Pages

Thursday, December 15, 2011

ခရစ္စမတ် လက်ဆောင်ပုံလေးများနှင့်အတူ နှစ်သစ်ဆုတောင်းလေးသူငယ်ချင်းအားလုံးအတွက်လက်ဆောင်မွန်



123tagged.Com

123Tagged.com - More Merry Christmas Comments


123tagged.Com

123Tagged.com - More Merry Christmas Comments



123tagged.Com

123Tagged.com - More Merry Christmas Comments


မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ

123tagged.Com

123Tagged.com - More Merry Christmas Comments






ခရစ်စမတ်ပွဲတော်လေးကို ညီအမများ မိတ်ဆွေများ









♥♥♥♥♥♥♥♥♥♥
♥♥♥♥♥♥♥♥♥♥












နှစ်သစ်မှာ
ဘေးရန်ကင်းလို့ပျော်ရွှင်ကြပါစေ











သူငယ်ခြင်းလေးတို့၏
စိတ်နှလုံး



မနက်ခင်းနေခြည်လေးလိုတောက်ပနိုင်ပါစေ


သူငယ်ခြင်းလေးတို့၏
စိတ်နှလုံး




လေပြည်လေးလိုအေးမြပါစေMerry<br />Christmas


သူငယ်ခြင်းလေးတို့၏
စိတ်နှလုံး



ရေကြည်လေးလိုလည်းကြည်လင်ပါစေ




သူငယ်ခြင်းလေးတို့၏ စိတ်နှလုံး

ပန်းလေးလိုလည်းလှပနိုင်ပါစေ


123tagged.Com

123Tagged.com - More Merry Christmas Comments


သူငယ်ခြင်းလေးတို့၏
စိတ်နှလုံး

နေရောင်ခြည်လေးလိုနွေးထွေးပါစေ


သူငယ်ခြင်းလေးတို့၏
စိတ်နှလုံး




ဆောင်းလေနှင့်အတူအေးမြပါစေ


123tagged.Comသူငယ်ခြင်းလေးတို့၏အလုပ်အကိုင်မှာ



ကံကောင်းခြင်းတွေရရှိ၍အောင်မြင်ပါစေ


123tagged.Comသူငယ်ခြင်းလေးတို့၏အိမ်ဂေဟာမှာ



ကောင်းမြတ်သောမင်္ဂလာအပေါင်းခညောင်းပါစေ


123tagged.Comတစ်အိမ်လုံးကျန်းမာ
တစ်အိမ်လုံးချမ်းသာ




Merry<br />Christmas

မင်္ဂလာအပေါင်း ခညောင်းပါစေ

123tagged.Com

123Tagged.com - More Merry Christmas Comments


ပျော်ရွှင်စရာနှစ်သစ်မှာလိုအင်ဆန္ဒတွေပြည့်ဝပါစေ


Happy<br />New Yearပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ


မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ





123tagged.Com




123Tagged.com - More Merry Christmas Comments




123Tagged.com - More Merry Christmas Comments


123tagged.Com

123Tagged.com - More Merry Christmas Comments





123Tagged.com - More Merry Christmas Comments


123tagged.Com

123Tagged.com - More Merry Christmas Comments




123Tagged.com - More Merry Christmas Comments


123tagged.Com

123Tagged.com - More Merry Christmas Comments



123tagged.Com

123Tagged.com - More Merry Christmas Comments


123tagged.Com


123tagged.Com

123Tagged.com - More Merry
Christmas Comments

123tagged.Com

Tuesday, December 13, 2011

♥ငရဲ ဓားထမ်း စောင့်နေသည်♥



♥ငရဲ ဓားထမ်း စောင့်နေသည်♥

လူဘုံကာမ လောကတွင်းမှာ

ပိုးထိုး လောက်ကိုက် ကာမ အမှောင်တိုက်

သူကျော် ငါ့နင်း အပါယ်ဘုံအတွင်း

လောကီအလုပ် အစုပ်အနုတ် ဒီအထုတ်ကို

ပြုံးပျော်မြူးထူး ကာမဘုံတွင်း လှည့်လည်ရင်းပေါ့

သူဗိုလ်ငါလုပ် ငါ့ဗိုလ်သူလုပ်

ကြီးနိုင်ငယ်ညှင်း သတ္တ၀ါ အခြင်းခြင်း

အာရုံကျရာ ကျက်စား နေထိုင်

လူ့ဘလချာ လူ့ငနာတို့

မယားဝရေး သားသမီးအရေး ဆွေမျိုးအတွက်

ဘယ်သူကိုမှ မငဲ့ကွက်ပါ

သေမည့်ရက်လဲ မကြည့်တတ်ပါ မသိတတ်စွာ

သားစဉ်မြေးဆက် တစ်ဝမ်း အပြင်အထုတ်ဆင်လို့

ဘယ်သူ့ဘယ်လို ညစ် ဘယ်သူ့ဘယ်လိုပြစ်

သူရှိသည်ကားလူရွာညစ်၏

နောင်မှနောင်တ ရမည်မထင် ငရဲသွားဖို့သူကပြင်

ဘယ်လိုစကား ဘယ်လိုသူထား

လူပြည်နတ်ရွာ လက်မခံပါ

လူငနွားများသွားရာ လမ်းကား

ငရဲ ဓားထမ်း စောင့်နေသည်.....

Monday, December 12, 2011

ဒုတိယအကြိမ် ♥ပရဟိတအလှု့ရှင်များ ကိုဖိတ်ခေါ်ပါတယ်♥ပထမအကြိမ်ပရဟိတ လှူဒါန်းသောပုံများ

ဒုတိယအကြိမ် ထပ်မံ၍ ချစ်သူမြို့တော်နှင့်ဖူးစာရှင်မှ လှူဒါန်းသော အလှုရှင်နေမင်းခိုင် လှုဒါန်းငွေ150000(တစ်သိန်းငါးသောင်းတိတိကို USAမှထပ်မံလှုဒါန်းပါတယ် ဤပရဟိတ ကုသိုလ်အဖို့ဘာဂကိုလည်း အမျှပေးဝေပါတယ်
ကြားကြားသမျှ (၃၁)ဘုံသားအားလုံး
အမျှ ..အမျှ....အမျှယူတော်မူကြပါ




မေမြို့သို့ သွားရောက်လှူဒါန်းကူညီပေးသော
ဘုန်းဘုန်းဦးဝရသာမိ





.











http://yinminkhine.multiply.com
naingthu2008 - 50000 ( ငါးသောင်းကျပ် )သင်္ဘောသား
barlarlar.bll - 50000 ( ငါးသောင်းကျပ် )ကိုးရီးယား
ရာမည - 50000 ( ငါးသောင်းကျပ် )စင်္ကာပူ
မမိုးငယ် -10000 (တစ်သောင်း)မန္တလေး
Lohan lin -5000(ငါးထောင်)ရန်ကုန်
သိမ့်- 27000 (နှစ်သောင်းခုနှစ်ထောင်)ထိုင်း
ကဝေပျို - 10000 (တစ်သောင်း)မန္တလေး
နုနု - 5000(ငါးထောင်)ရန်ကုန်
ကိုထွန်းဝင်းလတ် ၂၀၀၀၀ (နှစ်သောင်း)မာတီ=MMG

ကိုထူးအောင်+မလင်းထက်ထက်အောင်
သားခန့်ဇော်လင်း50000(ငါးသောင်းကျပ်)မလေးရှား
သိမ့်-40000(လေးသောင်းကျပ်)ထိုင်း-
ယူကီကို-100000(တစ်သိန်းကျပ်)ဂျပန်-

မာတီ=MMG -မှ-ဗလာစာအုပ်7 ဒါဇင် ဘော့ပင်အချောင်3း00
မိတ္ထီလာပရဟိတသို့အလှူငွေ
နီယွန် 10000(တစ်သောင်းကျပ်)
မင်းသားကြီး ၁၅၀၀၀(တစ်သောင်းငါးထောင်ကျပ်)
လစဉ်အလှူရှင်
ဟန်နီ-3လx10000=သုံးသောင်း

ဆက်သွယ်ရန်လိပ်စာ
ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -
ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆

ရန်ကုန်- ဖြိုးစည်သူ၊ ဖုန်း-0949237030
(Aသွေးလိုအပ်လျှင်လည်းဖုန်းဆက်ပါ။0949237030)
ရာမည စင်္ကာပူ ဖုန်း- 98587714 -81957285
မ သူ _ 96605787
မ မေ စင်္ကပူဖုန်း _ 98581733
ငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943.
ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉
ကိုးရီးယား ဖုန်း ဘိုဘို- 821023497257
မမြင်မသိခင်မင်ကြသည့် ဘ၀ဟောင်းမှသံသရာရေစက်
အတူတူစုံခဲ့ဖူးသည့်
အတူတူလှူခဲ့ဘူးသည့် မိတ်ဆွေအပေါင်းအား
ကျေးဇူးတင်ရှိပါသည်
ထပ်မံ၍လည်းလှူဒါန်းနိုင်ကြပါစေ
သိတတ်သည့်အချိန်မှစ၍ပြုလုပ်ခဲ့သော
ကုသိုလ်အပေါင်းအားအမျှပေးဝေပါတယ်
ဤပရဟိတ ကုသိုလ်အဖို့ဘာဂကိုလည်း အမျှပေးဝေပါတယ်
ကြားကြားသမျှ (၃၁)ဘုံသားအားလုံး
အမျှ ..အမျှ....အမျှယူတော်မူကြပါ
သာဓု
သာဓု
သာဓု
ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်း၍
ကျန်းမာပျှော်ရွှင်ကြပါစေ
မ..မ

Wednesday, December 7, 2011

မျက်စေ့ရှေ့တင် ဖလန်းဖလန်းထလို့

zinyaw17

ကော်နရှင်တွေ ဖလန်းဖလန်းထလို့ မျက်စေ့ရှေ့မှမခွာချင်တယ်



ကော်နရှင်တွေ တစ်အားကောင်းတယ် ထူးထူးခြားခြား ဆန်းဆန်းပြားပြား



သွက်လိုက်တာနော် ကောင်းလိုက်တဲ့လိုင်း



စိတ်တွေလည်းတစ်ကယ်မလေပါဟယ် ဒီပုံအတိုင်းဆို အသက်ရှည်တယ်



ဖျတ်လျှောက်သွားတာတစ်အားမိုက်တယ် ကော်နရှင်တွေတက်နေတယ်



တစ်ကယ် မိမှမိကွယ် အမိုက်စားလေးဟယ် လိုင်းလေးတွေကသွက်နေတယ်



ပြောရင်းဆိုရင်း ရောက်လာတယ် ကော်နရှင်ရယ်ကျပြီကွယ်



တက်လိုက်ကျလိုက်ဖြစ်ပုံရယ် ကမ္ဘာကတောင်သိနေတယ်



မျက်လုံးလေး အစာကြွေးရင်းနဲ့ အမိုက်ဇယားလေးနဲ့ အကြိုက်ဇယားဆွဲမယ်



စိတ်ကူးယဉ်လို့မြူးလာတယ် မျက်စေ့ရှေ့တင် ကော်နရှင်တွေတက်ပါဟယ်



ဘ၀င်နှလုံးအိမ်မယ် ရွှင်ပြုံးပါတယ်



ဖြတ်ခနဲဖြတ်ခနဲကော်နရှင်တွေတက်လာတယ်



ဝါးတားဝါးတားဖြစ်လာတယ် လိုင်းလေးတွေကလေးကန်တယ်



မျက်စေ့အစာကြွေးများလာတယ် ကော်နရှင်ရယ်ကျပြီကွယ်



ဖြတ်လျှောက်သွားတာ မျက်စေ့ရှေ့ကတောသူမကြီးဖြစ်နေတယ်



ဒီပုံအတိုင်းဆို အသက်သေမယ် တော်တော်တော့လေးတော့ခက်နေတယ်



ကွန်နရှင်ရယ်တက်လိုက်ကျလိုက် မျက်စေ့ရှေ့တင်ဖြစ်နေတယ်



ဖလမ်းဖလမ်းထလို့ လိုင်းလေးတွေတက်ပါဟယ်



ကော်နရှင်တက်တာကြိုက်ပါတယ်



နိုင်ငံတကာ ကမ္ဘာအဆင့်မှီ လူတိုင်းလူတိုင်းကြိုက်ပါတယ်



တောသူမကြီးဖြစ်နေတယ် ခေတ်မမှီတော့ဘူးဖြစ်နေတယ်



လေးကန်လွန်းတော့ခက်ပါတယ်



အိုးးးးးးးးးးးးးးးးးးးးးးးးးးး



ကော်နရှင်တကယ်ကျပြီကွယ်...........



ကမ္ဘာအဆင့်မှီတာကြိုက်ပါတယ်....



ဖလမ်းဖလမ်းထတော့ခိုက်ပါတယ်.....



မျက်စေ့အစာကြွေးမိုက်ပါတယ်......



ကော်နရှင်တက်တာလန်းပါတယ်.....



ဒီပုံအတိုင်းဆိုအားလုံးအားလုံးအသက်ရှည်မယ်...........



ကော်နရှင်တွေတက်နေတယ်...........။

Monday, December 5, 2011

ရင်ကိုအေးမြစေမည့်လုပ်ရပ်လေးများ

အရှင်ဝဏ္ဏသာရာလင်္ကာရ


မနေ့က အသိဒကာမတစ်ဦးက ဦးဇင်းကို မေးခွန်းလေးတွေ မေးချင်တယ် ဆိုပြီး “ သောတပန်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲ “ လို့စမေးပါတယ်။ ဦးဇင်းက- “ သောတပန်မဟုတ်ပါဘူး သောတာပန်ပါ၊ အရိယာပုဂ္ဂိုလ်လေ…။ စင်ကြယ်သူလို့ အဓိပ္ပာယ်ရတယ်၊ ကိလေသာတွေ စင်ကြယ်တာပါ” ဆိုပြီး အဖြေပေးလိုက်တော့ “ ဒီခေတ် ဖြစ်နိုင်သေးသလား” တဲ့ “ တရားကို တကယ်မှန်မှန်ကန်ကန် အားထုတ်ရင် ဖြစ်နိုင်တယ်လို့ ဘုရားဟောထားတာရှိပါတယ်” လို့အဖြေပေးလိုက်ပါတယ်။

“တပည့်တော်တို့က စီးပွားရေးမှာနှစ်မြုပ်ထားရသူတွေဆိုတော့ အကုသိုလ်တွေတော့ မကင်းနိုင်သေးဘူးပေါ့ဘုရား၊ ဒါပေမယ့် ကုသိုလ်တရားတွေကိုတော့ များနိုင်သမျှများအောင် ကြိုးစားမှာပါ” တဲ့၊

ဦးဇင်းက “ ကုသိုလ်တာများအောင် အားထုတ်ရမှာ မဟုတ်ဘူး၊ အကုသိုလ်တွေ ပါးအောင်လည်း အားထုတ်ဖို့ လိုအပ်သေးတယ်လေ” လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီတော့ သူက “ အကုသိုလ် လုပ်တိုင်း ငရဲကျနိုင်သလား ” တဲ့

ဦးဇင်း ။ ။ အင်း…ကြီးလေးတဲ့ ကံ (၅)မျိုးကို လုပ်မိရင်တော့ သေချာပေါက်ငရဲကျမှာပါ၊ ကျန်တဲ့ အကုသိုလ်ကံတွေကတော့ မသေချာပါဘူး…။ ကုသိုလ်ကံတွေက အကျိုးပေးခွင့်ရသွားရင်ပေါ့..။

မေးသူ ။ ။ (၅)မျိုးက ဘာတွေလဲ ဘုရား…။

ဦးဇင်း ။ ။ (၁) အမေသတ်တဲ့ကံ၊(မာတုဃာတက) (၂) အဖေသတ်တဲ့ကံ၊(ပိတုဃာတက) (၃) ရဟန္တာသတ်တဲ့ကံ၊(အရဟန္တဃာတက) (၄) ဘုရားသွေးစိမ်းတည်အေင်လုပ်တဲ့ကံ၊(လောဟိတုပ္ပါဒက) (၅)သံဃာသင်းခွဲတဲ့ကံ(သံဃဘေဒက)။

အဲဒီကံတွေက ကြီးလေးတဲ့ ကံတွေလို့ ခေါ်တယ်..၊ ပါဠိလိုတော့ ပဉ္စာနန္တရိယကံပေါ့…။ (ပဉ္စ-ငါးပါး+အနန္တရိယ-အခြားမဲ့ဘ၀၌+ဣယ-အကျိုးပေးသောကံ)

မေးသူ ။ ။ အော် …. ကျန်တဲ့ အကုသိုလ်ကံတွေကကော ဘုရား….။

ဦးဇင်း ။ ။ အကုသိုလ်ဆိုတာ ကျောက်ခဲနဲ့တူပါတယ်၊ သေးသေး ကြီးကြီး အောက်နစ်မှာပါပဲ။ ဒါပေမယ့် အဲဒီကျောက်ခဲရဲ့ဝန်ကို နိုင်နိုင်တဲ့ လှေစတဲ့ အခံရှိရင် မနစ်မြုပ်နိုင်ပါဘူး..။

မေးသူ ။ ။ တင်ပါ..။

ဦးဇင်း ။ ။ ဒီလိုပါပဲ အကုသိုလ်တွေလုပ်ခဲ့ပေမယ် ကုသိုလ်တွေများများလုပ်ရင် ကုသိုလ်ကံတွေက အကျိုးပေးခွင့်ရရင် အကုသိုလ်ကံက အကျိုးမပေးရင် အောက်အပါယ်ဘုံကို မရောက်နိုင်ပါဘူး…။ ခုနပြောတဲ့ (၅)ပါးက တော့ အင်မတန်ကြီးလေးတဲ့ ၀န်လို ဘယ်ဟာမှ ခံမထားနိုင်ဘူးလေ..။

မေးသူ ။ ။ တင်ပါ… တပည့်တော် သဘောပေါက်ပါတယ် ဘုရား…။

ဦးဇင်း ။ ။ ဥပမာလေး ပြောပြဦးမယ်…။

မေးသူ ။ ။ တင်ပါ… ပြောပြပါဦးဘုရား….။

ဦးဇင်း ။ ။ ဦးဇင်းတို့ စာပေမှာ (အင်္ဂုတ္တိုရ်-ပ-၂၅၀) မှာ လောဏကပလ္လသုတ်ဆိုတာရှိတယ်။ မြန်မာလိုတော့ ဆားခွက်သုတ္တန်ပေါ့။ အဲဒီမှာ ပါတဲ့ ဥပမာလေးပါ။ ဆိုပါစို့ ဆားတစ်ပိဿာကို မြစ်ထဲ သွန်ချကြည့် ရေအရသာ ပျက်သွားပါ့မလား..။

မေးသူ ။ ။ ဘယ်ပျက်မလဲ ဘုရား….။

ဦးဇင်း ။ ။ အေး အဲဒီသဘောပဲ ကုသိုလ်ကံ အများကြီးရှိနေသူဟာ အကုသိုလ်ကံ အနည်းငယ် လေးက အရာမထင် အရသာမပေါ်နိုင်တော့ဘူးပေါ့…။

မေးသူ ။ ။ တင်ပါ မှတ်သားစရာကောင်းလှပါတယ် ဘုရား…။

ဦးဇင်း ။ ။ နောက်…ရေအိုးအသေးစားလေးထဲ ကို ဆားတစ်ပိဿာထည့်ကြည့် ဘယ်လိုဖြစ်မလဲ…။

မေးသူ ။ ။ အင်မတန်ငန်ပီး ရေအရသာတောင် ရတော့မှ မဟုတ်ပါဘူး ဘုရား..။

ဦးဇင်း ။ ။ အေး ဟုတ်တယ် ရေကနဲ့ပြီး ဆားကများနေတာကိုး အဲဒီလိုပဲ ကုသိုလ်ကံနည်းနည်းလေးသာ ရှိတဲ့သူဟာ အထိုက်အလျောက် အကုသိုလ်ဖြစ်လိုက်ရင်တောင် ရှိတဲ့ ကုသိုလ်ကံသတ္တိလေးတွေ ပျက်ပြားသွားတတ်တယ်..။

မေးသူ ။ ။ တင်ပါဘုရား….တပည့်တော်လည်း တရားဘောင်ထဲ ၀င်ဖို့ စိတ်ကူးရှိတယ်ဘုရား.. ဒါပေမယ့် အိမ်ကို သံယောဇဉ် မပြတ်နိုင်သေးဘူး ဘုရား…။

ဦးဇင်း ။ ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကုသိုလ်ဆိုတာတော့ ယူတတ်ရင် ရပါတယ်။

မေးသူ ။ ။ ပြောပြပါဦးဘုရား….။

ဦးဇင်း ။ ။ အခု နေ့စဉ် စားဝတ်နေရေးမှာ စိတ်ကလေး ပြောင်းထားလိုက်ရင် ကုသိုလ်ဖြစ်တယ်လေ..၊ ဥပမာ…..ညီတွေ ညီမတွေကို ကိုယ်က ထမင်းခူးကြွေးတယ် ဆိုပါစို့… ညီတွေ ညီမတွေ အပေါ်စေတနာကလေး ထားပီး သူတို့လေးတွေ ကောင်းကောင်း မွန်မွန်စားသောက်နိုင်ကြပါစေ…လို့ စိတ်ထားလိုက်ရင် “မေတ္တာဘာဝနာ” ကုသိုလ်ရတယ်၊ ကိုယ်က စေတနာနဲ့ ကျွေးမွေးတော့ “ ဒါန” လည်း ဖြစ်နေတာပါပဲ၊ အလှူကြီးတွေ ပေးနေမှ ဒါန ကုသိုလ်ခေါ်တာ မဟုတ်ဘူးလေ…။

မေးသူ ။ ။ တင်ပါ သဘောပေါက်ပါတယ်ဘရား…။

ဦးဇင်း ။ ။ အမေ အဖေတွေကို ထမင်းပွဲပြင်ပေးရင်းလဲ ဒါနကုသိုလ် ဝေယျာဝစ္စခေါ်တဲ့ သီလကုသိုလ် မေတ္တာဘာဝနာ ကုသိုလ်တွေ ယူနိုင်အောင် ယောနိသောမနသိကာရ ဆိုတဲ့ နှလုံးသွင်းလေး ထားရင် ဘာလုပ်လုပ် ကုသိုလ်ဘာပဲ။

မေးသူ ။ ။ တင်ပါ ဘုရား…။

ဦးဇင်း ။ ။ အခု အင်တာနက်ဆိုင်မှာ အလုပ်လုပ်တယ်ဆိုတော့ သုံးစွဲသူတွေ အဆင်ပြေစေချင်တဲ့ စိတ်ကလေးနဲ့ မေတ္တာထား ကုသိုလ်ဖြစ်တယ်လေ၊ ဒါကြောင့် ဦးဇင်းကပြောနေတာပေါ့ “ တာဝန်ကျေရုံ မလုပ်နဲ့ ၊ နည်းနည်း ပိုလုပ်” လို့…။

မေးသူ ။ ။ ဒါဆို ဘာပဲ လုပ်လုပ် မေတ္တာ ထားရမယ်ဆိုတဲ့ သဘောလား…။

ဦးဇင်း ။ ။ အင်း မေတ္တာဆိုတာက မအောင်မြင်နိုင်တဲ့ အရာရယ်လို့ မရှိဘူးလေ…၊ ဦးဇင်းတို့ ကိုရင်ဘ၀က ကျက်ခဲ့ဖူးတဲ့ စာလေးရှိသေးတယ်၊ ပြောပြဦးမယ်…။ “ယေ တတ္ထ ပါဏာ တေ တေန ယာပေန္တု “ (အင်္ဂုတ္တိုရ်၊ ၁၆၂)တဲ့၊ အဓိပ္ပာယ်က ဒီနေရာမှာ ရှိတဲ့ သတ္တ၀ါလေးတွေ ငါစွန့်လိုက်တဲ့ ထမင်းကျန် ဟင်းကျန်တွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ် မျှတနိုင်ကြပါစေ-လို့ ဆိုလိုတာပါ။ ထမင်းပန်းကန် ဟင်းပန်းကန်ဆေးတဲ့ အခါမှာလဲ အဲဒီလိုလေးတွေ စိတ်ထားပြီး ဆေးမယ် ဆိုရင် ကုသိုလ်ဖြစ်တယ်လို့ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့တယ်လေ…။

မေးသူ ။ ။ တင်ပါ့ဘုရား…။

ဦးဇင်း ။ ။ စိတ်ကလေးသာ ကုသိုလ်ဘက်ကို ပြောင်းလိုက်ပါ ယူစရာကုသိုလ်တွေ မကုန်နိုင်ပါဘူး….၊ (ကုသလံ) ယောနိသော မနသိကာရပဒဋ္ဌာနံ(အဘိ.ဋ္ဌ-၁၊ ၁၀၅) ကုသိုလ်ဆိုတာ နှလုံးသွင်းမှန်ကန်ခြင်းဟာ နီးသောအကြောင်းပါတဲ့… ဒါကြောင့် ဘယ်အရာမဆို မေတ္တာထား ကောင်းတဲ့ စေတနာနဲ့ လုပ်ရင် ကုသိုလ်ဆိုတာ နေ့စဉ်စားဝတ်နေရေးမှာ ယူစရာအများကြီးပဲလေ….။ နောက်ဆုံး ၀ိပဿနာကုသိုလ်ကိုလဲ သွားရင်း လာရင်း ရောင်းရင်းဝယ်ရင်းနဲ့ သတိထားပြီး လုပ်ရင် ရတာပါပဲ..။ ဒါကြောင့် ယောဆရာတော်က- “ တရားဆိုတာ အားဖို့မလို …၊ သိဖို့လိုသည်…” လို့ မိန့်တော်မူတာပေါ့ ။

မေးသူ ။ ။ တင်ပါ…ကျေးဇူးတင်ပါတယ် ဘုရား….။

(မှတ်ချက်) နားလည်းမှုကိုသာပဓာနထားကာ ဖြေကြားပေးရသည့်အတွက် အမှားပါရင် ခွင့်လွတ်ကြပါရန်….။

အရှင်ဝဏ္ဏသာရာလင်္ကာရ