Pages

Monday, December 19, 2011

♥♥အရပ်ပျက်မှာ ဇာတ်ပျက်ကနေသလား♥♥ ဒဿန စကားပုံ

ပေါကြောင်ကြောင်နဲ့ ရူးချာချာဟာ  တစ်စုဖွဲ့ ပြီးနေထိုင်တယ်

  သူတို့မွေးဖွားလာတာလေးတွေကတော့

ချာတာတာလေးတွေဖြစ်နေကြတာကို မသိကြဘူး 

မမြင်မကန်းနဲ့  ရူးနန်းနန်းလေးတွေထပ်ပေါက်ဖွားလာပြန်တယ်

ပတ်ဝန်းကျင်ကိုထည့်မတွက်တတ်တော့ စမ်းတ၀ါးဝါးနဲ့အရူးဘုံမြှောက်တော့ 

ချေးခြောက်ကောက်သလိုဖြစ်နေတော့တာပေါ့

စမ်းတ၀ါးဝါးတွေကလည်း ဘာလုပ်လုပ်ဘာပြောပြော 

လက်ခုတ်လက်ဝါးတီးပြီးအားပေးလိုက်ကြတာ

ပုလင်းတူဘူးဆို့ စိတ်တူဝါသနာတူ


အရပ်ပျက်မှာ ဇာတ်ပျက်ကနေသလားတောင်ထင်မိတယ် 

စောင်းမြောင်းပြောဆိုတတ်ကြတာတော့ ငကန်းသေလို့ 

ငစွေပေါ်နေသလားမှတ်ရတယ်

ပညာတော့တတ်ကြပါရဲ့  စာတွေတော့တတ်ကြပါရဲ့ အသိမရှိဖြစ်နေတယ်   
 
 အသိလေးနည်းနည်းလောက်ရောင်းပါ လက်ဆောင်ပဏ္ဍာလေး 

ပေးချင်လို့ပါဆိုပြီးပေးပို့ချင်ပေမယ့်

အသိကလည်းငွေပေးပြီး ၀ယ်ကပ်ပေးလို့မရဘူး 

သူတို့ရဲ့အရှက်တရားဟာဆိုရင် ရှက်လိုက်တာဆိုပြီး  ရှက်စရာကောင်းတယ်ဆိုပြီး 

မျက်နှာကိုလက်ဝါးလေးနဲ့ကွယ်နေပေမယ့် လက်ကြားထဲကချောင်းကြည့်သလိုပေါ့
 
ကလေးငယ်လေးလိုရှက်လို့ဆိုပြီး  
စကပ်လှန်မျက်နှာအုပ်ထားပြီး ရှက်သလို 
ဖြစ်နေတယ်

ပေးကားပေး၏မရ  ကျွေးကားကျွေး၏ မ၀  ချစ်သူတစ်ရာနည်း၏ 

မုန်းသူတစ်ယောက်များ၏

ပါးစပ်တစ်ပေါက်ပိတ်ရန်မလွယ်  ၀ါးတစ်ရာသာပိတ်ရန်လွယ်၏ 

သေချာကြည့်လေ ဆင်သေကို ဆိတ်သရေနဲ့ဖုံး  ပြီး 

လဒ အောင်သေအောင်သားစား နေတာကိုသာထင်မြင်မိတယ်


ဒီစာစုလေးထဲမှ  ယူချင်တာယူပြီးထားချင်တာထားခဲ့ပါ

လွတ်ကင်းနိုင်အောင်  မိမိကိုယ်ကို  သာပြုပြင်ပါ။


Friday, December 16, 2011

♥♥အမှားကြည့်ပဲဖြစ်နေတယ်♥♥

♥အမှားကြည့်ပဲဖြစ်နေတယ်♥



မသေချာတာ သေချာနေတာလား



မနက်ဖြန်ဆိုတာ မသေချာဘူး



မြင်မြင်သမျှ သင်္ခါရပါ



အနိစ္စ ဒုက္ခ အနတ္တ တရား



ပြန်ဆန်းစစ်ပေါ့



သေချာစမ်းစစ် မသေချာဘူးဖြစ်နေတာ



ဝင်သိ ထွက်သိ ၀င်သတိ ထွက်သတိ အဖော်မရှိဘူး



အဖန်ဖန်အထပ်ထပ် ၃၁ ဘုံတွင်း ၀ဲ လှည့်ရင်းပေါ့



စိတ်သွားတဲ့နေရာ

ကိုယ်ပြုသည့်ကံရောက်နေတာ



နိမ့်တုံမြင့်တုံ ၍လူ့ဘုံ ဆုံလည်နွားပမာ



ခိုင်းသည့်ဝန်ကျေ စေသည့် စိတ်နောက်



တကောက်ကောက်ပါ ဘာပဲဖြစ်ဖြစ်



တရားမသိပဲ အမှားကြည့်ပဲဖြစ်နေတာ............။