Pages

Saturday, March 10, 2012

ဗိုလ်ချုပ်အောင်ဆန်း♥သွေး NLDကိုမဲထည့်ပေး



အလင်းရှိတဲ့ တို့အမေ  
 ကြယ်တွေခစား လမင်းတစ်ပါး
တုနိုင်းမရ..သူပေးဆပ်နေ...
လရောင်ထိန်လင်း... ၀င်းပခြင်း
အမေ့မျက်နှာ  ချမ်းမြေ့ခြင်းတွေ စုပေါင်းခယ..
မြင်သူတိုင်း ချစ်ကြတယ်...
မသာလဲ တ ..သာလဲ တ တဲ့
ငွေလမျက်နှာ
ရွှေလမျက်နှာ..အမေ့ မျက်နှာကို....
တမ်းတခြင်းတွေ  ရင်ဝယ်လှိုက်ဆူ..တွေချိန်ခဏ...
လူတိုင်းရင်ထဲ  အေးမြကြည်လင်..
 "ရဲ" စိတ်ဝင်တယ်...တွေ့တဲ့ခဏ..
ပေးဆပ်ခြင်းနဲ့   ပြည့်စုံကြွယ်ဝ   
တုနိုင်းမမှီ   ဤလူပြည်မယ်....
ပေးဆပ်ခြင်းကြောင့်  

ရှင်သန်တယ်...
ပြည်သူအသဲစွဲမိစိတ်ဘ၀င်

ခေတ်ပျက်...
ဆိုးချက်ကနာ..
ကျေးဇူးတွေတင်....
ကန်တော့ချင်ရဲ့...
အမေစုကို...
မြတ်နိုး ချစ်ခင်...
ပြည်သူ အသဲ...
စွဲမိစိတ်ဘ၀င်...
ဒီနေ့ရောက်ဖို့...
စောင့်မျှော်ရင်းနဲ့
ကျန်းမာစေကြောင်း...
ဆုတောင်းမိတယ်...။
အစိမ်းရောင်တွေ
အ၀ါရောင်ပြောင်း...
ဆောင်းဦးလေနဲ့  လွင့်ပေါ့ဟယ်...
ဒေါင်းသခင်တွေညီရမယ်...
စည်းလုံးခြင်းကိုပြရမယ်....

ကမ္ဘာအထိ  ဒေါင်းအလံစိုက်ထူ.........
ကျောင်းနရံမှာ..........
ချယ်ထားမယ်...........
မမစုကိုပုခုံးထက်ထား...........
မြန်မာတလွှား  ကမ္ဘာတလွှား..........
.....
လျှောက်သွားမယ်..............
ပလ္လင်ထက်မှာ နန်းတင်မယ်.............

မြန်မာဘုရင်မ..............

ခွတ်ဒေါင်းသခင်မ.....


ပြည်သူအကုန်လုံး
         
ချစ်ကြတယ်.............။ ။

အာဇာနည်♣ သွေး
တိုင်းပြည်ချစ်သော♣ သွေး
သတ္တိရှိသော♣ သွေး
ရဲရင့်သော♣ သွေး

စွန့်လ
ွှတ်အနစ်နာခံသော♣ သွေး
ပေးဆပ်ရင်းရှင်သန်နေသော
သွေး

ဇာတိ♥သွေး

ဇာတိမာန်ခွန်အားပြည့်သော♥သွေး

ပြည်သူကိုချစ်သော♥သွေး

ဗိုလ်ချုပ်အောင်ဆန်း♥သွေး

NLDကိုမဲထည့်ပေး

ခွတ်ဒေါင်းတို့အော်သံ NLDကိုမဲထည့်ရန်
 "အောင်"ပန်းဝေဖြာချမ်းသာစေဖို့ NLD ကိုမဲထည့်စို့
" ဆန်း "သစ်ခေတ်မှီနိုင်ငံတော်သစ်စီ NLD ကိုမဲထည့်မည်
"စု" နိုင်မှအောင်မြင်မည် "စု"နိုင်မှချမ်းသာမည်
" ကြည်" လင်အေးမြစိတ်နှလုံးလှပ

NLD ကိုမဲထည့်ကြ


ဗိုလ်ချုပ်အောင်ဆန်း♥သွေး♥

NLD ကိုမဲထည့်ပေး
.



























































































































Photobucket

“ခွပ်ဒေါင်းမော်ကွန်း”ဆိုတဲ့ သီချင်းအယ်လ်ဘမ်ကို အားမာန် အပြည့်၊
တီးခတ်မှု သံစဉ် မြူးကြွစွာနဲ့ NLD-BG လူငယ်များက
သီဆိုအသံသွင်းပြီး တနိုင်ငံလုံးကို ဒီကနေ့  (၀၁-၀၃-၂၀၁၂)မနက်က
စပြီးဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။

သားသားလေးရဲ့ မာတီဒိုင်ယာရီမှာ ထည့်ထားချင်တာနဲ့ ဒီသီချင်းများကို သစ်ထူးလွင်ဆိုက်ကနေ ဒေါင်းယူထားတာပါ။
http://amaetharr.multiply.com


ခွပ်ဒေါင်းမော်ကွန်း

ခွပ်ဒေါင်းလာပြီ

သူငယ်ချင်းရေ

ဒို့ပြည်ထောင်စု

ဒေါင်းအိုဝေသံ

Attachment: ခွပ်ဒေါင်း မော်ကွန်း.mp3
Attachment: ခွပ်ဒေါင်းလာပြီ.mp3
Attachment: သူငယ်ချင်းရေ.mp3
Attachment: ဒို့ပြည်ထောင်စု.mp3
Attachment: ဒေါင်းအိုဝေသံ.mp3

Friday, March 2, 2012

♥♥ငါနားလည်တဲ့အချစ်ဆိုတာ♥♥


♥♥ငါနားလည်တဲ့အချစ်ဆိုတာ♥♥

အချစ်ရေ............

ငါနားလည်တဲ့အချစ်ဆိုတာ......

ပန်းပွင့်လေးတွေလိုလှပနေပါတယ်

အချစ်ကြောင့်ကြည်လင်တဲ့စမ်းချောင်းလေးတွေဟာ ဂီတသံစဉ်တွေတီးခတ်နေတယ်

ငှက်ကလေးတွေကလည်း  အချိုသာဆုံးချစ်သီချင်းတွေကျူးရင့်ပြီး

အတောင်ခတ်ကာပျံသန်းနေတယ်

သစ်ရွက်စိမ်းလေးတွေလဲလှုတ်ခတ်လို့ အချစ်တွေနဲ့ကခုန်နေကြတယ်

လိပ်ပြာလေးတွေဟာတောင်ပံခတ်ပြီးဘေးနားမှာဝဲပျံနေကြတယ်နော်

အေးမြတဲ့လေပြေညှင်းတွေက မင်းဆီကိုမွှေးပျံတဲ့ပန်းရနံတွေ ဆောင်ယူလာကြပြီး

ကောင်းကင်ပေါ်က တိမ်ဆိုင်တွေဟာ အချစ်ကြောင့်အပြာရောင်သန်းနေတယ်

မြတ်နိုးယုယပြီးပြင်းပြတဲ့ချစ်စိတ်တွေနဲ့ မင်းနှုတ်ခမ်းတွေက င့ါကိုပြုံးပြနေတယ်

ရောင်စုံကောင်းကင်ကြီးကတော့
တိမ်တွေနဲ့ မင်းရဲ့ကျက်သရေရှိတဲ့ ခန္ဓာကိုယ်ကို
ပန်းချီရေးနေတယ်

 အချစ်ကြောင့်ပေါ့ မင်းရဲ့မျက်လုံးလေးတွေဟာ ကြယ်လေးတွေလို  တောက်ပနေတယ်

ငါနားလည်တဲ့အချစ်ဆိုတာ အာရုံတက်ချိန်မနက်နေခြည်လို   စိတ်တွေကို နွေးထွေးနေပါတယ်

တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေလည်း

စိတ်ရောင်စဉ်သက်တန့်တွေဟာဆက်သွယ်နေတယ်နော်

အချစ်ဟာအေးမြခြင်း မြတ်နိုးခြင်း တည်ငြိမ်ခြင်း သာယာလှပခြင်းတွေ ယူဆောင်လို့ပေါ့

သိပ်ချစ်ရတဲ့ချစ်သူရယ်........♥♥