
တစ်ခွက်က တစ်ခွက်ပြောင်းရင်
အရစ်ရစ်ထနေတဲ့ သူ့ အမြုပ်လေးတွေ
ပျောက်ပျက်သွားတတ်လို့ပါ။


(၆၂)
ပြည့်စုံခြင်းက
သူ့ကိုယ်သူ
အလှပြင်လာတာ
မပြည့်စုံခြင်းကို
ချစ်မိလို့ပါ။


(၆၃)
ဘုရားသခင်က
လူကိုမိန့် ဆို၏။
``ငါသည် သင့်အား အနာကျက်စေ၏။
ထို့ကြောင့် သင့်အား အနာတရဖြစ်အောင်ငါပြု၏။
ငါသည် သင့်အား ချစ်မြတ်နိုးပါ၏
ထို့ကြောင့်ပင် သင့်အားအပြစ်ပေးတော်မူ၏။´´


(၆၄)
အလင်းရောင်အတွက်
မီးတောက်ကို ကျေးဇူးတင်ပါ။
ဒါပေမယ့်
မှေင်ရိပ်ထဲမှာ
သည်းခံစိတ်နဲ့
ခိုင်ခိုင်မတ်မတ် ရပ်နေတဲ့
မီးတိုင်က်ုလည်း
မေ့မထားပါနဲ့။


(၆၅)
မြက်ပင်ကလေး
မင်းခြေလှမ်းတွေက သေးကွေး။
ဒါပေမယ့်
ပင်းခြေလှမ်းအောက်မှာ
မင်းပိုင်ဆိုင်ထားပြီလေ
ကမ္ဘာမြေ။


(၆၆)
ပွင့်စ ပန်းကလေးက
အငုံကိုလှပ်ရင်း
မြည်တမ်းတယ်။
``ချစ်တဲ့ ကမ္ဘာလောကရယ်
တဆိတ် ပျေက်ကွယ်မသွားပါနဲ့ကွယ်။´´

မှတ်ချက်။ ။ အစ်ကိုကြည်နိုင်ဆီမှတစ်ဆင့် .။ ။

(၆၇)
ဘုရားသခင်သည်
ကြီးကျယ်သည့် မင်းနေပြည်တို့ကို
ပင်ပမ်းငြီးငွေ့တော်မူသော်လည်း
ပန်ကလေးများကို
ပင်ပမ်းငြီးငွေ့သည်မရှိ။


(၆၈)
အမှားက
အရှုံးမခံရဲဘူး
အမှန်ကခံရဲတယ်။


(၆၉)
ရေတံခွန်ကတေးဆိုတယ်
``ရေဆာသူအဖို့
အနည်းအကျဉ်းဆို
လုံလောက်မှန်းသိပေမယ့်
ငါကတော့
ငါ့ရှိသမျှရေတွေအကုန်
အားရ၀မ်းသာ ပေးလိုက်ပါတယ်။´´


(၇၀)
သည်ပန်းတွေကို
ရွှင်မြူးအားရနဲ့
မနားတမ်း ပွင့်ဝေလာအောင်
မှုတ်တင်လိုက်တဲ့ရေတိုင်ဟာ
ဘယ်မှာရှိပါလိမ့်။




(၇၁)
သစ်ခုတ်သမားရဲ့ ပုဆိန်က
သူ့လက်ကိုင်ရိုးလုပ်ဖို့
သစ်ပင်ဆီမှာ တောင်းရမ်းတယ်
သစ်ပင်က ပေးလိုက်ပါတယ်။

(၇၂)
ငါ့နှလုံးသား၏
အထီးကျန်မှုတွင်
မိုးနှင့်မြူ ဇာမျက်နှာဖုံးအုပ်
ဤမုဆိုးမ ညနေခင်း၏
သက်ပြင်းချသံကို
ငါခံစားရ၏။


(၇၃)
ကံသုံးပါး စင်ကြယ်မှုဆိုသည်မှာ
မေတ္တာအဆောက်အဦမှ ဖြစ်လာသည့်
စည်းစိမ်ဥစ္စာ။


(၇၄)
မြူငွေ့သည် ချစ်ခြင်းနှင့်တူ၏
တောင်ကုန်းတို့ အချက်အချာ၌
ဆော့ကစားပြီး
အလှတရား၏ အံ့သြစရာများကို
ထုတ်ဖေါ်ပြသ၏။

(၇၅)
ကျုပ်တို့က
လောကကြီးကို မှားဖတ်ပြီး
ကျုပ်တို့ကို
လောကကြီးက လှည့်စားတာပါလို့
ပြောကြတယ်။
http://linloon.multiply.com/

ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်


ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်
download ဆွဲချင်သူများ
ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6ko8ek7s
(ကျေးဇူးတင်ပါတယ်)

...

Credit-BuddhismBeams(myanmar)
..

"ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၁မိနစ်တွင် MRTV မှထုတ်လွှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်းစကား အပြည့်အစုံ"


"ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၁မိနစ်တွင် MRTV မှထုတ်လွှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်းစကား အပြည့်အစုံ"

၂၀၁၃ ခုနှစ်အတွက် ဆုတောင်းဆိုတော့ ၊တကယ်တော့ ပြည်သူတွေ ဆုတောင်းပဲ ဖြစ်ရမှာပါ၊ပြည်သူတွေ အရည်အချင်းတိုးတက်လာဖို့ ၊ပြည်သူတွေဟာ
တကယ်ကို ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားများပီပီ လုပ်နိုင်ကိုင် နိုင် တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်ဖို့ အဲဒီဟာ က အရေးကြီး ဆုံး ဆုတောင်းလို့ ကျမ
ထင်ပါတယ်..။

နိုင်ငံတစ်နိုင်ငံရဲ့ တကယ့် အနှစ်သာရဟာ နိုင်ငံသူနိုင်ငံသားတွေပါ၊နိုင်ငံသူနိုင်ငံသားတွေ အရည် အချင်းရှိမှ နိုင်ငံလည်းတိုတက်မယ်၊နိုင်ငံလည်း
အဆင့်ရှိမယ်၊ဒါကြောင့်မို့ ကျမရဲ့ နှစ်သစ်ကူး ဆုတောင်းလေးက အင်မတန်မှ ရိုးသားပါတယ်။

ကျမတို့ရဲ့ ပြည်သူပြည်သားများ တစ်နေ့ထက်တစ်နေ့ ပိုပြီး အရည်အချင်းတွေ တိုးတက်နိုင်ပါစေ၊ကိုယ့်ရဲ့တာဝန်တွေကို ကိုယ်သိသိ နဲ့ ကိုယ်ရသင့် ရထိုက်
တဲ့ အခွင့် အရေးတွေ အတွက် လုပ်ရဲကိုင်ရဲ ပါစေလို့ ကျမအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်၊ကျေးဇူးတင်ပါတယ်..။

Monday, December 31, 2012

၂၀၁၃အတွက် စစ်မှန်သောဒီမိုကရေစီ ရှေ့သို့ချီ..

၂၀၁၃အတွက် စစ်မှန်သောဒီမိုကရေစီ ရှေ့သို့ချီ..

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော ဆန္ဒပြ တောင်းဆိုမှုများနှင့် ပတ်သက်၍ 
အွန်လိုင်း စာမျက်နှာများ ပေါ်တွင် လည်းကောင်း၊ ပြင်ပတွင် လည်းကောင်း 
မတူညီသော ဆန့်ကျင်ဘက် အမြင်နှစ်ခုဖြင့် ငြင်းခုံလျက် ရှိသည်ကို တွေ့ရ ပါသည်။  
ဆန္ဒပြသူများကြောင့် သွားနေသော ဒီမိုကရေစီ အသွင်ကူးပြောင်း မှု နောက်ပြန် လှည့်သွားမည်ကို စိုးရိမ်ကြောင့်ကြ နေသော ရိုးရိုးရှင်းရှင်း အမြင် ဖြစ်ပါသည်။ ထိုအမြင်တွင် ဆန္ဒပြသူများကို အပြစ်တင်သည့် ရှုထောင့်မှ ကြည့်ကာ နောက်ပြန် လှည့်သွားမည်ဟု စိုးရိမ်သံ တစ်ဝက်၊
 ခြိမ်းခြောက်သံ တစ်ဝက်ဖြင့် မရိုးမသား ပြောဆိုနေသူများလည်း ပါဝင်ပါသည်။
 ပြည်သူလူထု နှစ်များစွာ နစ်နာခဲ့သည်များကို ငြိမ်းချမ်းစွာ ဖွင့်ထုတ် ဆန္ဒပြခြင်းသည် ဒီမိုကရေစီ အခွင့်အရေးလည်းဖြစ်သည်ဟု ရိုးရှင်းစွာ ရှုမြင်ကြပါသည်။ ထိုအမြင်တွင်လည်း အစိုးရကို အမြဲအတိုက်အခံ ပြုနေသူများက အစိုးရ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သံများ၊ ခံစားချက်များ ရောစွက်လျက် ရှိပါသည်။
ရာစုနှစ်ဝက်ခန့် အာဏာရှင် စနစ်အောက်တွင် နေလာခဲ့ရသော မြန်မာနိုင်ငံ တွင် လွတ်လပ်ခွင့် ဆိုသော ဝေါဟာရနှင့် ထိတွေ့ခွင့် ရလာသည်မှာ ယနေ့ ဒီမိုကရေစီ အသွင်ပြောင်း ကာလ အရပ်သား အစိုးရ လက်ထက် ၂ နှစ်ခန့်သာ ရှိသေးပါသည်။ နှစ်ငါးဆယ်ခန့် အာဏာရှင်စနစ် ကျင့်သုံးလာခဲ့သော အုပ်ချုပ် သူများနှင့် ယင်းစနစ်ဒဏ်ကို ခါးစည်း ခံလာခဲ့ကြ ရသည့် အအုပ်ချုပ်ခံ ပြည်သူလူထုများတွင် ဒီမိုကရေစီ အလေ့အကျင့်များနှင့် များစွာ ယဉ်ပါးမှု မရှိသေးပေ။ ဤနေရာတွင် သတိပြုရမည့် အချက်မှာ ဒီမိုကရေစီ အသွင်ပြောင်း နိုင်ငံတိုင်းတွင် ဒီမိုကရေစီ စနစ်နှင့် မဆီမလျော် တုံ့ပြန်မှုများ၊ အခုအခံများ၊ အတားအဆီး၊ အခက်အခဲများ တွေ့ကြုံရတတ်သည့် အချက် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂ နှစ်တာ ကာလအတွင်း ဖြစ်ပျက်ခဲ့သော ဆန္ဒပြမှုများနှင့် ထိုဆန္ဒပြမှု အချို့ အပေါ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းပုံမှာ ထင်ရှားသော သာဓကများ ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုထွက်ပေါ်လာပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ကာလများ အတွင်း က ကြိမ်ဖန်များစွာ ခန့်မှန်း သုံးသပ် ရေးသားခဲ့သည့် အတိုင်း လက်ရှိမြန်မာနိုင်ငံသည် စနစ်ပြောင်း အုပ်ချုပ်သူမပြောင်း ပုံစံသာ ရှိနေပါသေးသည်။
ထို့ကြောင့် အစိုးရအဖွဲ့နှင့် ဥပဒေပြု လွှတ်တော် အတွင်းတွင် ယခင် အစိုးရ အဖွဲ့ဝင်ဟောင်း အများစုနှင့် ၄င်းတို့ သူကောင်းပြုထားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင် နေပါ သည်။ အကျိုးဆက် အနေနှင့် ၄င်းတို့ ကိုယ်ကျိုးစီးပွားကို ထိခိုက် လာနိုင်စရာ ရှိသည်ဟု ယူဆသော အရေးကိစ္စများတွင် ပြင်းပြင်းထန် ထန် တုံ့ပြန်ခြင်းနှင့် ဥပဒေပြုရန် တွန့်ဆုတ်ခြင်းများ (ဥပမာ-လက်ပံတောင်းကြေးနီ စီမံကိန်း ဆန္ဒပြသူ များကို အကြမ်းဖက် နှိမ်နင်းခြင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ ပိုင်ဆိုင်မှုတို့ကို အများပြည်သူအား ထုတ်ပြန် ကြေညာရန် အဆို လွှတ်တော်တွင် ရှုံးနိမ့်ခြင်း) တွေ့မြင်ရခြင်းဖြစ်ပါသည်။

စနစ်ဆိုးကြောင့် အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ ပြည်သူလူထုအကြား ယုံကြည်မှု ပျောက်ဆုံး သွားခဲ့သည်ကို လွယ်လွယ် ကူကူနှင့် ပြန်လည် တည်ဆောက်၍ မရနိုင်ပေ။ ထိုစနစ်ဆိုးနှင့်အတူ အရပ်ဘက်ဆိုင်ရာ အုပ် ချုပ်ရေးနှင့် ပညာရပ်ဆိုင်ရာ နယ်ပယ်များ အပေါ် နားလည်မှု မရှိသော အစိုးရ တစ်ရပ်ကို ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်သူ ခရိုနီ လုပ်ငန်းရှင်များက ၄င်းတို့ အကျိုးစီးပွားအတွက် စီမံကိန်းအလွဲများ၊ အခြေခံ အဆောက်အဦ အလွဲများ အကောင်အထည် ဖော်စေခဲ့ခြင်းကြောင့် ပြည်သူလူထု အများစုမှာ ဆိုးဆိုးရွားရွား နစ်နာခဲ့ရသည့် သာဓကများလည်း (ဥပမာ-လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများ) ဒုနှင့်ဒေး ရှိနေပါ သည်။

ထို့ကြောင့် ဒီမိုကရေစီ အသွင်ပြောင်း ကာလကို ရောက်ရှိနေကြောင်း၊
 ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေ ကြောင်း လူသိရှင်ကြား ထုတ်ဖော် ကြေညာထားသည့် အပြင် လက်တွေ့လည်း ထိုအတိုင်း ဆောင်ရွက်နေသော အရပ်သား အစိုးရလက်ထက် တွင် ပြည်သူအများစု မိမိတို့နစ်နာနေသည်များကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြခြင်းကို 
အပြစ်တင် စရာအကြောင်းမရှိပေ။

သို့သော် ဆန္ဒပြသူများဘက်မှလည်း လွှတ်တော်က အတည်ပြုထုတ်ပြန်ထားသော ဆန္ဒ ထုတ်ဖော်ခွင့်ဆိုင် ရာ ဥပဒေကို လေးစားလိုက်နာရန် အထူးလိုအပ်ပါသည်။ ထိုဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လို သူများ၏ တရားဝင် အသိပေးလျှောက်ထား သည်ကိုလည်း ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ 
 တာဝန် ရှိသူ ရဲတပ်ဖွဲ့ အနေနှင့် ငြင်းပယ်ခွင့်မရှိပေ။ 
ထို့အပြင် ဆန္ဒပြထုတ်ဖော်သူများအား လက်ခံ၊ ငြင်းပယ်ခွင့် ကိုလည်း နှစ်ပေါင်းများစွာ
 အုပ်ချုပ်သူအစိုးရ၏ အမိန့်ကိုသာ တောက်လျှောက်နာခံခဲ့ရသည့်အတွက် 
တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှု အားနည်း နေသော ရဲတပ်ဖွဲ့ထံ 
အလုံးစုံ အပ်နှင်း ထားခြင်းမှာလည်း သင့်တော်မှုရှိ၊ မရှိ ပြန်စဉ်းစားသုံးသပ်ရန် လိုပါသည်။

ဒီမိုကရေစီစနစ်၏ အခြေခံစရိုက်လက္ခဏာတစ်ခုဖြစ်သည့်၊ ဆန္ဒပြမှုနှင့် ဆန္ဒပြသူများကို 
အလွန်အကျွံ အပြစ်တင် နေခြင်းသည်လည်းကောင်း၊ အစိုးရအပေါ် အလွန်အကျွံ ဖိအားပေးနေခြင်းသည် လည်းကောင်း နုနယ်သေး သည့် ဒီမို ကရေစီ အသွင်ကူးပြောင်းရေးကို 
အနုတ်လက္ခဏာသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

များစွာသတိထားရမည့် အချက်မှာ နှစ်ဖက်စလုံးကို အပြစ်တင်ဖိအားပေးကာ 
အခြေအနေပိုဆိုးသွားစေရန် ဖန်တီးနေသော ကိုယ်ကျိုးစီးပွားရေးသမားများ၏ 
အကျိုးစီးပွားကိုသာ သက်သက် ကာကွယ်လိုသူများ၏အန္တရာယ် ဖြစ်ပါသည်။

ဒီမိုကရေစီအသွင်ပြောင်းနိုင်ငံတိုင်းတွင် ကြုံတတ်သည့် အခက်အခဲ အခုအခံများကို
 ဒီမိုကရေစီနည်းကျကျ ငြိမ်းချမ်းစွာဖြေရှင်းခြင်းဖြင့် ဒီမိုကရေစီနှင့် ထိုက်တန်သော 
အသိဉာဏ်ကြီး ပြည်သူ့ အစိုးရနှင့် နိုင်ငံကြီး သား များ အဖြစ် ပြသကြပါမည့် အကြောင်း အထူး သတိပေးလိုပါသည်။

ဒီမိုကရေစီစစ်မှန်သော ဒီမိုကရေစီ ငြိမ်းချမ်းစွာ ဖြစ်ထွန်းပေါ်ပေါက်ရန်မှာ ပြည်သူလူထု အများ၏ ရင်တွင်းဆန္ဒ အမှန်ပင်ဖြစ်ပေသည်

တိုင်းပြည်၏ ငြိမ်းချမ်းရေး စစ်မှန်သော နည်းလမ်းကြောင်းကို ရှာဖွေ ဖော်ထုတ် 
စွမ်းဆောင်ပေးရမည်မှာ တိုင်းပြည် အုပ်ချုပ်သူများအပေါ်တွင် များစွာမူတည်နေပါသည်။

ယ္ခုမြင်တွေ့ကြားသိနေရသည့် သာဓကများကို နောင်တချိန်တွင် သမိုင်းမှတ်တမ်းဝင်မည့် အချက်အလက်များ ဖြစ်နေပေသည်
ကမ္ဘာအရပ်ရပ်မှ မြန်မာပြည်အရေးကို လက်တွဲ၍ ဖေးကူညီသောအချိန်သည်
လွန်စွာမှအရေးကြီးပေသည် ကမ္ဘာမှတ်တန်းဝင်မည့် အရေးဖြစ်သည်
 လူတန်းစား တစ်စုကောင်းစားရေးကို ရှေးရှု၍ မနေသင့်တော့ပေ
အနာဂတ်တွင် သမိုင်းမှတ်တန်းဝင်မည့် စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်
 လူတစ်စုကောင်းစားရေးမဟုတ်ပဲ စစ်မှန်သောဒီမိုကရေစီ ရရှိရန် တိုင်းပြည်အတွက် 
ဘာသာလူမျိုးမရွေး အားလုံးဝိုင်းဝန်း စေတနာထား ဆောင်ရွက် လုပ်ကိုင်မှသာ ပြီးပြည့်စုံသော
ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်လာနိုင်မည်ဖြစ်ပါသည်။

 ထို့ကြောင့် မိမိတို့ကောင်းစားရေးအတွက် ကိုယ်ကျိုးစီးပွားမဖက်ကြပဲ
တိုင်းပြည်ကောင်းစားရေးဟု အမြင်ကြည်လင်စွာနှင့်အားလုံးဝိုင်းဝန်း ရှေ့ဆက်ဒီမိုကရေစီ နောက်ကြောင်းပြန်မလှည့်အောင် ၀ိုင်းဝန်းဖေးမ လက်တွဲဖို့ကိုဤနေရာမှနေ၍ ဒီမိုကရေစီမှ နောက်ကြောင်းပြန်မလှည့်စေရန် ဘာသာလူမျိုးမရွေး ရှေ့ဆက်လက်တွဲဖော်ဆောင်ကြပါဆို့
ဟု တိုက်တွန်းလိုက်ပါသည်။

 မ..မ(ဒေါင်းမြကြည်)

၂၀၁၃မှာ အမှန်မြင် အမြင်မှန်ကြပါစေ..

♥♥သူလူနဲ့   ငါ့လူ♥♥
 မှားနေတာကိုကျိုးကြောင်းပြညွန်  ပြောဆိုဆုံးမလိုက်ရင်

ဆုံးမမှန်းသိတယ်ချက်ချင်းပြင်တယ်
 သိတာကိုချက်ချင်းပြင်ရင်  လူလိမ်မာခေါ်တယ်
 သိနေရက်နဲ့ရှေ့ဆက်မိုက်ရင်  လူမိုက်ခေါ်တယ်
 သိသိကြီးနဲ့      မသိဟန်ဆောင်သူကို သူရူးခေါ်တယ်
 ဒါကြောင့်ရူးချင်ယောင် ဟန်ဆောင်သူတွေများတယ်
 အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားပေါတယ်
 အုပ်စုတွေကွဲ ဒုတ်ဆွဲ ဓါးဆွဲပေါတယ်
 ဟန်ဆောင်လောကမှာ ရန်ထောင်တတ်သူပေါတယ်
 သူခေါင်းစဉ်အောက်ကိုဝင်ရင် သူသဘော
 သူအကြိုက် သူကြိုးဆွဲရာ ရွှေ့ပေးရတာ ထုံးတန်းစဉ်လာကိုဖြစ်လို့ပေါ့
 စည်းကမ်း   =//   စည်းဆိုတာ ကမ်းနေရင်
 အယ့်စည်းကမ်းက ကမ်းနေရော
 ကမ်းဆိုမှတော့
 ကိုယ်ခင်မင်ရာကိုယ်အရင်ကမ်းမိတတ်တာလူသဘောလေ
 ကန်းနေတာကိုး  ကမ်းမိနေတတ်တယ်
 သတ်ပုံမှားတဲ့ခေတ်မှာ ကန်းချင်ရာကို အလိုက်သင့်ကမ်းတတ်တာ
 ဓလေ့ထုံးတမ်း အစဉ်အလာကိုဖြစ်လို့ပေါ့
 ကန်းချင်ရောင်ဆောင်ပြီး ကမ်းမိတာလား
 ကမ်းချင်လို့ကမ်းလိုက်တာလားဆိုတာ
 ကန်းသူမှပဲသိမှာပေါ့ ဘေးကကြည့်နေမြင်နေမိတာတော့
 ကမ်းချင်သူကိုသာ ကန်းနေတာ
 မြင်သိသူက မြင်ရဲ့နဲ့သိနေပါရဲ့

မမြင်ချင်ဟန်ဆောင် လက်ဆင့်ကမ်းပြီး ကန်းနေရော
 ဒါကြောင့်မြတ်စွာဘုရားမှ စုံလုံးကန်းတွေမဖြစ်စေနဲ့တဲ့
 ခင်ရာမင်ရာနောက်လိုက်ပြီး စုံလုံးကန်းရင် အပ္ပါယ်သာသွားရမယ်တဲ့
 သေသည့်သူများအားလုံးဟာ မိမိခင်ရာမင်ရာကို
 စွဲလန်းငြိတွယ်သေကြတော့
 ရောက်မိရောက်ရာရောက်ပြီး
 ခုဘ၀လဲ သူမှသူ ဒီခွေးလေးမှငါ့ခွေး ဒီကလေးမှငါ့ကလေး ငြိတွယ်မိနေတာတဲ့
 အယ့်တော့ငြိတွယ်ပြီး ဒီဘ၀လဲ စုံလုံးကန်းမဖြစ်ရအောင် သူမှသူ
 ငါ့ကလေးမှငါ့ကလေး
 ငါလူမှငါ့လူ
 ဆိုတဲ့ဒိဌိသက္ကာရလေးဖြုတ်တတ်အောင်ကျိုးစားပြီး
 တဏှာ နည်းနိုင်သမျှနည်းပါးအောင် နေထိုင်ကျင့်ကြံရမယ်တဲ့
 သူလူ  ငါ့လူတို့   အတွက်
 သတ္တ၀ါအားလုံး ဘေးရန်ကင်းလို့
 အမှန်မြင် အမြင်မှန်ကြပါစေ..
.

Friday, December 28, 2012

ဒီဇင်ဘာ ထွက်သက်



5ecx53jt8bf5ecx53jt8bf5ecx53jt8bf

* ဒီဇင်ဘာ ထွက်သက် *

သက္ကရာဇ်တွေ တစ်နှစ်ပြီးတစ်နှစ်
ကြွေကြွေကျလာတယ်။

ညက တိတ်ဆိတ်ခြင်းကို အခွင့်ကောင်းယူပြီး
မောဟတွေနဲ့ ဆော့ကစားတယ်။

ဘ၀က သောက်နေကျဆေးခါးတစ်ခွက်လိုပဲ
သိသိရက်နဲ့ အကြိမ်ကြိမ်မြိုချခဲ့ရပေါ့။

တစ်ချို့  ပုတ်သင်ညိုတွေနဲ့အပေါင်းသင်းဖြစ်လို့
အရောင်တွေပြောင်းတတ်လာတယ်။

တစ်ချို့ မြေခွေးတွေနဲ့အပေါင်းသင်းဖြစ်လို့
မြေခွေးလိုကောက်ကျစ်ကြတယ်။

အမှန်တရားဆိုတာ
မုသားလောက်မှ ခုတ်မကောင်းတဲ့ဓါးလိုပဲ
အတ္တခါးခါးတွေ
အဲဒိလိုသတ်ပုံမှားပေါင်းနေကြတဲ့ လောကမှာ
ကျွန်တော်က
ရေကိုဆန်တက်ခဲ့မိတယ်။

ဒါပေမယ်
ပန်းတစ်ပွင့်ရဲ့ ရနံ့ဟာ
လေပြည်မှာ လက်မှတ်မရခဲ့ရှာဘူး။

၂၆.၁၂.၂၀၁၂
မိုးမစဲ


* ဒီဇင်ဘာ ထွက်သက် *

စနိုးပွင့်လေး တွေနဲ့အတူ အလွမ်းတွေပျိုးလို့
မျှော်လင့်ခြင်းကောင်းကင် ဟန်ဆောင်ခြင်း တိမ်တိုက်တွေကြား
မုန်တိုင်းထန် နေတဲ့ နာကျည်းခြင်းပင်လယ်ဟာ

ငွေ့ရည်ဖွဲ့ပြီး ဒီဇင်ဘာ ထွက်သက်အဖြစ်
ဒဏ်ရာတွေအဖော်ပြုလို့ နှင်းမိုးတွေရွာချတယ်..
ကြယ်ကြွေတွေရဲ့ ငိုရှိုက်သံနဲ့အတူ သက္ကရာဇ်တွေ
တစ်နှစ်ပြီးတစ်နှစ်ချွေချွေချတယ်
ရက်စက်တတ်တဲ့ ဒီဇင်ဘာရယ်
မျှော်လင့်ခြင်း အိမ်မက်ကမ္ဘာမှာ
မင်းပေးတဲ့လက်ဆောင်တွေကို
စနိုးပွင့်လေးတွေ နှင်းမြူတွေနဲ့သီကုံး

ငါရဲ့အကြင်နာ မေတ္တာ  ငါ့ရဲ့အချစ်ဖြစ်ြေ့ပာင်းလဲပြီး

ငါရဲ့နှလုံးသားပြတိုက်မှာ ကမ္မည်းထိုး ချိတ်ဆွဲထားလိုက်တယ်..

သက္ကရာဇ်အသစ်မှာ ချယ်ရီပန်းတွေနဲ့အတူ

ငါ့ကောင်းကင်အပြာရောင်မှာ ကြည်နူးခြင်းတွေ ဖြစ်တည်

အေးမြငြိမ်းချမ်းပြီး သာယာလှပလို့

အရောင်အသွေးစုံလင် လှပတဲ့ ပန်းခင်း
ငါ့နှလုံးသား ခရမ်းရောင်အလွမ်းတောမှာ
အဖြူရောင်ဝတ်စုံလေးဝတ်ပြီး  သက္ကရာဇ်အသစ်ကို
လိပ်ပြာလေးတွေ ငြိမ်းချမ်းရေးငှက်လေးတွေနဲ့အတူ ကြိုဆိုလိုက်ပါတယ်..
ဟန်ဆောင်လောကမှာ အမှားတွေကိုချိုမြိန်စွာစားသုံး

အမှန်တရားဟာ
သတ်ပုံမှားလို့ ခါးတတ်လွန်းတာကြောင့်

သက္ကရာဇ်အသစ်မှာ မာယာများတဲ့ အတ္တတွေကို ယူဆောင်မလာနဲ့နော်


ငါအမုန်းဆုံးဒီဇင်ဘာ ငါအချစ်ဆုံးဒီဇင်ဘာရယ်..

နာကျင်ခြင်း အလွမ်းတွေခင်းကျင်းပြီး ထပ်တူမရှိတဲ့အချစ်တွေနဲ့အတူ
ဒီဇင်ဘာရဲ့ ထွက်သက်ကို နုတ်ဆက်လိုက်ပါတယ်..မ..မ..