Pages

Monday, April 4, 2011

ပစ်မသွားပါနဲ့



ပစ်မသွားပါနဲ့
အမိမြေမှာ ဒါတို့ရဲ့ရွှေပြည်မြန်မာ။။။

ဟိုနေရာလည်းတဗုံး ဗုံး
ဒီနေရာလည်းတဗုံး ဗုံး
မြေပေါ်မြေအောက် မြို့လည် ရွာလည်
စနစ်ဆိုးကြောင့် ခေတ်ဆိုးကြောင့်
ကျီးလန့်စာစား
ပွဲတော်များတောင်သေကြတယ်။
လက်နက် လက်ချက်လူသေပွဲတွေ သွေးချောင်းစီးနေ
 အပြစ်မဲ့တဲ့ပြည်သူတွေ
အမယ်မင်းးးးးးးးး
ငိုချင်းသာချရရင် ကျန်ရစ်သူ လူတစ်စု ဖြေလို့မှမပြေ
လုပ်စားမိုးခေါင်ခိုးစားတော့ခွေးဟောင်
လမ်းပေါ်သွားတော့ဗုံးထောင်
နေစရာမရှိပေ အမိမြေမှာ
ဒါဒို့ရဲ့ရွှေပြည်မြန်မာ။။။။။။။။။
အမိမြေမှာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Thursday, March 31, 2011

♥♥မင်းနှလုံးသားရှိရာရပ်ဝန်းမှာငါနေထိုင်ပါတယ်ချစ်သူ ♥♥

Cool Pictures  Scraps and Graphics
♥♥မင်းနှလုံးသားရှိရာရပ်ဝန်းမှာငါနေထိုင်ပါတယ်ချစ်သူ ♥♥ချစ်သူပေးသောကဗျာတပုဒ်♥♥
မင်းက တိမ်လေတွေလွင့်နေတော့ ငါက မင်းဆော့ကစားတဲ့သစ်ရွက်လေးတွေဖြစ်နေတာပေါ့
လေထုပါးပါးလေးကျီဆယ်ဆော့မြူတော့
သစ်ရွက်လေးတွေလှုတ်ခတ်ကျန်ခဲ့သလို
ငါ့အသည်းနှလုံးလည်း လှုတ်ခါကျန်ခဲ့ရပါတယ်ငါ့အချစ်ရယ်
မင်းကနေမင်းကြီးဖြစ်နေတော့ ငါကနေရောင်ရှိမှအသက်ရှင်သန်နိုင်တဲ့
နေကြာပွင့်လေးဖြစ်နေတာပေါ့
မင်းက မြစ်ပြင်ကျယ်ဆို ငါကမင်းခေါ်ဆောင်ရာ အလိုက်သင့်ရွှေ့နေတဲ့ ပန်းဗေဒါလေးဖြစ်နေတာပေါ့
မင်းကသစ်ပင်ကြီးဆိုငါက မင်းကိုမှကပ်ပြီးရှင်သန်နေချင်တဲ့ ပန်းသစ်ခွပင်လေးဖြစ်နေတယ်ငါ့ချစ်သူရယ်
ငါနဲ့မင်းက သဘာဝမတူပေမဲ့ ငါကမင်းရှိမှ ဖြစ်မှာပါ မင်းအနားမှာမခွဲခွာပဲ မှီခိုရှင်သန်နေထိုင်မှ ငါအသက်ရှင်နိုင်မှာပါ ငါ့ချစ်သူရယ်။
မင်းခေါ်ဆောင်ရာလိုက်ပါချင်ပါတယ် မင်းနားကပ်ပြီးရှင်သန်ရှင်ပါတယ်
မင်းသာငါနဲ့အတူတူ မရှိရင်ငါ့ကမ္ဘာ ငါ့ဘ၀ ပျောက်ကွယ်သေဆုံးသွားနိုင်တယ်ငါ့ချစ်သူရယ်
ငါနဲ့မင်းမခွဲမခွါရှိဖို့ကို ဘယ်လိုအတားအဆီးတွေ ဘယ်လိုအခက်အခဲတွေရှိနေပါစေ
မင်းနှလုံးသားရှိရာရပ်ဝန်းမှာ ငါသေဆုံးခဲ့ရင်တောင်မှ
ငါ့စိတ်ဝိဥာဉ်ကပ်ရောက် ငြိတွယ်နေတယ်ဆိုတာ မင်းသိစေ့ချင်ပါတယ်ချစ်သူရယ်။
♥မင်းနှလုံးသားရှိရာရပ်ဝန်းမှာ
ငါနေထိုင်ပါတယ်ချစ်သူ ♥.

[  Please click me tender ]
[  Please click me tender ]

zinyaw17သီချင်းလေးနားထောင်နော်.


[ Please click me tender ]

'"မောင်"ခူးပေး ပိတောက်ရွှေဝါ'



♥မောင်ခူးပေး ပိတောက်ရွှေဝါ♥
 မောင်နဲ့မေ တူဆုံမြူးမယ့် ဒီတန်ခူးမှာ
မောင်ခူးပေး .ပိတောက်ရွှေဝါ
အပြုံးပန်းဆင် မေ့ ကေသာဆံနွယ်ဦး
ပန်ဆင်လို့စိတ်ကြည်နူး
မြန်မာတွေ အစဉ်အလာပွဲ
ဂိမ္ဗာန်နွေတန်ခူးလပွဲ
အတာသင်္ကြန်နဲ.မြူးထူးဆဲ
တစ်နှစ်မှာ ဒီတစ်လပေမို.
နှစ်ဟောင်းက အညစ်အကြေးတွေ
ဒီနှစ်ဦးအခါသမယမှာ ဒီတန်ခူးအခါသမယမှာ
မြန်မာရယ်ထုံးစံဓလေ့ပေမို့
``မေ´´လည်းလေ``မောင်´´နဲ့အတူစိတ်ကြည်းနူး
အတိတ်ရည်စူး``မြတ်ဘုရား´´မှာ
ပန်းရွှေဝါပိတောက်တွေနဲ.
ဟောင်းအညစ်အကြေးကို
ပြောင်းသစ်ပေးမယ့်
``မြတ်ဘုရား´´ထံ ``ဆုပန်ရည်စူး´´
ဒီတန်ခူးမှာ မူးသူလဲမူး ရူးသူလဲရူး
လှူသူလဲလှူ သက်ကြီးအိုခေါင်းလျှော်ဆေး
စတုဒီသာ ဒီအလှူပွဲနဲ့
မြန်မာ့အတာရေသဘင်ပွဲခြိမ့်ခြိမ့်သာနွှဲ။

Saturday, March 26, 2011

♥♥တတ်သူတွေ ♥နပ်သူတွေ ♥စည်းပျက်သာတိုး♥ စည်းပျက်ရင် မင်းးး ခက်မှာဆိုး ♥

 စည်းပျက်သောတိုင်းပြည် စည်းဖျက်သောသူ
စည်းမဲ့သောလူ
စည်းမရှိတော့ဗရမ်းဗတာ
စည်းကမ်းဖောက်ရင်
ထီးနန်းတောင်ပျောက်သေးတာ
စည်းဆိုတာ ထမင်းရည်ပူစည်းတောင်ဆော့ရင်
ထိမှာကျောက်သေးတယ်
အော်................
ဒီလိုကြောက်တာမှ
မှန်တာလား

မှားတာလား
ဖောက်ချင်သလိုဖောက်
ပျောက်ချင်တာပျောက်မှာပေါ့
ဖေါ့တွေးရင်ပေါ့ပေါ့လေးပေါ့
ပေါ့ပေါ့ပါးပါးထားတော့
တစ်နေ့တစ်ခြား လုံးပါးပါးတတ်တယ်
လှူတော့အများ ပါတယ် .....
ဘယ်နယ့် ကဗျည်းထိုးတော့ ရွာသားအလှူ
သူကြီးကောင်းမှု့ ဖြစ်နေတာလည်း
ပျက်အစဉ် ပြင်ခဏ
မြင်ဖို့မတွေး ပျက်မှာပေါ့
ပြင်ဖို့မတွေး ပျက်တာပေါ့
ဒီစာသား ဒီစာစကား
ဘယ်မှာထား ဘယ်လိုနေ
ထွေးထုတ်တဲ့ တံတွေးကောက်မျိုနေ
ရေငတ်သလား ရေပြတ်သလား
အလှူရေစက်လက်နဲ့မကွာ
မေးတတ်မှ မေး ပေးတတ်မှပေး
ပေးတိုင်းရစေ
တောင်းတိုင်းပြည့်စေ
ဒီအတိုင်းဆို
သူတောင်းစားတွေ
သူဌေးဖြစ်တာကြာလှပေါ့
စည်းကမ်း ရှိပါစေ
နည်းလမ်းသိပါစေ
တွေးခေါ်တတ်ပါစေ
မျှော်မြင်တတ်ပါစေ
ချင့်ချိန်တတ်ပါစေ
တတ်သူတွေ နပ်သူတွေ စည်းပျက်သာတိုး

စည်းပျက်ရင် မင်းးး ခက်မှာဆိုး

စည်းပျက်တိုးသူ
အတွက် ခွေးတိုးပေါက်ထား
ရန်မလို ရန်ပြိုတဲ့စကား
ချစ်သူတစ်ထောင်နည်း၏
ရန်သူတစ်ယောက်များ၏
ကြိုက်သလိုယူသော်ရ၏
ယူသလိုကြိုက်သော်ရ၏
စိတ်အညစ်အကြေး စင်အောင်ဆေး
သူနေရာသူ ဆိုတာရှိ၏
ဒူးလည်းဒူးနေရာပေါ့
တော်လည်းတော်နေရာပေါ့
ဆင်သွားလမ်းဖြစ်တယ်ဆိုပေမယ့်
လမ်းတော့ဖြစ်ပါတယ်
သစ်ပင်လေးတွေမှာ
မှီခိုနေတဲ့သတ္တ၀ါတွေ
ဆင်နင်းလို့သေချာပါပေါ့လား
သတ္တ၀ါဆိုတာ အကုန်အသက်ပါတယ်
အကောင်ကြီးတာ ငယ်တာခွဲခြားမနေနဲ့
သူလမ်းသူသွားတာ သူများအသက် သေတာပေါ့
မြင်တတ်အောင်မြင်ကြည့်ပါ
တွေးတတ်အောင်တွေးကြည့်ပါ
ပေါ့ပေါ့နေ ပေါ့ပေါ့တွေး
ပေါ့ပေါ့လေးရေးမထားဘူးနော်
တောင်းတိုင်းလည်းမပေးဘူး
ယူတိုင်းလည်းမရဘူး
လူတိုင်းလည်း မသိဘူး
တွေးခေါ် မျှော်မြင်ဥာဏ်နှင့်ယှဉ်လော့
ယူတတ်ပါစေ
ပေးတတ်ပါစေ
ဒါ.......ဒဿနလေ

Tuesday, March 22, 2011

♥ခေါင်းစဉ်မရှိမျောလွှင့်ခြင်း♥



♥♥♥♥♥♥♥♥♥

ခေါင်းစဉ်မရှိမျောလွှင့်ခြင်း
ကာင်းကင်က တိမ်တွေ လေနှင်ရာလိုက်ပါရင်း
လမင်းကြီးခေါင်းအုံး ကြယ်လေးတွေစောင်ခြုံပြီး
စိတ်ရဲ့ ခြေရာတွေကို
အစိုင်အခဲတစ်ခုအဖြစ် သယ်ဆောင်လာရင်း
လွင့်မျောတတ်လွန်းတဲ့ .......
စိတ်.......ကဗျာစာ အစိုင်အခဲကို
မိုးတွေအဖြစ်ရွာချ တော့ နေမင်းကြီး ချောင်းကြည့်ချိန်မှာ
ငွေ့ရေဖွဲ့ပြီး ခံစားမှု့အတိုင်း မျောလွှင့်ကြတယ်...
စိတ်ရဲ့ခြေရာတွေကို စုတ်ချက်ပေးရင်း မြေဆွေး အဖြစ်နဲ့...
ကမ္ဘာကြီးပေါ် ကျန်ရစ်ခဲ့တယ်။

ကဗျာတွေသီ စာတွေစီပြီး
ငါချစ်တာ ပြောပြရရင်
ကမ္ဘာကြီး ထိုင်ငိုနိုင်တယ်
လမင်းကြီးကို တိုင်တည်ချိန်မှာ
ကြယ်လေးတလုံး ကြွေကျတယ်
အဲ့ဒီကြယ်လေးက ငါ့အသည်းနှလုံးပေါ့။။

ကမ္ဘာကြီးငိုချိန်




.ကမ္ဘာကြီးမုန်းတီ်းသော ကမ္ဘာရွာငယ်



ဒီကမ္ဘာကြီး မှီတင်းနေထိုင် ကမ္ဘာရွာငယ် နေထိုင်ကြသူ လူ သတ္တ၀ါကြောင့်

ကမ္ဘာကြီးငို မိုးတွေပြို ကမ္ဘာငိုရှိုက် လှိုင်းတွေရိုက်
ကမ္ဘာကြီးမောပန်း သက်ပြင်းတွေချ မြေတွေပြိုလို့ လူတွေငို
ကမ္ဘာကြီးစိတ်ဆိုး မုန်းမာန်ငြိုး ဒေါသမာန်ကြီး မိုးမီးလောင်တိုက် ကမ္ဘာရွာကပ်ဆိုက်
ကမ္ဘာကြီးမုန်းချိန် လေတွေဆင်လို့ မုန်တိုင်း ချိန်တိုက်
သူချစ်ခင်သော ကမ္ဘာအိမ်တွင်
ဆန်းသစ်လက်နက် ဆန်းသစ်ဇိမ်ခံ
နည်းပညာတွေ ထွန်းကားလာသမျှ
သူမွေးဖွားသော မြေပေါ်မြေအောက်
ပေါများလှသော သယံဇာတသူ့သားသစ်ပင်
သူ့သမီးမြေပြင် သူ့မြစ်ရေပြင်
သူ့ကလေးဝေဟင် မြေး မြစ် တီတွတ်
သူချစ်ခင်သောသူ့အမျိုးတွေ
လူတွေနှောက်ယှက် ညစ်ထေးစွန်းပေ
လူတွေနှောက်ယှက် လုယူပျောက်ပျက်
လူသားသတ္တ၀ါ အတတ်ပညာ
သူနဲ့ယှဉ်ကာ ဘယ်သူပြိုင်မလည်း
လာဟဲ့လူသား .....................
ထစ်ကနဲရှိ ဆန်းသစ်တီထွင် နည်းပညာတွေ
မြေပေါ်မြေအောက် လူသားနင်တို့ တတ်သမျှကို
ငါခဏချက်ချင်း ဖျောက်ဖျက်ပြမှာ
ကမ္ဘာကြီးစိတ်ဆိုး မုန်းမာန်ငြိုးပြီ
ကမ္ဘာကြီးဝမ်းနည်း ရှိုက်ငင်ငိုကြွေး ၀ဲကယက်နဲ့ ရေလှိုင်းကြီး
ကမ္ဘာကြီးမောပမ်း သက်ပြင်းချချိန် ငလျှင်တွေလှုပ်လို့ မြေပြိုချိန်
ဒီကမ္ဘာကြီး လေပူမှုတ်ထုတ် မုန်တိုင်းဆင်ပြီ် ဒေါသစိတ်ကြီး ထိန်းမရပြီ
ဒီကမ္ဘာကြီး
ကောင်းကင်ထက်မှ နာကျည်းချက်ပြင်း လျှပ်ရောင်တ၀င်းဝင်း
ကမ္ဘာရွာကို ပြာမှုန့်အဖြစ်မီးလောင်တိုက်သွင်း


သမုဒ္ဒရာရေများ အစွယ်တွေထွက် ကောင်းကင်တက်
ကမ္ဘာရွာကို ရေလှိုင်းများ နဲ့သတ်ဖြတ်ဝါးမျို
ရင်ဘတ်မြေကြီး တုန်ခါဟည်းပြီး ငလျှင်လှုပ်၍် ခါရမ်းသတ်ဖြတ်
ကမ္ဘာရွာကို သတ်ကွင်းဆင်တော့ သူ့ရင်ဘတ်ပေါ် မှီတင်းနေထိုင်
ကမ္ဘာရွာမှ လူသားသတ္တ၀ါ
မျက်စေ့တစ်မှိတ် လျှက်တပြက်လေး
အစုလိုက်အပုံလိုက် သေကြေပျက်စီး
ကမ္ဘာရွာမှာ ကပ်တွေဆိုက်လို့
လူသားသတ္တ၀ါ လများနှစ်ရှည်သူ့ထက်ငါသာ
နိုင်ငံတိုးတက် လကမ္ဘာထိတက် ဆန်းသစ်တီထွင်
အနုမြူလက်နက် ကျော်ကြားမှုတွေ အောင်မြင်ခြင်းတွေ
ကမ္ဘာကြီးမှ ဟားတိုက်ရယ်မော ကမ္ဘာရွာငယ် လူသားသတ္တ၀ါ
ကမ္ဘာကြီးက တခဏတွင်းဖျောက်ပစ်ပြီ။။။

♥ဒီကမ္ဘာမြေထုအားတိုင်တည်ခြင်း♥

.
.

.








♥ဒီကမ္ဘာမြေထုအားတိုင်တည်ခြင်း♥
ဒီကမ္ဘာမြေ ဒီလှိုင်းဒီရေ

သူခေါ်ဆောင်ရာ မငြင်းသာပါ

မြင်မြင်သမျှ သိမ်းကြုံးယူငင်

အငြိုးကြီးတဲ့ ဟန်ပုံသွင်

ဒီကမ္ဘာမြေပေါ် သတ္တ၀ါတွေကိုယ်စား

ငါတောင်းပန်ချင် မေတ္တာရှေ့ထား

မြင်မြင်သမျှသနားငဲ့ညှာစာနာပါရှင်

သကြားဗြမ္မာ ကမ္ဘာစောင့်နတ်မင်း



လေးရပ်စောင့်ရှောက် နတ်များဒေ၀ါ
ကမ္ဘာသူ ကမ္ဘာသား သနားကြင်နာ


စောင့်ရှောက်ပေးဖို့ဆုတောင်းပန်ထွာ

ပြုတဲ့ကုသိုလ်ပေးမျှဝေတာ

မမေ့စေကြောင်း သတိပေးချင်တာ

ကမ္ဘာကြီးကို သင့်တန်ခိုးဖြင့်

ဘေးဘယာဝေးအောင်

စောင့်ရှောက်စေချင်တာ ။။