Pages

Tuesday, May 3, 2011

မ..မ




ပိတောက်ပန်းများ ဘုရားပူဇော်သည်..။.

မ..မ




မ..မ

မ..မ




မ..မ

နာဂစ်ဘီလူး





နာဂစ်ဘီလူး

ဝေါကနဲ ဝေါကနဲ မြည်ဟီးးးးးးးးသံ
တစုတဝေး မငြင်းဆန်နိုင်
ကယ်ပါယူပါ တစာစာ အော်ဟစ်မည်တမ်း
ရေလှိုင်းပင်လယ် ခေါ်ဆောင်ရာနောက်
ကောက်ကောက်ပါအောင် လိုက်ရတယ်
ဒီတစ်ခဏလေး ရေလှိုင်းပင်လယ် အစွယ်တွေထွက်
နာဂစ်ဘီလူး ၀ါးမြိုသတ်ဖြတ်
မိကွဲ ဖကွဲ တစ်ကွဲတပြား သေခြင်းဆိုးနှင့်ကြုံရတယ်
ကျန်သည့်သူလည်း နေခြင်းဆိုးနဲ့ကျန်ရစ်တယ်
နာဂစ်ဘီလူး မကြားချင်ဘူး
ကျန်ရစ်ခဲ့သူ ကမ္ဘာပျက်တစ်မျှ ခံရခက်တယ်
ပင်လယ်ပျော်တွေ ပင်လယ်ထဲပျောက်
ရုပ်လောင်းကြွင်းကျန် ကောက်မယ့်သူကိုမျှော်ရတယ်
ကျန်ရစ်ခဲ့သူ စားဝတ်နေရေး
ဖေးကူပေးမည့် အလှုရှင်ကိုမျှော်ကြတယ်
နာဂစ်ဘီလူး ဒုက္ခပေးလို့ ဆင်းရဲမွဲတေ မ၀ရေစာနေရတယ်
၃ နှစ်ပြည့်မြောက် နာဂစ်တဲ့လား
 ငိုညည်းသံတွေ ခုထက်ထိလည်း ရှိသေးတယ်
မပြည့်စုံပါ မလုံခြုံပါ တွေ့မြင်ရတာ အားမရပါ

နာဂစ်တဲ့လား နာဂစ်ဘီလူးတွေ ပြုံးပျော်မြူးပြီး
နာဂစ်ဟန်ဆောင် ၀ါးမြို သတ်ဖြတ်လိုက်တာပါ...........
ယခုချိန်ထိ ကျန်ရစ်သူမှာ  ပြည့်စုံမှုမရှိ   ရင်တွင်းဝေဒနာ သောကခြေရာ
နာဂစ်ဒုက္ခ ခံနေကြရ  လူသားခြင်းတော့စာနာပါ။။။။။။။။။။။။။။။။။။။။။။

Monday, May 2, 2011

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥




♥အမေ့ ♥
♥အကြင်နာ ♥မေတ္တာ ♥
♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥
မွန်မြတ်လှတဲ့ မိဘမေတ္တာ
ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
ကဗျာစာ အလင်္ကာ  ဖွဲ့ ဆို ပြသ တုနိုင်းမရ
အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ
ပေးဆပ်ခြင်းအတိ သူ့တွက်မကြည့်
မကုန်နိုင်သော မေတ္တာရှင် ထာဝရ ကျေးဇူးရှင်
ဘ၀အဆက်ဆက် က မွေးသမိခင်
မေမေအချစ်ထူး  ရွှေသွေးရင်နှစ် သားလှချစ်လေး
ရွှေသွေးရင်နှစ် သမီးလှချစ်လေး  
မေ့မေ့သဲတုန်း ပူတူးတူးရယ် ခေါ်တဲ့အသံ နားဝလျှံသည်
ဘယ်လောက်ဆိုးဆိုး တစ်မျိုးတိုးကာ အချစ်ပိုသည်
ရွှေသွေးလေးအပေါ် နုသည့်အသား
ကိုက်သည့်  ခြင် ယင်  ရန်သူထင်သည်
အသားနုနု ဂွမ်းနှင့်ဥကာ
ရင်ဝယ်ကြာငုံ  သားမြတ်စုံကို  သွားနှင့်ခဲကာ  ကိုက်ကာဆွဲရမ်း
 နာသည့်ပုံဟန်  မေ့မေ့ရုပ်သွင်  ရှိခဲ့ပေမဲ့
  သွေးမှမေတ္တာ ဆတိုးပွားကာ ဖွေးသည့်နို့ရည်
သားဝလေအောင်  သမီးဝလေအောင်    ရွှေသွေးနို့တိုက်မပျက်ပေ
ရွှေသွေးချစ်လေး  ချေနှင်ကန်ကြောက်  ကြောက်သည့်ချေထောက်
ပါးမှာကပ်ခါ   နမ်းမ၀ပေ မေ့မေ့မေတ္တာစိမ့်စမ်းရေ 
သားလှလေးနှင့် သမီးလှလေးကို  စကားဆိုချော့မြူ   
တေးဆိုချော့မြူ မွေးမေ အသံ စမ်းရေသံထက်  သာယာလှပ
ရွှေသွေးရင်နှစ် ဖျားနာသည့်ခါ  ရင်ဝယ်ပွေ့ပိုက် 
ပျာယာခပ်မျှ စိုးထိပ်ပူပင်   မပဒါ  ပုံသွင်  ရှိဘူးတယ်
ရွှေသွေးကျောင်းအပ်  စာသင်တတ်စ  
အိမ်အပြန်မှာ  သူတပါးနိုင်စား  ထိခိုက်လေမလား 
အရှိုးအရာ ဒဏ်ရာပါလား  အကြိမ်ကြိမ်အဖန်ဖန် စစ်ဘူးတယ်
အရွယ်ရောက်လည်း  သားလှရွှေသွေး  သမီးလှလေးတွေ 
သူယုတ်မာဝေး  သူတော်ကောင်းလေးတွေ ပေါင်းဖက်ပါစေ  
ကျန်းမာပါစေ  ချမ်းသာပါစေ ဆုတောင်းအခါခါ ချွေဘူးတယ် 
မွေးမေ  မေတ္တာ စိမ့်စမ်းရေနှင့် ပမာနိုင်းဆိုမပြောလိုဘူး
ထိုစမ်းနွေခါ ခမ်းသောကြောင့် 
မွေးမေမေတ္တာ  ပန်းရွှေကြာနှင့်  ပမာနိုင်းဆို မပြောလိုဘူး 
ထိုပန်းရွှေကြာ နွမ်းသောကြောင့်
မွေးမေ မေတ္တာ  မြင့်မိုရ်တောင်နှင့်  ပမာနိုင်းဆို မပြောလိုဘူး 
ထိုမြင့်မိုရ်တောင် သေးလွန်းလို့
ချစ်ခင်မြတ်နိုး ပြုစုစောက့်ရှောက် ချစ်လွန်းတင်တာမေမေပါ
ဘယ်လိုပုံစံ မွေးဖွားလာလာ မွေးသမိခင်ကြည်နူးစွာနဲ့
 ကျိုးကျိုး ကန်းကန်း ဆွံအ နားမကြား
လက်ခံခဲ့တာ   စံထားမမှီ  ချစ်မြတ်နိုးတာမေမေပါ
ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရင် ကျောလေး ပွတ်သတ် ထွေးဖက်ထားပြီး  နို့ချိုတိုက်ကြွေး ချော့ မြူပေးတာ  မေမေပါ မွေးမေမေတ္တာ  နိုင်းပြစရာ  ရှာမတွေ့နိုင်ပြီ   ဘီလူးမက  စားဖို့ဆောင်ယူ သူတပါးသားကို  ငိုကြွေးသောခါ  ယုယကြင်နာ ချစ်လွန်းတင်၍  နို့ချိတိုက်ကျွေး မွေးခဲ့ဘူးသည် မိခင် တိုင်း၏  မေတ္တာပါ
မိခင် ထံပါး  ဧည့်သယ်အလား  ခဏနားခို   အရိပ်နေနေ  အခက်ချိုးချိုး  ပြန်လိုမှပြန်  နားချင်လာနား    ပေးဆပ်ခြင်းနဲ့ချစ်ကြင်နာ မွေးမေ မေတ္တာစေတနာ
♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်း  ပြိုင်ဘက်ကင်းသည်  ဆပ်၍မကုန်  ဤလူဘုံ     မိခင်ဖခင်ကျေးဇူးရှင်ကို  တဖန်ပြန်၍ 
ရင်ဝယ်သားပမာ စောင့်ရှောက့်စေချင်လှပါသည်။
စိတ် မှ ချိန်ခွင်  အလယ်မှာထား  မျှတစွာပဲ ချိန်ကြည့်လိုက်ပါ 
မွေးမေ ဖက်မှ  သာနေမှာ ကဗျာစာ အလင်္ကာ  ဖွဲ့ ဆို ပြသ တုနိုင်းမရ
အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ မာတာမိခင်ကျေးဇူးရှင်ကို
လက်အုပ်ရှိခိုး  ကန်တော့ပန်းဆင်သည်
ဤစာပေနှင့် မွေးမေကျေးဇူးဆပ်ခြင်းပါ။

mom moms mother mothers mommy mommys family families
mom moms mother mothers mommy mommys family families


I



mom moms mother mothers mommy mommys family families
 

Sunday, May 1, 2011

`` တိပ်ခွေ´´ထဲမှ ``အမေ့အသံ´´လေး

...
♥အမေ♥သား  သမီး တွေအတွက်
အမေ        ငယ်ငယ်ထဲက အလုပ်တွေ  ပင်ပင်ပန်းစွာ လုပ်ကိုင် ကျွေးမွေး
စောင့်ရှောက်ခဲ့တဲ့       ခုတော့
အမေ နေမကောင်းဖြစ်နေပြီ အမေ နေမကောင်းဘူး
မြန်မြန်လာနော်မမ ဆိုပြီးဖုန်းဆက်ခေါ်တယ်။

ကျွန်မအမေ့အိမ် ရောက်တော့ အမေ နေမကောင်းဘူး ရေဖျဉ်းဖြစ်နေတယ်တဲ့ စီ ပိုးတွေ့ တယ် ဆေးရုံတက်လိုက်ပြန်ဆင်းလိုက်နဲ့ ဆေးရုံမတက်ချင်လို့ အမေစိတ်ဆင်းရဲနေတယ် ။
အမေဆေးရုံမတက်ချင်တဲ့ အချိန် အိမ်မှာခဏခေါ်ထား ရေဖောက်ထုတ်မယ့်အချိန်ဆေးရုံပြန်တက်နဲ့ အမေ့ကြည့်ပြီး ကျွန်မလည်း စိတ်ဆင်းရဲနေတယ် အမေ့ကိုသနား စိတ်ထဲမှာလည်းမကောင်းပါဘူး။

အမေ့ အတွက် အမေမဆုံးခင် ဘာလုပ်ပေးရမလည်း
နေ့ ည သူနာပြု ငှားထားပေးတယ် ကျွန်မ အမေကို ပြုစုပေးရင်လည်း အမေက လက်မခံပါဘူး။

သမီး ဘာမှ မလုပ်ပေးနဲ့  နော် သမီးကနေကောင်းတာ မဟုတ်ဖူးနော်
ကိုယ်ဘာသာနေနော် ပြောနေတော့ ကူညီပေးချင်လည်း ကျွန်
မက အမေကိုပြုစုပေးမှာကို အမေစိုးရိမ်နေတာနဲ့  အမေ့ဘေးနားမှာ ဒီတိုင်းထိုင် နေရပါတယ်။
ညအိပ်ရင်လည်း ဆေးရုံမှာ မအိပ်ရဘူးတဲ့လေ ရောဂါကူးနေမယ် အိမ်ပြန် တော့နော်နဲ့မောင်းထုတ်ပါတယ် သူနာပြုရှိတယ်သမီး ပြန်တော့နော် ခုပြန်နော်နဲ့  ညနေစောင်းတာနဲ့  အိမ်ကိုပြန်ခိုင်းနေတာလေ ဒါနဲ့ ကျွန်မဆေးရုံပေါ်မှာ အိပ်ချင်လည်း မအိပ်ရဘူး ရန်ကုန် ရောက်တုန်းလေး ခဏ အမေ့ အနား နေချင်တယ်လေနော် အမေ ဘေးနားမှာသမီးနေပြီး တရားစာအုပ်ဖတ်ပြမယ်အမေ နဲ့ သမီးတရားမှတ်မယ်နော် ဆေးရုံက အိပ်ရာမှာရိပ်သာ လုပ်ကျတာပေါ့ နော် ဆိုတော့ အမေ ရီ(ယ်)နေတယ်။

အမေ့ကို နာရီဝက်လောက် တရားမှတ် ခိုင်းလို
က် အမေ့ဘေးနား ထိုင်ခုံလေးမှာထိုင်ပြီး သံဝေဂ ကဗျာလေးတွေ ဆိုပြလိုက်နဲ့  အမေပျော်အောင် စလိုက် နောက် ပြောင်လိုက်သမီး အမေ သမီး ပျင်းလာပြီနော် သီချင်းဆိုပြနော်ဆို အမေကရွှေမန်းတောင်ရိပ်ခို သီချင်းလေး ဆိုပြပါတယ်။

နောက်ရက်တွေကြ ထပ်ဆိုခိုင်းရင် အမေ့ အိမ် ကိုပဲ ချစ်သမီး လွမ်းပါ
တယ် ဆိုပြပါတယ် အမေ့သီချင်းဆိုပြနေရင် အမေ့ရှေ့မှာတော့ ကျွန်မ ရီယ်နေလိုက်တယ် ပြီးမှ ကျွန်မ အမေ့ကွယ်ရာမှာ မျက်ရည်ကျနေမိပါတယ်။

အမေကို စိတ်ပျော်ရွှင်အောင် ကျွန်မ ထားပါ
တယ် အမေ့ကို ရောဂါ ဝေဒနာသည် လို့  ဘယ်သူမှ မထင်ရပါဘူး မိုးလင်းတာနဲ့ အမေ ခြေဆုံး ခေါင်းဆုံး သနပ်ခါး လူးနေကျမို့ နံသာဖြူနဲ့ သနပ်ခါး မွေးနေအောင် လူးပေး နောက်ကျောထဲ ၀ိုင်အိုလက်ပေါင်ဒါလူး ပြီးရင် တရားမှတ်ပေါ့ သားအမိနှစ်ယောက် ဆေးရုံမှာအိမ်လို ရိပ်သာလို နေခဲ့ ကြပါတယ်။

အလုပ် ကိစ္စကြောင့် ကျွန်မ ခရီးသွားရရင် အမေ့ကို သတိရနေတယ် စိတ်ထည်း လည်းမကောင်းဘူးလေ အမေနေမကောင်းဖြစ်ထဲက အသည်းအထူးကု ဆရာဝန်ဒေါက်တာ ခင်မောင်ဝင်းကို ကျွန်မ အမေနဲ့ အချိန်ပြည့် မနေရပါဖူး ဆရာ
အမေ့သက်တမ်း နေရသမျှပေါ့ခန့် မှန်းပေးပါဆိုတော့
ဒီ၁နှစ်အတွင်းပေါ့ စောရင် ၁၀လ တဲ့လေ ကျွန်မနယ်မှာ အလုပ်ကိစ္စနဲ့  နေရတာပါ ဆရာ အမေ့ကိုကျွန်မ  ထားသွားရတိုင်း ကျွန်မ မျက်ရည်ကျနေရတယ် စိတ်ထဲလည်း မကောင်းဖြစ်နေရတယ်  အမေ့ကို ဆရာ့  အပ်ပါတယ်နော် ဆရာ စောင့်ရှောက် ပေးပါနော်
ဆရာ ကိုမှာပြီးပြန်သာလာခဲ့ ရတယ် ရင်ထဲမယ် နင့်လို့ ပေါ့
အမေနဲ့ နေရတဲ့အချိန်  တစ်နေ ထက်တစ်နေ့ ဝေးဝေးလာပြီ
အမေနဲ့ အပြီးခွဲခွာရတော့မယ် အချိန်က ဘယ်လောက်မှ မကျန်တော့ဖူးလေ ဒီတစ်ခါ အမေသတိလစ် မေ့ မျောရင်တော့ အမေသွားတော့မယ်
အမေ သားသမီးတွေကို နှုတ်မဆက် လက်မပြ အပြီးတိုင် ခွဲခွာ တော့မယ်လေ
ကျန်တဲ့ သား သမီး တွေက အမေ့နဲ့ တမြို့ တည်းနေကျတာ ကျွန်မတယောက်သာ နယ်မှာနေလို့ဝေးနေတာ အမေ့ကို ကျွန်မ နယ်ပြန်ခါနီး ဆေးရုံပေါ်မှာ
အမေ သေချာ
``ဘုရား ´´ရှိခိုးနော်
`` အမေ့´´ ``ဘုရား``ရှိခိုး တဲ့ အသံလေး နားထောင် ချင်တယ်နော် ဆိုပြီး
အမေ ဘုရား ရှိခိုးနေတုန်း အသံသွင်း ယူထားလိုက်ပါတယ်။

အမေဘုရားရှိခိုး မေတ္တာပို့  ပြီးတော့အမေ့ကို အမေ့ဘုရားရှိခိုးမေတ္တာပို့
နေတဲ့အသံလေး ပြန်ဖွင့်ပြတော့ အမေရယ်နေပါတယ။် သမီးကတော်လိုက်တာတဲ့

ကျန်တဲ့မောင်နှမတွေက ဘယ်သူမှ အမေသေဆုံးတော့မှာလို့  
ပြောဆိုရင်လက်မခံပါဖူး
ကျွန်မကို မုန်း ကျပါတယ် အမေ မသေဘူး မ..မ အရင်သေမှာနဲ့ ရန်တွေ့ ကြပါတယ်။

ဆရာဝန်ကို မယုံ မေးကြည့် လေ ဆိုတော့လည်း မမေး ကြဖူးလေ အမေကို
သူတို့ အမြင်မှာ  ၀၀ ဖြိုးဖြိုးလေး ပြုံးပြုံး ရွှင်ရွှင်လေး ရောဂါ ဝေဒနာသည် နဲ့
အမေကမတူပါဘူး ဒါကြောင်
မယုံကြည်ကျဘူး။

ကျွန်မ ပြောတာ လက်မခံနိုင် ကြဘူးလေ ကျွန်မ ဒီတခါနယ် ပြန်သာလာခဲ့ ရတာ အမေ့ကို နောက်ဆုံးခွဲ ရတော့မှာ ဆိုတာသိနေတယ် ခံစားလို့ ရတယ်
အိမ်မက် မက်တယ် အမေအိမ်မက်ထဲ မှာ သေသွားတာ
ကျွန်မကငိုလို့  အမေ့ရဲ့ ညီမနှစ်ယောက်ကလည်း ငိုလို့  ဒီအိမ်မက် ထဲမှာ
အမေက မငိုနဲ့ သမီးဆိုပြီး အမေကျွန်မကိုမှာ နေတယ်။

ဒါကြောင့် အမေ အတွက်ကျွန်မကုသိုလ်လုပ်ရမယ် အမေ  မသေခင်  သမီး ဒီတန်ခူး သင်္ကြန်  ၁၀ရက် တရားစခန်း ရိပ်သာကို မတတ် နိုင်တဲ့ လူတွေကို
ကိုရင် သင်္ဏန်း စီးပေးမယ်နော် ရဟန်း ၀တ်ပေးမယ်နော် အမေက သင်္ဏန်း တစုံ လှုပေးနော် ကျန်တာ သမီး အမေ့ အတွက် လှုပေးမှာနော်။

နေ့ ဆွမ်း လှုမှာနော် တရားရိပ်သာမှာရဟန်း သံဃာ သီလရှင် လူ
တွေကို ဆွမ်းလှု ပြီးရင် အမေ့ ကို ဖုန်းခေါ်မှာ အမေ သာဓု ခေါ်ပါနော် ဆိုပြီး
ဆွမ်း အလှု တော် သာသနာ ဒါယိကာမ အဖြစ် အမေ့  အလှုနော်ဆိုပြီး
ဖုန်းလှမ်းဆက်ပေးပြီး သာဓု ခေါ်ခိုင်းလိုက်ပါတယ်။

ဆွမ်းကပ်ပြီးတော့လည်း ရိပ်သာက တရားလာအားထုတ်တဲ့သူတွေက
အမေ့အမည် လေးရွတ်လို့  ဆုပေါင်းပြီး ဆွမ်းမစားခင်မယ် ဆုတောင်းမေတ္တာပို့ ကျပါတယ်။

ကျွန်မ အမေ့အတွက် လုပ်တဲ့ ကုသိုလ်လေ အမေ့အစား လှုပေးတာဆိုတော့
မမ တအားကိုကြည်နူး စိတ်ရွှင်လန်းဝမ်းမြောက်မိပါတယ်။

အမေ မသေဆုံးခင် ကျွန်မ အမေ့အတွက် စပြီးလုပ်ခဲ့တဲ့ တန်ခူးလ နှစ်ဦး
၁၀ရက် ရိပ်သာတရားစခန်း ကိုမတတ်နိုင်တဲ့ လူတွေကို ကုသိုလ် ယူနေတာ
ဒီနှစ်တန်ခူးနဲ့ ဆို ``၁၁´´နှစ်မြောက်ပေါ့နော် အနီးပတ်ဝန်းကျင်က လူ တွေကို ၀တ်ပေးခဲ့တာပါ တနှစ် ၅ ယောက်ရလိုက် ၇ ယောက်ရလိုက်  ၃ ယောက်ရလိုက်ပေါ့နော်။

အနီးပတ်ဝန်းကျင်နားက လူတွေကိုလဲတတ်စွမ်းသလောက် လှုဒါန်း ပေးကမ်း ပါတယ်
သီးသန့် ဘယ်သူမှ မလှုပါဖူး ကြုံရင်ကြုံသလို ကူညီ လှုဒါန်းပါတယ်။

တချို့ဆို အသက်က ၂၀ ကျော် ကုန်ပြီ ကိုရင် တောင် မ၀တ်ဘူးပါဘူး
(တချို့ဆိုလူ သေ ရင်လူ ဖြစ်တာ)တဲ့  အသက် ၆၅ ကျော်ပြီ တခါမှ ကိုရင်မ၀တ်ဖူး တဲ့ လူတွေ ကျွန်မရိပ်သာပို့ ပေးတော့ မျက်ရည်တွေကျလို့  ပေါ့နော် ၀မ်းသာ နေကြရှာတယ်။

ဘုရား သာသနာမှာလူဖြစ်ရကျိုးနပ် သွားတယ်တဲ့ လေ လူဘ၀ကိုသာရောက်ရော
ဘုရားတရား နားမလည် ဘာသာတရား ဘာမှန်းမသိတဲ့ လူတွေပေါ့နော်
ဒီလိုလူမျိုးတွေကို ကျွန်မ လှု ခဲ့တာပါနော် ကျွန်မရဲ့  ၁၁ ကြိမ်မြောက်
တတ်စွမ်းသလောက် နှစ်ဦး အလှုတော်ကို
`` အမေ ´´သာဓု ခေါ်ပါနော်

သာသနာ နှင့် အလှမ်းဝေးနေသော ချို့ တဲ့သော အမျိုးသားများကို ရှင်ပြုခြင်း
ဒုလ္လဘ ရဟန်းပြုစေခြင်း ပစ္စည်းလေးပါးဒါယကာမ ခံယူလျှက်
တရားစခန်းဝင်စေခြင်းတို့ ဖြင့်တစ်ပိုင်တစ်နိုင်
သာသနာပြုစောင့်ရှောက်ပါတယ်။

ကျွန်မ အမေအတွက် ရည်းမှန်းပြီး ခုချိန်ထိလှုဒါန်းတဲ့ ကုသိုလ် အစုစုကို ဘ၀ဟောင်းက တော်စပ်ခဲ့ ဘူးတဲ့ မိခင် ဘခင်တွေ
ဘ၀တပါးပြောင်းလဲ သွားသော  အမေ့ကို ရည်မှန်းပြုလုပ်သော
ကောင်းမှု့ အစုစုကို ၃၁ ဘုံ သား
အားလုံး အမျှ ပေးဝေပါတယ် အမျှ ...... အမျှ ....... အမျှ .......ယူပါ

အမေသာဓုခေါ်ပါနော်............

၃၁ ဘုံသားအားလုံး သာဓု သာဓု သာဓု ခေါ်ပါနော်...


ကျွန်မကတော့`` တိပ်ခွေ´´ထဲ``ကူးသွင်းထား´´တဲ့
အမေ့``ဘုရား´´ရှင်ခိုးနေတဲ့ အသံ
မေတ္တာပို့  အမျှဝေ နေတဲ့ `` တိပ်ခွေ´´ထဲက `
`အမေ့အသံ´´လေး နားထောင်နေရင်း ကျွန်မ အမေကိုကျွန်မရဲ့ဘေးနားမှာ
ရှိသလို ခံစား နေမိပါတယ်။
အမေ့ အသံလေးနားထောင်ရင်း အလွမ်းတွေပြေနေပါတယ်ရှင်
အမေ့ ကြောင့်အမေနဲ့  စပ်တဲ့ ကုသိုလ် ကျွန်မရနေပါတယ်ရှင်။

ဘုန်းဘုန်း ဆိုခိုင်းတဲ့ တရားလင်္ကာလေးပေါ့နော်........

အကုသိုလ် ဟူ သမျှ
မြူ မခ ရှောင် ပယ်ခွါ


မြတ်ကုသိုလ်
မှန်သမျှ
မကျန်ရ ပြည့် စုံရာ


မိမိတို့ 
စိတ် ကလေး ဖြူဖြူဖွေး စင်စေရာ


ဘဂ၀ါ မြတ်ဘုရား
ဟော ကြားတဲ့ ဒေသနာ။

♥♥ချစ်စကားပါးပေးပါ♥♥


♥♥ချစ်စကားပါးပေးပါ♥♥
လေထုနဲ့  အတူ မိုးစက်လေးနဲ့ အတူ ချစ်စကားပါးပေးပါ..............
ငါ့ချစ်သူ တိမ်တိုက်လေးတွေ ရွေ့ သလို ငါ့နားရွေ့ လာမလားး
ငှက် ကလေးတွေ က မင်းက ငါ့ကိုချစ်တဲ့ အကြောင်းလာပြောမလား
လေညှင်းလေးတွေတိုက်တော့  သက်ရွက်လေးတွေလှူပ်သွားသလို
မင်းကို သတိယ တမ်းတစိတ်တွေနဲ့ ရာသီ ပြောင်းလဲ ..ရွှေ့လျှားးနေတိုင်း

ငါ့ “အသဲနှလုံးလေး မင်းကိုချစ်ခြင်း ပျော်ဝင်စီးဆင်
းပြီး
သိမ်မွေ့နူးညံမှုတွေနဲ့အတူ လှူပ်
ခါနေတယ် ချစ်သူရယ်.....
ဘယ်အရာဝတ္တု ကမင်းနဲ့ ငါ့ အကြား  အတားဆီးဖြစ်ခဲ့ သလဲ
အဲ့ ဒီအတားအဆီးတွေရော မင်းဖြတ်သန်းနိုင်ပါ့ မလား
ငါ့ နှလုံးသားရှိရာ ရပ်ဝန်းကို မင်း
ဘယ်အချိန် ရောက်လာမလဲ
ငါ့ အတွေး ငါ့ စိတ်ကူးတွေ ငါ့ အိမ်မက်တွေထဲမှာ
မင်း အမြဲတမ်း ရှိနေတယ် ချစ်သူရယ်...................
မင်း  က ငါ့ ကိုချစ်တဲ့ အကြောင်းတွေ.လေထုပါးပါးလေးတွေနဲ့  အတူသတင်းပါးပေးပါ............
တိမ်တိုက်လေးတွေနဲ့ အတူသတင်းပါးပေးပါ.............
မင်း နေထိုင်ရာရပ်ဝန်းမှာလဲ
လေထုပါးပါးလေးတွေ
တိမ်ထုပါးပါးလေးတွေ မိုးစက်လေးတွေနဲ့ အတူု
ငါ မင်းဘေးမှာ ငါ့အချစ် တွေနဲ့အတူအမြဲရောက်ရှိနေတယ် ချစ်သူ
သူတို့ သာ စကားပြောတတ်ခဲ့ မယ် ဆိုရင်
ငါ့ နှလုံးသားလေးဟာ ငါ သိပ်ချစ်တဲ့ မင်းကို
ငါ ချစ်တဲ့ အကြောင်းတွေပြန်ပြောပြလိမ့်မယ်ချစ်သူရယ်.............
မင်းကိုချစ်ခဲ့ တာ..
သံသရာအဆက်ဆက်ဘ၀အဆက်ဆက်ပါ
မင်းသတင်းလေးတွေကိုအမြဲတမ်း
ငါ့ နှလုံးသားလေးက စောင့်ကြိုနေတယ် ချစ်သူ...............
ကြယ်လေးတွေနဲ့ လမင်းကြီးသာ စကားပြောတတ်မယ်ဆိုလည်း
ငါ့မင်းကို ချစ်တဲ့အကြောင်းတွေ  ပြန်ပြောပြနိုင်မယ်ထင်တယ်ချစ်သူရယ်။