Pages

Thursday, July 28, 2011

မြန်မာမှန်လျှင် ၏ ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ - ☺ဗုဒ္ဓကမ္ဘာမှနွေးထွေးစွာကြိုဆိုပါတယ်☺

http://buddhismworld.ning.com
http://buddhismworld.ning.com

မြန်မာမှန်လျှင် ၏
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ - ☺ဗုဒ္ဓကမ္ဘာမှ သင့်အား နွေးထွေးစွာကြိုဆိုပါတယ်☺

Tuesday, July 26, 2011

ဂျီတော့သုံးသူတိုင်း အက်ထားသင့်တဲ့ ဘာသာပြန်အကောင့်တွေပါ

ဂျီတော့သုံးသူတိုင်း အက်ထားသင့်တဲ့ ဘာသာပြန်အကောင့်တွေပါ
အွန်လိုင်းပေါ်မှာ ကိုယ်မသိတဲ့ ဘာသာစကားတွေနဲ့ ပြောဆိုတာ
တွေ့ရပါတယ် ကိုယ်မတတ်ရင် ဆဲဆိုသွားရင်လည်း ဘာမှ သိမှာ
မဟုတ်ပါဘူး ။ ဒါကြောင့် ဘယ်သာသာစကားမဆို တီးမိခေါက်မိအောင်
လေ့လာထားသင့်ပါတယ် ။ ဘာသာစကားတစ်ခုခုနဲ့ ပြောဆိုလာတဲ့အခါ
မိမိနားလည်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ပြန်ဆိုပြီး ပြန်ပြောနိုင်မယ်လို့
မျှော်လင့်မိပါတယ် ။ အခုတင်ပေးလိုက်တဲ့ ဘာသာပြန် အကောင့်တွေကို
သေချာလေ့လာကြည့်တဲ့အခါမှာ ဘာသာစကားတစ်ခုရဲ့ အမည်ထဲက
အရှေ့က အင်္ဂလိပ်စာနှစ်လုံးကို ဖြည့်ထားတာတွေ့ရလို့ တချို့မပါသေးတဲ့
ဘာသာစကားတွေကို မေဆန်းသပ်ပြီး အပ်ကြည့်ပါတယ် အဆင်ပြေပါတယ်ရှင်
သဘောတရားက ဂျပန်ဘာသာအကောင့်တခု လုပ်ချင်တယ်ဆိုရင် japan ဆိုရင်
Ja ဆိုပြီး အရှေ့ကနေ အင်္ဂလိပ်စာနှစ်လုံး ရေးရပါမယ် အလယ်မှာ 2 ခံရပါမယ်
2 နောက်ကနေ ကိုယ်ပြန်ဆိုလိုတဲ့ အင်္ဂလိပ် ဘာသာစကား ပြန်ဆိုလိုလျှင် en
ဆိုပြီး အနောက်ကနေ ရေးလိုက်ပါ ပြီးရင် ပုံမှန် နောက်ကနေ @bot.talk.google.com
ထဲ့ပေးလိုက်ပါ ja2en@bot.talk.google.com ဒီလိုလေးဆိုရင် ဂျပန်ကနေ အင်္ဂလိပ်
en2ja @bot.talk.google.com ဒီလိုလေးဆိုရင် အင်္ဂလိပ်ကနေ ဂျပန်
ရှေ့ကထဲ့တဲ့ စာလုံးနဲ့ အနောက်ကထဲ့တဲ့ စာလုံးလေးကို ပြောင်းပြန်ပြင်ပေးလိုက်ယုံပါပဲ
ကိုယ်လိုတဲ့ ဘာသာစကားရဲ့ အမည်ကို ဖြည့်ပြီးရင် en2ja @bot.talk.google.com
ဒီလိုလေး ထဲ့ပေးပြီး အပ်လိုက်ပါရှင် ။ စမ်းသပ်ကြည့်လိုက်ပါ အခုတင်ပေးလိုက်တဲ့
ဘာသာပြန်တွေဟာ ၊ မေ စုထားတာလေးတွေရော စမ်းသပ်ကြည့်တဲ့ အကောင့်တွေရော
တင်ပေးလိုက်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေရှင်. . . . . . .

ကိုယ်ပြောချင်တဲ့ စကားလုံးလေးတွေ ထည့်ရိုက်ပြီး စမ်းကြည့်နော်..။
မြန်မာကနေ တခြားဘာသာစကားကို ပြောင်းတာ ရှာမတွေ့ သေးတဲ့ အတွက် အနည်းဆုံး
အင်္ဂလိပ်လိုရိုက်ပြီး တခြားဘာသာစကားကို ဖတ်မှပဲ ရပါအုံးမယ်..။ မြန်မာကနေ
တစ်ခြားဘာသာစကားကို ပြောင်းတာ ကြိုးစားရှာဖွေပေးမယ်နော်..။

ပြန်လည်မျှဝေချင်သူများအား ပညာဒါန ပြန်လည်မျှဝေခွင့်ပြုပါသည်..။
မူရင်းအတိုင်း ဖော်ပြပေးပါရန်နှင့် မူရင်းရေးသားသူ (သို့ )
ဆိုဒ်လင့်လေးအားကျေးဇူးတုံ့ ပြန်သော အားဖြစ် ဖော်ပြပေးပါရန်
မေတ္တာရပ်ခံပါသည်ရှင်........... http://alwankhayeethe.blogspot.com/











1+2
ar2en@bot.talk.google.com English- Arsbic ဘာသာပြန်ရန်
en2ar@bot.talk.google.com Arsbic-English ဘာသာပြန်ရန်

3+4
bg2en@bot.talk.google.com Bulgarian-English ဘာသာပြန်ရန်
en2bg@bot.talk.google.com English–Bulgarianဘာသာပြန်ရန်

5+6
en2cs@bot.talk.google.com English-Czechဘာသာပြန်ရန်
cs2en@bot.talk.google.com Czech-Englishဘာသာပြန်ရန်

7+8
da2en@bot.talk.google.com Danish-Englishဘာသာပြန်ရန်
en2da@bot.talk.google.com English-Danishဘာသာပြန်ရန်

9+10
de2en@bot.talk.google.com German-Englishဘာသာပြန်ရန်
en2de@bot.talk.google.com English-Germanဘာသာပြန်ရန်

11+12
de2fr@bot.talk.google.com German-frenchဘာသာပြန်ရန်
fr2de@bot.talk.google.com French-Germanဘာသာပြန်ရန်

12+13
el2en@bot.talk.google.com German-Englishဘာသာပြန်ရန်
en2el@bot.talk.google.com English-Germanဘာသာပြန်ရန်

14+15
es2en@bot.talk.google.com Spanish-Englishဘာသာပြန်ရန်
en2es@bot.talk.google.com English-Spanishဘာသာပြန်ရန်

16+17
Fi2en@bot.talk.google.com finnish-Englishဘာသာပြန်ရန်
en2fi@bot.talk.google.com English-finnishဘာသာပြန်ရန်

18+19
fr2en@bot.talk.google.com French-Englishဘာသာပြန်ရန်
en2fr@bot.talk.google.com English-Frenchဘာသာပြန်ရန်

20+21
hi2en@bot.talk.google.com Hindi-Englishဘာသာပြန်ရန်
en2hi@bot.talk.google.com English- Hindiဘာသာပြန်ရန်

22+23
hr2en@bot.talk.google.com Croatian-Englishဘာသာပြန်ရန်
en2hr@bot.talk.google.com English-Croatianဘာသာပြန်ရန်

24+25
it2en@bot.talk.google.com Italian-Englishဘာသာပြန်ရန်
en2it@bot.talk.google.com English-Italianဘာသာပြန်ရန်

26+27
ja2en@bot.talk.google.com Japanese-Englishဘာသာပြန်ရန်
en2ja@bot.talk.google.com English-Japaneseဘာသာပြန်ရန်

28+29
Ko2en@bot.talk.google.com Korean-Englishဘာသာပြန်ရန်
en2ko@bot.talk.google.com English-Koreanဘာသာပြန်ရန်

30+31
nl2en@bot.talk.google.com Dutch-Englishဘာသာပြန်ရန်
en2nl@bot.talk.google.com English-Dutchဘာသာပြန်ရန်

32+33
No2en@bot.talk.google.com Norwegian-Englishဘာသာပြန်ရန်
en2No@bot.talk.google.com English-Norwegian ဘာသာပြန်ရန်

34+35
pl2en@bot.talk.google.com polish-Englishဘာသာပြန်ရန်
en2pl@bot.talk.google.com English-polishဘာသာပြန်ရန်

36+37
Pt2en@bot.talk.google.com portuguese-Englishဘာသာပြန်ရန်
En2pt@bot.talk.google.com English-portugueseဘာသာပြန်ရန်

38+39
ro2en@bot.talk.google.com Romanian-Englishဘာသာပြန်ရန်
en2ro@bot.talk.google.com English-Romanianဘာသာပြန်ရန်

40+41
ru2en@bot.talk.google.com Russian-Englishဘာသာပြန်ရန်
en2ru@bot.talk.google.com English-Russianဘာသာပြန်ရန်

42+43
Sv2en@bot.talk.google.com Swedish-Englishဘာသာပြန်ရန်
en2sv@bot.talk.google.com English-Swedishဘာသာပြန်ရန်

44+45
zh2en@bot.talk.google.com chinese-Englishဘာသာပြန်ရန်
en2zh@bot.talk.google.com English-chineseဘာသာပြန်ရန်

46+47
Zh-hant2en@bot.talk.google.com Englishဘာသာပြန်ရန်
en2zh-hant@bot.talk.google.com Englishဘာသာပြန်ရန်

48+49
Zh-hant2zh@bot.talk.google.com traditionai Chinese-Chineseဘာသာပြန်ရန်
Zh2zh-hant@bot.talk.google.com Chinese- traditionai Chineseဘာသာပြန်ရန်

50+51
Th2en@bot.talk.google.com Thailand-Englishဘာသာပြန်ရန်
en2th@bot.talk.google.com English-Thailandဘာသာပြန်ရန်
en2mm12@mmgeeks.org မြန်မာလိုလဲ ပြန်လို့ ရပါပြီးရှင်







 

♥♥နှလုံးသားရဲ့အရှင်သခင်ချစ်သူ♥♥




[ Please click me tender ]








Flowers Scraps

..






ချစ်သူရေ.....................

အချစ်ကလူကိုရူးသွပ်စေတယ်နော်
ငါသိခဲ့တယ်  မင်းကိုချစ်မိတော့ ငါ့နှလုံးသားလေးတွေနာကျင်စွာခံစားခဲ့ရတယ်

ချစ်သူရေ  ကဗျာလေးတွေဖတ်နေမိရင်းမင်းကိုသတိရနေတယ်

မင်းအချစ် ကဗျာလေးတွေလိုက်ဖတ်နေချိန်မှာလဲ ငါဟာတယောက်တည်းရှိနေပေမဲ့
ငါ့ဘေးနားမှာ မင်းရောက်ရှိနေတယ်
ငါ့ကိုကဗျာလေးတွေရွတ်ဆိုပြနေသလို ငါခံစားမိတယ်ချစ်သူရယ်   ....
ငါဟာကဗျာလေးတွေဖတ်ရင်းမင်းကိုချစ်တတ်လာခဲ့တယ်

ချစ်သူရေ........................
တို့နှစ်ယောက်တွေ့ဆုံချိန်ဟာ ခဏလေးနော်
မင်းကိုတွေ့ရှိချိန်ဟာ လမင်းသာသလို ပေါ့
 ဟိုး မိုးကောင်းကင်ကကြယ်လေးဖြုတ်ခနဲကြွေကျလာတာမြင်လိုက်ရသလိုပေါ့နော်
 ငါဟာ မင်းကိုတစ်ခဏလေးဆုံတွေ့ခဲ့ရတာနော်
ဒါပေမဲ့ ငါ့ရဲ့နှလုံးသားက  မေ့ဖျောက်လို့မရပါဘူး
မင်းနဲ့ဒီခဏလေး ဆုံတွေ့ချိန်ကို အချစ်တွေနဲ့  ငါစောင့်နေမိတယ်နော်.........



ငါ့ရဲ့အချစ်လေးရေ........................


မင်းဟာ ငါ့ရဲ့ နှလုံးသားအရှင်သခင်ပေါ့ ဒါကိုမင်းသိရဲ့လား
ငါ့ရဲ့အချစ်တွေ မင်းကိုပေးခဲ့တယ်နော်
 မိုးပေါ်ကလမင်းလို မင်းစိတ်နှလုံးကြည်လင်အောင် အေးချမ်းတဲ့ အချစ်တွေကိုပေါ့
မိုးလင်းချိန်ခါ ဖြာကျလာတဲ့နေရောင်ချည်နုနုလေးလို  နွေးထွေးတဲ့အချစ်တွေကိုပေါ့
အေးမြတဲ့လေပြေလေညှင်းလေးလို  မင်းအနားရောက်ပြီး   ထွေးပွေ့မှု့တွေနဲ့ပေါ့
ကောင်းကင်ပြာပြာကြီးလို  ငြိမ်းချမ်းတဲ့အချစ်တွေနဲ့ပေါ
ဒါကိုမင်းသိရဲ့လား
ငါ့ရဲ့ချစ်လှစွာသောချစ်သူရယ်.......................♥♥.



Sunday, July 24, 2011

i like photo လက်ဆောင်ပါ

မောင်လေး
မင်းမင်းမှပေးသောလက်ဆောင်
i like photo  လက်ဆောင်ပါ
http://i52.tinypic.com/28hmnes.gif

တကယ်ချစ်ရဲ့လား (ပရဟိတဆောင်းပါး)

ဆန်နီနေမင်း
ဦးဇင်းလည်း အလုပ်များနေသဖြင့် ဆောင်းပါးများ အမေးအဖြေများ မပြုလုပ်ပေးနိုင်တာ အတော်ကြာသွားလေပြီ။ ယခုတော့ အချိန်လုကာ အများတောင်းဆိုနေကြသည့် ပရဟိတဆောင်းပါးလေးကို ဦးဇင်းလေ့လာထားသမျှ အများသိရှိအောင် တင်ပြပေးလိုက်ပါသည်။ ခေါင်းစဉ်ကိုလည်း အများပြောနေကြသည့်စကားလုံးကို ခွဲခြားဝေဖန်တတ်အောင် တစ်ခါတည်း ရှင်းပြပေးချင်သဖြင့် ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။

လောကတွင် လူသားများအသုံးပြုများသော စကားလုံးတစ်ခု ရှိပါသည်။ ထိုစကားလုံးမှာ တကယ်ချစ်ရဲ့လားဆိုသည့်စကားပင် ဖြစ်ပါသည်။ ဒီစကားလုံးကို အများသူငှာပြောနေကြသော်လည်း မိမိကိုယ်ကို မေးရမှာလား သူတစ်ပါးကိုမေးရမဲ့စကားလားဆိုတာ နားလည်သူက နည်းပါးမည် ထင်ပါသည်။ ထို့ကြောင့်လည်း တကယ်ချစ်ရဲ့လားဟု သူတစ်ပါးကိုပဲ မေးနေကြခြင်း ဖြစ်သည်။

တကယ်တော့ ဒီစကားဟာ မိမိကိုယ်ကို မေးရမဲ့စကားပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ့်ကိုမှ တကယ်မချစ်သောသူသည် သူတစ်ပါးကို တကယ်ချစ်တယ်ဆိုတာ မဖြစ်နိုင်လို့ပါ။ မိမိကိုယ့်ကို တကယ်ချစ်သောသူသည် သူတစ်ပါးကိုချစ်၍ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်ဘဲ သူတစ်ပါးအကျိုးရှိမည့် အများအကျိုးကိုသာ ပြုလုပ်ပေးကြသည်။ မိမိကိုယ်ကို တကယ်ချစ်၍ ကောင်းတာများလုပ်မှသာလျှင် မိမိလည်း ကောင်းစားမှာဖြစ်ပြီး မိမိချစ်သော သူတစ်ပါးသည်လည်း ကောင်းစားမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို မချစ်၍ မကောင်းတာများလုပ်မည်ဆိုလျှင် မိမိမကောင်းကျိုးများ ခံစားရမည်ဖြစ်သောကြောင့် သူတစ်ပါးလည်း ကောင်းကျိုးချမ်းသာများ ခံစားရမည်မဟုတ်ပေ။

သူတစ်ပါးအသက်ကိုသတ်လျှင် သူတစ်ပါးလည်း စိတ်ဒုက္ခရောက်သလို မိမိလည်း နောက်တစ်ချိန်တွင် ထိုကဲ့သို့သော စိတ်ဒုက္ခများစွာခံစားရမည့်အပြင် ယခုမျက်မှောက်ဘ၀တွင်လည်း ကံနိမ့်နေပါက မကောင်းကျိုးများ ဆက်တိုက်ပေးခြင်း ခံရမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို တကယ်ချစ်တဲ့လူဆိုရင် မိမိယခုဘ၀ နောက်ဘ၀ကောင်းစားဖို့ကိုကြည့်ရမည့်အပြင် မိမိအမြဲချမ်းသာမှုများခံစားရမည့် မိမိတို့ပန်းတိုင်ကိုပါ လျင်မြန်စွာရောက်အောင် ကြိုးစားပြုလုပ်ရပါမည်။ သို့မှလည်း မိမိကိုယ်ကို တကယ်ချစ်ရာရောက်၍ မိမိကိုယ်ကိုချစ်သောသူဟုလည်း ခေါ်ဆိုနိုင်ပါမည်။ ထိုသို့မဟုတ်လျှင်တော့ မိမိကိုယ်ကို တကယ်ချစ်သောသူဟု မဆိုနိုင်ပေ။

သူတစ်ပါးပစ္စည်းကို ခိုးယူသူသည် ပစ္စည်းခိုးရန် အကြံထုတ်ခြင်း၊ စွန့်စားရခြင်းတို့ကြောင့် သူ့စိတ်မှာ မကောင်းတာချည်းဖြစ်နေတဲ့အတွက် ရုပ်ရေမှာလည်း ကြမ်းတမ်းနေသဖြင့် သူခိုးများ၏ မျက်နှာမှာ လူချောလူခန့်ဟု မရှိဘဲ ရုပ်ဆိုးများသာ ဖြစ်နေကြပေသည်။ နောင်ဘ၀တွင်လည်း မိမိ၌ ထိုကဲ့သို့သော ဆင်းရဲမှုများနဲ့သာ ရင်ဆိုင်ရမည့်အပြင် ဖြစ်လေရာမှာ ချမ်းသာသောသူ မဖြစ်သဖြင့် မိမိကိုယ့်ကို ဒုက္ခပေးသူဖြစ်၍ မိမိကိုယ့်ကို ချစ်သောသူမဖြစ်နိုင်ပါ။ ထိုသို့မိမိကိုယ့်ကိုမချစ်သဖြင့် မချမ်းသာသောသူသည် သူတစ်ပါးကိုလည်း ချမ်းသာအောင်ပြုလုပ်ပေးနိုင်မည်မဟုတ်သောကြောင့် သူတစ်ပါးကိုလည်း တကယ်ချစ်သောသူဟု မသတ်မှတ်နိုင်ပေ။

သူတစ်ပါးသားမယားကို ပြစ်မှားသူသည် သံသရာဘက်ကကြည့်လျှင် နောင်ဘ၀မှာ မိမိအား စိတ်ဒုက္ခများစွာဖြစ်မဲ့ မကောင်းကျိုးများ ခံစားရမည်ဖြစ်ပါသည်။ ထို့အတူ ယခုမျက်မှောက်ဘ၀အတွက် ကြည့်လျှင်လည်း ရောဂါရခြင်း၊ အားနည်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများ ခံစားရပါသည်။ အမှန်ကိုအမှန်အတိုင်းမသိသောသူများသည် တကယ်ချမ်းသားမှုမဟုတ်တဲ့ စိတ်ရဲ့လှည့်စားမှုလေးကိုပဲ မိမိအတွက်ချမ်းသာတယ် ကောင်းတယ်ထင်ကာ မကောင်းမှုများမှာ ပျော်မွေ့ပြီး မိမိကိုယ့်ကို ဒုက္ခရောက်အောင် ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။

သူတစ်ပါးပျက်စီးအောင်၊ စိတ်ဒုက္ခရောက်အောင် လိမ်ညာပြောဆိုလှည့်ပတ်သူသည် ယခုမျက်မှောက်တွင် သူတစ်ပါးဆင်းရဲရသလို မိမိခံစားရမည့်အပြင် နောင်တမလွန်မှာလည်း မကောင်းမှုများဖြင့် ပြည့်နပ်နေပြီး မကောင်းကျိုးများဖြင့်သာ ကျင်လည်နေရမည်ဖြစ်သောကြောင့် ထိုသူသည် မိမိကိုယ့်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပါ။

အရက်သေစာသောက်စား မူးယစ်နေသောသူသည် မျက်မှောက်ဘ၀တွင် မကောင်းမှုများလုပ်ရန် ၀န်မလေးခြင်း၊ မိမိမိသားစု စိတ်မချမ်းသာခြင်း၊ မိမိ၏စိတ်သည် ပုံမှန်မဟုတ်သဖြင့် ကောင်းမှုမလုပ်နိုင်ခြင်း၊ စီးပွားရေးများ မကြံဆနိုင် မပြုလုပ်နိုင်သဖြင့် စီးပွားနှောင့်နှေးခြင်း၊ မိမိကိုယ့်ကိုမိမိ ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်နေခြင်းတို့အပြင် နောက်ဘ၀တွင်လည်း အရူးဖြစ်ခြင်း၊ ဉာဏ်ထိုင်းမှိုင်းသူဖြစ်ခြင်းစသော မကောင်းကျိုးများကိုသာ ခံစားရမည်ဖြစ်သောကြောင့် မိမိကိုယ်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပေ။

ထို့အတူ ဒေါသကြီးသောပုဂ္ဂိုလ်များသည် ယခုဘ၀၌ မိမိအတွက် ရုပ်ရေကြမ်းတမ်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းဖြစ်ပြီး နောင်ဘ၀တွင်လည်း ရုပ်ရေမလှသောသူ ဖြစ်ရပါသည်။ တကယ်လို့သာ မိမိကိုယ်ကိုချစ်တာမှန်ရင် ဒီလိုမျိုး မျက်မှောက်တမလွန်အကျိုးမရှိမဲ့ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ကာ မိမိဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရောက်အောင် ကြိုးစားပြုလုပ်ရပေမည်။ ထို့ကြောင့် မိမိကိုယ့်ကို နေ့စဉ်နဲ့အမျှ တကယ်ချစ်ရဲ့လားလို့ မေးမေးပေးသင့်ပါသည်။

လူသားအများစု ဘာသာမရွေး၊ လူမျိုးမရွေး ပြုလုပ်နေကြသည့် ပရဟိတလုပ်ငန်းဆိုတာ ရှိပါသည်။ ထို့လုပ်ငန်းသည် တကယ်တွေးကြည့်လျှင် မိမိကိုယ်ကိုချစ်၍ သူတစ်ပါးကိုချစ်နေကြသော ပုဂ္ဂိုလ်များ၏အလုပ်ပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါးကိုကူညီပေးလိုက်လျှင် မိမိအကျိုးကိစ္စပါ တစ်ခါတည်းပြီးလျက်ဖြစ်နေသောကြောင့် သူတစ်ပါးစိတ်ချမ်းသာ ပျော်ရွှင်ရသလို မိမိလည်းယခုဘ၀မှာ စိတ်ချမ်းသာမှုပီတိများခံစားရပြီး နောင်ဘ၀များစွာတွင်လည်း ကောင်းကျိုးများခံစားလျက် မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိပါသည်။

သူတစ်ပါးအကျိုးကိုလုပ်သော ပရဟိတအလုပ်သည် အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့အကျိုးအတွက် လုပ်ပေးခြင်း ဖြစ်သည်။ မိမိကူညီပေးလိုက်သော သူတို့ထံမှ မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ ပေးဖို့သက်သက်ပဲ ဖြစ်ပါသည်။ မိမိကူညီပြုလုပ်ပေးလိုက်ရ၍ သူတစ်ပါးချမ်းသာသွားသည်ကိုမြင်ရရင် ပရဟိတသမားများသည် ကျေနပ်နေကြသည်။

လောက၌ ကံဉာဏ်နည်းပါးသဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး မလုံလောက်ရှာကြ၍ မပြည့်စုံသူများအား ကူညီလုပ်ပေးလိုက်ရတဲ့အတွက် သူဒုက္ခမှလွတ်ပါစေဆိုသည့် ကရုဏာ၊ ချမ်းသာပါစေဟူသော မေတ္တာအရင်းခံဖြင့် ဆောင်ရွက်ပေးနေကြခြင်း ဖြစ်ပါသည်။ ကိုယ့်ကျေးဇူးကို သိသဖြင့် မိမိအပေါ်ပြန်လည်တုံ့ပြန်မှု မျှော်လင့်မထားကြပါ။ တကယ်စင်စစ်အားဖြင့် ပရဟိတလုပ်ခြင်းသည် လောဘကို တိုက်ရိုက် ဖြိုဖျက်ပေးသော အလုပ်ဖြစ်သည်။ ထို့ပြင် မေတ္တာကရုဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေသော အလုပ်လည်း ဖြစ်ပါသည်။ အသိတရား ဦးဆောင်ပြီးလုပ်လျှင် မောဟကိုပါ သန့်စင်လိုက်ခြင်း ဖြစ်သွားသည်။ ထိုကဲ့သို့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရသော အလုပ်ဖြစ်ခြင်းကြောင့် မြင့်မြတ်လှသောအလုပ်ဟု ဆိုနိုင်ပါသည်။

လောကထဲ၌ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေသည့် လောဘ၊ ဒေါသ၊ မောဟ အပူငွေ့များအား ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်သောစိတ်ထားဖြင့် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် စဉ်းစားကြည့်လျှင် ပရဟိတအလုပ်သည် အလွန်ကြည်နူးစရာကောင်းသော အလုပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် လူသားအများစုသည် ပရဟိတကို စိတ်ပါဝင်စားစွာဖြင့် ပြုလုပ်နေကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။

အလှူအတန်းပွဲ၊ အများသူငှာလုပ်နေကြသည့် ပွဲလမ်းသဘင်များတွင် ပရဟိတဝေယျာဝစ္စပြုလုပ်ပေးနေသည်ကို မကြာခဏတွေ့မြင်ရပါသည်။ ထိုသူများသည် ပရဟိတစိတ်ဓာတ်ကြောင့် မိမိနှင့်မသက်ဆိုင်သည့် အလုပ်ကိစ္စများကို အချိန်ကုန်ခံ ပင်ပန်းခံပြီး ပြုလုပ်ပေးနေကြခြင်း ဖြစ်သည်။ ထို့အတူ အသုဘပို့မှုများ၌ လူများစုသည် မိမိတို့လိုက်ပါစရာ မလိုသော်လည်း ပရဟိတစိတ်ရှိသူပီပီ သေသွားသူအား နှုတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ကျန်ရစ်သူမိသားစုများကို အားဖြည့်ပေးသည့်အနေဖြင့်လည်းကောင်း ၀ိုင်းဝန်ကူညီပြုလုပ်ပေးနေကြသည်။ မြတ်ဗုဒ္ဓက ပရဟိတစိတ်ဓာတ်ဖြင့် အလှူတန်းပွဲများကို ၀ိုင်းဝန်ကူညီပြုလုပ်ပေးသောသူသည် အလှူရှင်များနည်းတူ ကောင်းကျိုးကုသိုလ်ရရှိသည့်အပြင် မေတ္တာကရုဏာဖြင့် ပြုလုပ်ပေးခြင်းကြောင့် သီလလုံခြုံသူများလည်း ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

ဘုရားရှင်နှင့်ရဟန္တာတို့သည် ယခုမျက်မှောက်လုပ်သော ကောင်းကျိုးများ၏ အကျိုးကျေးဇူးများကို နောက်ဘ၀တွင် ဆက်လက်ခံစားရန် မရှိသော်လည်း ပရဟိတအလုပ်ကို ပြုလုပ်ပေးကြသည်။ တကယ်ဆို ရဟန္တာအရှင်မြတ်များသည် မိမိတို့ရရှိသည့်နိဗ္ဗာန်ချမ်းသာကို ခံစားနေရပါမည်။ သို့သော် သူတော်ကောင်းတို့၏ စိတ်ဓာတ်သည်ကား မိမိချမ်းသာရေးထက် အများချမ်းသာရေးကိုသာ ဦးစားပေးတတ်သောကြောင့် ပရဟိတလုပ်ငန်းများ ပြုလုပ်ကြခြင်း ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် သူတစ်ယောက်အတွက်ပဲ ချစ်မည်ဆိုလျှင် သုမေဓာရှင်ရသေ့ဘ၀ကတည်းက သာဝကရဟန္တာပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာကြီးကို အလွယ်တကူ ရယူနိုင်သော အခြေအနေရှိခဲ့ပါသည်။ သို့သော် မိမိကိုယ့်ကို တကယ်ချစ်တာထက် အများကိုပို၍ ချစ်ခင်သောပရဟိတစိတ်ဓာတ်ရှိသူဖြစ်သောကြောင့် သာဝကပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာမယူဘဲ သဗ္ဗညုတဉာဏ်ရအောင် သူများမလုပ်နိုင်သည့် ပါရမီများကို ဘ၀များစွာ ဆင်းရဲပင်းပန်းခံပြီး အများကိုလည်း သူနည်းတူရအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

သဗ္ဗညုတဉာဏ်ရ၍ မြတ်ဗုဒ္ဓဖြစ်သောအခါ၌လည်း တစ်ရက်ကို(၂၄)နာရီရှိရာ မြတ်ဗုဒ္ဓသည် (၂၂)နာရီ ပရဟိတအများအကျိုးအတွက် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ မိမိတို့ရဲ့ဆရာသခင်ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓသည်ပင် ဤမျှလောက် ပရဟိတအလုပ် လုပ်ခဲ့သေးလျှင် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓမျှလောက် မလုပ်နိုင်လျှင်သော်မှ မိမိတက်နိုင်သည့် ပရဟိတလုပ်ငန်းများကို မဖြစ်မနေပြုလုပ်ပေးသင့်ပါသည်။

ပရဟိတလုပ်နေချိန်တွင် သီလရှိသူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးနှင့်ညီသောကြောင့် ဗြဟ္မာများနှင့်တူသော လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ ပရဟိတလုပ်မနေသောအချိန်တွင်တော့ အကုသိုလ်များလည်း လုပ်နိုင်သောကြောင့် အမြဲလူကောင်းတစ်ယောက်ဟုတ်မဟုတ်တော့ အနီးကပ်လေ့လာမှ သိနိုင်ပေလိမ့်မည်။ သို့သော် မိမိသန္တာန်၌ အများအကျိုးပရဟိတလုပ်ဖို့သာ စိတ်ဆန္ဒရှိနေလျှင်တော့ ထိုသူကို လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။

ပရဟိတလုပ်သူသည် မိမိတို့ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓကိုလည်း အတုယူသူ မိမိအပေါ်အများက ပြန်လည်တုန့်ပြန်မည့် အကျိုးကျေးဇူးများကိုလည်း မျှော်လင့်ချက်မထားဘဲ မိမိကူညီလုပ်ကိုင်ပေးလိုက်၍ သူတစ်ပါးချမ်းသာပျော်ရွှင်သွားသည်ကိုမြင်ရလျှင် ကျေနပ်မှုပီတိများဖြင့် နှစ်သိမ့်နေသောသူများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ရခဲလှသော လူ့ဘ၀၊ ရှိခဲလှသော သူတော်ကောင်းစိတ်၊ တွေ့ခဲလှသော ဘုရားသာသနာ၊ ပြုနိုင်ခဲလှသော ပရဟိတအလုပ်ကို ယခုလို အသက်ရှိစဉ်အချိန်ကာလလေး၌ များများပြုလုပ်ပေးရပါမည်။ သို့မှသာ မိမိကိုယ့်ကိုရော သူတစ်ပါးကိုပါ တကယ်ချစ်သောသူဖြစ်ပြီး လူဖြစ်ရကျိုးနပ်သော လူတစ်ယောက်ဖြစ်ကာ မိမိတို့ပန်းတိုင်ကိုလည်း လျင်မြန်စွာရောက်ရှိပါလိမ့်မည်။

မှတ်ချက်။ ။ အကယ်၍ စာရေးသူမအားသဖြင့် ဆိုဒ်များအားမဖြန့်ဝေဖြစ်ပါက စာရေးသူ၏ဆိုဒ် http://www.sanninaymin.com/ မှ ကူးယူ၍ ဆောင်းပါးများကို တဆင့်ဖြန့်ဝေနိုင်ပါသည်
။။
 http://www.sanninaymin.com/

Friday, July 22, 2011

အရှင် ဆန္ဒာဓိက Ashin Candadhika _ LawKaNhightAhKongSoneThawAhYar.pdf

စိတ် နှလုံး ရွှေချိန်ခွင်

.








 ဒီသံသရာရေပြင် ၀ဲကတော့မှာဖြင့်
ဒေါသမီးငြီးငြီးလောင်ကာ ရေစီးရယ်သန် မြန်လှပေါ့လေး
မြုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့်ရယ်နဲ့
ဒီရေပြင်လွတ်အောင်ရုန်းခါမှ ငြိခဲ့ရ အဖန်ဖန်နော်
ဝဲသြဂသံသရာမှာ စုန်ချည်တစ်ခါ ဆန်ချည်တစ်လှည့်ရယ်နဲ့
ငါး လိပ် မကန်း ခန္ဓာကိုယ် စားဖို့ရာ လှိုင်းတန်ပိုးအောက်
ရောက်ပြန်ရအကြိမ်ကြိမ်သာ ၀ဋ်ကျွေးရယ်သံသရာမှာ
ကံကြွေးတွေအဖန်ဖန်ဆပ်ပေါ့
လည်ပတ်ရ ဒီသံသရာ ကပ်ဘေးတွေ အကြိမ်ကြိမ်သင့်
သတိမလပ်ရန်အဖန်ဖန်အခါခါ စိတ်လေးတွေပြန်ကာစစ်တော့
ညစ်နေတဲ့ဒီခန္ဓာ စိတ်ထွေရာမနေနား
မေတ္တာတရား ဘာဝနာ ထားဖို့ရာ
သဗ္ဗေညုတရွှေဥာဏ်ရှင်
ဘုရားဟောဒေသနာအစစ်ကိုတော့
စိတ်နှလုံးရွှေချိန်ခွင်မှာ ထည့်ကာသ

အကောင်းဆိုတာ မြူစမှ မပါ..
ဟိုဒီကူးသန်း  ၀ဲလှည့်နေတာ
ငါ့သားငါ့သမီး ငါ့စီးပွား ငါ့ဥစ္စာ
ဆုကြီးလဘ်ကြီး တစ်ခုမှ အကောင်းမပါ

သေခြင်းတရားမှ နေခြင်းတရား ...
တစ်ခုသောဒုက္ခမှ တစ်ခုသောဒုက္ခ အရောက်ပို့နေတာ
အသေဒုက္ခမှ အနေဒုက္ခ
ဆက်စပ်ခြင်းမှ တပါးအခြားမရှိပါ

သတိ ၀ီရိယ သမာဓိ ပညာ
ထောင်တတ်တဲ့နား ကျင့်တတ်တဲ့ဥာဏ်လေးနဲ့ အသုံးချတတ်ပါ..
သံသရာအရေး ဟောတတ်သောဆရာ
မြတ်ဘုရား မြတ်တရား ဆရာတော်ဘုရား ဟောကြားထားခဲ့တာ..
ာပြန်ကာစစ်ပေါ့
သတိမှာဥာဏ်ကပ်မှ လူဘ၀ခဏလာချိန်မှာ
မြတ်မယ်ကွဲ့လေး................။