Pages

Wednesday, October 31, 2012

နားမလည်တာများ

ဘာသာရယ် သာသနာရယ် 
နားမလည်တာများ 
အမျိုးဘာသာ 
သာသနာ 
ပျောက်မှာမို့ 
စိုး ကြောက် လူသား
ကုလားကို ဖအေခေါ် 
တရုတ်ကို အမျိုးတော်
ပြည်ဖျက်သူ လူတစ်စုရယ်ကြောင့် 
သွေးချင်းရယ်နှော
ငွေနောက်ကိုတဲ့ ကောက်ကောက်ပါ 
တိုင်းတပါးကို နိုင်ငံသားလုပ် 
ငွေချစ်သူ လူတစ်စုရယ်ကြောင့် 
ဘာသာ သာသနာ ထီးကွယ် နန်းပျောက်.......



ပေးဆပ်နေသူရှင်သန်ခြင်း


ပေးဆပ်နေသူရှင်သန်ခြင်း
Dec 24, '09 4:40 AM
for everyone

ငါရီ(ယ်)နေတယ်သိလား...မျက်ရည်တွေနဲ့ပေါ့..
အလုပ်လုပ်တဲ့လူကို  အလုပ်မလုပ်တဲ့
လူက အပြစ်ပြောတယ်..
အမှန်တရားပြော
ရင်  အမှားလို့ထင်တယ်.
အခ်စ္ကို  တန္ဘိုးမထားတတ္တဲ့     လူေ
တွ  မေတ္တာတရားကို  နားမလည်ဘူး..
မေတ္တာတရား  နားမလည်တဲ့သူက   အချစ်နဲ့
မထိုက်တန်ဘူး...
ငါလုပ်သလောက်  ငါ
ခံစားခွင့်မရခဲ့ဘူး..
အရိပ်ကိုလဲခိုတယ်..
အရြက္ကိုလဲေ
ချွတယ်..
အပင်ကိုလဲလှုပ်တယ်..
အြ
မစ်ပါပြုပ်မှ..
သူတို့အရိပ်ပျော
က်မှာ..
တန်ဖိုးထားတဲ့လူက   ထင်းအဖြစ်
အသုံးဝင်မယ်..
နေရောင်မတွေ့မှ  နေကိုမျော်သလို  
ရေလိုမှ   မိုးကိုမျော်လင့်သလို
ငါ့ချွေးစက်တွေနဲ့  သူတို့သော
က်သုံး  ပျော်ပါးမော်ကြွားနေကျတယ်..
အားကိုးဘို့ကတော့  ငါ့စိတ်နဲ့ ငါ့
ကိုယ်ကလွဲလို့  ဘယ်သူမှမရှိဘူး..
မိသားစုက ကဲ့ရဲ့တယ်  တစ်ယောက်ထဲအလုပ်
တွေ  အများကြီးလုပ်လို့တဲ့..
ငါရီ(ယ်)နေတယ်သိလား  မျက်ရည်တွေနဲ့  
.
သူတို့ဘ၀  ငါ့လောက်လှအောင်..
ဆုတောင်းပေးတယ်  ရီ(ယ်)နေတယ်  
 
အမုန်းဆိုတာမရှိဘူး   အညိုးဆိုတာမသိဘူး..
တစ်ယောက်ထဲ  တိတ်တိတ်ရီနေမိတယ်..
မ်
က်ရည်တွေနဲ့လေ..
သူတို့ကမေတ္တာခမ်းတာလားငါကဘဲ..

လောဘကြီးတာလား..
သေချာဖြေပေးပါ။
ငါ့ကိုယ်ငါပြန်ရှာတာငါပျောက်သွာ
းလို့ပါ။
.သေချာဖြေပေးပါ။

ဖူးစာရှင်လေးပရဟိတ စုစုပေါင်းကျန်ရှိငွေ လက်ကျန်ငွေ ၂သိန်း ၃သောင်း လှုဒါန်းပေးအပ်ပြီးပါကြောင်း


ဖူးစာရှင်လေး ပရဟိတအဖွဲ့မှ လက်ကျန်ငွေ ကို

Save The Aged


ဘိုးဘွားရိပ်သာဆောက်လုပ်ရန် အတွက်


အလှူငွေ (၁၆၀၀၀၀)တစ်သိန်းခြောက်သောင်းကျပ် တိတိ လှူဒါန်းပါတယ်..

http://savetheaged.ning.com/

ချောင်ဦးမြို့နယ်
ဧရိပ်မွန်(၂) မိဘမဲ့ မိန်းကလေးကျောင်း ပရဟိတသို့
လက်ကျန်ငွေ ၇၀၀၀၀ ခုနှစ်သောင်းကျပ်တိတိကို
ချစ်မိုးဆွေအား ပေးအပ် လှုဒါန်းပါသည်။
၁၆၀၀၀၀+၇၀၀၀၀=၂၃၀၀၀၀ကျပ်တိတိ
 ဖူးစာရှင်လေးပရဟိတ
စုစုပေါင်းကျန်ရှိငွေ လက်ကျန်ငွေ ၂သိန်း ၃သောင်း
လှုဒါန်းပေးအပ်ပြီးပါကြောင်း
ပရဟိတ အလှုရှင်များအား အကြောင်းကြား အပ်ပါသည်
ဖူးစာရှင်လေး ပရဟိတနှင့် မ..မ
နောက်နောင်မည်သို့မှ မသက်ဆိုင်ပါကြောင်း
စာပေချစ်မိတ်ဆွေများအား အသိပေးအကြောင်းကြားအပ်ပါသည်..
မ..မမှ နောက်ဆက်လက် ပရဟိတ လှုဒါန်းခြင်းသည်လည်း
ဖူးစာရှင်လေးပရဟိတဖြင့် မသက်ဆိုင်ပါကြောင်း
စာပေချစ်မိတ်ဆွေများအား အသိပေး
အကြောင်းကြားအပ်ပါသည်..
မ..မ
09 43091050

စာပေလောက အမှတ်တရ မ..မ
သဒ္ဓါလွန်ကဲ၊ ပညာနည်း၊
တလွဲယုံတတ်သည်။
ပညာလွန်ကဲ၊ သဒ္ဓါနည်း၊
စဉ်းလဲကောက်ကျစ်သည်။
သတိတရား၊ ထိုနှစ်ပါး၊
စွမ်းအားညှိပေးသည်။
လှုဒါန်းခဲ့သောပစ္စည်းငွေကြေးများနှင့်
ဖူးစာရှင်လေးအမည်နှင့် ပရဟိတအလှုပုံများ
လေ့လာနိုင်ရန်တင်ပြလိုက်ပါတယ်..
အောက်ပါလင့်ခ်များမှာ သွားရောက်ကြည့်ရှု့
သာဓုခေါ်ပါရန်  ပြုပြုသမျှကုသိုလ်အားလုံး
အမျှ..အမျှ..အမျှ ပေးဝေပါတယ်..
အမျှပေးဝေပါတယ်..၃၁ဘုံသားအများကောင်းမှု
နတ်လူသာဓုခေါ်စေသော်...........

http://www.yinminkhine.com/

zinyaw17zinyaw17

မမြင် မသိ စာနာတတ်၏

တွဲလက်ခိုင်မာ ပေးဆပ်ခြင်းဖြင့် ကုသိုလ်ဝေဖြာ

မေတ္တာ စေတနာ အကြင်နာ

လက်ခြင်း ချိတ်ဆက်ထားကြတာ



လက်ခြင်းချိတ်ဆက် ပရဟိတလက်...


လက်တွဲညီမျှ ပရဟိတ

Thursday, October 25, 2012

ဝဋ် ကြွေး တစ်ခု



ရင်ထဲမှာ


ရင်ထဲမှာ တမ်းတ 
 မာတည် လွမ်းလှ မေ့မရ

စာပေ ၀ဋ် ဒုက္ခ..

Actually remember inside
Miss & not forget Multiply
That should trouble of art.





အပျိုစင်ဘဝကို ရောင်းပြီး ရတဲ့ငွေတွေကို ဆင်းရဲသားကို လှူမယ်ဆိုတဲ့ ဘရာဇီးသူလေး အခုတော့ ဝယ်မယ့်သူ ရှိသွားပြီ။


ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်

အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား
တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့်
လေလံဈေးပေးမှုများ အပြီးတွင် နတ်
...
ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုး
က အသက်(၂၀)အရွယ် ကက်ထရီနာ

မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။


ရန်ပုံငွေ အလှူတစ်ခုအတွက် သူမ၏ အပျိုစင်ဘဝကို ရောင်းချမည်ဟု ကြေညာ
ထားသည့် ဘရာဇီးလ် ကျောင်းသူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။

ကက်ထရီနာသည် ယခင်ကတည်းက သူမသည် ပြည့်တန်ဆာ တစ်ဦး မဟုတ်ကြောင်းနှင့် သူမ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်သာ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ကက်ထရီနာသည် နောက်ဆုံးတွင် အပျိုစင်ဘဝကို ရောင်းချရန် ဒေါ်လာ (၇၈၀၀၀၀)ဖြင့် အဆိုပြုမှုကို သဘောတူ လက်ခံလိုက်သည်။

ဂျက်မီလာနှင့် ဂျက်ရိုက်ဆိုသော အမေရိကန်နှစ်ဦး၊ အိန္ဒိယသူဌေး ရူဒရာ ချက်တာဂျီတို့သည် ကက်ထရီနာအတွက် အပြိုင်လေလံဆွဲခဲ့သော်လည်း နတ်ဆူကသာ အမြင့်ဆုံး ဈေးပေးသွားခြင်း ဖြစ်သည်။ ကက်ထရီနာ၏ အစီအစဉ်သည် အင်တာနက်တွင် လူပြောသူပြောများသော ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

သူမသည် Virgins Wantedဆိုသော မှတ်တမ်းဗီဒီယိုအတွက်လည်း ဩစတြေးလျ ရုပ်မြင်သံကြား အဖွဲ့တစ်ခုကို မှတ်တမ်းတင်ခွင့်ပေးမည်ဟု ပြောဆိုထားရာ အပြာရုပ်ရှင်မယ် တစ်ဦးအဖြစ် ပြစ်တင်မှုများလည်း ရှိခဲ့သည်။ သူမသည် အဆိုပါအဖွဲ့က စီစဉ်ပေးသည့် လေယာဉ်ပေါ်တွင် မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။

ကက်ထရီနာကမူ "ကျွန်မကတော့ ဒါကို လုပ်ငန်းတစ်ခုလို့ပဲ မြင်ပါတယ်။ ကျွန်မမှာ ခရီးတစ်ခုသွားဖို့ အခွင့်အရေးလည်း ရှိလာတယ်။ ဇာတ်ကားတစ်ကားမှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ခွင့်ရမှာ ဖြစ်သလို အဲဒီအတွက် ထိုက်သင့်တဲ့ ခံစားခွင့်လည်း ရှိဦးမယ်။ ကျွန်မ ပြောချင်တာက ဘဝတစ်လျှောက်လုံးမှာ တစ်ခါတည်းပဲ ဒီကိစ္စကို ဆောင်ရွက်တာပါ။

ကျွန်မဟာ ပြည့်တန်ဆာ တစ်ယောက် မဟုတ်ပါဘူး။ ပြောရရင်တော့ လူတစ်ယောက်ဟာ တစ်ခါလောက် အံ့ဩစရာ ဓာတ်ပုံကောင်းတစ်ခု ရိုက်ဖူးရုံနဲ့ ဓာတ်ပုံဆရာ ဖြစ်မလာနိုင်ဘူးလေ"ဟု ပြောဆိုခဲ့ဖူးသည်။

သူမသည် လေလံအောင်မြင်သော ဂျပန်သားနှင့်အတူ ဩစတြေးလျနှင့် အမေရိကန်ကြား ခရီးစဉ်တွင် လေယာဉ်ပေါ်၌ ချစ်တင်းနှီးနှောရမည် ဖြစ်သည်။ သူမအား ယင်းကိစ္စ မတိုင်မီနှင့် ပြီးဆုံးချိန်တို့တွင် အင်တာဗျူးရန်လည်း စီစဉ်ထားသည်။

နတ်ဆူ အနေဖြင့် ၎င်း၏ ရုပ်သွင်ကို မီဒီယာများတွင် မဖော်ပြနိုင်အောင် ဖုံးကွယ်ထားခွင့် ရမည်ဖြစ်သည်။ ယခုသဘောတူညီချက်အရ သူမအား လေလံဆွဲ အောင်မြင်သူသည် အပိုဆောင်း ကိရိယာ တန်ဆာပလာများ ယူဆောင်ခွင့် မရှိသလို အကာအကွယ် ပစ္စည်းကို မဖြစ်မနေ ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

နတ်ဆူသည် သူမနှင့် မတွေ့ဆုံမီ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကင်းရှင်းကြောင်း စစ်ဆေးခံရမည်ဟုလည်း သိရသည်။ ဒါရိုက်တာ ဂျက်စတင် ဆဲလ်ဆီ တာဝန်ယူမည့် မှတ်တမ်းဗီဒီယိုအတွက် အလက်ဇန္ဒားအမည်ရှိ လူပျိုတစ်ဦးသည်လည်း မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။ ၎င်းအား နီနီဘီဟု အမည်ဖော်ပြသော ဘရာဇီးလ် အမျိုးသမီး တစ်ဦးက ဒေါ်လာ (၃၀၀၀)ဖြင့် ဝယ်ယူခဲ့သည်။

ကက်ထရီနာသည် လေလံမှ ရရှိသော ငွေကြေးများကို ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် အိမ်ရာဆောက်လုပ်ပေးမှု စီမံကိန်းများတွင် လှူဒါန်းမည် ဖြစ်သည်။ သူမသည် သောမတ်စ် ဝီလျံ ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်အတွက် အပျိုစင်တစ်ဦး ရှာဖွေနေမှုတွင် လက်ခံသဘောတူခဲ့ပြီး ယခုအစီအစဉ်အတွက် လွန်ခဲ့သော (၂)နှစ်က လက်မှတ်ထိုးခဲ့သည်။

ကက်ထရီနာက လေလံမှ ရရှိလာသည့် ငွေကြေးအားလုံး၏ (၉၀)ရာခိုင်နှုန်းနှင့် မှတ်
တမ်းရုပ်ရှင်အတွက် ရရှိမည့် ငွေများမှ ဒေါ်လာ (၂၀၀၀၀)တို့ကို သူမ၏ ဇာတိပြည်
နယ်ဖြစ်သော ဆန်တာ ကက်ထရီနာတွင် နွမ်းပါးသူများအတွက် ခေတ်မီ အိမ်ရာများ
ဆောက်လုပ်မည့် စီမံကိန်းအတွက် လှူဒါန်းသွားမည်ဟု ကြိုတင်ပြောဆိုထားသည်။

Planet News

Wednesday, October 24, 2012

ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ

World Of Wisdom: ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ: " သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ " “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ...

ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ


" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”
လို့ဆိုပြီး အဲဒီဗုဒ္ဓ၊ အဲဒီသံဃာတွေကို ကိုးကွယ်ရမှာပါ၊ ယခုလို အပြောင်းအလွှဲရှိနိုင်တဲ့ ပုထုဇဉ်သံဃာတွေကို ဆိုတာကတော့ နောင်ရေး၊ နောင်ဘဝရေးကို သာသနာ့ဝန်ထမ်းနေတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုပြီးတော့ အားပေးကြရမယ်၊ ဒကာ-ဒကာမတွေက အားပေးကြရမယ်၊ အဲဒီလို အားပေးကြတဲ့အတွက် ဒကာ-ဒကာမတွေမှာ ကုသိုလ်တွေပွါးလို့၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ ပြီးတော့ ဒီကသံဃာတော်တွေကလဲ စိတ်ကောင်းကောင်းထား၊ ကောင်းကောင်းနေထိုင်၊ ကောင်းကောင်းကျင့်ကြတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ အဲဒီလို ဆိုတော့ကာ ဆရာရော ဒကာပါ "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုသလို အချင်းချင်းအားထား၊ ကုသိုလ်တွေပွါးပြီးတော့ ဓမ္မစကြာမှာပါတဲ့ သစွာလေးပါးကို မျက်စိနဲ့ မြင်သလို ဉာဏ်နဲ့ မြင်ကြရလိမ့်မယ်။


ဘုရားရှင် လက်ထက်တော်တုန်းက သာသနာတော်တွင်းက အရှင် သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပတို့ အမှူးရှိတဲ့ သံဃာတော်များစွာ အတွင်းလမ်းကနေပြီးတော့ သူတော်ကောင်းတရားတွေ ပြီးစီးအောင် ကြိုးစားတော်မူခဲ့ကြတယ်၊ အနာထပိဏ်သူဌေး၊ ဗိမ္မိသာရမင်းတို့၊ ဝိသာခါတို့ အဲဒီလို သူတော်ကောင်းတွေက အပြင်လမ်းကနေပြီးတော့ သာသနာတော်ကို ကူညီထောက်ပံ့ခဲ့ကြတယ်၊ အဲဒီတုန်းက ဝိသာခါတို့များ ဘယ်လောက် အမြင်ကျယ်သလဲဆိုတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်၊

"အာဂန္တုတွေများ ကြွလာလို့ရှိရင် တပည့်တော် အမြဲဆွမ်းကပ်ပါရစေဘုရား"  တဲ့၊

"ဝိသာခါ - သင်က ဘယ်အကျိုးထူးကို မြင်လို့ အာဂန္တုက လာသမျှ ဆွမ်းကပ်ချင်သတုန်း"  လို့ မြတ်စွာဘုရားက မေးတော့

"တပည့်တော်များက နောင်ကျတော့ ဘယ်ရဟန်းဖြင့် ပရိနိဗ္ဗာန်စံသွားသတဲ့လို့ မေးပါမယ် ဘုရား၊ အဲဒီလို မေးလို့ ကြွလာဖူးပါတယ်ဆိုတာ သိရတဲ့အခါ အဲဒီ ကိုယ်တော်မြတ်ဖြင့် ငါ့ရဲ့ဆွမ်း ဘုဉ်းပေးဖူးပြီဆိုပြီး အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါလိမ့်မယ်ဘုရား၊ အဲဒါကြောင့် ကြွလာသမျှ အာဂန္တုရဟန်းကို တပည့်တော် ဆွမ်းကပ်ပါရစေဘုရား"  လို့ လျှောက်ပါတယ်။


ဒါကြောင့် 

"သာဂါရာစ - အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြသော ဗိမ္မိသာရမင်း၊ အနာထပိဏ်သူဌေး၊ ဝိသာခါ အစရှိတဲ့ လူဝတ်ကြောင်တို့သည်လည်းကောင်း၊

အနာဂါရာစ - အိမ်ရာမထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ အစရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည်လည်းကောင်း၊

ဥဘော - ဆရာဒကာ နှစ်ဦးတို့သည်၊

အညောညနိဿိတာ - ကိုင်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊ "

အကယ်၍များ ဝိသာခါတို့၊ အနာထပိဏ်တို့၊ ဗိမ္မိသာရမင်းတို့လို ခေါင်းဆောင်တွေ မရှိဘူး၊ နောက်လိုက်တွေလဲ မရှိဘူးဆိုရင် ဒီသာသနာတော်မြတ်ကြီးဟာ ကြာကြာ တည်နိုင်စရာ မရှိပါဘူး။


" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "

သာဂါရာစ - ဧည့်အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြကုန်သော လူဝတ်ကြောင် သူတော်ကောင်းတို့သည်လည်းကောင်း၊

အနာဂါရာစ - အိမ်ရာ မထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော ရဟန်း သူတော်ကောင်းတို့သည်လည်းကောင်း၊

ဥဘော - ဆရာဒကာ နှစ်မျိုးတို့သည်၊

အညောညနိဿိတာ - ကိုင်းကိုကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊

 ယောဂက္ခေမံကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိရောဂ၊ အဝိဇ္ဇာယောဂဆိုတဲ့ ယောဂတို့၏ ပျောက်ပျက်ကုန်ဆုံးရာဖြစ်သော၊

အနုတ္တရံ - အတုမရှိ မြတ်သော၊

သဒ္ဓမ္မံ - သစ္စာလေးတန်၊ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော သူတော်ကောင်းတရားကို၊

အာရာဓယန္တိ - ကိုယ်စီကိုယ်ငှ၊ ပြီးစီးနိုင်ကြစေကုန်သတည်း။
 ......................................
The eXistence မှ
အရှင်ဇနကာဘိဝံသ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် စာအုပ် (စာမျက်နှာ၂၅၃-၂၅၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။