Pages

Monday, October 24, 2011

ဓမ္မဟေ၀န် - ဂါထာတော်မြတ်များ

ပခုက္ကူရေကြီး နောက်ဆက်တွဲနဲ့ မြစ်သာမြစ်အခြေအနေ






                                      ချောင်းရေကြောင့် ၃ပိုင်းကျိုးသွားသော ရွှေချောင်းတံတား

ပခုက္ကူမှာ ရေကြီးလို့ သေဆုံးသူတွေကို ဆယ်ယူနေတာမှာ ဒီနေ့မနက်ပိုင်းမှာ ၈၃ လောင်း ဆယ်ယူရရှိပြီလို့ သိရပါတယ်။ တချို့ရုပ်အလောင်းတွေဟာ သဲတွေထဲ မြုပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပြပါတယ်။ ပျောက်ဆုံးနေတဲ့သူ ၁၀၀ ကျော်ရှိနေသေးလို့ သေဆုံးသူအရေအတွက် များလာနိုင်တယ်လို့ ဆိုပါတယ်။ ရေနဲ့မျောပါသွားတဲ့ အိမ်တွေအများစုဟာ ကျူးကျော်ရပ်ကွက်က အိမ်တွေဖြစ်နေလို့ အိမ်ထောင်စု ဘယ်နှခုလဲ၊ ဘယ်နှယောက် မျောပါသွားလည်းဆိုတာ အတိအကျသိဖို့ ခက်နေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြစ်သာမြစ်နဲ့ နေရဉ္စရ မြစ်ရေတက်လို့ ကလေးမြို့၊ ကလေးဝ၊ ဂန့်ဂေါမြို့တွေမှာ ရေလျှံပြီး လူနေအိမ်ခြေတွေ ရေမြုပ်ပျက်စီးကုန်လို့ ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။ အဲ့ဒီဒေသတွေက ရွာ ၈ ရွာကျော် ရေမြုပ်တယ်လို့ သိရပါတယ်။ လူအသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။

မြို့တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းတွေ၊ ရထားလမ်းတွေ ရေမြုပ်ပြီး တောင်ပေါ်လမ်းတွေ ပြိုသလို မြစ်သာ မြစ်ကူးတံတားလည်း ရေကျော်လို့ တခြားပြည်နယ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်သွားသလို ကလေးမြို့ကနေ တမူးမြို့ကို ဆက်သွယ်တဲ့လမ်းလည်း ရေမြုပ်တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်နေတယ်လို့ သိရပါတယ်။


ကလေးမြို့မှာတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ ရေနည်းနည်းချင်း ပြန်ကျနေပြီဖြစ်လို့ သိပ်မကြာခင်မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ပွင့်လာနိုင်မယ်လို့ သိရပါတယ်။

Tuesday, October 18, 2011

အလွမ်း ည♥♥ မ..မ

ညနက်သန်းခေါင်ယံ

လ ထက် လှမ်းမျှော်ကာ

မောင်ရှိတဲ့နေရာ

စိတ်ကူးတိမ်လွှာ ဖြန့်ကျက်လွမ်းနေတာ

ညလေးနက်နက် လ လေးဖက်

ရော်ရမ်းမှန်းဆ မျှော်မှန်းတမ်းတ

ဒါအလွမ်း ည

Monday, October 17, 2011

MMG နှစ်နှစ်ပြည့် တွေဆုံပွဲ အမှတ်တရ ပုံရိပ်များhttp://multiplygroups.multiply.com/journal/item/1374/1374

ဒီနေ့ MMG (၂) နှစ်ပြည့် တွေ့ ဆုံပွဲအခမ်းအနားလေးကို ရန်ကုန် City Star ဟိုတယ်မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။
ဒီနှစ်အစီအစဉ်လေးက ထူးခြားပါတယ်...
တိုးတက်မှုတွေများစွာနှင့်ပေါ့...

MMG အဖွဲ့ ဝင်များ
ကဗျာဆရာ ငြိမ်းစိုးဦး၊ ကိုလင်းအောင်ပြည့် ၊ ကိုအလင်းစေတမန် ၊မမေဇူး

MMG မိသားစုဝင်များ စာရေးကောင်းသူများဖြစ်ကြတဲ့ ကိုကြည်နိုင်၊ ကိုရီး၊ ကိုသတိုး တို့ အုပ်စု MMG Admin တစ်ဦးဖြစ်တဲ့ မမေဇူးမှ အမှတ်တရလက်မှတ်ရေးထိုးစဉ် MMG (မြန်မာမာတည်ပလိုင်းအဖွဲ့ ) စတင်တည်ထောင်စဉ်ကတည်းက ပါဝင်သော ဦးဇင်းလေး ဦးဝရသမိ MMG Admin တစ်ဦးဖြစ်သော ကိုလင်းအောင်ပြည့်မှ အဖွဲ့ အတွက် ပြောကြားစဉ် MMG တွေ့ ဆုံပွဲကို မိသားစုနှင့်အတူ အရောက်လှမ်းလာသော ရတနာပုံရွှေမြို့ တော်မှ ကိုမင်းမင်းဇော် (မြန်မာ့ဆေးမြီးတိုများ ကို အစဉ်တစိုက်ရေးသားသူ) ကိုကြီး (ခ) ကိုရီး မှပြောကြားစဉ်၊   နေကာမျက်မှန်ကို အင်္ကျီမှာတပ်ထားပြီး ငေးနေသူမှာ မာတည်မှ ဆရာကျောင်းဖြစ်ပါသည်။ကိုသစ်ကိုမှ အစီအစဉ်များကို ပြောကြားနေပုံSky Net မှ အင်တာဗျူးအစီအစဉ်များတင်ဆက်ပေးပါသည်။MMG အက်ဒမင်များကိုလည်း တွေ့ ဆုံမေးမြန်းနေပုံကို တွေ့ ရပါသည်။မဲလိပ်များနှိုက်ပြီး ကံစမ်းမဲလက်ဆောင်များ ပေးဖြစ်ခဲ့သည်။ပရဟိတများအတွက် လက်မနှေးသော မ.မ နှင့်  MMG အတွက် အားတက်သရောကူညီပေးသော ကိုရီး အမှတ်တရလက်မှတ်များရေးထိုးစဉ်MMG စတင်တည်ထောင်ကတည်းက အားတက်သရောပါဝင်ခဲ့သော ဖိုက်တာနှစ်ယောက်ထဲမှ အပါအ၀င်ဖြစ်သော ( သူတို့ ဂုဏ်ထူးတွေကလည်း များလိုက်တာနော်) ကိုလင်းထက်နှင့် ကိုသစ် ငြိမ်းချမ်းရေးရယူအပြီး ချစ်ချစ်ခင်ခင်MMG အဖွဲ့ ဝင်များMMG လူစွမ်းကောင်းတွေပေါ့..ဘာလို့ လဲဆိုရင် သူတို့ က MMG T shirt တွေ ၀တ်ထားလို့ ပေါ့...ရတနာပုံမြို့ တော်မှ MMG တွေ့ ဆုံပွဲကို အရောက်လှမ်းလာသော ကိုမင်းမင်းဇော်တို့ မိသားစု နှင့် ကျုံတိုင်းမှ တကူးတက လာရောက်ကြသော ဆရာကျောင်း၊ ကိုစိုးပိုင်ဦး၊ ကိုသတိုး...... MMG ပုရိသများ (ဦးဇင်းလေးနှစ်ပါးနှင့်အတူ)

Sky Net မှ မမချောများ၊ စာနယ်ဇင်းမှ မမလှလှများ နှင့် တွေ့ ဆုံပွဲတက်ရောက်လာသော MMG အဖွဲ့ ဝင်များMMG တွေ့ ဆုံပွဲမှာ Members အသစ်များကိုလည်း မြင်တွေ့ ခွင့်ရခဲ့ပါသည်။

Multiply မှ မ.မ လည်း နေမကောင်းတဲ့ကြားထဲမှ တက်ရောက်တဲ့အတွက် ကျေးဇူးတင်မိပါသည်။ ဒီရက်ပိုင်းအတွင်းတွင်မှ MMG မှ Admin တစ်ဦးဖြစ်သော ကိုအုန်း နေမကောင်းသဖြင့် ဆေးရုံရောက်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိပါ၊

တိုက်တိုက်ဆိုင်ဆိုင် MMG ပရဟိတများကို အားတက်သရော ကူညီပေးသော ဘိတ်သားလေးလည်း ဇနီးမီးဖွားရက်နီးသည့်အပြင် နေမကောင်းသဖြင့် တွေ့ ဆုံပွဲကို မတက်ရောက်နိုင်ခဲ့ပါ။ ထို့ အတူ MMG တစ်လပြည့်၊ တစ်နှစ်ပြည့် ထိ ပွဲတွေဆက်တိုက်လာခဲ့သော မရင်သွေးဦးလည်း နေမကောင်းလို့ မတက်သာလို့ မလာနိုင်ခဲ့ပါ...
ဒါကြောင့် MMG မှ မောင်နှမများအားလုံး ကျန်းမာပါစေကြောင်းလည်း ဒီနေရာလေးကနေ ဆုတောင်းလိုက်ပါတယ်။

Multiply မှ ပန်းချီဆရာမတစ်ဦးဖြစ်တဲ့ မစန္ဒီလည်း တက်ရောက်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။

ဒီဇိုင်နာ နှစ်ယောက်ဖြစ်တဲ့ မချို နဲ့ မသင်းတို့ ကိုလည်း ပွဲတိုင်းမပျက်မကွက်တက်လို့  အားတက်မိပါတယ်။

ရတနာပုံရွှေမြို့ တော်မှ MMG တွေ့ ဆုံပွဲကို အရောက်လှမ်းလာသော ကိုမင်းမင်းဇော်တို့ မိသားစု နှင့် ကျုံတိုင်းမှ တကူးတက လာရောက်ကြသော ဆရာငြိမ်းစိုးဦး၊ ကိုကြည်နိုင် (ဆရာကျောင်း)၊ ကိုစိုးပိုင်ဦး၊ ကိုသတိုး......မန္တလေး၊လပွတ္တာ၊ပုသိမ်လာရောက်ကြသော MMG မောင်နှမများ အားလုံးကိုလည်း  တွေ့ ဆုံပွဲအတွက် အထူးကျေးဇူးတင်ပါတယ်။

MMG နှစ်နှစ်ပြည့်မှ တွေ့ ဆုံပွဲလာရောက်ဖြစ်ကြတဲ့ Multiply မှ သူငယ်ချင်းမောင်နှမများအားလုံးကို တွေ့ ဆုံဖြစ်လို့ အထူးဝမ်းသာမိပါတယ်....
MMG ပရဟိတနှင့်  တွေ့ ဆုံပွဲများကို အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းစွာနှင့် ဦးဆောင်ပေးသော Admin များဖြစ်တဲ့ ကိုလင်းအောင်ပြည့်၊ မမေဇူး၊ ကိုအလင်းစေတမန်(ကိုသူရိန်) ၊ ကိုအုန်းသီး နှင့်
MMG စထောင်ကတည်းက ဦးဆောင်ပါဝင်ခဲ့သော ကိုရီး၊  ကိုလင်းထက်၊
အဝေးတစ်နေရာမှ ကူညီအားဖြည့်ပေးသော မမြတ်မွန်၊ မသော်တာ တို့ ကိုလည်း MMG မှတဆင့် လေးစားဂုဏ်ယူမိကြောင်း ပြောပါရစေနော်...

တက်ရောက်လာကြသော MMG မောင်နှများအားလုံးနှင့် စာနယ်ဇင်းမှ တာဝန်ရှိသူများ၊   အင်တာဗျူးအစီအစဉ်များတင်ဆက်ပေးသော Sky Net ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

MMG အစဉ်တိုးတက် အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
http://multiplygroups.multiply.com/journal/item/1374/1374

Friday, October 14, 2011

(၆၄) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အစဉ်အလာကြီးမားခဲ့သော (၁၀) ကြိမ်မြောက် "မြို့မလှသီတာ ဖလား" အမျိုးသား အလွတ်တန်း w ဘောလုံး ဖိတ်ခေါ်ပြိုင်ပွဲ


(၆၄) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
အစဉ်အလာကြီးမားခဲ့သော (၁၀) ကြိမ်မြောက်


"မြို့မလှသီတာ ဖလား"
အမျိုးသား အလွတ်တန်း w ဘောလုံး ဖိတ်ခေါ်ပြိုင်ပွဲ


W ဘောလုံးဝါသနာအိုးများ အတွက် သတင်းကောင်းတစ်ခုပြောကြားလိုပါတယ်။
ဒါကတော့ ရန်ကုန်မြို့အတွင် အစဉ်အလာကြီးမားခဲ့သော မြို့မလှသီတာ W ဘောလုံးဖိတ်ခေါ်ပြိုင်ပွဲကြီးကို
မကြာမီရက်ပိုင်းအတွင်း စတင်တော့မည်ဖြစ်ပါတယ်။ ၂၀၀၁-၂၀၀၂ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ
ယခုဆိုလျှင် ၁၀ကြိမ်မြောက် အထိရောက်ရှိလာခဲ့ပါပြီ။ ကျင်းပခဲ့သော ပြိုင်ပွဲအဆက်ဆက်တွင်
ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အသီးသီးမှလာရောက် ယှဉ်ပြိုင်ခဲ့တာကြောင့် မနှစ်ကဆိုလျှင်

ပြိုင်ပွဲဝင် အသင်း ၉၇သင်းထိ ရှိခဲ့ပါတယ်။ အချိန် ၂လနီးပါကြာ ကျင်းပသော ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့်လည်း
ကြံခိုင်မှု၊ လျှင်မြန်မှု၊ အသင်းလိုက်ညီညွတ်မှု၊ ကျွမ်းကျင်မှု၊ နည်းစနစ်စသည့် ကစားဟန်များကို
တစ်သင်းနှင့်တစ်သင်း မတူကွဲပြားစွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

မနှစ်က ၂၀၁၀-၂၀၁၁ ပြိုင်ပွဲမှာတော့
ပထမဆုအနေနှင့် ၁၀သိန်း၊
ဒုတိယဆု - ၅သိန်း၊
တတိယဆု -၃သိန်း၊
စတုတ္ထဆု- ၁သိန်း၊
အကောင်းဆုံးကစားသမားဆု- ရွှေလက်စွပ်တစ်ကွင်း၊
အသန့်ရှင်းဆုံးဆု၊
ကွာတားဖိုင်နယ်ရောက်အသင်းဆု

တို့ကိုအသီးသီးချီးမြှင့်ခဲ့ပါတယ်။

ကလေးပြိုင်ပွဲအနေနှင့်လည်း
ပထမဆု- ၁သိန်း၊ ဒုတိယဆု- ၇သောင်းခွဲ၊ တတိယဆု-၅သောင်းဆုချီးမြှင့်နိုင်ခဲ့ပါတယ်။

ဒီတော့ W ဘောလုံးဝါသနာရှင်များအနေနှင့်သော်လည်းကောင်း၊ ပြိုင်ပွဲမှာဝင်ရောက်
ယှဉ်ပြိုင်ချင်သူများအနေနှင့်သော်လည်းကောင်း လက်လွတ်မခံသင့်တဲ့ပွဲပါ။
ဝင်ရောက်ယှဉ်ပြိုင်ချင်သူများနေနှင့်ကစားသမား ၇ယောက်( ၅ယောက်ကစား၊ အရန် ၂ယောက်)၊ နှင့်
အသင်းတာဝန်ခံ တို့ပါဝင်ရမှာဖြစ်ပါတယ်။ ၀င်ရောက် ယှဉ်ပြိုင် ချင်တယ်ဆိုရင်တော့
အောက်မှာဖော်ပြထားတဲ့ လမ်းညွှန်အတိုင်း လာရောက် စာရင်းသွင်းနိုင်ပါတယ်။


ကျင်းပမည့်နေရာ ..........



သမိုင်းမြို့မကျောင်း ၊ သမိုင်း(၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။  (သမိုင်းဂုံကျော်တံတားနှင့် ဦးဘဟန်ကားမှတ်တိုင်ကြား)

ပြိုင်ပွဲဝင်ခွင့် ပုံစံ စတင်ရောင်းချမည့်နေ့....................


(12.10.2011 ) မှ ( 2.11.2011) နေ့အထိ

ပြိုင်ပွဲ စတင် အသင်းများ အုပ်စုခွဲ မဲမှိုက် ကြေငြာမည်နေ့....................(6.11.2011)

ပြိုင်ပွဲ စတင်ကျင်းပမည့်နေ့..........................( 13.11.2011)


Tuesday, October 11, 2011

အကျဉ်းသား (၆၃၅၉)ဦးကို အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် Tuesday, 11 October 2011 13:30

zakawar
zakawar wrote today at 3:27 PM


အကျဉ်းသား (၆၃၅၉)ဦးကို အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်
Tuesday, 11 October 2011 13:30



မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉) ဦးကို အောက်တိုဘာလ ၁၂ရကိ (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာချက်ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ အပြည့်အစုံမှ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၃ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင်
ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို
ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊
ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်
အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့
ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျင်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊
ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော အပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ

Monday, October 10, 2011

မေမြို့ပရဟိတကျောင်းသို့လှူဒါန်းမည့်ငွေစာရင်းပါ....


မေမြို့ပရဟိတကျောင်းသို့လှူဒါန်းမည့်ငွေစာရင်းပါ....
မ..မ - 50000 ( ငါးသောင်းကျပ် ) စင်္ကာပူ
naingthu2008 - 50000
( ငါးသောင်းကျပ် )သဘောင်္သား
barlarlar.bll - 50000 ( ငါးသောင်းကျပ် )ကိုးရီးယား

ရာမည - 50000 ( ငါးသောင်းကျပ် )စင်္ကာပူ
မမိုးငယ် -10000 (တစ်သောင်း)မန္တလေး


Lhan lin -5000(ငါးထောင်)ရန်ကုန်


သိမ့်- 27000 (နှစ်သောင်းခုနှစ်ထောင်)ထိုင်း

ကဝေပျို - 10000 (တစ်သောင်း)မန္တလေး
နုနု - 5000(ငါးထောင်)ရန်ကုန်

ကိုထွန်းဝင်းလတ် ၂၀၀၀၀ (နှစ်သောင်း)မာတီ
ကိုထူးအောင်+မလင်းထက်ထက်အောင်

သားခန့်ဇော်လင်း50000(ငါးသောင်းကျပ်)မလေးရှားသိမ့်40000(လေးသောင်းကျပ်)ထိုင်း


ယူကီကို-100000(တစ်သိန်းကျပ်)ဂျပန်

♥♥♥♥♥♥♥

မိတ္ထီလာပရဟိတသို့လှူမည့်ငွေ


နီယွန် 10000(တစ်သောင်းကျပ်)ရွှေမင်းသား15000(တစ်သောင်းငါးထောင်)

 လစဉ်အလှူရှင်

ဟန်နီ-3လx10000=သုံးသောင်း
နယ်မြို့များမှနေ၍ ရန်ကုန် ကိုမင်းသူရိန်ကိုလွဲပေးနိုင်ပါတယ်
   ဆက်သွယ်ရန်လိပ်စာ
ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -
ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆

ရာမည  စင်္ကာပူ ဖုန်း-   98587714  -81957285
မ သူ _ 82040414
မ မေ စင်္ကပူဖုန်း _ 98581733

ငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943
    ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉
     ကိုးရီးယား ဖုန်း ဘိုဘို- 821023497257  
ဒါကသွားလှုမည့်ကျောင်းပါ

မေမြို့ဒိုးပင်ကွင်းပရဟိတကျောင်း



အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း   (၂ )


အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း   (၁)
ရွှေ မရှိ ပေမဲ့


 အမေ ရှိလို့ပျော်ပါသည်

အမေ မရှိ အဖေမရှိ


လောကအလည်  မျက်နှာငယ်

ဆင်းရဲတဲ့သူ အနားကပ်တော့ 



နှာခေါင်းရှုံလို့   ရွံရှာတယ်


သားသမီး  အရင်းဆို ကြွေးချင်တယ်
 
ကိုယ့်ဆွေမျိုး ရွှေရှိရင်တော့


မွေးချင်တယ်

အမျိုးကမချစ်တယ် ဆွေကပြစ်ပယ်

မိမစုံလို့ ဘမစုံ



သူများ စားတော့  ငေးမောကြည့်

မိဘမေတ္တာ သူ  မသိ


မိဘမဲ့ကျောင်း  ရှိနေပေလို့

သူတို့  ဘ၀လေး အေးချမ်းနေရ



လှုမဲ့လူရှိ  စားရတယ်

ဖြူစင်သည့်ကလေး  စားစရာမရှိ


လူလူခြင်းမို့  မေတ္တာပေးလို့

မိဘမဲ့ကလေး သွေးသားရင်းလို



မချစ်တောင်မှ လှုဒါန်း  ဓါနပြုပေးကွယ်

နတ် လူ သာဓုခေါ်ပါတယ်
.