Pages

Friday, November 25, 2011

ဗုဒ္ဓစွယ်တော် မြတ်စွယ်တော်ရဲ. အနီးကပ် ပုံလေးတွေကိုတော့ ဒီမှာဖူးမျှော်လိုက်နော်

ဗုဒ္ဓစွယ်တော် မြတ်စွယ်တော်ရဲ.

အနီးကပ် ပုံလေးတွေကိုတော့ ဒီမှာဖူးမျှော်လိုက်နော်

..

မြတ်ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိပင် ဗုဒ္ဓဂယာ အိန္ဒိယနိုင်ငံ

.

Tuesday, November 22, 2011

စင်္ကာပူ မှ ဆင်းတုတော်ကို မတော်ရာ နေရာတွေ ရောက်မှာစိုးတာကြောင့်  ဖတ်ကြည့် ပါ ပြီးရင်ဝေမျှပါ။။

သူငယ်ချင်းတို့.ရေ...

ဒီနေ့.အခုဓါတ်ပုံပါဘုရားဆင်းတုတော်ကို

' Cash Converter~ Jurong East '

တစ်ပတ်နွမ်းတွေရောင်းတဲ့ ဆိုင်မှာတွေ့ ရှိလိုက်တာပါ

ဆင်းတုတော်ကို မတော်ရာနေရာတွေရောက်မှာစိုးတာရယ် ၊

ဘုရားဆင်းတုဆိုတာမြင့်မြတ်တဲ့ နေရာမှာသာအပူဇော်ခံထားသင့်တာကြောင့်

အားလုံးတတ်နိုင်သလောက်စုပေါင်းဝယ်ယူပြီးသင့်တော်တဲ့ 

ဘုန်းတော်ကြီးကျောင်းမှာပူဇော်ကြဖို့ တိုက်တွန်းပါ တယ်။

ဘုရားဒကာ ဘုရားအမများ ပေါ်ပေါက်ပါစေ

ရောင်းဈေးက 3,880 S$ပါ .

မည်သူမဆိုပါဝင်လှူဒါန်းနိုင်ရန်နှိုးဆော်အပ်ပါသည်။

ကျေးဇူးပြု၍ ဒီmessageကို share ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ဆက်သွယ်

မေးမြန်းနိုင်ပါသည် ။

မိုးစန္ဒာမြင့် : 65 - 92377911 ,

ကိုရင်သန့် : 65-93714371 ,

ကိုဉာဏ်အေး : 65-81399604 ။

ကျေးဇူးတင်ပါသည်။

Updated news: The last offer price is S$3000.

Thanks
mraungmintun

.

ချစ်သူ ..ရည်းစား အတွက် အဝေးမှ မှာတန်းစကား ♥မ..မ♥

၁.......။ချစ်သူ ..ရည်းစားကို  ချစ်တော့ချစ်နော် သတိလေးတော့ ထားပေါ့
ကိုယ့်ထက်ပိုမချစ်မိစေနဲ့နော်
မိမိကို ချစ်ပါတယ်ဆိုတဲ့ ချစ်သူရည်းစားမှ သူရဲ့သေရေးရှင်ရေး  အရေးကိစ္စကြုံလာရင်

သူကိုယ်သူထက် ကိုယ့်ကို  ပိုမချစ်ပေးနိုင်ပါဘူး

၂.......။ ချစ်သူ...ရည်းစား   အချစ်ကဘ၀ မဟုတ်သလို  ဘ၀ကလည်း  အချစ်ဖြစ်မလာနိုင်ပါဘူး

၃......။ချစ်သူ...ရည်းစား   ဘယ်လောက်ပဲချစ်ချစ်   မွေးထဲကအတူတူမဟုတ်ခဲ့လို့

သေတော့လည်းတူတူလိုက်မသေနိုင်ကြပါဘူး

၎..။။။။ချစ်သူ...ရည်းစား  အချစ်အတွက်ရူးမိုက်တယ်ဆိုရင်လဲ   မွေးထားတဲ့

မိဘ ဆွေမျိုး ဂုဏ်ကိုတော့

ကြည့်တတ်သိတတ်ပါ။

၅.....။။။။။ ချစ်သူ...ရည်းစား   အသိဥာဏ်  စိတ်ကူးမှောက်မှားလာရင်လဲ  စိတ်

ထွက်ပေါက်မရှိအောင်

ကိုယ့်ကိုကိုယ် မမိုက်မှားမိအောင် မိမိကိုးကွယ်ရာ ဘာသာတရားကိုခဏလေးဖြစ်ဖြစ်ပေါ့

နာယူလိုက်တာ  ကျင့်မှတ်လိုက်တာကမှ  မိမိရဲ့စိတ်နှလုံးကို

အေးချမ်းမှူ့ဖြစ်စေတဲ့အပြင်

 စိတ်ဓါတ်ကျနေတာ စိတ်ဆင်းရဲနေတာတွေကို ကောင်းရာမွန်ရာ ဘက်ကို

ပို့ဆောင်ပေးပါတယ်.....

၆......။။။ချစ်သူ...ရည်းစားဟာ   ပေါက်လွတ်ပဲစားလား  ကိုယ်ကျင့် သီလ

မကောင်းသူလားဆိုတာတော့

သိထားသင့်အောင် လေ့လာပါ  အယုံလွယ်တာ   ဘ၀ပျက်တတ်တယ်

၇.......။။။။ချစ်သူ...ရည်းစား   ကိုယ့်ချစ်သူဟာ  ကိုယ့်ကိုချစ်သူဟာ

သူလမ်းသူလျှောက်နေသလို

ကိုယ်ကလည်း ကိုယ်လမ်းကိုလျှောက်နိုင်အောင်ကြိုးစားပါ  အမှီအတွယ်စိတ်ထဲမှာ

 အားကိုးမိပြီဆိုမှ

သူက မိမိတွဲလိုက်တဲ့လက်ကို လက်တွဲဖြုတ်လိုက်ရင် လမ်းမလျှောက်တတ်တဲ့

ကလေးငယ်တစ်ယောက်လိုပြုတ်ကျကျန်ရစ်တတ်ပါတယ်

ကိုယ်မထင်မှတ်ထားတဲ့အချိန်ဖြုတ်ချခံရရင်  အခန့်မသင့်ရင် သူရူးတစ်ယောက်လို

ဦးနှောဏ်မှာပါစိတ်ခံစားမှူ့မူမှန်မဟုတ်တော့ပဲ  ထိခိုက်မိပြီး  လောကကို

ဇောက်ထိုးမိုး မျှော်သလို ဘ၀ပါ  မှောက်ခုံကျတတ်ပါတယ်

၈......။ချစ်သူ..ရည်းစား   မိဘထက်ပိုချစ်သလို  ပတ်ဝန်းကျင်ထက်ပိုချစ်တယ်

အဖေ  အမေထက်ချစ်တဲ့ မောင်မောင်ရယ်   သီချင်းလေးလို   စိတ်ခံစားမှူတွေ

အလေးအနက်ထားပြီး

မိမိအတွက် အသက်ပေးမွေးဖွားပေးသော အမေ အဖေကိုမေ့

မိမိကိုရှာဖွေစောင့်ရှောက်ထိန်းသိမ်းပေးသောမိဘ  မောင်ဘွားများကိုမေ့ပြီး

လောကမှာတစ်ယောက်ထဲ

နေထိုင်ရှင်သန်နေသလို  ဆွေမျိုး  ဘာသာ  သာသနာကိုပါမေ့ပြီး  လက်လွတ်စပါယ်

ချစ်သူ......ရည်းစားအတွက်  ခံစားနေထိုင်မှူ့များကို  လူထဲမှလူသားများ

မိမိကိုယ်ပိုင် အသိမှာ ဥာဏ်ကပ်မှ မြင့် မြတ် သောလူဖြစ်မည်  ဖြစ်သည့်အတွက်

မြင်သိနားလည်သဘောပေါက်နိုင်ကြပါစေဟုစေတနာဆန္ဒမွန်ဖြင့်

၉.....။ချစ်သူ  ..ရည်းစား ဘ၀မှာ  မိမိရဲ့စိတ်ရင်းမှန်ကို ထုတ်ဖော်မပြသကြပါဘူး

 ဟန်ဆောင် လိမ်ညာ  လှည့်ပတ်မှု့များပါတယ်

ချစ်လို့ကြိုက်လို့  မိဘပေးစားလို့ယူပြီးခဲ့ကြပြီးမှ

လင်မယားကွဲကွာတာတွေတောင်  ဖြစ်ကြသေးတာ

ချစ်သူရည်းစာချင်း  မညားခင်မှာ တစ်ဖက်ကလမ်းခွဲတာ ကွဲကွာတာဟာ  သင့်အတွက်

ကံကောင်းတယ်

လောကမှာ ကံအကောင်းဆုံးလူသားလို့သာမိမိကိုယ်ကို  ကျေနပ်စွာနဲ့ နှစ်သက်ဂုဏ်ယူလိုက်ပါ

လောကမှာ ခဏတာလာသော သူများခဏတာ  ရင်ဆိုင်တိုးမိခြင်းဟုခံယူတတ်ပါစေ

စွဲလမ်း ငြိတွယ်မှူ့များမှ  လျော့နည်းနိုင်အောင်လေ့ကျင့်  လေ့ကျင့်ပေးပါ

၁၀...........။။။။ချစ်သူ  ..ရည်းစား  ဘ၀  ဘ၀  သံသရာတွင် အဖန်ဖန်  အထပ်ထပ်

 သေခဲ့သည့်  အချိန်တွင်  စွဲမိစွဲရာငြိတွယ်  စွဲလမ်းသေသည်ကများသည့်အတွက်

 စွဲလန်း

ခင်မင်တွယ်တာရစ်နှောင်မှူ့များနည်းပါးနိုင်အောင် မိမိစိတ်ကို

လေ့ကျင့်ပေးနိုင်အောင်ကြိုးစားပါ။

၁၁....။။။  ချစ်သူ  ..ရည်းစား  လူသားခြင်းမဆိုထားနှင့်

မိမိမြတ်နိုးမိသော  အရာဝတ္ထုများ  အိမ်မွေးတရိစ္ဆာန်ကိုပင်

ဘ၀အဆက်ဆက်မှ  ငြိတွယ်စွဲလန်းလာသော  စိတ်ကြောင့် ရွှေငါးလေးအိမ်မှာအလှမွေး

ဖို့ဝယ်ယူရာ တွင်ငါးများစွာထဲမှ ဒီရွှေငါးလေးရောင်းပေးပါ။

ကြောင်များစွာထဲမှ ဒီကြောင်ကလေးရောင်းပေးပါ   ၊  ခွေးများစွာထဲမှ

ဒီခွေးလေးရောင်းပေးပါ ။

ငါးများစွာထဲမှ ဒီငါးလေးကိုမှချစ်တာဒါပဲယူချင်တာ   ဒီကြောင်ကလေးပဲချစ်တာ

ဒီခွေးလေးကိုပိုချစ်တာ

ဟုရွှေးပြီးမှဝယ်ယူတတ်သည်   ။မိမိနှစ်သက်ရာကို စွဲလမ်းရာကိုသာ

တောင်းရမ်းမွေးမြူတတ်ကြသည်မှာ

ဘ၀များစွာ သံသရာ အဖန်ဖန် အဆက်ဆက်က  ငြိတွယ်လာသောစိတ်ကြောင့်ဖြစ်သည်

၁၂...........။။။။ ချစ်သူ......ရည်းစား  စောင့်ရှောက်တတ်မှူ့

တာဝန်ယူတတ်မှူ့   မိမိ၏ တစ်အူတုံဆင်း

သွေးသားရင်းလို  တန်ဖိုးထားလေးစား၍ သံယောဇဉ်နှင့်   လူသားခြင်း  လူသားခြင်း

 ကိုယ်ခြင်းစာစိတ်  စာနာမှူ့  နားလည်မှူ့နှင့်  လူဟုခေါ်သော လောကတွင်းဝယ်

 လူပီသနိုင်ကြပါစေ

အဝေးမှ  မှာ တန်းစကား

ဘယ်သူအတွက်လဲကို  နားလည်သဘောပေါက်နိုင်ကြပါစေ.............။

Sunday, November 20, 2011

ကျောက်တန်းမြို့တွင် GSM တာဝါတိုင် ဆောက်လုပ်ရန် မြေတူးဖော်စဉ် ရွှေပြားများနှင့် ဘုရားဆင်းတုတော်များ တွေ့ရှိ

တူးဖော်ရရှိသော ရွှေပြားများ၊ ဘုရားဆင်းတုတော်များနှင့် အုတ်ခွက်များအား တွေ့ရစဉ်
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက် မင်းလမ်းရှိ ဆက်သွယ်ရေး စာတိုက်ဝင်းအတွင်းတွင် ရတနာပုံ တယ်လီပို့မှGSM တာဝါတိုင် ဆောက်လုပ်ရန်အတွက် မြေတူးနေစဉ် မြေကြီးအနက် သုံးပေခန့် အရောက်၌ ရှေးဟောင်းပစ္စည်းများ ဟု ယူဆရသော ပစ္စည်းအများအပြား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
\

တူးဖော်ရရှိသော ရွှေပြားများ၊ ဘုရားဆင်းတုတော်များနှင့် အုတ်ခွက်များအား တွေ့ရစဉ်

ယင်းပစ္စည်းများမှာ အလေးချိန် ၂၀ ပိဿာ ၆၅ ကျပ်သားရှိ ကြေးဟု ယူဆရသော သုံးပေခန့် မတ်ရပ်ကိုယ်တော် တစ်ဆူ၊ အလေး ချိန် ၈၅ ကျပ်သားရှိ ကြေးဟုယူဆရသော ၁၀ လက်မ မတ်ရပ်ကိုယ် တော် တစ်ဆူ၊အလေးချိန် ၈၀ ကျပ်သားရှိ ကြေးဟုယူဆရသော တင်ပျဉ်ခွေကိုယ်တော် တစ်ဆူ၊ အလေးချိန် ၁၅ ကျပ်သားရှိ ကြေး ဟုယူဆရသော ခုနစ်လက်မ မတ် ရပ်ကိုယ်တော်တစ်ဆူ၊ အလေးချိန် ၁ ပိဿာ ၁၅ ကျပ်သားရှိ ကြေး ဟုယူဆရသော ၅ ဒသမ ၆ လက်မ ရှိ တင်ပျဉ်ခွေကိုယ်တော်နှစ်ဆူ၊ အလေးချိန် ၁၅ ကျပ်သားရှိ ကြေး ဟုယူဆရသောသုံးလက်မ တင်ပျဉ် ခွေ တစ်ဆူ၊ ရွှေအလေးချိန် ၄ ကျပ် ၅ ပဲသားရှိ ရွှေပြားကပ်ခုနစ်လက်မ ခန့် တင်ပျဉ်ခွေ တစ်ဆူ၊ ရွှေအလေး ချိန် ၁ ကျပ် ၁၄ ပဲသားရှိ ခြောက် လက်မ၊ ရွှေပြားကပ်တင်ပျဉ်ခွေ တစ်ဆူ၊ ရွှေအလေးချိန် ၃ ကျပ် ၁၃ ပဲသားရှိ ရှစ်လက်မ ရွှေပြားကပ် တင် ပျဉ်ခွေပုံတော်တစ်ဆူ၊ နှစ်လက်မ အရွယ် တင်ပျဉ်ခွေအုတ်ဘုရား တစ်ဆူ၊ အလျား ၁၀ လက်မအနံငါး လက်မ၊ အလေးချိန် ၂ ကျပ် ၈ ပဲ ၄ ရွေးသားရှိ ရွှေပြားတစ်ပြား၊ အလေး ချိန် ၁ ကျပ် ၁၁ ပဲ ၄ ရွေးရှိ အလျား ခုနစ်လက်မ၊ အနံ လေးလက်မ ရွှေပြားခတ် တစ်ပြား၊ အလေးချိန် ၂ ကျပ် ၄ ပဲ ၄ ရွေးရှိ အလျားခြောက် လက်မ၊ အနံလေးလက်မ ရွှေပြား ခတ်တစ်ပြား၊ သုံးလက်မပတ်လည် ခန့်ရှိအုတ်ခွက်ဘုရားသုံးဆူ၊ အလေး ချိန် ၃ ပိဿာ ၅၀ ကျပ်သားရှိ ကြေးဟုထင်ရသော ရှစ်လက်မပတ်လည် ကလပ်တစ်ခု၊ အလေးချိန် ၇၅ ကျပ်သားရှိ ကြေးဟုထင်ရသော အချင်းငါးလက်မ၊ အမြင့်သုံးလက်မရှိ ကြေးကလပ်တစ်ခု၊ အလေးချိန် ၈၀ ကျပ်သားရှိ အလျား လေးလက်မ၊ အမြင့် ခုနစ်လက်မ၊ အနံ ၃ ဒသမ ၆ လက်မရှိ ကြေးဟုထင်ရသော ပုလ္လင် တစ်ခု၊ အလေးချိန် ၂၀ ကျပ် သားရှိ ကြေးဟုထင်ရသော အလျား ၅ ဒသမ ၆ လက်မ၊ အနံ သုံး လက်မရှိနဂါးခေါင်းပုံ တစ်ခု၊ အချင်း ၁၁ လက်မ၊ အမြင့် ငါးလက်မရှိ ကျောက်ခွက် တစ်ခု၊ အချင်း ၆ ဒသမ ၆ လက်မ၊ အမြင့် ၁၃ လက်မ (အဖုံးပါ)အုတ်ဖြင့် ပြုလုပ်ထားသော အိုးတစ်လုံး၊ ကျောက်ခွက် အပိုင်းအစ သုံးခုတို့ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေး တာဝါတိုင်ဆောက်ဖို့ မြေတူးတဲ့အခါမှာ မထင်မှတ်ဘဲနဲ့ အခုလို ဆင်းတုတော်တွေ၊ ပစ္စည်းတွေ အများအပြားကို တွေ့ရှိခဲ့တာပါ။ ပထမဆုံးမြေတူးတဲ့အခါ သုံးပေလောက် အနက်အရောက်မှာ တွေ့ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ယဉ်ကျေးမှု ဌာန တာဝန်ရှိသူတွေက ဒီပစ္စည်းတွေ ကိုလာရောက်စစ်ဆေးခဲ့ပါတယ်” ဟု ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။

တူးဖော်တွေ့ရှိခဲ့သော ပစ္စည်းများကို ကျောက်တန်းမြို့ ဆင်ကန်ရပ်ကွက်ရှိ မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကျောင်း (စိတ္တသုခကျောင်း)သို့ ယာယီပို့ဆောင်ပူဇော်ထားပြီး လာရောက်ဖူးမြော် ကြည်ညိုသော ဧည့်ပရိသတ်များ များပြားလျက်ရှိကြောင်း သိရသည်။

ko ye

Friday, November 18, 2011

♥မျက်ဝန်းရာသီနှလုံးသားကိုမှီ ♥3♥မ..မ♥ လွမ်းလို့သီချင်းလေးပါ

.

♥  မျက်ဝန်းရာသီနှလုံးသားကိုမှီ  ♥

 မျက်ဝန်းအိမ်မှာ

ကျမဲ့မျက်ရည်

ငွေ့ရည်ဖွဲ့တည်

အလွမ်းပြေအောင်ကြည့်လိုက်ခါမှ

မုန်သုန်ရာသီ

မျက်ဝန်းစီမှာ နှင်းမိုးရွာပြီ

နှလုံးအိမ်မှာ မုန်တိုင်းမိပေါ့

နှင်းရည်စိုလူး ပါးပြင်ထက်စီ

နှင်းမိုးတွေရွာ နှင်းအိမ်မက်လေး

ကျမျက်ရည်တွေ နှင်းခဲဖြစ်တည်

မောင့်ကိုလွမ်းလို့ငိုနေသည်...........။

♥လွမ်းလို့ ♥သီချင်းလေးပါ

♥လွမ်းလို့♥
သီချင်းလေးပါ

♥လွမ်းလို့♥

သီချင်းလေးကိုအားပေးသောသူငယ်ချင်းများကို

ကျေးဇူးအထူးတင်ရှိပါတယ်

zinmgmg16@gmail.com   အရုပ်လေး

.http://api.ning.com/files/4CmjpnjNKOCYLY1eKJcfiR5GsIdfrqu5OmIV3ZW-U....

Tuesday, November 15, 2011

♥လွမ်းလို့ ♥

အလွမ်းလေးတွေသက်သာအောင်

အနမ်းလေးတွေပို့လိုက်တယ်

အနမ်းတပွင့်မှာ ရင်ထဲထိရှ

အလွမ်းလွင့်ကျန်ခဲ့တာ ဘယ်သူသိလဲ

အလွမ်းလေးတွေမြင်ကြည့်တတ်ရင်သိလိမ့်မယ်

♥လွမ်းလို့ ♥

သီချင်းလေးပါ

♥လွမ်းလို့ ♥သီချင်းလေးပါ

♥လွမ်းလို့♥