Pages

Tuesday, July 12, 2011

တစ်ဖက်နိုင်ငံသို့ ရောင်းစားခံရနိုင်ဖွယ် ရှိသော ကလေးငယ် ၆၀ ဦးကို ပြင်ဦးလွင်ရှိ ပရဟိတ ကျောင်းနှစ်ကျောင်းမှစောင့်ရှောက်ထားကြောင်း


hlatun


nun1

တစ်ဖက်နိုင်ငံသို့ ရောင်းစားခံ ရနိုင်ဖွယ်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှ ကလေးငယ် ၆၀ ဦးကို ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်းသီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းနှင့် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာဒိုးပင် ပရဟိတ မိဘမဲ့ ကလေးကျောင်းများတွင် စောင့်ရှောက်ထားကြောင်း သတင်းရရှိပါသည်။

"နမ့်ဆန်မြို့နယ် မိုင်မန်ကျေး ရွာ ဆရာတော်က ဆရာလေးရဲ့ အစ် ကိုတော်တယ်။ သူကနေပြီး နမ့်ဆန် မြို့နယ်ထဲက တစ်ဖက်နိုင်ငံကို ရောင်းစားခံရတော့မယ့် ကလေးတွေ နဲ့ ရောင်းစားခံရမယ့် အလားအလာ ရှိတဲ့ကလေး အယောက် ၆၀ ကို မေလတုန်းက ပြင်ဦးလွင်ကို လာပို့တယ်။ ကလေးတွေထဲမှာ အသက် နှစ်နှစ်ကနေ ၁၅ နှစ်အတွင်းရှိတဲ့ ယောက်ျားလေး အယောက် ၃၀ နဲ့ မိန်းကလေး အယောက်၃၀ ပါပါတယ်။ ဆရာလေးရဲ့ကျောင်းက သီလရှင်သင် ပညာရေးကျောင်းဆိုတော့ ယောက်ျားလေး အယောက် ၃၀ ကို အောင်ချမ်းသာရွာက ဒိုးပင်ပရဟိတ မိဘမဲ့ကလေးကျောင်းကို ပြန်လွှဲပေးလိုက်တယ်"ဟု ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ရှိ ရွှေစင်မင်းသီလရှင်သင်(အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဒေါ်နန္ဒသိင်္ဂီက မိန့်ကြားခဲ့ပါသည်။

အဆိုပါ ကလေးငယ်များမှာ ဆင်းရဲလွန်းသောကြောင့် တစ်ဖက်နိုင်ငံသို့ မိဘကိုယ်တိုင်ရောင်းစားရန် ပြင်ဆင်နေခြင်း၊ မိဘများတောင်ယာ လုပ်ငန်းသွားရောက် လုပ်ကိုင်နေစဉ် လူကုန်ကူးသူများ၏ စည်းရုံးမှု ခံရခြင်း၊ လက်ဖက်လုပ်ငန်း မကောင်းသောကြောင့် ရပ်တည်ရန် ခက်ခဲခြင်း၊ မိစုံဖစုံမရှိခြင်း စသည်တို့ကြောင့် လူကုန်ကူးခံရရန် အလားအလာရှိနေသဖြင့် မိုင်မန်ကျေးရွာ ဆရာတော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ယင်းကဲ့သို့ လာရောက် ပို့ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

nun2


ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁) ရှိ ရွှေစင်မင်း သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် စောင့်ရှောက်ထားသော ကလေးငယ် ၃၃၅ ဦးရှိပြီး ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ မိုင်းကိုင်၊ နမ့်ဆန်၊ မြစ်ကြီးနားနှင့် စစ်ကိုင်းတို့မှ ကလေးငယ်များ ပါဝင်ကြောင်း သိရပါသည်။

"ဆရာလေးတို့က စစ်ကိုင်းကနေ ပြင်ဦးလွင်ကို ၂၀၀၁ ခုနှစ်မှာ ပြောင်းလာတော့ စစ်ကိုင်းကနေ မိဘတွေကိုယ်တိုင် ပေးလိုက်တဲ့ ကလေး နှစ်ယောက်အပါအ၀င် သီလရှင် အပါး ၄၀ နဲ့စခဲ့တာ။ ဒိုးပင်ပရဟိတ ဆရာတော်ကို အားကျတော့ ငါဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်ခဲ့တာပါ။ အခုဆိုရင် ကလေးငယ် ၃၃၅ ဦး အထိရှိလာပါပြီ။ ဒီကလေးတွေထဲမှာ မိခင်ကိုယ်တိုင်ရောင်းစားဖို့ ပြင်နေတဲ့ ကျောက်မဲက ကလေးတောင်ပါတယ်။  မိခင်လက်ထဲကနေ ဆရာလေးက ကျပ်သုံးသောင်းပေးပြီး ၀ယ်ခဲ့ရတယ်။ အဲဒီတုန်းက ကလေးက သုံးနှစ်လောက်ပဲ ရှိသေးတယ်။ အခု အဲဒီကလေး ငါးတန်းတောင် ရောက်နေပြီ"ဟု ရွှေစင်မင်း ကျောင်းအုပ်ဆရာကြီးက မိန့်ကြားခဲ့ပါသည်။

အဆိုပါ သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် မူကြိုသီလရှင်နှင့် ကျောင်းသူ ၃၀ ဦး၊ သီလရှင်ဝတ် ပထမတန်း ၅၀ ဦး၊ ဒုတိယတန်း ၃၅ ဦး၊ တတိယတန်း ၃၅ ဦး၊ စတုတ္ထတန်း ၄၀ ဦး၊ ပဉ္စမတန်း ၃၀ဦး၊ ဆဋ္ဌမတန်း ၃၀ ဦး၊ သတ္တမတန်း ၂၈ ဦး၊ အဋ္ဌမ တန်း ၁၀ ဦး၊ န၀မတန်း ၁၀ ဦး၊ ဒသမတန်း သုံးဦး၊ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လေးဦးတို့ကို စောင့်ရှောက်ထားကြောင်း သိရှိရသည်။




ELEVEN MEDIA GROUP သတင်းမှ ကူးယူဝေမျှပါသည်။

ဒိုးပင်ကွင်းကျောင်းအားတတ်နိုင်သမျှစုပေါင်းလှုဒါန်းပါမည်.....။

http://yinminkhine.multiply.com/journal/item/1191/1191

Wednesday, July 6, 2011

မ..မ ဘာလို့ ပရဟိတလုပ်တာလဲ ဘာအတွက်လဲ သိချင်လား ..........! ! ?

ဘာလို့ ပရဟိတလုပ်တာလဲ ဘာအတွက်လဲ သိချင်လား ..........! ! ?

တရိစ္ဆာန်လေးတွေတောင် သနားကြင်နာစိတ်ရှိရင်

စားသောက်နေတာချကြွေးရသေးတယ်

လူသားအခြင်းခြင်း လူ့ဘ၀ရောက်ပြီး

ချို့တဲ့ ငတ်မွတ် ခေါင်းပါး မပြည့်စုံတာတွေ တွေ့မြင်နေရတော့

လူသားခြင်းခြင်း စာနာထောက်ထားပြီး

ကိုယ့်စိတ်နဲ့နှိုင်းယှဉ်ကာ

သနားဂရုဏာ ဖြစ်ပေါ်လာခြင်းကြောင့်

မည်သည့်ခေါင်းစဉ်မှမထားပဲ မည်သူမျှခိုင်းစရာမလိုပဲ

လူဖြစ်နေလို့ လူစိတ်ရှိ၍

လူသားခြင်းစာနာလို့လုပ်ပါသည်........

မိတ်ဆွေ သူငယ်ချင်း လူသားအားလုံးသိစေ့ချင်ပါသည်

မ..မ

 ပရဟိတအသင်းသို့ အလှူရှင်စာရင်း
မ..မ - 50000 ( ငါးသောင်းကျပ် )
naingthu2008 - 50000 ( ငါးသောင်းကျပ် )
barlarlar.bll - 50000 ( ငါးသောင်းကျပ် )
ရာမည - 50000 ( ငါးသောင်းကျပ် )  မမိုးငယ် -10000 (တစ်သောင်း)
Lohan lin -5000(ငါးထောင်)
သိမ့်-   27000  (နှစ်သောင်းခုနှစ်ထောင်)
ကိုထွန်းဝင်းလတ်-20000(နှစ်သောင်း)
ကဝေပျို -      10000 (တစ်သောင်း)
နုနု          -  5000(ငါးထောင်)
                                       ဆက်သွယ်ရန်လိပ်စာ
ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -
ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆

မင်းမင်းဇော် မန္တလေးဖုန်း - ၀၉၂၀၃၀၂၃၁
 
ရာမည  စင်္ကာပူ ဖုန်း-   98587714  -8195728

မ သူ _ 82040414
မ မေ စင်္ကပူဖုန်း _ 98581733

မနေခြည် မလေးရှားဖုန်း _60129106659

   ငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943
ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉
ကိုးရီးယား ဖုန်း ဘိုဘို- 821023497257
လက်ခြင်းချိတ်ဆက်
မခွဲတစ်သက်

ပရဟိတလက်
http://www.fusarshinlay.com/group/donation
လာခဲ့နော်အမြဲဖိတ်ခေါ်

ကုသိုလ်ရေးမို့တူတူပျော်

ပေးဆပ်သူတွေရှင်သန်ခြင်းပေါ့

တစ်ယောက်တစ်လက်

နှစ်ယောက်လက်နဲ့

ချိတ်ဆက်ထားနော်

လက်တွဲဖော်..............။


♥♥ချစ်သူမြို့တော်နှင့်ဖူးစာရှင်လေး အွန်လိုင်းပရဟိတအဖွဲ့ပရဟိတ
ဖောင်ဒေးရှင်းလေး မည်သူမဆို ကူညီပေးပါရှင်♥♥

♥ပရဟိတ ၀ါသနာတူတွေ ဆိုဒ်ထဲမှာရှိပါတယ် ကူညီလိုသူများလှုဒါန်းလိုသူများ ဖိတ်ခေါ်ပါတယ်♥


♥♥ပရဟိတ လိုအပ်သောနေရာ များကို လှုဒါန်းကူညီ စောင့်ရှောက်ခြင်းဖြင့် လူဘ၀ကို လူသားခြင်းး ကူညီကြပါဆို့ ♥♥  
ဆိုဒ်တွင်းရှိသော သူငယ်ချင်းများနှင့် ပြင်ပမိတ်ဆွေသူငယ်ချင်းများ တတ်နိုင်သလောက်တတ်စွမ်းသလောက် မိုးနည်းရာ မိုးရွာ သွန်းပေးစေ့ချင်ပါသည်.............။
(မ..မ) ချစ်သူမြို့တော်နှင့်ဖူးစာရှင်လေး Online မိသားစု
ဒီလိုမျိုးလေးတွေ  တတ်နိုင်သလောက်လှုစေ့ချင်တာပေါ့နော်....


တွတ်တွတ်တို့လှုထားတာကြည့်ရအောင်ပြတာပါ...........။


လှုမယ်ဆိုလည်းဒီလိုမျိုးလေးတွေ  လှုချင်၏







11:14


အကျိုးတော်ဆောင်လူငယ်အဖွဲ့.....






အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း (၁)



.အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း (၂ ) .




အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း (၁)   17:

yinminkhine

Sunday, July 3, 2011

စိတ်ကူးလေးနှင့်မြင်ကြည့်ပါ စိတ်လေးနှင့်သာကြည့်လိုက်ပါ..

○○စိတ်ကူးလေးနှင့်မြင်ကြည့်ပါ.........စိတ်လေးနှင့်သာကြည့်လိုက်ပါ....။○○
သင်ခါရ အနိစ္စ အချိန်ဆိုင်းလို့မရပါ ကိုယ့်ကို့ကိုသနားပြီးကိုယ့်ကိုကယ်တင်တဲ့အလုပ်ဟာ အရေးကြီးဆုံးအလုပ်ပါ၊သေရမှာသိတယ် သေရမဲ့အချိန်မသိဘူး ဘယ်ကလာလည်းမသိဘူး ဘယ်သွားရမလည်းမသိဘူး။ လာရာကိုမသိပေမဲ့ ဘယ်သွားရမလည်း သိအောင်လုပ်ပေါ့ လာရာမသိပေမဲ့ သွားရာတော့သိရမှာပေါ့..........................................။
ငါသည်မုချသေရမည်အချိန်ပိုင်းသာလိုတော့သည် သေမင်းစားဖတ်ဝါးဖတ်။
သေမင်းခေါင်းစင်းအပ်ရမည်။ သေမင်းဆီခန္ဓာဝန်ကိုအခွန်ဆက်ရမယ် အချိန်ပိုင်းသာလိုတော့သည်
တစ်ယောက်နှင့်တစ်ယောက် အချိန်ပိုင်းသာလိုတော့သည့်သေခါနီးများ စကားများရန်ဖြစ် မတည့်ကြပါဘူး သေခါနီးနေကြသည့် သူများသေကံဝေးများကိုငဲ့နေကြသည်
သားငဲ့ မြေးငဲ့ သမီးငဲ့ စီးပွားရေးငဲ့ အစဉ်တိုင်းသာသေကြမည်ဆိုရင် သေခါနီးက အသေလွတ်သောအလုပ်လုပ်ဖို့ရာဝေးနေကြသည် ။ ရေထဲနစ်လို့မရဏရေလွမ်းမိုးပါးစပ်နားရောက်နေသောသူများက ကုန်းပေါ်မှလူများကိုစိတ်မချပဲကုန်းပေါ်မှ သေကံဝေးကိုရေထဲကလူမှစကားပြောနေသည် ကုန်းပေါ်မှာသွားလိုရာသွားနေထိုင်နေသည့်သူများကို သေခါနီးကစိတ်မချမှာနေသည် မိုက်သည့်အပေါ် အရူးထပ်ပေါ်နေကြသည် တဏှာကရှေ့နေလိုက်နေသည် မင်းမပြုဘယ်သူပြုမလည်း ကစင့်ကလျှား ဖြစ်လိုက်မည် စိတ်မချပူပန်နေသည် ငါလိမ်မာလား ငါမိုက်တာလား နဖူးပေါ်လက်တင်စဉ်းစားပါ စိတ်မချ ဖြစ်နေသမျှ အင်မတန်မှဆိုးဝါးပါသည် သေခါနီးကိုအရူး မသာချရမည်။
မိမိနှင့်သက်ဆိုင်သော သူများကို ကိုယ်များပူလား ချောင်းများဆိုးလား အစဉ်မှပြေလား အိပ်ပျော်နေသူကို ထိတ်စွာပူပန်တတ်နေသည် သေရာ ညောင်စောင်းလျှောင်းစက်ရမှ ကိုယ်တစ်ယောက်တည်းမြင်ရသည့် ကိစ္စ ကိုယ်တိုင်တွေ့လာလိမ့်မည် သေခါနီးဇော သေရာကိစ္စ လမ်းဆိုးကြီးလား လမ်းကြမ်းကြီးလား ကိုယ်သာ မရဏဇော ကိုယ်သာမြင်ရမည် ။ကိုယ်အနေဆိုးနေခဲ့သမျှ ကိုယ်သာအသေဆိုး မရဏဇော မသေခင်ကိုယ်သာမြင်ရမည်။
ခန္ဓာအိမ်ပေါ်တွင်ဥာဏ်နှင့် သေခါနီး လူတက်တက်ကြပါ သေခါဝေး အတွက် စဉ်းစာနေသမျှ ခန္ဓာအိမ်ပေါ်ခွေးတက်တက်နေသည်....။ ခိုင်းတာလုပ်ပြီး ပြောတာနားထောင်နေသမျှ ဥာဏ်နှင့်မစဉ်းစားတတ်ပါ ကိုယ်ပိုင်အသိနှင့် ကိုယ်ပိုင်ကြည့်ပြီး ကိုယ်တိုင်သိအောင်လုပ်ပါ ဥာဏ်နှင့်စဉ်းစားပါ။ ကိုယ့်ကို ကိုယ် ကယ်တင်ပါ။ ၀ိပသနာရှုပါ ကိုယ့်ကိုယ်ကို ကိုယ်ရှုကြည့်ပါ ကိုယ်လုပ်သောအမှု့ကို ကိုယ်တိုင်သာ ဥာဏ်နှင့် ကြည့်တတ်မြင်တတ်ပါ အဆိုးပါသလား အကောင်းပါသလား ကိုယ့်အသုဘကိုယ်သာရှုမြင်ကြည့်ပါ။ရေတွက်လို့မဆုံးနိုင်သော ဘ၀များစွာကို လမ်းသိအောင်ကြည့်တတ်ပါစေ
ပြောတတ်သောဆရာသမား အမှန်တွေ့ရှိပါစေ
တရားမှန်ဥာဏ်အသိနှင့် နားထောင်တတ်သောသူဖြစ်ကြပါစေ
မိမိဝန် မိမိကိုယ်ထက် သူတပါးဝန်ကို လောဘ ဒေါသ မောဟ စိတ်ဖြင့် ထမ်းနေရသော လောဘ ဒေါသ မောဟ ၀န်ထမ်းသမားများ ခန္ဓာဝန်ထမ်းနေသော သူများအတွက်လက်ဆောင်မွန်
မိုးကုတ်ဆရာတော်ဘုရာကြီးဦးဝိမလ၏.............
ကြားနာမိသောတရားကို သိသမျှ မျှဝေပါသည်။

ချစ်သူသိစေ

♥♥♥♥"အရမ်းချစ်တယ်.."♥♥♥♥
အချစ်ကိုချစ်တဲ့အချစ်လေ
။။။။။။။။။။။။။။။။။။။
သံသရာ ကမ္ဘာ မိုးမြေ
။။။။။။
အရိုးတောင်လိုပုံနေ
။။။။။။။။။။
ချစ်တဲ့သူချင်း ချစ်သူချင်းကသိတယ်လေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘဒ္ဒကမ္ဘာ ဘုရားအဆူဆူ
ဆုတောင်းဆုယူ
ပြုခဲ့လေတော့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တခဏလေးဆုံတွေ့ချိန်မှာ
မေတ္တာပေးလို့ အချစ်ဝေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်သူအစစ်မှသိတယ်လေ
တည်တဲ့အချစ် ထားခဲ့ သစ္စာ
ချစ်သူသိစေ
တောင်းဆုချွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
♥♥♥♥"အရမ်းချစ်တယ်.."♥♥♥♥

Thursday, June 30, 2011

ရက်(၂၀)၀န်းကျင်ပစ်ခတ်ခဲ့ကြပြီးနောက် အစိုးရနှင့် KIA ပြန်လည်ညှိနှိုင်းဆွေးနွေး-(ဓာတ်ပုံ)




.

ရက် ၂၀ ၀န်းကျင် ပစ်ကြခတ်ကြပြီးတဲ့နောက် ကေအိုင်အေ နဲ့ အစိုးရ ပြန် ညှိနှိုင်း ဆွေးနွေးနေပါပြီ။ (ဓာတ်ပုံများ-ဧရာဝတီမှဖြစ်ပါတယ်)

ဘယ်တုန်းကလဲ
ဒီနေ့

ဘယ်မှာလဲ
ကချင်ပြည်နယ် လဂျားယန် ကျေးရွာ။ 

မြန်မာအစိုးရဘက်က 
ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊
ကချင်ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန် တို့ ပါဝင်တယ်။























ကေအိုင်အေဘက်က 
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့




ကေအိုင်အေ ဘာပြောသလဲ
အပစ်အခတ်ရပ်စဲလိုကြောင်း တရားဝင် အထောက်အထား ခိုင်ခိုင်မာမာ ပြပါ
.


ဗိုလ်မှူးကြီး သန်းအောင် ဘာပြောသလဲ
အထက်ကို တင်ပြပါမည်.


ဗိုလ်မှူးချုပ် ဂွမ်မော် ပြောကြားချက် - 
ဒါဟာ ပဏာမ အဆင့် ဆွေးနွေးပွဲ ။
ဘယ်နေ့ ထပ်တွေ့မယ် ဆိုတာ မသိရသေး၊ အစိုးရဘက်က အကြောင်းပြန်လိမ့်မယ်။.








&
.

Sunday, June 26, 2011

အင်တာနက်ပေါ်တွင် စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--တော့)ဖြစ်ပြီထင်....♥အွန်လိုင်းပေါ်၌ ခင်မင်သူ♥

အင်တာနက်ပေါ်တွင်ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုများ အတွက်
''မ..မ"စေတနာစကားပါးလိုက်တယ်

ကောင်မလေးဆိုးတာ မပြောချင်ပါဘူးလိမ္မာလား ဟင့်အင်းမပြောတတ်ဘူး
သူတို့ဘ၀ သူတို့ပုံစံမျိုးစုံနဲ့လေနော်

ဘယ်သူမှမဆိုးပါဘူး

ဒါပေမဲ့မကြိုက်တာတော့ အမှန်လေနော် ရည်းစားတစ်ယောက်နဲ့vzo
ပြောတယ်ငိုပြနေတယ် မမ ဘေးကနေကြည့်ရင်း  သနားနေတယ်သူရည်းစားလေးက
ဘာပြောလဲဆိုပြီး  သူငိုနေတာ မမ  တော်တော်လေး  စိတ်မကောင်းဖြစ်နေတယ် VZO
ချက်နေရင်း သူရည်းစားကောင်လေးက ငွေပို့မယ်ပြောတော့  သူဒီဖက်လှည့်ပြီးပါလာတဲ့
သူ့သူငယ်ချင်းကိုလက်မလေး ထောင်ပြတယ်ပြီးတော့ရီယ်နေတယ်
တစ်ခါကောင်လေးဖက်လှည့်ငိုပြတယ်

အယ်တော့........မမသူကြည့်ပြီးစိတ်တိုမိတယ်
ပြီးတော့သူတို့ သူငယ်ချင်း၂ယောက်နောက်နေ့ငွေရရင် ၀ယ်မယ် သုန်းမယ်နဲ့  ပြောနေကြတယ်
  ပျော်မြူးလို့ပေါ့နော် ကောင်မလေးက   ရည်းစား၃ယောက်လောက်ကို   ထားတာ တစ်ဖက်နိုင်ငံကကောင်လေးကိုလည်း   စိတ်တိုလိုက်တာနော်
သူများတိုင်းပြည်မှာ   ရှာဖွေနေတာကို   ပင်ပမ်းလား မပင်ပမ်းလားတော့
မသိပါဘူးသူ့ကောင်မလေးကို  ယုံကြည်နေတာ ကောင်မလေးသုန်းဖို့ဖြုန်းဖို့
ငွေလွဲနေတာ သိတော့မမ တစ်ဖက်က   ကောင်လေးကို   မသိဘဲနဲ့သနားနေတယ်
ရိုက်ချင်တယ်  အဲ့ကောင်လေးကိုနော်
ကောင်မလေးက ရုပ်လေးကလဲ ချောမှချော လှမှလှလေနော် သူကောင်မလေးက လှလို့သူချစ်တာနေမှာ
မမကိုယ်ဘာသာ  စိတ်ဖြေနေရတယ်  သူတိုကိုမြင်ရတာ ကြားရတာ စိတ်တိုလိုက်သနားလိုက်နဲမမမှာနောက်နေ့ကောင်လေးတစ်ရောက်ကသူ့ကို
အင်တာနက်ဆိုင်ကနေကောင်မလေးကိုကားနဲ့လာခေါ်တယ်
ဒီကောင်လေးကလဲ  ချောလိုက်တာ ဒါလဲသူ့ရည်းစားတဲ့ လေနားကိုမလည်တော့ဘူး
မမ ကောင်မလေးကိုမေးမိတယ်   ချစ်လားသူ့ကိုဆိုတော့ အင်းချစ်တယ်
ဲ့ချောတယ်တဲ့  သူ့ကိုလိုအပ်တာ ဖြည့်ဆည်းပေးတယ်တဲ့လေ  ဟိုဖက်ကကောင်လေးကလဲ
ငွေပို့ပေးတယ်တဲ့  မမဘယ်လိုမှ  မတွေးတတ်တော့ဘူးလေနော်
မိကောင်းဖခင်သားသမီးပါ   ဒီကြားထဲဖုန်းနဲ့ ရည်းစားစကား လှမ်းပြောနေသေးတာ
မမ   ဘယ်လိုမှမတွေးတတ်တော့ဘူး         ဟော့       နောက်တစ်ယောက်ကလည်း
အသက်လေးကြည့်တော့ ၁၇နှစ်လောက်ရှိမယ်   ခုမှသိတဲ့လူကိုချိန်းနေတယ်လေ
ဟဲ့ကောင်မလေးနင်    သူတို့ချိန်းတာနဲ့ တွေ့မို့ လားဆိုတော့   အင်းဟုတ်ကဲ့တဲ့လေ
ဟာနင့်ဟာ       ချက်ခြင်းမတွေ့နဲ့လေသူတို့  အထင်သေးမယ် ဆိုတော့ရတယ်
ကိစ္စမရှိပါဘူးတဲ့  သမီးသိတယ်တဲ့       ဘာမှန်းကို  မသိတော့ဘူး  ယ္ခုအကောင့်အပ်  ခုလက္ခံ ခုချိန်းတွေ့နဲ့  မောတယ် သူတို့ကြည့်ရင်း ရင်မောတယ် ပေါသလားဟင်

အဲ့ဒီလောက်တောင် ပေါကုန်ပြီလားဟာ  ကိုယ်အပူမပါပဲနဲ့  စိတ်တွေပူလိုက်တာ
သူကတော့     ပျော်မြူးလို့လေနော်
မမ       သာစိတ်ပူနေတာ      နောက်တစ် ယောက်က စင်တင်က ညမှာ  သီချင်းဆိုတာလေ
သူကိုကားနဲ့ လာပို့လာကြိုနေတာ နေ့ခင်းလာခေါ်ပေါ့   နော်အကိုကြီးလေတဲ့သူ
့မှာပိုင်ရှင်ရှိတယ်တဲ့ သမီးမိဘတွေကို သူကအကုန်လောက်ငှအောင် ထောက်ပံနေရတာတဲ့ 

အော်      အေးအေး   အကိုကြီးက သဘောကောင်းတယ်နော်လို့  အလိုက်အထိုက်ပြောရတာပေါ့နော်
ခုချက်တင်ထိုင်နေတာက     သမီးရည်းစားလေ
သူ့ကိုအချစ်ဆုံးတဲ့       ချစ်သူလေတဲ့    သမီးကချစ်တဲ့သူတဲ့       နယ်မှာကျန်ခဲ့တယ်တဲ့
အော်    အင်းအင်း     အင်းပါဆိုနားထောင်နေရတယ်လေနော်      ဒီအချိန်မှာ
၁၇နှစ်ကောင်မလေးဝင်လာတယ်   သူပါအံ့အားသင့်       သွားတယ်
်ကောင်မလေးက       ခုမှတွေ့တဲ့လူကိုခုချိန်းနေတာ မြင်တော့  ဟယ်ပေါလိုက်တာတဲ့
သူမျက်လုံးလေးပြူးနေတယ်လေ   ၁၇နှစ်ကောင်မလေးထွက်သွားတော့
ဟယ်လွယ်လိုက်တာနော်တဲ့      မမ         စိတ်တိုလာတာနဲ့  အေးဟေ့ အေးဟ
မကောင်းတာ      လုပ်စားနေတဲ့မိန်းတွေ သူတို့ကြောင့်(--ါ)     ဈေးကျတာနေမှာ
မိန်းမကောင်းလေး       တွေမြင်လဲ သူတို့ကြောင့်      အကုန်မကောင်းတဲ့ မိန်းမတွေလို့မြင်ကုန်နေပြီ   ရည်းစား၃ယောက်  ၄ယောက်တပြိုင်တည်းထားတဲ့ သူ့ကျတော့လဲ  တန်ဖိုးရှိနေလိုက်တာနော်
သူဝတ်တာ စားတာလှပနေတော့ မိဘဆွေမျိုး   ချမ်းသာနေတော့
ကောင်လေးတွေက  မသိဘဲငွေကုန်ခံနေကျတယ်  ချစ်နေတယ်
နင်တို့ကျတော့လည်း       မိဘတွေအတွက်  ရင်းနေကျတယ်ဘ၀ကို သူတို့တွေ့နဲ့စာရင်

နင်က  တန်ဖိုးရှိပါတယ် ဟာနော်
်နင်ကမြတ်ပါတယ်  မိဘကို    လုပ်ကျွေးနေရလို့လေနော်  လို့ မမပြောမိတယ် ကောင်မလေးတွေပေါမှပေါ        တောတစ်ရာ    ခြောက်ဆယ်ဖြစ်နေကုန်ပြီနော် စင်တင်က ကောင်မလေးကျတော့လဲ    သနားတယ် ချမ်းသာပြည့်စုံတဲ့ ကောင်မလေးကျတော့ရော ၁ရနှစ်ရွယ် ကောင်မလေးကျတော့ရော တူတူပါပဲမြင်ရ တွေ့ရဘ၀င်မကျနိုင်ပါဘူး  နောက်ဆိုသူတို့တွေ    ဘာပြောနေနေမမ နောက်ဆို  မသိချင်ရောင် မမစိတ်ကို  ထိမ်းပြီးနေနေရတယ်

    ကြည့်နေရတယ် ပိုက်ဆံညာယူချစ်တဲ့လူနဲ့     ပိုက်ဆံမယူချစ်တဲ့လူနဲ့   မိဘတွေကိုဘ၀နဲ့ ရင်းချစ်တဲ့လူနဲ့
မမသူတို့ကိုကြည့်ရင်း  သနားလိုက်  စိတ်တိုလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့ဖြစ်နေတယ်နော် 

စဉ်းစားပါ    လေ့လာပါ  ကောင်မလေးတွေရေ ကိုယ်ဘာလုပ်မိနေလဲ      သတိထားပါ  ထိမ်းသိမ်းပါ     ကိုယ်ဘာသာကိုယ် အုပ်မှနိုင်မယ့် ခေတ်မှာ  မိအုပ်လို့မနိုင် ဖအုပ်လို့မနိုင်  ဖြစ်နေတာလေနော်
ဒီလိုမျိုး  မိန်းမတွေကြောင့်  မိန်းမကောင်း   ဆိုတာ။          
မိန်းမ  ကောင်းတာ။   ဆိုးတာ။       ဝေးနေလဲမသိ
နီးတော့လဲ     မမြင်မကြည့်တတ်။       အကုန်ဝါးလုံးသိမ်းရမ်းပြီး
မိန်းမတွေကို      အဆိုးမပြောရအောင်  မကောင်းကြောင်းတွေ      မပြောရအောင်
်ကောင်မလေးတွေ  ထိမ်းသိမ်း     နေထိုင်သင့်ပါတယ်နော်။
ဒါကြောင့်မမဆိုးတယ်လဲ         မပြောချင်ပါဘူးနော်  ကောင်းတယ်လဲ မပြောချင်ပါဘူး

လိမ္မာလားဆိုတော့လဲ    ဟင့်အင်း   ပြောတတ်တော့ပါဘူးနော်
သူတို့  အကုန်မှန်နေတယ်လေနော်..........။


ယ္ခုလဲ...........................


အွန်လိုင်းပေါ်တွေ့တာကို  အပြင်မှာ ဘယ်နေရာမှသုံးတာပါ  ဘယ်ဆိုင်မှာသုံးနေတာပါဆိုပြီး ပြောတော့ ကောင်လေးကရောက်ရှိလာပြီးလ္ဘက်ရည်သောက်  မုန့်စားဆိုခေါ်ဆောင်ရင်းအဖျက်စီးခံလိုက်ရတဲ့အကြောင်းလေးဖတ်မိရင်း
ဒီစာကိုပြန်တင်လိုက်ရခြင်းဖြစ်ပါတယ်နော်....................။
ကမ္ဘာပျက်မပျက်မသိပါ။

လူတွေပျက်တာအမှန်ပါ။

ဗိုလ်ချုပ်ပြောတဲ့(--ါ)နိုင်ငံတကယ်ဖြစ်နေလား။

လျှပ်ပေါ်လော်လီမ၀တ်တာ။

အထင်ကြီးစရာမလိုပါ။

ရုပ်ရည်လေးကလှပနေအထင်ကြီးစရာမလိုပေ။

နုနုငယ်ငယ်ကလေးလဲကြောက်ခမန်းလိလိပဲ။

ဘ၀များစွာ့အမေတော်။မိန်းမတိုင်းကနော်။

သံသရာမှာတော်ဘူးလို့ထိမ်းသိမ်းကြနော်

အမျိုးကာင်းသားတို့။


ထိမ်းသိမ်းကြနော်အမျိုးကောင်းသမီးတို့
အင်တာနက်ပေါ်တွင်
စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--)တော့ဖြစ်ပြီထင်.....???????????

ကိုသက်

အွန်လိုင်းပေါ်၌ ခင်မင်သူက သွေးဆောင်ဖျားယောင်း၍

အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်လိုက်သော

ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့

http://www.fusarshinlay.com/forum/topics/6384739:Topic:729517


Wednesday, June 8, 2011

မ..မ ♥ ♥အိပ်မက် ကဗျာ ♥


 


ကဗျာလေးနဲ့လွမ်းချင်းဖွဲ့တည်
ပန်းလှေနဲ့တူ  အလွမ်းလေးတွေမျှောလိုက်တယ်
♥ချစ်ခြင်းသယုဂ်  လွမ်းတေးပြယုဂ်
♥ကဗျာမြစ်တစ်စင်း  လွမ်းခြင်းဖွဲ့တည်
♥ကဗျာမြစ်တစ်စင်း  ချစ်ခြင်းဖွဲတည်
♥နမိတ်ပုံတွေ  ကဗျာဖန်ဆင်း
♥အလွမ်းအဆွေး  တောကြီးမြိုင်လည်
♥မချစ်တတ်ရင်လဲ  အချစ်ငတ်တယ်
♥အချစ်စစ်ခင်း အချစ်စစ်တစ်လင်း
♥ချစ်တဲ့သူတိုင်း ရှုံးပါတယ်
♥ကဗျာတောမှာ ပျော်ပါးမွှေ့လျှော် 
♥အလွမ်း အချစ်  အဆွေးသံသရာ
 ♥မိုင်ပေါင်းထောင်ချီ  ဝေးကွာနေလည်
♥စိတ်ကူးကမ္ဘာ  ကဗျာနန်းတော်  
♥ချစ်သူအရောက်လှမ်းလာနော်........... 
♥စိတ်ကူး  ကဗျာ အိပ်မက်နန်းတော်
♥အိပ်မက်  ကဗျာ စိတ်ကူးနန်းတော်
  ♥အိပ်မက်လေးထဲလာခဲ့နော် ကဗျာလေးနဲ့တူတူပျော်
♥ချစ်သူအရောက်လှမ်းလာနော်.......

  

 
    ကဗျာစစ်ကူခေါ်ခဲ့နော် 
♥ကဗျာစစ်ပွဲ  တူတူနွဲ အနိုင်ယူတဲ့ပွဲ  
 ♥ကဗျာစပ်ရင်း တူတူပျော်
♥ကဗျာလေးနဲ့ ရင်ဖွင့်နော်
♥ကဗျာနန်းတော်လာခဲ့နော်
♥ကဗျာဆက်မယ် တူတူပျော်

♥ကဗျာချစ်သူ  ဆက်ရေးနော်
♥ကဗျာလေးတွေထားခဲ့နော်
ချစ်သူ  မောင့်ထံ 
အလွမ်းလေးတွေပို့လိုက်တယ်
ကဗျာလေးနဲ့လွမ်းချင်းဖွဲ့
ကဗျာလေးထဲ လှမ်းလာခဲ့