Pages

Tuesday, March 8, 2011

♥ခေါင်းစဉ်မရှိမျောလွှင့်ခြင်း♥

 

♥♥♥♥♥♥♥♥♥

ခေါင်းစဉ်မရှိမျောလွှင့်ခြင်း
ကာင်းကင်က တိမ်တွေ လေနှင်ရာလိုက်ပါရင်း
လမင်းကြီးခေါင်းအုံး ကြယ်လေးတွေစောင်ခြုံပြီး
စိတ်ရဲ့ ခြေရာတွေကို
အစိုင်အခဲတစ်ခုအဖြစ် သယ်ဆောင်လာရင်း
လွင့်မျောတတ်လွန်းတဲ့ .......
စိတ်.......ကဗျာစာ အစိုင်အခဲကို
မိုးတွေအဖြစ်ရွာချ တော့ နေမင်းကြီး ချောင်းကြည့်ချိန်မှာ
ငွေ့ရေဖွဲ့ပြီး ခံစားမှု့အတိုင်း မျောလွှင့်ကြတယ်...
စိတ်ရဲ့ခြေရာတွေကို စုတ်ချက်ပေးရင်း မြေဆွေး အဖြစ်နဲ့...
ကမ္ဘာကြီးပေါ် ကျန်ရစ်ခဲ့တယ်။

 ကဗျာတွေသီ စာတွေစီပြီး
ငါချစ်တာ ပြောပြရရင်
ကမ္ဘာကြီး ထိုင်ငိုနိုင်တယ်
လမင်းကြီးကို တိုင်တည်ချိန်မှာ
ကြယ်လေးတလုံး ကြွေကျတယ်
အဲ့ဒီကြယ်လေးက ငါ့အသည်းနှလုံးပေါ့။။

♥ဒီဘ၀ ဒီတသက်♥

♥ဒီဘ၀ ဒီတသက်♥
မမြင်ရလည်းငြိတွယ်မိတယ်
မင်းအသံလေး ရင်ထဲအေးတယ်
လူခြင်းဝေးလည်းစိတ်ထဲနီးတယ်
ရင်ထဲမရောက်လည်း စိတ်ထဲနွေးတယ်
ခင်မင်ငြိတွယ် ဒီကွန်ယက်က
ပင့်ကူမျှင်သဖွယ် ရစ်ပတ်ကာရယ်
တွယ်မိသည့်သံယောဇဉ်
ပေးမိသည့်မေတ္တာ ချစ်ခြင်းဝေဖြာတော့
ရုန်းထွက်ရန်ခက်
ဒီဘ၀ ဒီတသက် မင်းကိုချစ်လျှက်
အနေဝေးဝေး
ငါ့ရင်အသည်းစွဲခဲ့တာ မင်းချစ်တတ်ရင်သိမှာပါ။
သွေးအတွက်..မ..မ ♥

Friday, March 4, 2011

အွန်လိုင်းသူငယ်ချင်းများသို့

တယောက်တယောက်
မသိမမြင် စာပေချစ်ခင်
မငြိုငြင်ဖူး တူတူတွဲလို့ပျော်ဖူးတယ်
သူငို ငါချော့ ဖေးဖေးမမ
ဝေးနေသော်ငြား ရင်မှစေတနာ
မေတ္တာဝေဖြာ စာပေချစ်သူ
နှီးနှောကျွမ်းဝင် အားပေးဖော်ပေါ့ သူငယ်ချင်းရယ်
တနေ့တရက် ပျက်ကွက်ခဲ့ချိန်
စာကဗျာမတင် နေမှကောင်းလား
စိတ်ဝယ်ပူပင် စိုးရိမ်တတ်သူ
သူငယ်ချင်းရယ်

မင်းမတွေ့ငါမျှော် ငါ့မတွေ့မင်းမျှော်
ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
 ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်
တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်
 သိပ်ခင်မင်တဲ့ ဒီလိုသူငယ်ချင်း ဘယ်လိုပုံဟန်
 မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........


သူငယ်ချင်းချစ်သူ
ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်။

စာတွေသီကုံး ကဗျာဆိုအချစ်ဆုံး
ရေးသမျှစာ ကွန်မန့်တွေပေး
အတွေးခက်လို့ အရေးပျက်ချိန်
စာကဗျာရေး ဂျစ်တိုက်တတ်တဲ့ သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်

ပြောဆိုသမျှ ပြန်မပြောငြား စိတ်ရှည်သည်းခံ စောင့်ဆိုင်းဟန်နဲ့
တိတ်တိတ်လေးပဲ   နေတော့မယ်နော်
ထမင်းစား ဆေးသောက် နေမှကောင်းလားစိတ်ဝယ်ပူပင်
စိုးရိမ်တတ်သူ ဒီလိုသူငယ်ချင်း
ဒီအွန်လိုင်းပေါ်ရှိပါတယ်


ပညာ ရာထူး ဂုဏ်တုဂုဏ်ပြိုင် မာနမရှိ
အသက် မကြည့် ကြီးသည် ငယ်သည် အမှုမထား
 ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
 ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းတွေ မမြင်မသိ ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
 မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းလေးချစ်သူရယ် မင်းတို့အတွက် အမှတ်တရ
စာတွေသီကုံး ကဗျာတွေသီကုံး ချစ်ခင်လွန်းလို့ အမှတ်တရရေးလိုက်တယ်


သူငယ်ချင်းကောင်းပေါ့
ဝမ်းနည်းအားငယ်ချိန်
တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
နာကျည်းကြေကွဲချိန်
ဒုက္ခပင်လယ်ဝေတဲ့အချိန်
ပျော်စရာရှိလည်းမျှဝေ
ငိုစရာရှိလည်းပုခုံးလေးငှား
မျှဝေခံစားပေးနိုင်တာ
ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်။

အွန်လိုင်းသူငယ်ချင်းများသို့

တယောက်တယောက်
မသိမမြင် စာပေချစ်ခင်
မငြိုငြင်ဖူး တူတူတွဲလို့ပျော်ဖူးတယ်
သူငို ငါချော့ ဖေးဖေးမမ
ဝေးနေသော်ငြား ရင်မှစေတနာ
မေတ္တာဝေဖြာ စာပေချစ်သူ
နှီးနှောကျွမ်းဝင် အားပေးဖော်ပေါ့ သူငယ်ချင်းရယ်
တနေ့တရက် ပျက်ကွက်ခဲ့ချိန်
စာကဗျာမတင် နေမှကောင်းလား
စိတ်ဝယ်ပူပင် စိုးရိမ်တတ်သူ
သူငယ်ချင်းရယ်

မင်းမတွေ့ငါမျှော် ငါ့မတွေ့မင်းမျှော်
ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
 ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်
တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်
 သိပ်ခင်မင်တဲ့ ဒီလိုသူငယ်ချင်း ဘယ်လိုပုံဟန်
 မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........


သူငယ်ချင်းချစ်သူ
ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်။

စာတွေသီကုံး ကဗျာဆိုအချစ်ဆုံး
ရေးသမျှစာ ကွန်မန့်တွေပေး
အတွေးခက်လို့ အရေးပျက်ချိန်
စာကဗျာရေး ဂျစ်တိုက်တတ်တဲ့ သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်

ပြောဆိုသမျှ ပြန်မပြောငြား စိတ်ရှည်သည်းခံ စောင့်ဆိုင်းဟန်နဲ့
တိတ်တိတ်လေးပဲ   နေတော့မယ်နော်
ထမင်းစား ဆေးသောက် နေမှကောင်းလားစိတ်ဝယ်ပူပင်
စိုးရိမ်တတ်သူ ဒီလိုသူငယ်ချင်း
ဒီအွန်လိုင်းပေါ်ရှိပါတယ်


ပညာ ရာထူး ဂုဏ်တုဂုဏ်ပြိုင် မာနမရှိ
အသက် မကြည့် ကြီးသည် ငယ်သည် အမှုမထား
 ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
 ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းတွေ မမြင်မသိ ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
 မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းလေးချစ်သူရယ် မင်းတို့အတွက် အမှတ်တရ
စာတွေသီကုံး ကဗျာတွေသီကုံး ချစ်ခင်လွန်းလို့ အမှတ်တရရေးလိုက်တယ်


သူငယ်ချင်းကောင်းပေါ့
ဝမ်းနည်းအားငယ်ချိန်
တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
နာကျည်းကြေကွဲချိန်
ဒုက္ခပင်လယ်ဝေတဲ့အချိန်
ပျော်စရာရှိလည်းမျှဝေ
ငိုစရာရှိလည်းပုခုံးလေးငှား
မျှဝေခံစားပေးနိုင်တာ
ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်။

Wednesday, March 2, 2011

ဒေါ်အောင်ဆန်းစုကြည်ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီများ


 
From:ဒေါင်းမာန်ဟုန်

ဒီကယူတာပါ


♥2012.အတ္တပုံဆောင်ခဲများပျက်စီးပျောက်လွင့်ခြင်း♥ှ

♥2012.အတ္တပုံဆောင်ခဲများပျက်စီးပျောက်လွင့်ခြင်း♥
လွတ်လပ်တဲ့ ကောင်းကင်
မလွတ်လပ်မှုတွေ ယူယူလာ
ဘီလူးမလို ဟန်ဆောင် လူသားလည်းစား
မိုးမြှားပစ်ခွင်း သွေးချောင်းစီးစေ
စိတ်အမှန်တစ်ခါတစ်ခါ အကောက်ကြံ
သတ်ပုံမှားတဲ့လောက
လက်ခုပ်လက်ဝါးတီး သြဘာပေး
ထုသား ပေသားကျအောင်
ပုံလောင်းလိုက် ပေမဲ့ဖော်မြူလာလွဲတာနဲ့ တစ်ပြိုင်တည်း
 ဓါးဘ၀ကနေ သံပြား ဖြစ်တတ်သေး
အော်.....
မီးထိုးတာ ညီမှ မညီတာ
ဘာ .
.2012.....မှာကမ္ဘာပျက်မယ်....
အတ္တပုံဆောင်ခဲတွေ ဟော့ရမ်းဆိုးသွမ်း..နေတာ........ ဒဏ်ခတ်ဖို့မေ့...
ငရဲသနင်းယမမင်း..... နတ်တို့သနင်းသိကြားမင်းသေတဲ့ခဏ...
.ကောင်းကင်အရောင်းဆိုင်အောက်..
လူသားမျိုးနွယ် ပျောက်ဆုံး လူညွှန့်တုံး.
ဘ၀အမှောင်လမ်း စမ်းတ၀ါးဝါးလျှောက်
လူသား
မျိုးနွယ်ပျောက်.....
.2012..မှာကမ္ဘာပျက်မယ်
အော်..
ခုထဲကပျက်နေတာ.......။

ကပ်လေ..ကပ်ပေါ့......
သတ္တ ကန္တရကပ် ဒုဗ္ဘိကန္တရကပ်...ရောဂန္တရကပ်
ကမ္ဘာ ကပ်သင့်
ခုတော့.........
ကပ်ချင်တဲ့နား ကပ်နေကြ ငတ်နေကြ

ကပ် တတ်မှ...မိုးသီးရွာမှာ
ရွှေ
ကျောက်သံပတ္တမြားပါတယ် ....
ပြီးရင်မီးမြှားတွေ မီးမိုးတွေဆက်ရွာ
ဘုရားဟောထားတယ်.........
စမ်းသပ်တဲ့လူ တီထွင်တတ်တဲ့သူ မပေါ်ပေါက်ခင်ထဲက
ကမ္ဘာပျက်ရင်ဘယ်လိုပျက်..
သန္ဓေဘယ်လိုစတည်
ဖြစ် ပျက်တာ..ဟောပြောညွှန်ပြထားတာ...
မထူးဆန်းတာ..ခုမှလာထူးဆန်း.....
ဘာမှထူးမလာဘူး.......
ကိုယ့်စိတ်ကိုယ်သာစစ်..
ပျက်လားမပျက်လားသိချင်......
၂၀၁၂ ....ကမ္ဘာပျက်ခြင်း နော်ဝေ နိုင်ငံ
တွင်းနက်က ငရဲပြည်လောက်နက်တာ
ထူးဆန်းနေလား
သြော်....
ခက်ပါပေါ့ ပျက်ပါပေါ့  ကမ္ဘာ ခုထဲက...
လူသားများးးး ဖျက် ပျက် ကမ္ဘာ .....ပျက်တဲ့ကမ္ဘာ။

Tuesday, March 1, 2011

♠ မင်္ဂလာကျက်သရေ နံနက်ခင်း VCD တေးများ စုစည်းမှု ♠


http://burmaborn.com/VCD.php
http://burmaborn.com/VCD.php
♠ http://yinminkhine.multiply.com/journal/item/492မင်္ဂလာကျက်သရေ နံနက်ခင်း VCD တေးများ စုစည်းမှု ♠