Pages

Friday, August 20, 2010

သီချင်းများးးးးးးးး

ညှို့နိုင်လွန်းတဲ့ကျွန်မချစ်သူ(ချမ်းချမ်း)

အချစ်များ သူ့ဆီမှာ

ပြန်တွေးကြည့်

ရိုးမြေကျ

မရေရာဘူး

မုန်းဖို့လွယ်တယ် မေ့ဖို့ခက်တယ်

အင်းယားသို့

ပုံရိပ်လေး


အမြတ်နိုးဆုံး

သံယောဇဉ်

ကောင်မလေး

နောက်ဆုံးအချစ်

မျှော်လင့်ခြင်းကွင်းပြင်

မချစ်နဲ့တော့

သံစဉ်တွေနဲ့ချော့သိပ်မယ်

နေချင်တယ် မင်းအနား

ပြန်မဆုံဖြစ်ကြရင်

ပြန်မရဘူး

ဝေးလို့နေမလား မေ့လို့နေမလား

လမ်းကြုံရင်ပြောပေးကြပါ

အချစ်

ငါ့ရင်ခွင်ကို

သန်းခေါင်ယံည

နှစ်ကိုယ်တူ ချစ်သမျှ

ဘာဖြစ်ဖြစ်ချစ်

ချစ်ခွင့်ရချင်ပြီ

ပြန်တွေးကြည့်

ကိုကိုစိတ်ကူး

သီးသန့်ဖြစ်တည်မှု

ကြိုပြီးတောင်းပန်တယ်

ခွင့်ပြုတယ် ခွင့်လွှတ်တယ်

တစ်ယောက်သောသူ

ယုံကြည်သောအချစ်...


သူငယ်ချင်းကိုချစ်မိလို့(အောင်အောင်)
နေညိုရင်(လင်းနစ်)
နတ်သမီး (ရဲလေး)
အလွမ်းပြေ(ဇော်ပိုင်)
ဖူးစာရှင်(နေနေ)
ကောင်ကလေးကကောင်မလေးကို(ရဲလေး-အစ္စဏီ)
HONEY(အာဇာနည်)
အလည်လွန်နှလုံးသား




Baby.mp4
17176K Scan and download.

Thursday, August 19, 2010

ငါတို့ တိုင်းပြည် --- + သူတို့တိုင်းပြည်

သူတို့ တိုင်းပြည်

တိုက်တာကြီးတွေ မိုး ထိ အောင်လား


လှပရှိလွန်းလှပါတယ်။


သန့်ရှင်းစင်ကြယ် လမ်းမကနေ


အိမ်အောက်အထိခင်းထားတာ


ခလုတ်မညှိ ဆူးမရှိပါဘူး


တိုက်အောက်မြေပို


ကစားကွင်းနဲ့ လေ့ကျင့်ရအောင်ထားရှိတယ်။


မြေညီထပ်က စာဖတ်ရအောင်


ကျောက်စားပွဲလေးနဲ့ထားရှိတယ်


တိုက် အောက်ထပ် ကို လွပ်လတ်စွာနဲ့


မည်သူ နားနားနေထိုင်ဖို့ရာထားရှိတယ်။


အသက်ကြီးလည်း သူတို့ တိုင်းပြည် လုပ်ကိုင်နေရ


အလုပ်မလုပ် နေထိုင်ရတာ မရှိပါဘူး


အနည်းဆုံးတော့ပန်းခြံထဲမှာ


ကလေးလာထိန်းနေရတယ်။


ငါတွေ့ ဘူးတယ်


ကြောင်လေးတွေက အောက်မှာ နေရ


ဘူတာမရောက်ခင် ရေအရင် သောက်ထား


အိမ်သာများတော့သန့်နေပါရဲ့


ကိုယ်ခန္ဓာပေါ် အညစ်အကြေး ရေဆေးလို့လဲ မရပါဘူး


တစ်သျှူလေးတော့ ရှိပါတယ်။


ငါတို့တိုင်းပြည်ရေအိမ်သာတွေ ရှိနေပါရဲ့


သန့်ရှင်းမှုတွေလွန်နည်းပါးတော့


ညစ်ပါတ်နံစော်လွန်းနေတယ်


ရေလာရင်တော့ဆေးရမယ်


တစ်သျှူးလေးတွေ ရှိဘူးကွယ်။


ငါတို့ တိုင်းပြည် သာယာ ၀ပြော

စေတီ ပုထိုး ဘုရား ကျောင်းကန် လွန်ပေါများ၏


လှည့်ပတ်ကြည့်ချင် ဖူးမြင်ချင်သည်


ချောင်းသာ ငပလီ စက်စဲ မောင်းမကန် မြစ်ဆုံမကျန်


သွားစရာ ပေါများ လှပသော်လည်း


လှည့်ပတ်ကြည့်ချင် သွားချင်နေလည်း


မိတ်ဆွေပေါများရှိနေသော်လည်း


တစ်ဝမ်း ၀ ဖို့ပင်ပန်းတယ်


ငါ့တို့ တိုင်းပြည်ဘွဲ့ရပေါများ ရှိနေသော်လည်း


အလုပ်အကိုင်ရှားပါးပါ၏။


ပညာနဲ့ဘွဲ မကိုက်ဘူးတစ်ကယ်


တတ်တဲ့ ပညာ လုပ်တဲ့ အလုပ်


တစ်ချားစီဖြစ် ၀င်ငွေနည်းလွန်း လှပါတယ်။


နေထိုင်စရာ ပေါများသော်လည်း


သန့်ရှင်းစင်ကြယ်မရှိပါဘူး။


သူတို့ တိုင်းပြည် ဗိုင်းရပ်စ် ပိုးမွား


မပေါများအောင် မြေပေါ် ရေပေါ်


ပိုးသတ် ဆေး တွေဖြန်းနေပါ၏


ငါတို့ တိုင်းပြည် ခြင်ကောင်မှက်ကောင် လွန်ပေါများ၏


ရောဂါ အပေါင်း လွန်ခ ညောင်း၏


မေတ္တာတရား လွန်ပေါများ၏


စေတနာသဒ္ဒါ ကြည်ဖြူ ပါသည်


လှုချင်သည့်စိတ် လွန်ပေါများ၏


ဥစ္စာ ဓန မပေါ များလည်း


ရှိသည့်ဝင်ငွေ နည်းပါး နေလည်း


နည်းများ မဟူ လှုကျပါသည်


ချစ်စရာဓလေ့မပျောက်ပါဘူး


မိဘ ဘိုးဘွား ကန်တော့ကြတယ်


ပြောမှားဆိုမှားတောင်းပန်ကြတယ်


သက်ကြီးရွယ်အို ရှိခိုး ကော်ရော်ဦးတင်ကြသည်


မြန်မာပြည်၏ဓလေ့များ။


ခါကြီးရက်ကြီးကျောင်းကန်ဘုရား


သွားရောက်နေထိုင်


သီတင်းသီလဆောက်ယူကြတယ်


နေထိုင်ရတာလုပ်ကိုင်ရတာ


စိတ်ပင်ပန်းမှု့မရှိပါဘူး


ခံစားမျှဝေ တိုင်ပင်ရီ(ယ်)မော


အဖော်သဟာရှိနေတယ်။


ဒေါသအလျှောက်ပြောသမျှကို


ဝမ်းနည်းနေသမျှသည်းခံချိန်ပေး


ရင်ဖွင့်လို့ကွယ်ရပါတယ်။


ထိုထိုအသိငါ့မှာရှိလည်း


ဝင်ငွေထွက်ငွေမမျှတလို့ 


တိုင်းတစ်ပါးမှာနေထိုင်လုပ်ကိုင်


ဖော်ကွာဝေးလို့အခန်းကျဉ်းငယ်


အဲယားကွန်းနှင့်အေးစိမ့်နေလည်း


မိဘမေတ္တာဝေးကွာနေတယ်


မိဘရင်ငွေ့ထိတွေ့ချင်တယ်


ရင်ဖွင့်တိုင်ပင်သူငယ်ချင်းအပေါင်းမရှိပါဘူး


ဟန်ဆောင်ရတာပင်ပမ်းတယ်။


ငါ့ရင်ထဲမှာနွမ်းနေတယ်


မြန်မာပြည်ကိုငါလွမ်းတယ်


ငါ့မိငါ့ဖငါချစ်တယ်


ငါ့တိုင်းပြည်ကိုငါချစ်တယ်


ပြန်လာချင်လည်း


စိတ်ထင်တိုင်းကမရောက်နိုင်ဘူး


အခန်းငယ်ထဲငါလွမ်းတယ်။


ပြန်လာချင်တယ်မြန်မာပြည်ရယ်


ငါလွမ်းနေတယ်ရှိက်ငင်ငိုကျွေး


ရင်ဝယ်တမ်းတမှန်းဆပြီးတော့


လွမ်းနေတယ်။


တိတ်တိတ်ကျေကွဲ တိုးတိုးလေးငို


ရှိုက်ငင်ပြီးတော့နေမိတယ်


ပြန်လာချင်တယ်မြန်မာပြည်ရယ်။

Tuesday, August 17, 2010

*သံယောဇဉ်နဲ့ရှင်သန်တဲ့ည*

*သံယောဇဉ်နဲ့ရှင်သန်တဲ့ည*

ညည လမသာ

မမ  
မကပါ
မျက်ဝန်းတခို
တိမ်တွေညိုလို့
ပြိုမလိုပါ ငိုနေတယ်

ဘာလို့ မုန်းလည်း ဘာလို့ ပုန်းလည်း
သေတောင်မမေ့ဘူး အခင်ဆုံးမို့ 
ပြန်လာပါ။

ဖြူဖြူစင်စင် ချစ်ပါတယ်
အချစ်ဆုံးမို့  လွမ်းလှတယ်
တိမ်တိုက်မပြို  ငါငိုနေတယ်
သံယောဇဉ် အတိမ်အနက်
ဘယ်ပေတံနဲ့ တိုင်းမလဲ
နယူတန်မှား နေလား
မမ မှားနေလား
သက်ရောက်မှုတိုင်း
တန်ပြန်သက်ရောက်တယ်တဲ့ 
နွယ်ပင်ကသူများကပ်ပြီး
မှီခိုရှင်သန်ခဲ့ တယ်။
ကုမုဒြာကြာပန်းကလရောင်ရှိမှပွင့်သလို
မမ
သံယောဇဉ်နဲ့ ရှင်သန်ခဲ့တယ်
သံယောဇဉ်ရှေ့မှောက်
ဒူးကိုထောက်လက်ကိုမြှောက်
မင်းလိုအပ်ရင်
အသက်ပေးဆိုလည်း
လည်ကိုစင်းလို့  သခင့်ကိုယ်တိုင်
ပိုင်းဖြတ်လှဲ့ပါ  နှလုံးသားဒဏ်ရာ
နာတာလောက်တော့ ဆိုးမယ်မထင်ဘူး
သံသရာဝဋ်တွင်း လည်စင်းခံရ
အတိတ်ဝဋ်တွေရှိခဲ့ဘူးတယ်။
ခဏတွေကြုံဆုံခဲ့ တာ
မေ့လို့မရဘူးဖြစ်နေတာ
ဝဋ်ကြွေးကြီးလို့ဖြစ်မှာပါ။
သံသရာဝဋ်ထဲ ဇွတ်ဆွဲလို့တပေပေ
ရှည်ပေ့စေခင်ရဲ့
ဒီစာချိုးလိုဖြစ်နေတာ။