Pages

Sunday, January 8, 2012

မ..မ ♥အမေနေ့♥ကံကောင်းခြင်းယတြာ မိဘဂုဏ်(၁၂)ပါး ဂုဏ်တွေသိတော့ပိုပြီးလေးစားတက် လာတာပေါ့။

 အမေ့ကို တန်ဖိုးထားလေးစားရာရောက်အောင်

အမေနေ့  ဆိုပြီး  အမှတ်ရနေလျှင် အမေနေ့ကိုမမေ့သလို

အမေကို ယ္ခုအချိန်ထိ ထမင်းခူးကြွေး မခိုင်းပါနဲ့။

အမေကိုအင်္ကျီ လုံခြည် လျှော်ဖွတ်မခိုင်းပါနဲ့။

အမေကို ဥပုဒ်သီလ  ဘာဝနာပွားများနိုင်အောင် 

တစ်ဖက်တစ်လမ်းမှနေ၍  စောင့်ရှောက် တိုက်တွန်းပို့ဆောင်လမ်းပြပေးပါ။

အမေကိုချစ်ရာရောက်အောင် ကိုယ့်တာဝန်ကိုယ် ယူနိုင်တတ်အောင်လေ့ကျင့်ပါ။

 မိမိ ဝေယာဝစ္စ  မိမိဘာသာလုပ်ကိုင်ပါ။

အမေကိုပြုစုစောင့်ရှောက်ရာ ရောက်ပါတယ်။

မိမိဝေယာဝစ္စ ကိုမိဘမှလုပ်ပေးနေရသော သားသမီးများသည်

အောင်မြင်သင့်သလောက် မအောင်မြင်ပေ။

ကောင်းမွန်သော အလုပ်အကိုင် ရရှိနိုင်သော လဘ်လာဘ နည်းပါး၏။

ချက်ချင်းလက်ငင်း သူတပါးနည်းတူ ကံမကောင်းနိုင်ပေ။

 မိဘမှ
ဝေယာဝစ္စ သား၊ သမီးအား ချစ်လို့ပြုမူ ဆောင်ရွက်လုပ်ပေးနေခြင်းကြောင့်

မိမိ၏ ဘုန်းကံမှာ မိဘများ အားစောင့်ရှောက်သောသူနှင့်မယှဉ်ပြိုင်နိုင်ပါ။

မိမိကံကောင်းချင်လျှင် မိခင် ဖခင် အားမခိုင်းစေပါနှင့် မိမိဝေယာဝစ္စ

မိမိသာလုပ်ကိုင်ဆောင်ရွက်ပါ။


အချိန်မအားဘူးဆိုသော လူဖျင်းစကားကို မပြောပါနှင့် မအားသည့်ကြားမှ

တာဝန်ယူလုပ်ဆောင်ကြည့်ပါ၊


အမေနှင့်မှီသော   ကုသိုလ်ကို အမေအဖေရှိသော အခါတွင်အရယူပါ။

ကံကောင်းချင်လျှင် ယတြာမလိုပါ။

မိမိ၏ အမေ  အဖေကို  မိမိ၏ဝေယာဝစ္စ ဘာမှမလုပ်ပဲ

သင်တာဝန် သင်ယူပြီး စောင့်ရှောက်ပါ။

မကောင်းသောကံများ မကောင်းသောဂြိုလ်များသည်  သင့်ဘေးမှ  ရှောင်ရှား၍

သူများထက် သာလွန်သော ကောင်းမွန်သော လုပ်ငန်းဆောင်တာ

 စည်းစိမ်ဥစ္စာ ကံကောင်းခြင်းများရရှိမည်မှာ မြေကြီးလက်ခတ် ဧကန်မလွဲ
အမှန်ပင်  ရရှိပါလိမ့်မည်။

မိတ်ဆွေ
သင် ကံကောင်းချင်လျှင်အမေ၊အဖေကို တန်ဖိုးထားလေးစား  မိမိတာဝန်မှန်သမျှ

သင့်ဝေယာဝစ္စကို  သင်ကိုယ်တိုင်ယူဖြစ်အောင် ယူနိုင်ပါစေ

ဆန္ဒပြုဆုချွေပြီးအမေနေ့မှာ


အမေနှင့် ဆက်စပ်ပတ်သက်သော ကံကောင်းခြင်းများရရှိနိုင်ပါစေမိတ်ဆွေ။

မ..မမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။

၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။

၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။

၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။

၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။

၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။

၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။

၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။

၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။

၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။


မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။

အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။

အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက

မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။

ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါ
သည်။

အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.


၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦး
ဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီး
ကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိ
ဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

ဤစာပေနှင့် မွေးမေကျေးဇူးဆပ်ခြင်းပါ။







♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥

Saturday, January 7, 2012

အလွမ်းနဲ့ငါ






အလွမ်းနဲ့ငါ

အလွမ်းဆိုတာမွေးရာပါ အဖော်တစ်ယောက်


အလွမ်းဆိုတာ စိတ်နာစရာ ဒဏ်ရာတစ်ခု

အလွမ်းဆိုတာ ကြည်နူးခြင်း

တမ်းတခြင်း နာကျင်ခြင်း

မျှော်လင့်ခြင်းတွေနဲ့သူငယ်ချင်း

အလွမ်းဆိုတာ သေရာပါ အမှတ်တစ်ခု

သံသရာ အကြွေးတွေထပ်ပြီး

အတိုးရောအရင်းရောတောင်းနေတော့

အလွမ်းနဲ့ငါခွဲခွါလို့မရဘူး

အလွမ်းတွေက ငါ့နှလုံးအိမ်ကို 

ပင့်ကူတစ်ကောင်လို ရစ်ပတ်တုတ်နှောင်ထားတယ်

ဒီ
အလွမ်းအိပ်မက်က ဘယ်တော့မှလွတ်မြောက်နိုင်ပါ့မလဲကွယ်.......

အလွမ်းဆိုတဲ့ မြွေလေးတစ်ကောင်ကို ချစ်ခင်မြတ်နိုးနေမိတယ်

အဲ့ဒါဟာ ငါ့ရဲ့ချစ်ခြင်းမေတ္တာတရားတွေပေါ့........... .

လွမ်းလို့
 http://api.ning.com/files/v*h8gtqSuCleNjawXIQddlwIJI9VXnL0p*6VIiB*1rqUlUx5*W5E7R6*
SVynlkUXCs3Kd*ezgccqXqq9JcKr2wQfluN2vhw9/lwanloe.swf
အလွမ်းလေးတွေမြင်ကြည့်တတ်ရင်သိလိမ့်မယ်

MMG မာတီအမှတ်တရ




မာတီမောင်နှမများအမှတ်တရ

အသက်သခင် ကျေးဇူးတော်ရှင် မြကျောက် ဆရာတော်ဘုရား




ကျေးဇူးတော်ရှင် မြကျောက်ဆရာတော်ဘုရား

မေမြို့ဒိုးပင်ကွင်းဆရာတော်ဘုရား
နှင့် ဖူးစာရှင်လေးပရဟိတ

Thursday, January 5, 2012

ပြုံးပြနိုင်မလားငါ့အတွက်ပေါ့

 

Will you smile to me ?
------------------------------
----------------------

My darling ...

Come here ~
And smile to me
Like a wild flower
Blossoming in the garden
If you are smiling,
The flowers would have blossomed ...
In this love garden
My darling ...
The butterflies will come after that
If you smile to me,
Why do you cry like
A rainy season ?
I do not want to know
What is the reason
My heart is so painful for it
If i see your tear drops
Falling on the earth
I wish to see all the time
In the happiness ...
Bring your wine
And drink with me
Say !! to me
with your eyes
Sing to me...
the love words
As your songs
Tell me about your crying
Like a cool breeze
To be listened
As you servant, silently
So, i will be satisfied for it
Come here ~
And smile to me
Like a wild flower
Blossoming in the garden
If you are smiling,
The flowers would have blossomed ...
In this love garden
My darling sweet heart

By Michael Ko <3>


 Will you smile to me ?
------------------------------
----------------------
ပြုံးပြနိုင်မလားငါ့အတွက်ပေါ့

ပန်းဥယာဉ်ထဲမှာပွင့်နေတဲ့ ပန်းရိုင်းလေးနဲ့တူတဲ့အပြုံးလေး
နဲ့ဒီကိုလာပါ

ဒီအချစ်ဥယာဉ်ထဲမှာ ပန်းများစွာဖူးပွင့်စေတဲ့မင်းအြ
ပုံးများနဲ့ပေါ့

ချစ်သူရေ

မင်းရဲ့အပြုံးတွေနောက်မှာ လိပ်ပြာလေးတွေလာစေတယ်

မိုးရာသီမှာမင်းဘာကြောင့်ငိုကွေ
ျးရတာလဲကွယ်

ငါမသိချင်ဘူးအကြောင်းပြချက်ကိုေ
ပါ့

အဲ့ဒီအတွက် ငါ့နှလုံးသားဟာ အရမ်းကို နာကျင်ရပါတယ်

ကမ္ဘာမြေပေါ်ကိုကျတဲ့ မင်းမျက်ရည်ကို  ငါမြင်တိုင်း ရင်
နာတယ်

အချိန်တိုင်းမှာ  အပျော်တွေပြည့်ေ
နတဲ့ မင်းကိုမြင်ချင်တာ
ငါ့ရင်ထဲကဆန္ဒပါ

ငါနဲ့အတူသောက်ရအောင် မင်းရဲ့ဝို
င်တွေကို  ယူဆောင်ခဲ့ပါလားကွယ်

ငါ့ကိုပြောပြပါ မင်းရဲ့မျက်လုံးေ
လးတွေနဲ့ပေါ့

ငါ့ကိုဆိုပြပါမင်းရဲ့အချစ်စကား
လုံးတွေနဲ့သီဖွဲ့ထားတဲ့ သီချင်းတွေနဲ့ပေါ့

အေးစက်တဲ့ မင်းရဲ့ငိုကြွေးသံတွေကို ငါ့ကိုပြောပြနိုင်မလားကွယ်

မင်းရဲ့အစေခံတစ်ယောက်လိုပေါ့   ငြိမ်သက်စွာ နားထောင်ပေးပါ့မယ်

ပန်းဥယာဉ်ထဲမှာပွင့်နေတဲ့  ပန်းရိုင်းလေးနဲ့ တူတဲ့ အပြုံးလေးနဲ့ဒီကိုလာပါ

ဒီအချစ်ဥယာဉ်ထဲမှာ ပန်းများကိုဖူးပွင့်စေတဲ့  မင်းအပြုံးများနဲ့ပေါ့

translated  by♥ Ma..ma♥
♥      ♥
♥      ♥

Wednesday, January 4, 2012

ဘယ်သူမှ မရှိလည်းဖြစ်ပါတယ် မိမိကိုယ်ကို စိတ်ခွန်အား စားသုံးနေထိုင်တတ်ပါစေ.....

ဆိုဒ်ပိုင်တယောက်၏ မထားသင့်သောစေတနာ  အမှား

အက်မင်ရေးသောစာ သာ တန်ဖိုးထားခြင်း အသိအမှတ်ပြုခြင်း


 အက်မင်တယောက်မရှိ  ဘ၀ပျက်မလိုခံစားမိခြင်း

 အက်မင်မျက်နှာကိုသာကြည့်တတ်ခြင်


 ကိုယ်နဲ့ပလဲနံပသင့်သူသာ ဆိုဒ်ထဲတွင် လူဟုထင်ခြင်း နိုင်းဆိုဒ်တိုင်းတွင်

ထိုကဲ့သိုဖြစ်နေပါသည်
 စာပေလောကတွင်လည်း အုပ်စုစွဲ ၍ ရေးသူဖက်မှနေ`ဖတ်သူကိုအားမနာ
 ကိုယ်အက်မင် ကိုယ်ခိုင်းစေရာလုပ်ပေးသူ ဟေးလေးဝါးလား ပေါတောတော

ကြောင်တောင်တောင်နှင့်စာပေများ ကိုလူဖတ်များသလို

နိုင်းဆိုဒ်ပိုင်ရှင်များမှလည်း  လူရွေး၍ မျက်နှာသာပေး
 စာမျက်နှာပေါ်မှ တစ်လနဲလည်းမပြီး၂လနှင့်လည်းမရွှေ့ပြောင်းသောစာများကို

သာတစ်သမတ်ထဲထား တင်ထားတတ်ကြပါသည်
 မတောက်တစ်ခေါက် ယခုမှလက်စမ်း ကာ ကလောင်စသွေး  စာစရေးသော

သူများအားဘေးသို့ပို့ကာ စာပေလောကထဲ ခေါ်ယူလက်တွဲပေးဖို့ရာ သင်ပြပေးဖို့ရာ

 ပြုလုပ်ဆောင်ရွက်
သင့်ပေမယ့်ထိုအကျင့်ကို လုပ်သင့်သည်မှန်သော်လည်း မလုပ်မိကြပါ
 မိမိခင်ရာမင်ရာ ပေါင်းသင်းရာကိုသာ  ပုလင်းတူဘူးစို့ဆိုသလို

နေထိုင်တတ်ကြသည့် လူလောကတွင် မပြောင်းလဲသေးသော ပြောင်းလဲပြုပြင်

ရကောင်းမှန်း မသိသော ဥာဏ်ဆိုးကြီးကို သေရာပါဆုတ်ကိုင် ထားတတ်ကြလေသည်။
 လူသားတို့၏  စာပေဖြန့်ဝေရာ စာပေပန်းဥယာဉ် တောကြီးတွင် လူပေါင်းစုံ

စရိုက်ပေါင်းစုံတွေ့ကြုံရလေသည်
 ရေးသောစာနှင့်  စိတ်ထားများကား  ဂုဏ်ယူစရာကောင်းသလို

တစ်ချို့တစ်ချို့တွေသည်ရွံ့ရှာ စက်ဆုတ်ဘွယ်ရာ  အင်မတန်မှကောင်းနေသည်မှာ

 ငြင်းချက်ထုတ်ရန်မလို လက်ခံရသည့် အဖြစ်များကား  မျက်ဝါးထင်ထင်


ကိုယ်တိုင်ပင်မြင်တွေ့သိရှိခဲ့
ရသည် မထင်ထားသော မထင်မှတ်သောအပြုအမှုလုပ်ကိုင်

်  ဆောင်ရွက်ချက်များ ကိုဘယ်တော့မှ မမေ့တော့မည့်  ဘ၀တွင်အမှတ်ထင်ထင်

ရှိခဲ့သော
အရာများထဲတွင် ၀င်ရောက်နေရာယူသော အကျင့်စာရိတ္တပိုင်း

ပ်က္သည့္သူမ်
ား လောကပါလတရား  မစောင့်ထိမ်းသူများကိုကြုံတွေ့ မိခဲ့ရပါသည်

ညစ်ညမ်းစာပေကို ဟာသလိုရေး၍
  တဟီဟီလုပ်သောသူများ တဟားးဟား

ပျော်သောသူများ မသိချင်ယောင်ဆောင်သောသူများ
 အဓိက သာမညခွဲခြား ပြုလုပ်ရကောင်းမှန်း မသိသောသူများသည်

ဘ၀တွင် အလွန်ပင်အောက်တန်းနောက်တန်းကျပေသည်


 စာပေဘယ်လိုသင်သင်

စည်းစိမ်ဥစ္စာ ဘယ်လိုကြွယ်ဝနေစေ


ထိုသူသည်ကား အသိခေါက်ခက်အ၀င်နက်

 စုံလုံးကမ်းထက်ဆိုးရွားလှပေသည်
 ဘယ်လိုပင်ညွန်ပြပြောဆိုသွန်သင်သော်လည်း
 နံသာဆီနဲ့ အညစ်အကြေးကို မခွဲခြားတတ်သောသူနှင့် တူနေပေသည် ထိုသူသည်

အာရုံ တမျိုးမျိုးချို့ယွင်း ပျက်စီးနေသောသူနှင့် လွန်စွာမှတူလေသည်

ဘုရားဟောထားသောတရာများတွင်အာရုံ သိမှု့မှတ်မှု့လေ့ကျင့်မှု့ စရိုက်လက္ခဏာ


ဓလေ့စရိုက်သည် သူ၏ အတိတ်ဘ၀ ပစ္ဇုန်ပန် အနာဂတ် ကိုဖျက်စီးနေသော

ထိုသူသည် သူ၏ ဘ၀များစွာကို ဖျက်စီးမိနေသောသူ မိမိကိုယ် မိမိ

ဖျက်စီးလို့ပျက်စီးနေတာမသိသော သူနဲ့တူ၏ လွန်စွာမှ လူဖြစ်ရှူံး၍

လူ့ဘ၀တွင်ခဏရောက်လည်း အသိတရားမရှိသူ
 လူဖျင်း လူနုံ့ သူတပါး၏ နှာခေါင်းပေါက်နှင့်သာ အသက်ရှင်သန်သူ  ဖြစ်နေပေသည်

ကောင်းမွန်သော စိတ်ထားကိုပြောင်းလဲကာ

 သူမရှိလည်းဖြစ်တယ် ငါမရှိလည်းဖြစ်တယ်  မင်းမရှိလည်းဖြစ်ပါတယ်ဟ

ုစိတ်ထား၍ မှန်ကန်တည့်မတ်သော လမ်း စည်းစနစ် အကျင့် ဓလေ့ စရိုက်ကို


လေ့ကျင့် မွေးမြူ၍
  မိမိကိုယ်တိုင် အမှားအမှန်  ဝေဖန်ပိုင်းခြား ကျောသား  ရင်သား

  မခွဲခြားပဲ ပေါင်းသင်း  ဆက်ဆံနိုင်တတ်အောင်
 မိမိ၏စိတ်ဓါတ် အကျင့်စရိုက်ကို မိမိကိုယ်တိုင် အဆိုးအကောင်း  အကျိုးအကြောင်း

ဝဖန်ပိုင်းခြား၍  မည်သူ့ဖက်မှ ဘက်လိုက်မှု့မရှိ  မည်သူ့ဘက်မှ ချိန်ခွင်မသာပဲ

တန်ဖိုးမဲ့သော  လူတန်းစာထဲမှနေ၍  တန်ဖိုးရှိသော  လူတန်းစား ဖြစ်အောင်


မိမိကိုယ်တိုင်သာလေ့ကျင့်လိုက်
နာနိုင် တန်ဖိုးမဖြတ်နိုင်သော  ရတနာ အစစ်ထဲမိမိဝင်

နိုင်အောင် ယခုလူဘ၀မှာပင် လေ့ကျင့်ပြောင်းလဲနိုင်ပါစေ

အုပ်စုထား၍ ၀ိုင်းဖွဲကိုက်တတ်သော

 လူခွေးများဘ၀မှ  လျှင်မြန်စွာလွတ်ကင်းနိုင်ကြပါေ
စဟုဆန္ဒပြုလျှက်

ဘယ်သူမှ  မရှိလည်းဖြစ်ပါတယ်ဟု

 မိမိကိုယ်ကို စိတ်ခွန်အား  စားသုံးနေထိုင်တတ်ပါစေ.....

အမှန်မြင်၍  အမြင်မှန်နိုင်ကြပါစေ....