Pages

Sunday, July 17, 2011

အာဇာနည်နေ့ အမှတ်တရ


အာဇာနည်နေ့ အမှတ်တရဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကို အောက်မေ့သတိရလျှက်

http://api.ning.com/files/i*rKKGm-5WyNfK-KhTXSbg4rYqR74rgGFQujltUxsDya3GVXjF2WreUKmnS-Z3yfzXD0eumArQn3StXn5evemUA-2ky8-Jrd/mamaeparniang2222.swf



.
..
.


အာဇာနည်ဗိမာန် ဆရာကြီးသခင်ကိုယ်တော်မှိုင်း





.


.အာဇာနည်ဗိမာန်

သြော် .. အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က
အောင်စာတန်းချို့စေဖို့ ၊ အောင်ပန်းညို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနဲ့
အောင်ဆန်းတို့  မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန်မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့်သဂြိုဟ်ချင်။

☺ သြော် ... တပည့်ရင်းတွေမို့
က၀ိမတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လို့မရနိုင်ဘူ့
သောက ဗလောင်ဆူတော့
တောင်ဇမမ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန်သနစ်တွေပေါ့
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇမ္ဗူ ရမ်းနေကြ
ကျန်ရစ်ကဲ့မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်
လူကြမ်းဒမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မ
ှဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်
ရွှေမြန်မာဘုံမှာ အမင်းမင်းသမ္မတတွေနဲ့
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်
ဒ၀ယ်သားတွေ ဗိုလ်မင်းခံလို့မို့
ပာိုအယင်ယမန် နန်းတော်စီးစဉ်က
အပျက်ကြီးပျက်ကာ အသက်ခန္တာတွေဆုံးပုံနဲ့
တထုံးနောင်တနဲမှာတော့
မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့
ပြည်မင်း ဂုဏ်ခံလို့ 
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ ပြင်
မွန်တိုင်းနယ် ရွှေပြည်တခွင်မတော့
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက
လက်ရုံးရည် တသိန်လျှမ်းပေတဲ့
သမိန်ပရမ်းဆိုသူ စစ်ဗိုလ်ချူပ်ကိုဖြင့်
မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့ 
သြော်.....ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပါ့
အခိုက် အခါတူလို့ မို့ 
ဆရာတမူ မကြာမကြာလွမ်းရပါတဲ့
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်
ငါတလူ ငါသရမ်းရော့မဟဲ့လို့ 
သာခန်း ပလ္လင်ညွှန်းပြီး
မြင်ကွန်းပိုင် သူပုန်ထစဉ်က
ကြုံရသူ မသာတော်နှင့်
ပမာသော် တူတယ်လို့ နှိုင်းမိတယ်
ရိုင်းသနဲ့  အတိတ်ယခင်လိုနော်ကွယ်
စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့ တွေနဲ့ 
မှိုင်းရဲ့ စိတ်ထင်။

☺မင်းစိတ်မင်းမာန် အကြံအဖန်တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့ 
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာတခွင်မှာဖြင့် အထက်ယခင်သဘော
(အိုကွယ်)တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။

☺နန်းမြို့ တည်ရန်
မှန်းလို့  ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူ့ ခပဲကို မကြည်ညိုတဲ့
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့ 
တနွေးနွေးမူးမူးပြီး ခွေဘီလူးလိုအကောင်မိုက်တွေက
သြော်.....အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ပဲ မိုက်မပေါ့လို့ 
ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့  ဇာတာမှိန်လို့ မို့ 
ဂနာမငြိမ် တာဝတိံယွန်းကြပေါ့
ဖြေမကြည် နေရီတော့လွမ်းစေဘို့ 
မြန်မာပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့ 
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့
သုဿန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဌာန်တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့ 
မြန်မာမတော့ ပူစရာဘို့ 
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့ 
သောင်ကမ်းမို့ မို့ ဆီက
ဖောင်နန်းကုတို့ နှင့်
အကြေဒဂုံတည်းဟူသော ရေစုန်မျောလေရဲ့ 
သြော်.....တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့ 
အခေါင်မမြန်းရခင်က အောင်ပန်းညှိုးရရှာတဲ့
အောင်ဆန်းတို့  သေပုံနှမြော။
...............................................
...ဆရာကြီးသခင်ကိုယ်တော်မှိုင်းက
..၁၉၄၇ ခုနှစ်မှာ ရေးဖွဲ့ ခဲ့တာပါ။ .....

~ အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ ~


http://soundcloud.com/komyoedesign/sets/set-1/
.

Saturday, July 16, 2011

Tuesday, July 12, 2011

တစ်ဖက်နိုင်ငံသို့ ရောင်းစားခံရနိုင်ဖွယ် ရှိသော ကလေးငယ် ၆၀ ဦးကို ပြင်ဦးလွင်ရှိ ပရဟိတ ကျောင်းနှစ်ကျောင်းမှစောင့်ရှောက်ထားကြောင်း


hlatun


nun1

တစ်ဖက်နိုင်ငံသို့ ရောင်းစားခံ ရနိုင်ဖွယ်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှ ကလေးငယ် ၆၀ ဦးကို ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်းသီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းနှင့် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာဒိုးပင် ပရဟိတ မိဘမဲ့ ကလေးကျောင်းများတွင် စောင့်ရှောက်ထားကြောင်း သတင်းရရှိပါသည်။

"နမ့်ဆန်မြို့နယ် မိုင်မန်ကျေး ရွာ ဆရာတော်က ဆရာလေးရဲ့ အစ် ကိုတော်တယ်။ သူကနေပြီး နမ့်ဆန် မြို့နယ်ထဲက တစ်ဖက်နိုင်ငံကို ရောင်းစားခံရတော့မယ့် ကလေးတွေ နဲ့ ရောင်းစားခံရမယ့် အလားအလာ ရှိတဲ့ကလေး အယောက် ၆၀ ကို မေလတုန်းက ပြင်ဦးလွင်ကို လာပို့တယ်။ ကလေးတွေထဲမှာ အသက် နှစ်နှစ်ကနေ ၁၅ နှစ်အတွင်းရှိတဲ့ ယောက်ျားလေး အယောက် ၃၀ နဲ့ မိန်းကလေး အယောက်၃၀ ပါပါတယ်။ ဆရာလေးရဲ့ကျောင်းက သီလရှင်သင် ပညာရေးကျောင်းဆိုတော့ ယောက်ျားလေး အယောက် ၃၀ ကို အောင်ချမ်းသာရွာက ဒိုးပင်ပရဟိတ မိဘမဲ့ကလေးကျောင်းကို ပြန်လွှဲပေးလိုက်တယ်"ဟု ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ရှိ ရွှေစင်မင်းသီလရှင်သင်(အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဒေါ်နန္ဒသိင်္ဂီက မိန့်ကြားခဲ့ပါသည်။

အဆိုပါ ကလေးငယ်များမှာ ဆင်းရဲလွန်းသောကြောင့် တစ်ဖက်နိုင်ငံသို့ မိဘကိုယ်တိုင်ရောင်းစားရန် ပြင်ဆင်နေခြင်း၊ မိဘများတောင်ယာ လုပ်ငန်းသွားရောက် လုပ်ကိုင်နေစဉ် လူကုန်ကူးသူများ၏ စည်းရုံးမှု ခံရခြင်း၊ လက်ဖက်လုပ်ငန်း မကောင်းသောကြောင့် ရပ်တည်ရန် ခက်ခဲခြင်း၊ မိစုံဖစုံမရှိခြင်း စသည်တို့ကြောင့် လူကုန်ကူးခံရရန် အလားအလာရှိနေသဖြင့် မိုင်မန်ကျေးရွာ ဆရာတော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ယင်းကဲ့သို့ လာရောက် ပို့ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

nun2


ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁) ရှိ ရွှေစင်မင်း သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် စောင့်ရှောက်ထားသော ကလေးငယ် ၃၃၅ ဦးရှိပြီး ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ မိုင်းကိုင်၊ နမ့်ဆန်၊ မြစ်ကြီးနားနှင့် စစ်ကိုင်းတို့မှ ကလေးငယ်များ ပါဝင်ကြောင်း သိရပါသည်။

"ဆရာလေးတို့က စစ်ကိုင်းကနေ ပြင်ဦးလွင်ကို ၂၀၀၁ ခုနှစ်မှာ ပြောင်းလာတော့ စစ်ကိုင်းကနေ မိဘတွေကိုယ်တိုင် ပေးလိုက်တဲ့ ကလေး နှစ်ယောက်အပါအ၀င် သီလရှင် အပါး ၄၀ နဲ့စခဲ့တာ။ ဒိုးပင်ပရဟိတ ဆရာတော်ကို အားကျတော့ ငါဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်ခဲ့တာပါ။ အခုဆိုရင် ကလေးငယ် ၃၃၅ ဦး အထိရှိလာပါပြီ။ ဒီကလေးတွေထဲမှာ မိခင်ကိုယ်တိုင်ရောင်းစားဖို့ ပြင်နေတဲ့ ကျောက်မဲက ကလေးတောင်ပါတယ်။  မိခင်လက်ထဲကနေ ဆရာလေးက ကျပ်သုံးသောင်းပေးပြီး ၀ယ်ခဲ့ရတယ်။ အဲဒီတုန်းက ကလေးက သုံးနှစ်လောက်ပဲ ရှိသေးတယ်။ အခု အဲဒီကလေး ငါးတန်းတောင် ရောက်နေပြီ"ဟု ရွှေစင်မင်း ကျောင်းအုပ်ဆရာကြီးက မိန့်ကြားခဲ့ပါသည်။

အဆိုပါ သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် မူကြိုသီလရှင်နှင့် ကျောင်းသူ ၃၀ ဦး၊ သီလရှင်ဝတ် ပထမတန်း ၅၀ ဦး၊ ဒုတိယတန်း ၃၅ ဦး၊ တတိယတန်း ၃၅ ဦး၊ စတုတ္ထတန်း ၄၀ ဦး၊ ပဉ္စမတန်း ၃၀ဦး၊ ဆဋ္ဌမတန်း ၃၀ ဦး၊ သတ္တမတန်း ၂၈ ဦး၊ အဋ္ဌမ တန်း ၁၀ ဦး၊ န၀မတန်း ၁၀ ဦး၊ ဒသမတန်း သုံးဦး၊ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လေးဦးတို့ကို စောင့်ရှောက်ထားကြောင်း သိရှိရသည်။




ELEVEN MEDIA GROUP သတင်းမှ ကူးယူဝေမျှပါသည်။

ဒိုးပင်ကွင်းကျောင်းအားတတ်နိုင်သမျှစုပေါင်းလှုဒါန်းပါမည်.....။

http://yinminkhine.multiply.com/journal/item/1191/1191

Wednesday, July 6, 2011

မ..မ ဘာလို့ ပရဟိတလုပ်တာလဲ ဘာအတွက်လဲ သိချင်လား ..........! ! ?

ဘာလို့ ပရဟိတလုပ်တာလဲ ဘာအတွက်လဲ သိချင်လား ..........! ! ?

တရိစ္ဆာန်လေးတွေတောင် သနားကြင်နာစိတ်ရှိရင်

စားသောက်နေတာချကြွေးရသေးတယ်

လူသားအခြင်းခြင်း လူ့ဘ၀ရောက်ပြီး

ချို့တဲ့ ငတ်မွတ် ခေါင်းပါး မပြည့်စုံတာတွေ တွေ့မြင်နေရတော့

လူသားခြင်းခြင်း စာနာထောက်ထားပြီး

ကိုယ့်စိတ်နဲ့နှိုင်းယှဉ်ကာ

သနားဂရုဏာ ဖြစ်ပေါ်လာခြင်းကြောင့်

မည်သည့်ခေါင်းစဉ်မှမထားပဲ မည်သူမျှခိုင်းစရာမလိုပဲ

လူဖြစ်နေလို့ လူစိတ်ရှိ၍

လူသားခြင်းစာနာလို့လုပ်ပါသည်........

မိတ်ဆွေ သူငယ်ချင်း လူသားအားလုံးသိစေ့ချင်ပါသည်

မ..မ

 ပရဟိတအသင်းသို့ အလှူရှင်စာရင်း
မ..မ - 50000 ( ငါးသောင်းကျပ် )
naingthu2008 - 50000 ( ငါးသောင်းကျပ် )
barlarlar.bll - 50000 ( ငါးသောင်းကျပ် )
ရာမည - 50000 ( ငါးသောင်းကျပ် )  မမိုးငယ် -10000 (တစ်သောင်း)
Lohan lin -5000(ငါးထောင်)
သိမ့်-   27000  (နှစ်သောင်းခုနှစ်ထောင်)
ကိုထွန်းဝင်းလတ်-20000(နှစ်သောင်း)
ကဝေပျို -      10000 (တစ်သောင်း)
နုနု          -  5000(ငါးထောင်)
                                       ဆက်သွယ်ရန်လိပ်စာ
ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -
ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆

မင်းမင်းဇော် မန္တလေးဖုန်း - ၀၉၂၀၃၀၂၃၁
 
ရာမည  စင်္ကာပူ ဖုန်း-   98587714  -8195728

မ သူ _ 82040414
မ မေ စင်္ကပူဖုန်း _ 98581733

မနေခြည် မလေးရှားဖုန်း _60129106659

   ငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943
ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉
ကိုးရီးယား ဖုန်း ဘိုဘို- 821023497257
လက်ခြင်းချိတ်ဆက်
မခွဲတစ်သက်

ပရဟိတလက်
http://www.fusarshinlay.com/group/donation
လာခဲ့နော်အမြဲဖိတ်ခေါ်

ကုသိုလ်ရေးမို့တူတူပျော်

ပေးဆပ်သူတွေရှင်သန်ခြင်းပေါ့

တစ်ယောက်တစ်လက်

နှစ်ယောက်လက်နဲ့

ချိတ်ဆက်ထားနော်

လက်တွဲဖော်..............။


♥♥ချစ်သူမြို့တော်နှင့်ဖူးစာရှင်လေး အွန်လိုင်းပရဟိတအဖွဲ့ပရဟိတ
ဖောင်ဒေးရှင်းလေး မည်သူမဆို ကူညီပေးပါရှင်♥♥

♥ပရဟိတ ၀ါသနာတူတွေ ဆိုဒ်ထဲမှာရှိပါတယ် ကူညီလိုသူများလှုဒါန်းလိုသူများ ဖိတ်ခေါ်ပါတယ်♥


♥♥ပရဟိတ လိုအပ်သောနေရာ များကို လှုဒါန်းကူညီ စောင့်ရှောက်ခြင်းဖြင့် လူဘ၀ကို လူသားခြင်းး ကူညီကြပါဆို့ ♥♥  
ဆိုဒ်တွင်းရှိသော သူငယ်ချင်းများနှင့် ပြင်ပမိတ်ဆွေသူငယ်ချင်းများ တတ်နိုင်သလောက်တတ်စွမ်းသလောက် မိုးနည်းရာ မိုးရွာ သွန်းပေးစေ့ချင်ပါသည်.............။
(မ..မ) ချစ်သူမြို့တော်နှင့်ဖူးစာရှင်လေး Online မိသားစု
ဒီလိုမျိုးလေးတွေ  တတ်နိုင်သလောက်လှုစေ့ချင်တာပေါ့နော်....


တွတ်တွတ်တို့လှုထားတာကြည့်ရအောင်ပြတာပါ...........။


လှုမယ်ဆိုလည်းဒီလိုမျိုးလေးတွေ  လှုချင်၏







11:14


အကျိုးတော်ဆောင်လူငယ်အဖွဲ့.....






အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း (၁)



.အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း (၂ ) .




အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း (၁)   17:

yinminkhine

Sunday, July 3, 2011

စိတ်ကူးလေးနှင့်မြင်ကြည့်ပါ စိတ်လေးနှင့်သာကြည့်လိုက်ပါ..

○○စိတ်ကူးလေးနှင့်မြင်ကြည့်ပါ.........စိတ်လေးနှင့်သာကြည့်လိုက်ပါ....။○○
သင်ခါရ အနိစ္စ အချိန်ဆိုင်းလို့မရပါ ကိုယ့်ကို့ကိုသနားပြီးကိုယ့်ကိုကယ်တင်တဲ့အလုပ်ဟာ အရေးကြီးဆုံးအလုပ်ပါ၊သေရမှာသိတယ် သေရမဲ့အချိန်မသိဘူး ဘယ်ကလာလည်းမသိဘူး ဘယ်သွားရမလည်းမသိဘူး။ လာရာကိုမသိပေမဲ့ ဘယ်သွားရမလည်း သိအောင်လုပ်ပေါ့ လာရာမသိပေမဲ့ သွားရာတော့သိရမှာပေါ့..........................................။
ငါသည်မုချသေရမည်အချိန်ပိုင်းသာလိုတော့သည် သေမင်းစားဖတ်ဝါးဖတ်။
သေမင်းခေါင်းစင်းအပ်ရမည်။ သေမင်းဆီခန္ဓာဝန်ကိုအခွန်ဆက်ရမယ် အချိန်ပိုင်းသာလိုတော့သည်
တစ်ယောက်နှင့်တစ်ယောက် အချိန်ပိုင်းသာလိုတော့သည့်သေခါနီးများ စကားများရန်ဖြစ် မတည့်ကြပါဘူး သေခါနီးနေကြသည့် သူများသေကံဝေးများကိုငဲ့နေကြသည်
သားငဲ့ မြေးငဲ့ သမီးငဲ့ စီးပွားရေးငဲ့ အစဉ်တိုင်းသာသေကြမည်ဆိုရင် သေခါနီးက အသေလွတ်သောအလုပ်လုပ်ဖို့ရာဝေးနေကြသည် ။ ရေထဲနစ်လို့မရဏရေလွမ်းမိုးပါးစပ်နားရောက်နေသောသူများက ကုန်းပေါ်မှလူများကိုစိတ်မချပဲကုန်းပေါ်မှ သေကံဝေးကိုရေထဲကလူမှစကားပြောနေသည် ကုန်းပေါ်မှာသွားလိုရာသွားနေထိုင်နေသည့်သူများကို သေခါနီးကစိတ်မချမှာနေသည် မိုက်သည့်အပေါ် အရူးထပ်ပေါ်နေကြသည် တဏှာကရှေ့နေလိုက်နေသည် မင်းမပြုဘယ်သူပြုမလည်း ကစင့်ကလျှား ဖြစ်လိုက်မည် စိတ်မချပူပန်နေသည် ငါလိမ်မာလား ငါမိုက်တာလား နဖူးပေါ်လက်တင်စဉ်းစားပါ စိတ်မချ ဖြစ်နေသမျှ အင်မတန်မှဆိုးဝါးပါသည် သေခါနီးကိုအရူး မသာချရမည်။
မိမိနှင့်သက်ဆိုင်သော သူများကို ကိုယ်များပူလား ချောင်းများဆိုးလား အစဉ်မှပြေလား အိပ်ပျော်နေသူကို ထိတ်စွာပူပန်တတ်နေသည် သေရာ ညောင်စောင်းလျှောင်းစက်ရမှ ကိုယ်တစ်ယောက်တည်းမြင်ရသည့် ကိစ္စ ကိုယ်တိုင်တွေ့လာလိမ့်မည် သေခါနီးဇော သေရာကိစ္စ လမ်းဆိုးကြီးလား လမ်းကြမ်းကြီးလား ကိုယ်သာ မရဏဇော ကိုယ်သာမြင်ရမည် ။ကိုယ်အနေဆိုးနေခဲ့သမျှ ကိုယ်သာအသေဆိုး မရဏဇော မသေခင်ကိုယ်သာမြင်ရမည်။
ခန္ဓာအိမ်ပေါ်တွင်ဥာဏ်နှင့် သေခါနီး လူတက်တက်ကြပါ သေခါဝေး အတွက် စဉ်းစာနေသမျှ ခန္ဓာအိမ်ပေါ်ခွေးတက်တက်နေသည်....။ ခိုင်းတာလုပ်ပြီး ပြောတာနားထောင်နေသမျှ ဥာဏ်နှင့်မစဉ်းစားတတ်ပါ ကိုယ်ပိုင်အသိနှင့် ကိုယ်ပိုင်ကြည့်ပြီး ကိုယ်တိုင်သိအောင်လုပ်ပါ ဥာဏ်နှင့်စဉ်းစားပါ။ ကိုယ့်ကို ကိုယ် ကယ်တင်ပါ။ ၀ိပသနာရှုပါ ကိုယ့်ကိုယ်ကို ကိုယ်ရှုကြည့်ပါ ကိုယ်လုပ်သောအမှု့ကို ကိုယ်တိုင်သာ ဥာဏ်နှင့် ကြည့်တတ်မြင်တတ်ပါ အဆိုးပါသလား အကောင်းပါသလား ကိုယ့်အသုဘကိုယ်သာရှုမြင်ကြည့်ပါ။ရေတွက်လို့မဆုံးနိုင်သော ဘ၀များစွာကို လမ်းသိအောင်ကြည့်တတ်ပါစေ
ပြောတတ်သောဆရာသမား အမှန်တွေ့ရှိပါစေ
တရားမှန်ဥာဏ်အသိနှင့် နားထောင်တတ်သောသူဖြစ်ကြပါစေ
မိမိဝန် မိမိကိုယ်ထက် သူတပါးဝန်ကို လောဘ ဒေါသ မောဟ စိတ်ဖြင့် ထမ်းနေရသော လောဘ ဒေါသ မောဟ ၀န်ထမ်းသမားများ ခန္ဓာဝန်ထမ်းနေသော သူများအတွက်လက်ဆောင်မွန်
မိုးကုတ်ဆရာတော်ဘုရာကြီးဦးဝိမလ၏.............
ကြားနာမိသောတရားကို သိသမျှ မျှဝေပါသည်။

ချစ်သူသိစေ

♥♥♥♥"အရမ်းချစ်တယ်.."♥♥♥♥
အချစ်ကိုချစ်တဲ့အချစ်လေ
။။။။။။။။။။။။။။။။။။။
သံသရာ ကမ္ဘာ မိုးမြေ
။။။။။။
အရိုးတောင်လိုပုံနေ
။။။။။။။။။။
ချစ်တဲ့သူချင်း ချစ်သူချင်းကသိတယ်လေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘဒ္ဒကမ္ဘာ ဘုရားအဆူဆူ
ဆုတောင်းဆုယူ
ပြုခဲ့လေတော့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တခဏလေးဆုံတွေ့ချိန်မှာ
မေတ္တာပေးလို့ အချစ်ဝေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်သူအစစ်မှသိတယ်လေ
တည်တဲ့အချစ် ထားခဲ့ သစ္စာ
ချစ်သူသိစေ
တောင်းဆုချွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
♥♥♥♥"အရမ်းချစ်တယ်.."♥♥♥♥