Pages
Monday, December 24, 2012
လက်ပံတောင်မိုင်းနပ်စ်ခရစ္စမတ်စ် ------
လက်ပံတောင်မိုင်းနပ်စ်ခရစ္စမတ်စ
------------------------
အမင်္ဂလာငှက်တွေကမှ
ဘုရားသွားကျောင်းတက်အုတ်အုတ်ကျက်ကျက်ဖြစ်နေချိန်
ငါတို့မနက်ဖြန်တွေ
ဗန်မော်ကြောင်းချီသွားပြီ...။
မီးခိုးက ဆုံးသွားပေမယ့်
မိုးက မဆုံးတော့ဘူး....
... မျက်ရည်ပြပွဲတွေထဲ
ငါတို့ သောကတွေ ရွာပဲရွာနိုင်လွန်းတယ်...။
ငါတို့ဟာ
သံကိုတောင် ပန်းဖြစ်စေနိုင်သေးရင်
ပန်းတွေရဲ့ အိပ်မက်မှာ
ဗြဟ္မစိုရ်အဆင်အသွေး
ဘာဖြစ်လို့ များ
ဖျော့တော့ကြုံလှီနေရပါလိမ့်....
နံနက်ခင်းကို ဖွင့်ကြည့်လိုက်တော့
စန်တာကလော့ရဲ့ တံခါးချပ်ကြီးက လေးလံ
မနောမြေက ကလေးတို့ရေ
ကျည်ဆံထဲက လွတ်ကျသွားတဲ့ အာဃာတဟာ
ငါတို့ လက်ဆောင်မဟုတ်ရပါဘူးကွယ်....။
အာမင်....
Dhamma Ganga
ဓမ္မဂင်္ဂါ
(၂၅-၁၂-၂၀၁၂)
ခရစ္စမတ်စ်နေ့
ကျန်းမာရေး ကောင်းချင် ပါသလား
ကျန်းမာရေး ကောင်းချင် ပါသလား
Shared by အာယု
..................ပန်းခြံထဲမှာ လမ်းလျှောက် လိုက်ပါ။ လွန်ခဲ့တဲ့ လေးနှစ်တာ ကာလက ပြုလုပ်ခဲ့တဲ့ လေ့လာမှု ၄ဝအရ တစ်နေ့မိနစ် ၃ဝလောက် လမ်းလျှောက် ပေးတာက ရောဂါပေါင်း ၂၅ခုရဲ့ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင် တယ်လို့ သိရပါတယ်။
လမ်းလျှောက်တာ များလေလေ၊ အကျိုးကျေးဇူး ပိုရလေလေ ပါပဲ။ လမ်းလျှောက် တာကြောင့် သင်ရနိုင်တဲ့ အကျိုး ကျေးဇူးတွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
... ကိုယ်အလေးချိန် လျော့ကျခြင်း
ကိုယ်အလေးချိန် ၆ဝ ကီလိုဂရမ် ရှိတဲ့ လူတစ်ယောက်ဟာ လမ်းခပ်သွက်သွက် လျှောက်တာ နာရီဝက်ကြာတိုင်း ကယ်လိုရီ ၁၅ဝ လောင်ကျွမ်းပါတယ်။
အူမကြီးကင်ဆာ အန္တရာယ်ကို ထက်ဝက်ခန့် လျှော့ချနိုင်ခြင်း
ကင်ဆာအကြောင်း ဗြိတိန် လေ့လာမှု အသစ် တစ်ရပ် အရ ပုံမှန် လေ့ကျင့်ခန်း လုပ်တဲ့သူ တွေက အူမကြီး အသားသီး (Polyps) ဖြစ်နိုင်ခြေ သုံးပုံတစ်ပုံခန့် လျော့ကျမှု ရှိတယ်လို့ သိရပါတယ်။ အူမကြီး အသားသီး (Polyps) ဟာ ကင်ဆာ ဖြစ်လာနိုင်ခြေ ရှိပါတယ်။
နှလုံးရောဂါ အန္တရာယ်ကို လျှော့ချနိုင်ခြင်း
နှလုံးရောဂါကြောင့် သေဆုံးသူတွေရဲ့ ၃၇ ရာခိုင်နှုန်းဟာ လှုပ်ရှားမှု နည်းတာကြောင့် ဖြစ်ရတာပါ။ လမ်းလျှောက် တာကြောင့် နှလုံးရောဂါ အန္တရာယ်ကို လျော့ကျစေ ပါတယ်။
အိမ်ထောင်မှု သုခကို ပိုမို ရရှိစေခြင်း
အမျိုးသားတွေ အသက်ကြီးလာတဲ့ အခါ ပန်းသေပန်းညှိုး ရောဂါ ဖြစ်နိုင်ခြေက မြင့်တက် လာပါတယ်။ အမျိုးသားတွေ အနေနဲ့ ကိုယ်လက်လှုပ်ရှားမှု များပြီး သန်စွမ်း ကျန်းမာတာက ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျော့ကျစေ ပါတယ်။
အရိုးများကို သန်မာစေခြင်း
လမ်းလျှောက်တာက အရိုးပွရောဂါ မရအောင် ကာကွယ်ပေးနိုင် ပါတယ်။ တစ်ပတ်မှာ မိနစ် ၁၈ဝ လောက် လေ့ကျင့်ခန်း လုပ်ပေးရင် အရိုး သိပ်သည်းဆကို အားကောင်း စေပါတယ် ။
ဦးနှောက်စွမ်းအား ကောင်းစေခြင်း
တစ်နေ့မှာ ၁ ဒသမ ၆ ကီလိုမီတာလောက် လမ်းလျှောက်တာက သတိမေ့တာ (Dementia) ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ အမေရိကန် လေ့လာမှု တစ်ရပ် အရ လမ်းလျှောက်တာက အသက်ကြီးသူ တွေမှာ ဦးနှောက်ထဲက Grey Matter ကို တိုးစေကြောင်း သိရပါတယ်။
အအေးမိ ဝေဒနာ မရအောင် ကာကွယ်နိုင်ခြင်း
ပုံမှန် လမ်းလျှောက်ပေးမယ် ဆိုရင် ချောင်းဆိုးတာ၊ နှာချေတာတွေလို အအေးမိ ဝေဒနာတွေ သက်သာနိုင်စွမ်း ရှိပါတယ်။ အကြောင်း ကတော့ လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်း စေတာ ကြောင့်ပါ။
See More
— at Myawady Health.
ငါးအဆီက ရောင်ရမ်းမှုကို လျှော့ချနိုင်
Shared by အာယု
.........ဟင်းသီး ဟင်းရွက်မှ ရတဲ့ အဆီတွေထက် ငါးမှရတဲ့ အဆီတွေဟာ ခန္ဓာကိုယ် ထဲမှာ ရောင်ရမ်း မှုကို ဖြစ်စေတဲ့ prostanoid ခေါ် ဓာတု ပစ္စည်း တစ်မျိုးကို ထိန်းချုပ် နိုင်တယ်လို့
သုတေသန ပြုသူတွေက ဖော်ပြခဲ့ပါတယ်။ Prostanoids တွေဟာ သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပါတယ်။ ဓာတ်မတည့်မှု တွေကို တွန်းလှန်ပြီး ရောင်ရမ်းမှုကို လျော့စေပါတယ်။ ဒါပေမယ့် Prostanoids တွေသိပ်မျ...ားနေရင် အထူးသဖြင့် ဟင်းသီး ဟင်းရွက်မှ ရရှိပါက Tissue တွေမှ နာကျင်မှု၊ နီရဲမှုနဲ့ ရောင်ရမ်းမှု တွေ ပိုဆိုးစေပါတယ်။ ဒါပေမယ့် နောက်ဆုံး လေ့လာချက်အရ ငါးအဆီမှ ရတဲ့ Prostanoidတွေဟာ ဟင်းသီး ဟင်းရွက်မှ ရတဲ့ Prostanoid တွေထက် နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ လျော့စေပြီး အစာထဲမှာ ငါးအဆီ ထည့်စားရင် ဟင်းသီးဟင်းရွက် ဆီမှရတဲ့ Prostanoid တွေလည်း လျော့သွား တယ်လို့ ဆိုပါတယ်။
Ref: Good Health
See More
— at Myawady Health.
Sunday, December 23, 2012
ကမ္ဘာပျက်မှာဆိုး
Random Images Free Pics Random Pics♥နိဗ္ဗာန်ကမ္ဘာ ပျက်.♥....
နင်ကလည်းအတယ်
ငါကလည်းနုံတယ်
မလယ်မ၀ယ်
လမ်းလျှောက်ထွက်တော့
??????
အတွေးမမှောက်မှားနဲ့
ပန်းရိုင်းတပွင့်နော် အဖူးမပါဘူး
အငုံမပါဘူး
အတွေးရှော်
ဘေးကော်သာ ( ....ဲ ) ရရင်ငါလေ
တောက်
a@z
အပင်သာနင့်နားထား
အနံနဲ့တင်မူးသေအောင်
ရှုးနေအောင်သီးလာလဲ
ခူးကျွေးချင်ရဲ့..အော်အဖော်နဲ့မှပျော်
မင်း ဘယ်သွားသွား အဖော်ခေါ်သွား
အပျင်းလည်းပြေတယ် အတင်းလည်းပြေတယ်
အော်...ဆိုးဝါးစရာ နိဗ္ဗာန်ကမ္ဘာ မင်းကြိုက်ခဲ့တော့
မင်းးးးးးးးးကတော့
ပျက်မနော်
၂ယောက်တစ်အိမ်မက်
အော်
အပြင်ထွက်လိုက်တော့
ဒုက္ခဘဲ
အင်.......ငါမလိုက်နိုင်ဘူးခက်ပြိ
တွေတဲ့လူသာအဖော်ညှိတော့နော်
နင်နဲ့တော့ခက်ပြီ
ငါကတော့ရှက်သည်
အော်.......တကယ်
ရှက်သည်
ကမ္ဘာပျက်တော့ခက်ပြီ..http://api.ning.com/files/6xCgtmQ50bqzSBTVtoDizqtYIpFxceqNCCll*q-3pXH-8VE*bRQzwKmen2hUCNch8dlq47-urVwriWSLAIr1cVgwihsjOBF-nf6T5*huYpQ_/Emo_Kiss.jpg
လူကိုသေနတ် နဲ့ ပစ်သတ်ရင်သေသလို
နှလုံးသား  ကို  အချစ်နဲ့  ပစ်သတ်ရင်သေတယ်
အချစ်ကို   အချစ်နဲ့  ပစ်သတ်ရင်
နှလုံးသားတွေ ကြေတယ်
အချစ်မူးမူးရင်..နှလုံးသားတွေ  ကြွေတယ်
ပေါင်းစည်းခြင်းနဲ့   တွေ့ ဆုံခြင်း
အတ္တနဲ့   အမည်မသိတဲ့ ရယူမှူ့     မပါခဲ့ရင် အကောင်းဆုံး
ချစ်တယ် ဖြေတာများ  လွယ်လွယ်လေး
အဲ့ ဒီအချစ်နောက်မှာ  ဘာမှမပါကြေးဆို ရလားဟင်?
ငါ့ ကမ္ဘာပျက်မှာဆိုး
.
ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလန်နားမှ ငှက်ပြောဖူးနားမှာ ဠင်းဒ ၆ကောင် လာရောက်နားခိုနေတာပါ..
ယ္ခုပုံမှာ Fb မချိုဝေလွင်ရိုက်ကူးထားသောပုံများကို ကူးယူဝေမျှခြင်းပါ
ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလန်နားမှ ငှက်ပြောဖူးနားမှာ ဠင်းဒ ၆ကောင် လာရောက်နားခိုနေတာပါ..
ညနေခင်း၎နာရီကျော်လောက် အချိန် ပန်းခြံထဲ လာရောက်နားနေသခိုက်
ကျီးကန်းများလိုက်လံ အော်ဟစ် ပျံဝဲနေသဖြင် ပန်းခြံထဲမှမောင်ထုတ်လိုက်သောအခါ
ဘုရား စေတီတော်ပေါ်သို့ပျံဝဲနားခိုနေခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလန်နားမှ ငှက်ပြောဖူးနားမှာ ဠင်းဒ ၆ကောင် လာရောက်နားခိုနေတာပါ..ခိုနားနေသည့်နေရာမှာ အရှေ့တောင်ဘက်နှင့် အနောက်မြောက်ဘက်ဖြစ်သည်။
အပေါ်ပုံကမ..မဖုန်းနဲ့ရိုက်ထားတာပါ အောက်ကပုံကတော
ယ္ခုပုံမှာ Fb မချိုဝေလွင်ရိုက်ကူးထားသောပုံများကို ကူးယူဝေမျှခြင်းပါ့ 
Thursday, December 20, 2012
၂၀၁၃ ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု
၂၀၁၃ ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု
လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။
သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင် ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ ထိခိုက်မှုများ ဖြစ်စေမည့် အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။
လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခု ဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုး ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်က မီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှု အဖြစ် ဥရောပ နှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှ တဆင့် နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီး စေခဲ့ခြင်း ဖြစ်သည်။
အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟောလီးဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင် ကြုံတွေ့ရဖွယ် ရှိနေပြီး ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။
ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန် မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။
၎င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင် မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နေသည် သူ၏ စွမ်းအင် အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန်ဆုံးသော အခြေအနေ ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ ထိုးတက်လာပြီး လေထုအတွင်းတွင် ဓါတ်ရောင်ခြည် မုန်တိုင်းများ အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့် လျပ်စစ် စွမ်းအားများ ထွက်ပေါ်လာမည် ဟုဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသ ဆိုင်ရာ ထူးခြားမှုများ ကြုံတွေ့ရမည်" ဟု ဆိုသည်။
ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင် တစ်ခုလုံးတွင် သွေးရောင် ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး တိမ်တိုက်များမှာ မုန်တိုင်းများ ဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့် လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက် အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့် အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန် သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ နိုင်ငံရှိ Quebec လျပ်စစ် ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။
၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့် အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင် နှင့် လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ် သုံးစွဲခဲ့သည်။
မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူကလီးယားလက်နှက်များ ပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။
Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဟု အားပေးစကားလည်း ပြောကြားခဲ့သည်။ 
လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့် အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို အသေးစိတ် ဆွေးနွေး ခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ် Dr Avi Schnurr ကလည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ သံလိုက်ဓါတ်များက ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ် " ဟု သတိပေးစကား ပြောကြားခဲ့သည်။
ဖြစ်စဉ်အရ အဖိုးတန် ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ၄င်းက ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ အကြမ်းဖျင်း ခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေ ပြောင်းလဲမှုများသည် ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တမြားနှင့် နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ်နေကြမည့် တိမ်တိုက်များ ပေါ်ပေါက် လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။
.
(အထက်ပါ သတင်းဆောင်းပါးကို mmdailynews.com ဆိုဒ်လင့် ဖေါ်ပြလျက် မည်သည့် မီဒီယာမဆို ကူးယူ ဖေါ်ပြ ဖြန့်ဝေခွင့် ပြုပါသည်။)..........
http://www.mmdailynews.com/viewnews.php?id=92.
Tuesday, December 18, 2012
မာတီက ပုံတွေကို တခြားမှာ အခက်အခဲမရှိ ရွေ့ပြောင်းခြင်း
မာတီအသုံးပြုနေသူတွေအတွက် လတ်တလောမှာ ပုံတွေကို တခြားနေရာမှာ ပြောင်းရွေ့နိုင်ဖို့အတွက် ဆိုက်သီးသန့် ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီမှာ သွားရောက်ပြီးတော့ မာတီကို ၀င်တဲ့အတိုင်း
ID နဲ့ Password ထည့်ပေးလိုက်ပါ.။ ပုံတွေကို အလိုလို ပြောင်းပေးပါလိမ့်မယ်။
{ပုံ-၁}
{ပုံ-၂}
Multiply users can copy all photos to PICMIE Account
Web:  http://www.picmie.com/
ဥပမာ -
လတ်တလောမှာတော့ ပုံတွေကို Backup ဖြစ်စေပါတယ်။ အဲ့ဒီမှာ ၀င်ရောက်ထပ်ထည့်တာတွေ ကတော့ လုပ်ပိုင်ခွင့်မတွေ့သေးပါဘူး။ သို့သော်လည်း လတ်တလောအတွက် မာတီအသုံးပြုတွေရဲ့ ပုံတွေကို မဆုံးရှုံးဖို့ ထားစရာနေရာတခုဖြစ်ကြောင်းကို တင်ပြလိုပါတယ်။
{ကိုဇောင်း}