Pages

Thursday, May 19, 2011

ခက်တယ်............

ခက်တယ်............

ဟိုလိုလည်းမလုပ်နဲ့ ဒီလိုလည်းမဟုတ်ဘူး

ခက်တယ် ပြောပြန်ရင်လည်း
မောင်  မင်းးးးးးးးးး
လွန်ရာကြမယ်


မပြောမပြီး မတီးမမြည်

ကိုယ်လည်းမလုပ်နိုင် သူများလည်းမလုပ်နဲ့

ခက်တယ် တော်တော် ခက်နေတယ်............။

Wednesday, May 18, 2011

good night.. မောနင်း........ချစ်သူ

♥♥good night...........<3 မောနင်း........♥♥


good night...........<3

ကမ္ဘာတဖက်က
ကမ္ဘာတဖက်ကို
နုတ်ဆက်နေတာ
ကြယ်ရောင်လင်းလက် ညလေးမှောင်မိုက် ချစ်သူ အိပ်စက်နားနေချိန်
မောနင်း........♥
ကမ္ဘာတဖက်က
ကမ္ဘာတဖက်ကို
နုတ်ဆက်နေတာ

ရောင်ခြည်နုလေး ဖြာဝေတောက်ပ
ငါ့ အခန်းတံခါး တွေ့ထိချိန်က ချစ်သူခဏပျောက်ချိန်ပါ


ကမ္ဘာမျက်လုံးပြုံးပြုံးလေးနဲ့ ချစ်သူတွေကို
ပီတိဝေဖြာချောင်း ကြည့်နေတာ

ကမ္ဘာကလေ ရွာလေးအလား
မိုင်ပေါင်းထောင်ချီ ဝေးကွာနေလည်း
ချစ်သူနှစ်ယောက် တွေဆုံဖို့ကို
ပြန်တွေ့ဖို့ကို သူဖန်တီးတယ်
နှလုံးသားလေးတွေ ကောင်းကင်ယံထက် အသဲပုံရိပ်တိမ်ဝယ်ယှက်နွယ်
ငှက်လေးအလား စိတ်ကူးလေးတွေ ၀ဲပျံမြူးကာ
တိမ်ဝယ် ဆော့ကစား
မိုင်ပေါင်းထောင်ချီ ဝေးကွာနေလည်း
ချစ်သူရှိရာ
စိတ်စေရာကို ခရီးနှင်လို့ချစ်သူထံပါးရောက်နေတယ်
အိမ်မက်ထဲထိလာခဲ့မယ်......
ချစ်သူကြိုလို့စောင့်တော့ကွယ်.......။.

Monday, May 16, 2011

ကဗျာသစ်ပင် ♥♥




Tree reading about trees - Free environmental illustration about climate change, pollution and global awareness, from Frits Ahlefeldt. Both print and web use
tree-readingby-HikingArtist.jpg
Tree reading about trees - Free environmental illustration about climate change, pollution and global awareness, from Frits Ahlefeldt. Both print and web use
Tags: pollution ecology green planet biodiversity climate change environment environmental free download powerpoint clipart creative commons Frits Ahlefeldt Hikingartist.com HikingArtist cartoon drawing illustration color humor funny free downloads print Size challenge open source large size tree reading book
Free climate and environmental drawings Free print and web size illustrations for download and use, all about green planet issues
A Poet`s Tree
ကဗျာသစ်ပင်


ချစ်သူရေ ....
ငါတွေ့ခဲ့တယ်
သစ်ပင်တစ်ပင်ဟာ တစ်ပင်တည်းရပ်တည်နေတယ်
ငါ မသိဘူး အဲ့ဒီအပင်ရဲ့ နာမည်ကိုပေါ့
ဒါပေမယ့် .... ကြည့်ရတာ အရမ်းလှပတယ်
အံ့သြစရာကောင်းလောက်အောင် သန်မာတယ်
လေတိုက်တဲ့ နေ့မှာပေါ့
လေနဲ့အတူ သစ်ရွက်လေးတွေက လှုပ်ခါနေတယ်
သူဟာ ... နှင်းပွင့်လေးထဲမှာ သန်မာနေတယ်
သူဟာ ... နေရောင်အောက်မှာလည်း သန်မာနေတယ်
သူဟာ ... မိုးရေထဲမှာလည်း သန်မာနေတယ်
ငါလေ .... အဲ့ဒီအပင်လေးကို စောင့်ကြည့်နေမိတယ်
ငါ့ရဲ့အချစ် ကျောက်တိုင်လေးလိုပါပဲ
အချစ်ဆိုတဲ့စကားလုံးတွေက ကဗျည်းထိုးထားတာ
သူ့ရဲ့လှုပ်ခါနေတဲ့ သစ်ရွက်လေးတွေလိုပဲ
ငါလေ .... ဒီသစ်ပင်လေးကို စကားပြောဖြစ်တယ်
မင်းနဲ့ငါ့ရဲ့ အကြောင်းကို
နေ့တိုင်းပေါ့ .....
ဒါ့တွေကို ဒီသစ်ပင်လေးက အမြဲနားထောင်ပေးခဲ့တယ်
ငါတို့ရဲ့ချစ်ပုံပြင်လေးကိုပေါ့
တစ်နေ့မှာ ... သစ်ပင်လေး ငိုကြွေးနေခဲ့တယ်
ဘာ့ကြောင့်လဲဆိုတော့ မင်းဆီက သတင်းစကားကို ရရှိခဲ့လို့ပေါ့
လေနဲ့မိုးတွေကလည်း ပြောင်းလဲစွာနဲ့ပေါ့
သစ်ပင်လေးက ငါ့ကိုပြောတယ် ....
"မင်းနဲ့ငါ ထပ်တွေ့ဆုံမှုဟာ မဖြစ်နိုင်ဘူး"တဲ့
ဒါ့ကြောင့် ... မင်းဟာ ငါ့လိုပဲသန်မာရမယ်နော်
အကယ်၍ မင်း စဉ်းစားကြည့် !!
အချစ်စစ်ဟာ ရှင်သန်နေတယ်
ဒါကြောင့် .... မင်းပိုပြီး သန်မာရမယ်
ပို ကြီးမားရမယ်
ငါ့လိုပဲ သန့်ရှင်းတဲ့သစ်ရွက်တွေနဲ့ပေါ့
မင်း ... အိုမင်းလာတဲ့အခါမှာ
မင်း ... ပိုပြီး သန်မာလာရမယ်နော်
မင်းရဲ့ အနာဂတ်မှာ မင်းရဲ့အချစ်ကို တစ်ခါပြန်ရလိမ့်မယ်
ဒါ့ကြောင့် မင်းရဲ့နှလုံးသားမှာ သစ်ပင်တစ်ပင်လိုအချစ်ကို
စိုက်ပျိုးထားလှည့်ပါ ....
ငါ့ရဲ့ ... ချစ်လှစွာသော ချစ်သူရယ် ။။  ♥ချစ်သူပေးသောကဗျာတပုဒ်♥

Saturday, May 14, 2011

အိပ်မက်နန်းတော်တည်ဆောက်မယ်...။။။။။။။



♥အိပ်မက်သခင် ငါ့သခင်

စကားလက်ဆောင်ပါးလိုက်တယ်
ချစ်တဲ့စိတ်လေးသိပါ
အိပ်မက်ကမ္ဘာ ငါ့ကမ္ဘာ
အိပ်မက်နန်းတော် ငါတည်ဆောက်နေ
အိပ်မက်ထဲထိ ချစ်ခဲ့တဲ့သူ ......... ငါ့ချစ်သူရယ်
အိပ်မက်နန်းတော် အလယ်လာဖို့
အိပ်မက်ထဲမှာ ချစ်ကြင်နာပေါ့
အိပ်မက်ကမ္ဘာ မင်းရောက်ရှိချိန်
အိပ်မက်လေး တစ်ရေးနိုးလို့
ငါ့အိပ်မက်ထဲ.......
မင်းပျောက်သွားမှာ ဆိုးမိဗျာပွေ
အိပ်မက်ချစ်သူ  ငါ့ချစ်သူရယ်.....
အိပ်မက်လေးထဲ တူတူဆုံမယ်
ငါသိပ်ချစ်တယ် အိပ်မက်ချစ်သူ
ငါ့ချစ်သူရယ်..............
အိပ်မက်လေးမှာနှစ် ယောက်တူတူ ချစ်ကြင်နာမယ်
အိပ်မက်ထဲမှာ  တစ်သက်မခွဲ  လက်တွဲထားတယ်
အိပ်မက်ထဲမှာ  နှလုံးသားလေး ပျော်ဝင်စီးဆင်း
ရင်ခုန်ခြင်းအတိ ငါဖြစ်မိတယ်
ဘယ်သူဖျောက်ဖျက်မရနိုင်ဘူး
ဘယ်သူမှလည်း တားစည်းပိတ်ပင်  နှောက်ယှက်မရ
ချစ်သူနဲ့ငါတူတူရှိနေ
အိပ်မက်လေးထဲ ရင်ခုန်လှိုက်မော
 အနမ်းတောမှာ ချစ်စိတ်ဝေဖြာ ချစ်ကြင်နာတာ
အိပ်မက်ကမ္ဘာ ချစ်သူနေတာ
 ငါတို့ကမ္ဘာ နှောက်ယှက်မှု့ကင်း
 ကြားလေသွေးတောင် မဝေးတယ်
အိပ်မက်ထဲကိုလာခဲ့ကွယ်............
အိပ်မက်ထဲကချစ်သူရယ်........   
အိပ်မက်ချစ်သူ ငါ့ချစ်သူရယ်.....
အိပ်မက်နန်းတော်တည်ဆောက်မယ်...။။။။။။။  

မျက်နှာခြင်းဆိုင်လာမိတဲ့လူသား နှစ်ဦးတစ်ခဏတာ ရင်ခြင်းအပ်မိတာပါ

.
916030

ချစ်သူကချစ်တယ်တဲ့ ငါ့ရဲ့မသိစိတ်
ပျော်လိုက်မိတယ်
 သိတဲ့  စိတ်က ခါး
ခါးသီးသီးငြင်းဆန်လိုက်မိတယ်
မဖြစ်သင့်တာ  မဖြစ်နိုင်ဘူးဆိုတာ သိနေတော့
အမြဲရှောင်တိမ်းငြင်းဆန်ရင်း ပြေးပေါက်မရှိပဲ တစ်ခါတစ်ခါချောင်ပိတ်မိနေတယ်
ချစ်သူပြောလိုက်တဲ့ စကားလုံးတိုင်း အပြင်းထန်ဆုံးထိုးနှက်ချက်
တစ်ခုအဖြစ် နှလုံးသားရှိရာ ရပ်ဝန်းဖြစ်တဲ့ ငါ့ရင်ဘတ်ကို နာကျင်စေပါတယ်
ပြောပြလို့မဖြစ် ချရေးလို့မတတ်တဲ့ စကားလုံးပေါင်းများစွာ
ရင်ထဲမှာ
ထုပ်ပိုး သိမ်းဆည်းထားရင်း
 ကြာတော့လည်း မေ့ပြစ်ဖို့လွယ်ပါတယ်ဆိုပေမဲ့  သံယောဇဉ်ဆိုတာကအခက်သားလား
လာကကြီးက  ပိုနေမြဲကျားနေမြဲတဲ့
ဒီစကားပုံအလကားထားခဲ့တာမှ မဟုတ်ပဲကွယ်
နာကျည်းတိုင်းသာ ငါငိုကျွေးနေရင်
ငါ့ဘေးမှာချော့သူမရှိလို့ငါမငိုတတ်အောင်နေထိုင်နေပါတယ်
လူဘ၀ဆိုတာမမြင်ရတဲ့
မတွေ့ရတဲ့ လောကကြီးရဲ့အံမခန်းလှို့ဝှက်ချက်ပေါင်းများစွာနဲ့ ရိုက်ချက်ပေါင်းများစွာရှိတယ်
နက်နဲတဲ့ ဒဏ်ရာဒဏ်ချက်တွေကို
သေရာပါ အထိမ်းအမှတ်တခုအဖြစ် ငါရရှိလိုက်တယ်
ချစ်သူပေးသော လက်ဆောင်လေးကို
ချစ်သူပေးသော လက်ဆောင်မို့ အမြတ်တနိုး သိမ်းဆည်းထားရင်း
ငါ့ဘ၀မှာ နေပျော်သေပျော်ပါတယ်
ချစ်သူမုန်းလို့ထားရစ်ခဲ့တာမှ မဟုတ်တာ ကိုယ်ကိုတိုင်က ချန်ရစ်ခဲ့သူမို့
အပြစ်မဆိုပါဘူး ဖြစ်တာပျက်တာဟာ မျက်တောင်တစ်ချက် အခတ်မှာ
ပျောက်ကွယ်တတ်သေးတာပဲ ဘယ်တော့မှမခွဲခွာပါဘူးလို့သစ္စာဆို ထားခဲ့ကြတာမှ မဟုတ်တာအခုတော့လည်း ငါ့တစ်ယောက်ထဲပေါ့။
အပူဆိုတာ မဝေမျှကောင်းဘူး လောင်တတ်တဲ့ သဘောရှိတယ်
ဒါကြောင့်......................
ငါချစ်ရသူ ငါ့ချစ်သူကို ရင်ထဲအပူ  မီးလိုပူလို့မဝေပေးမိတာပါ 
ကူးစက်တတ်တဲ့   သဘောကြောင့် ချစ်သူနှလုံးသားလေး လောင်ကျွမ်းပြာကြမှာ  စိုးရိမ်မိလို့ပါ
ဝေဒနာက အလယ်မခေါ်ပဲ အဖော်တွေစုပြီး ရောက်လာတော့ ကျန်ရှိတဲ့  အချိန်ခဏလေးကို အသိတရားထိန်းချုပ်ရင်း
သတိကို စိတ်မှာ  ကပ်လို့ နေပျော်ပျော်    သေပျော်ပျော်ဆိုတဲ့   စိတ်ထားလေးမွေးမြူလိုက်တော့
လူတိုင်းကို  ကျန်ရှိတဲ့  အချိန်ခဏလေးမှာ   အတတ်နိုင်ဆုံး  မေတ္တာတွေ မျှဝေပေးမိတယ်
ဝေးဝေးနီးနီး  ပတ်သက်ဆက်နွယ်လာသူတိုင်းကို အယုတ်အလတ် အမြတ်မရွေး ဖြူစင်မှုတွေပေးပြီး  တတ်နိုင်သလောက် စောင့်ရှောက်နေမိတယ်
ပျော်ရွှင်ကြည်နူးပြီး  စိတ်အေးချမ်းအောင် ထားပေးဖြစ်ပါတယ်
ချစ်သူရဲ့ အပူတွေ  သောကတွေ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အပူသောက တွေမျှဝေခံစားရင်းငါကိုယ်တိုင်ကတော့ သံယောဇဉ် ကြောင့်လောင်ကျွမ်းကျန်ရစ်တယ် 
မမြင်ရတဲ့ ခင်မင်မှုတွေကို ဖြတ်တောက်ရမှာတော့  တော်တော်လေး ခက်ခဲပါတယ်
ချစ်သူသိအောင် ဖွင့်မပြောသာတဲ့ဘ၀မှာ
ငါဟန်ဆောင် ကမ္ဘာကြီးထဲက ဟန်ဆောင်လူသားတစ်ဦးဖြစ်နေမိတာ ဆန်းသလားကွယ်
k မျက်နှာခြင်းဆိုင်လာမိတဲ့လူသား နှစ်ဦးတစ်ခဏတာ  ရင်ခြင်းအပ်မိတာပါ
လမ်းဆက်လျှောက်လိုက်ချိန်မှာ   ကျောခိုင်းထား မိလျှက်သားဖြစ်နေမိတာ သဘာဝအတိုင်းလောကဆုံမှတ်တစ်ခု  ရင်ဆိုင်တိုးမိတာပါချစ်သူ..။
ရင်ဖွင့်တိုင်ပင် ဖော်မမြင်ဘူး
ငိုကြွေးရှိုက်ငင် လူမမြင်ဘူး
ဘယ်သူမြင် ဘယ်သူသိမှာလည်း
တိတ်တိတ်ကြေကွဲ တိုးတိုးလေးငို
အခန်းငယ်လေးထဲ ပြည့်စုံမှုတွေငါရှိနေလည်း
ငါ့အခန်း နံရံလေး သိပါတယ်
သူသိနေတယ် သူမြင်နေတယ်
ငါ့အခန်းနံရံလေးက စကားပြောတတ်ရင်
ပြန်ပြောပြလိမ့်မယ် ငါဖြစ်ပျက်တာ ငါရင်ကွဲနေတာ
ငါခံစားနေတာ ငါနာကျည်းနေတာ
ငါလွမ်းဆွေးနေတာ
ငါမေတ္တာတွေ ငါချစ်တာတွေ
ငါအခန်းနံရံလေးက သူအမြဲကြည့်နေတယ်  ငါ့ ဖြစ်တည် ပြောင်းလည်းမှုတွေ
သူလောက် ငါ့ကိုဘယ်သူ့မှမသိဘူး
တိတ်တိတ်ကြေကွဲ  တိုးတိုးလေးငို ငါလွမ်းနေလို့ဖြစ်ပါတယ်.........။
ငါချစ်နေလို့ ဖြစ်တာပါ
သတိယရင်းမျက်ရည် အလိုလိုကျလာတယ်
ဘယ်လိုလုပ်ရမလည်း ငါ့စိတ်နဲ့ငါ့ကိုယ်တော့
ခက်ပြီ လွမ်းနေပြီနော် ရင်ခုန်ရပ်ဝန်းမှ
ချစ်မြတ်နိုးစွာ လွမ်းမောတမ်းတရင်းနဲ့
လူဖြစ်လာတာ  အဖြေရှာကြည့်
မြင်သိလိုက်ပါ  ငါချစ်နေလို့ဖြစ်တာပါ။

Tuesday, May 10, 2011

သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်

thatooaung30


သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်

ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာ ရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိသည် ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသနပညာရှင်နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။
သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။
ကမ္ဘာ့နေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။
သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။ ဒေါက်တာဒန်းနှင့်အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Ref: Good Health

Friday, May 6, 2011

♥ငါအချစ်ဆုံးဒီဇင်ဘာ♥



♥ငါအချစ်ဆုံးဒီဇင်ဘာ♥

ဆောင်းဆို
ငါလွမ်း
မိုးဆိုငါနွမ်း
နွေဆိုမင်းကိုချစ်လို့ငါရင် ကြေနွမ်း
ငါ့ကမ္ဘာ မလန်းနိုင်ပါ
ဒီဇင်ဘာမှာငါအလွမ်းတွေနှင်းမြူ တွေပေါ့
ဒီဇင်ဘာမှာ ငါ့မျက်ရည်က နှင်းမိုးတွေပေါ့
ဒီဇင်ဘာမှာ ငါ့အသက်လေး မင်းအချစ်ကြောင့် ခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်
ငါအချစ်ဆုံးဒီဇင်ဘာ
ငါအလွမ်းဆုံးဒီဇင်ဘာ
နှင်းမိုးရွာစွေ လွမ်းအောင်ဖန်တာ
ချစ်သူနှစ်ဦး သိပ်ချစ်ဖူးတဲ့
နှင်းပုံရိပ်လေး ဖြစ်နေတယ်။