Pages

Monday, August 16, 2010

ဂျီတော့ပေါ်ကရန်ပွဲ......ငါအမုန်းဆုံးငါ....


မင်းတစ်ယောက်ထဲ
မိန်းမမှမဟုတ်တာ
မကြင်နာချင်လည်းနေပေါ့
မချစ်ရင်လည်းနေပေါ့...
မင်း...တစ်ယောက်ထဲ..
အချစ်ရှိတာမှမဟုတ်တာငါ့...
ရင်ထဲက ပေါက်ဖွားလာတဲ့ချစ်ခြင်း ..

မင်းတစ်ယောက်ကို
ရည်ရွယ်ပေမဲ့..

ဒီတစ်ခါလည်း
အမုန်းတွေပဲ ရခဲ့ပြန်ပြီ...။
စည်သူဝင်းထွဋ်




ထင်ချင်သလိုထင်

မြင်ချင်သလိုမြင်နော်

မင်း အပြစ်နဲ့မင်း

မင်း စိတ်နဲ့မင်း
မင်း ရဲ့ ချစ်ချင်း

နှလုံးသားက စေခိုင်းနေတော့
စိတ်စေရာ မင်းလျှောက်သွား
မင်းမှောက်မှားမှာ ဆိုးနေတယ်
ချစ်တာကို အပြစ်မဆိုဘူး
မင်းရဲ့ချစ်ချင်း တွယ်ငြိနေတာ။..
...မ.........


နေစမ်းပါကွာ။။။

ချွေးမသိပ်စမ်းပါနဲ့...
အပြောဆွဲတာလောက်တော့...
သင်္ကြန်ရေပြွတ်လောက်
သိပ်ကြောက်တဲ့ကောင်မဟုတ်ဘူး...
ချစ်တာကို ချစ်တယ်ပြောလို့
ရဲစခန်းရောက်မယ်ဆို
ဒီနေ့ည
ငါ့ မင်းအိမ်ရှေ့မှာ အိပ်မယ်။စည်သူဝင်းထုဋ်


အမုန်းဆိုတာ
မသိ
အငြိုးတွေလည်း
မရှ
ိ..
နိုင်ငံတကာဥပဒေလာမညှိနဲ့.
ငါမကြည့်တတ်ဘူး...
မင်းအိပ်ခဲ့ တာငါ့ရင်ခွင်ပေါ်..
စိတ်ကူးအိမ်မက် မင်းနဲ့ငါပျော်..
.
အတွေးထဲမှာ တော်တော်မြူး.
ကြည်ကြည်နူးနူး ဆော့ခဲ့ ဘူးတယ်.....
ဒါပေမဲ့ ဒီဘ၀ မဟုတ်ဘူးနော်။.......မ.....
.

ဟာသပဲ...

စိတ်ကူးထဲမှာတောင်
အတိတ်ဘ၀မှာမှ ပျော်ရွင်ခဲ့ရတဲ့ကောင်...
သွားမတိုက်ပဲနဲ့ သွားတွေတောင်နာလာတယ်...
မသောက်ရသေးတဲ့ အရက်တစ်ခွက်
ငါ့ လက်တွေကို တုန်ရီစေတယ်...
 ဂလု...ဂလု...ဆန္ဒတွေကို မြိုသိပ်လိုက်တယ်...
ရိုင်းရိုင်းပြောမယ်..
အတူတူနေတာ
ကျန်းမာရေးကောင်းတယ်
။...စည်သူဝင်းထွဋ်


အော်..........

မင်းရဲ့ ချစ်ချင်း အချိန်ပြင်းနေတယ်
မင်းထင်တာက အိပ်စက်ခြင်း
ဆန္ဒနောက်ကို မင်းလိုက်ပါတော့
ငါရင်ငွေ့ခို နို့သက်ခံစို့..
မင်းကိုချော့မြူ ထွေးပိုက်ခဲ့ တာ.
နှဖူးလေးလည်း နမ်းခဲ့ ဘူးတယ်
ဘယ်လောက်ဆိုးဆိုး
သိတ်ချစ်ဘူးတယ်
အပြစ်ဆိုတာ မြူမျှမတွေ့
ယုယကြင်နာ ချစ်ခင်လွန်းတဲ့
အရင်ဘ၀က မေမေပါ။..........?ီ i ?ီ



ဘယ်လောက်ပဲဆိုး...ဆိုး
ခွင့်လွှတ်တယ် ..

ဘာပဲဖြစ်...ဖြစ် ဆက်ချစ်မယ်..
ဖလော့ရင် နိုက်တင်ဂေးလို မိန်းမပဲ ...
ငါ့ရဲ့ စတုတ္တမြှောက် မီးအိမ်ရှင်။စည်သူဝင်းထွဋ်



ငါ့ကိုယ်ငါမုန်း

ငါလုံးဝပျောက်သွားတယ်
နှလုံးသားနှစ်စုံ တိုက်တဲ့ ပွဲ
ရိုက်ချက်ပျင်းတော့
ငါသေသွားတယ် ချစ်သူရယ်။
ငါ့ကိုယ်အစရှာ ငါမတွေ့တော့ဘူး
ငါမှားခဲ့ရင် တောင်းပန်တယ်
ဒီတိုက်ပွဲမှာ
ငါသေသွားတယ် ချစ်သူ
ရယ်။
ငါလုံးဝ ပျောက်ဆုံးသွားပါတယ်
ရှင်သန်ခြင်းနဲ့  သေဆုံးခြင်းကြား
ငါသေသွားတယ် ချစ်သူရယ်။.........
.မ............။အစ်မတော်...မ..
နောင်တော်စည်သူဝင်းထွဋ်

Sunday, August 15, 2010

*~~~~~မြတ်သောနိဗ္ဗာန်~~~~~~~* ~~~လျှောက်လှမ်းချိန်~~~~~~~မှောင်မိုက်ခြင်း~~~~~````~~~အံချော်ခြင်း~~~```````

*~~~~~မြတ်သောနိဗ္ဗာန်~~~~~~~*

တော်ရုံလူသား မမြင်ငြားပဲ

သံသရာ ၀ဋ်ဆင်း အပါယ်ကင်းပြီ
အိုနာသေဘေး တဖန်းဝေး၍
ထိုမှ တဖန် အေးချမ်းရာမှန်
ဘုရားရှင်ပင် ကျွတ်တန်းဝင်လျှင်
နိဗ္ဗာန်လမ်းသို့လမ်းကြွသည်
နတ်ပြည်ခြောက်ထပ် တပ်မက်စရာ
ထင်အပ်သော်လည်း နတ်သက်ကြွေလျှင်
သံသရာရဟတ် ပြန်ပတ်ရသည်
ထိုထိုဆိုလျှင် နိဗ္ဗာန်ဟူသည်
နတ်များပင်လျှင် မစွမ်းနိုင်ရာ
ငြိမ်းချမ်းရာမှန် ဖြစ်ပါလိမ့်တည်း။
ကောင်လေး



 ~~~လျှောက်လှမ်းချိန်~~~

ဆာလောင်ခြင်းလမ်းပေါ်လျှောက်နေချိန်
ယုံကြည်မှုတွေပဲ ခလုတ်တိုက်နေရတယ်
ခြေထောက်တွေလဲ ယိုင်နဲ့နဲ့ပါပဲ..
ဝမ်းနည်းမှုအဆင့်ကို ကျော်လွန်ပြီးချိန်
ရေတစ်ခွက်ကို ကျေးဇူးတင်တတ်လာတယ်
ခြင်တစ်ကောင်ရဲ့ ထိုးနှက်မှုကိုတော့ ငြီးငြူမိတုန်းပါပဲ
တောင်ပံတပ်ခံရတဲ့ဘ၀ထဲမှာ စက်ရုပ်လူသားတွေ အလုပ်လုပ်နေကြလေရဲ့
ခပ်စောင်းစောင်းလူသားတွေကတော့ ခပ်ရွဲ့ရွဲ့လှုပ်ရှားနေကြတယ်
ဝံပုလွေတစ်ကောင်လောက်မှ အဖြစ်မရှိတဲ့ အတွေးအခေါ်မျိုးနဲ့
ယုန်ဖြူတစ်ကောင်လို.. အကူအညီပေးဟန်ဆောင်ပြီးမှ
လူလူချင်းနင်းလျှောက်ချင်နြေ
ကတယ်
အတွေ့အထိလောက်ပဲ သာယာတတ်ရင်တော့
ညဉ့်ငှက်တစ်ကောင်ဆီက ကူညီမှုနဲ့တင်လုံလောက်နိုင်ပါတယ်
အဖော်အဖြစ်တော့ ပုတ်သင်ညိုကိုခေါ်သွားလိုက်ပါ..
ဆုံးဖြတ်ချက်တစ်ခုအတွက် အကြိမ်ကြိမ်တွေဝေရမယ်ဆိုရင်
ဦးနှောက်ကိုဗလာကျင်းပြီး စိတ်ဓါတ်တွေကို အာဟာရဖြည့်ရပါလိမ့်မယ်
စိတ်ကူးနဲ့ပဲ အငွေ့ပြန်တာတွေများလာရင် အိမ်မက်ပျောက်ပျက်ဖို့
စိုးရိမ်အဆင့်ရောက်ပြီလို့ သတ်မှတ်ရပါမယ်
ကဲ.. အခု ကျွန်တော်တို့ စိတ်ကူး ၅၀% လက်တွေ့ ၅၀% နဲ့
ကျွန်တော်တို့အိမ်မက်တွေဆီ လျှောက်လှမ်းကြပါစို့။


ကောင်လေး



~~~~မှောင်မိုက်ခြင်း~~~~~



တိမ်ပြာတွေအုံဆိုင်း

လေနုအေးတစ်ချက်ပွတ်သပ်
ကောင်းကင်မှာ``လ´`ငတ်နေတယ်
``လ``ငတ်နေတဲ့  ငါ့ညတွေမှာ
ကြယ်တွေပဲ    အဖော်ပြုနေတုန်း
ကြယ်တွေပါ    တိမ်ဖုံးကုန်တယ်။


ကောင်လေး
ကဗျာများ






````~~~အံချော်ခြင်း~~~```````



အဓိပ္ပါယ်မဲ့တဲ့   နေ့တွေမှာ

ဘ၀ကို ရေစုန်မျောလာလိုက်တာ
 မှားမှန်းသိလျှက်နဲ့  ထပ်မှားနေတာ
ဂုဏ်ယူစရာ  တစ်ခုဆို
အမှားအများဆုံး  ဘာသာရပ်မှာ
မကြိုးစားပဲနဲ့  ဂုဏ်ထူးရတာငါပါ။


မျှော်လင့်တာတွေ    ဖြစ်မလာတဲ့ အချိန်

ဘာကိုမှရေရေရာရာ   မမျှော်လင့်တော့တာ
 ငါ့အမှားလား ?
 နေချင်သလို   မဖြစ်တဲ့ ဘ၀မှာ
ဖြစ်သလိုနေတတ်အောင်တော့  ငါကြိုးစားခဲ့တယ်။


သေတာနဲ့  ရှင်တာကြားမှာ

အကောင်းဆုံးနဲ့  သက်သက်သာ သာနေဖို့
စဉ်းစားခဲ့ပေမဲ့  ထင်သလောက်မလွယ်ခဲ့ပါလား
 ငါလုပ်သမျှ  အဖတ်တင်တာဆိုလို့
ခံစားမှုတွေဘဲရှိတယ်။

ဘာဘဲဖြစ်ဖြစ်  အရောင်မဆိုးထားတဲ့ 

မေတ္တာတွေတော့   ငါသဘောကျခဲ့တယ်
ဘယ်သူကိုမှ   အပြစ်မတင်တတ်အောင်ကြိုးစားရင်း
နောက်ဆုံး   အထီးကျန်မှု့နဲ့
ငါလက်ထပ်လိုက်တယ်။


ကောင်လေးးးးးးးးးးး
ကဗျာများ

Sunday, August 8, 2010

အတိတ်ကအရိပ်


 

အတိတ်ကအရိပ်


ဟူးးးးးးးးးးးးးးးးးးးးးးးးးး

မောတယ်.....................

မကြားးးးးးးးးးးလိုပါ.......................

မမြင်လိုပါ.........................

မတွေ့ လိုပါ........................

မကြည့်ချင်ပါ.......................

ဒီလိုအဖြစ်ဒီလိုသနစ်ကို..........

မျက်စေ့ရှေ့တင်မြင်ခဲ့ တာ...............

အပြောမဟုတ်............

.လက်တွေ့ ကျကျတွေ့ခဲ့ တာ.................

တွေ့ မြင်ရလို့ နှလုံးတွေပျက်

သွေးတွေပွက်ပေါ့............

ငါမှာရောဂါရခဲ့ တာ...........

နှလုံးခုန်တွေမြန်................

မသေယုံ.........တစ်မယ်

သွေးပျက်ခဲ့ တာ

ရူးသွားမလားတောင်မှတ်ခဲ့ တာ......

မေ့လို့ မရပါ ဖြေလို့မပြေပါ

အတိတ်က အရိပ်တွေ မြင်ရပြန်တော့.........

အရိပ်ဆိုတာ ကိုယ်ဘယ်သွားသွား

နောက်ကနေပြီး ကိုယ်ပွားအလား

ထပ်တူထပ်မျှလိုက်တော့မှာ...................။

အတိတ်ကအရိပ်






Saturday, August 7, 2010

တိတ်တိတ်လေး

တိတ်တိတ်လေး
သူကျေကွဲနေ
တိုးတိုးလေး သူငိုရှိုက်နေ
သူရင်ကွဲကျေ နာကျင်နေတယ်
တမင်ဟန်ဆောင်
သူပြုံးနေလည်း
သူရင်ထဲကို ထွင်းဖောက်ဝင်ရောက်
ငါ.မြင်ရတယ်..
သူရင် ကွဲကျေ
နာကျည်း နေတယ်..
သူရင်ကွဲကျေ ၀မ်းနည်းနေတယ်...
လောကထဲမှာ သူ မပျော်လည်း
သူများ ပျော်ဖို့
သူဖြည့်စွမ်းတယ်
သူများ အတွက် သူငဲ့ကွက်တယ်
သူ့အချစ်
သူ့အသဲ ဘယ်သူ့ အတွက်လည်း
သူချစ်နေတာ
သူသာ သိတယ်
သူချစ်နေတော့ရင်လာ ထိတယ်
သူများပျော်ရင်
သူပြုံးနေတယ်
သူ့ရင်ခွင်ကို ငါဝင်ကြည့်တယ်
ဂျိုကာလေးလို ပျော်တော် ဆက်တယ်
သူအရိပ်လို
ငါဖြစ်နေတယ်
သူပြုံးရွှင်မှ ငါပျော်ပါတယ်
သူပျော်ပါစေ တောင်းဆု ဆိုတယ်
သူ့ရဲ့ အရိပ် ငါဖြစ်နေတယ်
ငါချစ်နေတာ
ငါသာသိတယ်
ဖွင့်ပြောဖို့လည်း ခက်နေတယ်
တိတ်တိတ် လေးပဲ နေလိုက်တော့မယ်...။
ချစ်သူရယ်။


 

Friday, August 6, 2010

အရောင်စွန်းမှာသေချာတယ်......

လူတစ်ယောက်ဟာ  သူပိုင်တာကို 
သူပေးချင်တဲ့သူထံပဲ အပ်နှံလိမ့်မည်။
ပေးတိုင်းမရောက်ဘူး.....ယူတိုင်
းမရဘူး..
လက်ခံတဲ့သူရှိမှ  ကိုယ်ပေးတာ    ရလိမ့်မယ်နော်.....
သူပေးတိုင်းလည်း  ကိုယ်ကမရဘူး...
.
ကိုယ်တိုင်လက်ခံ..ကိုယ်လက်ခံမှ
ပေးတိုင်းရရင်....ယူတိုင်းရရင်.
.
လုပ်တိုင်းဖြစ်ရင်....တောင်းတို
င်းရရင်..
သူတောင်းစားတွေ  ..ချမ်းသာတာကြာပေါ့
...
လှုတဲ့လူလည်း ... နတ်ပြည်ရောက်ြ
ပီ....
တရိစ္ဆာန်ဘုံလည်း ..မရှိတော့ဘူး...
ဘုရားဟောတဲ့ ၃၁ဘုံ ..ပျောက်ကုန်ရောပေါ့....
လူတစ်ယောက်ဟာ ..သူပိုင်တာကို
သူပေးချင်သူထံ ..အပ်နှံလိမ့်
မည်။..
အပ်နှံထားတဲ့ ..လူစိတ်ချရလား.....
တည်မြဲပါ့မလား.....
ကိုယ်ပေးတာကို တစ်ကယ်..
လိုချင်မက်မောတဲ့ ..သူဖြစ်နိုင်မလား...
သေချာစစ်လေ ရှားပါးလေ.
သူပိုင်တာကို သေချာသိမ်းဖို
ရှေးဟောင်း ပြတိုက် ထားရမယ်...
သူပိုင်တာကို ..သေချာသိမ်းဖို့ ..
သေချာတာကရော ..သေချာပါ့မလား..
မသေချာတာ သေချာနေတဲ့ လောက
တည်မြဲခြင်းတွေ  မတွေ့ရဘူး
ဖောက်ပြန်ပြောင်းလဲ  နေတတ်တယ်
အချိန်
နဲ့အမျှပေါ့..ငိုတတ်တဲ့ ကလေးနို့ဝတယ်
ဆိုးတဲ့ကလေး အမေချစ်တယ်
အငယ်ဆုံးလေး မုန့်ပိုရတယ်..
တစ်အိမ်ထဲမှာ မမျှတတာ တွေ့နေတာဘဲ..
..
မင်းပေးတဲ့လူ လက်ခံရဲ့လား မင်း
ဘ၀မှာ ဖြူစင်ပေမယ့်
မင်းပေးတာ ဖြူစင်ပေမယ့်  ယူမယ့်လူ
လက် ညစ်ပေတယ်....
ပေးတဲ့ပစ္စည်း အရောင်စွန်းမှာ ကြော
က်ရတယ်...
မင်းပြန်ယူချိန် ပင်ကိုယ်အရောင်
မရှိနိုင်ဘူး..
ရောင်စွန်းမှာသေချာတယ်........
.....။

Thursday, August 5, 2010

လွမ်းတတ်သူ

့ရင်ထဲအထိ..ရစ်ပတ်နွယ်ငင်......

အချစ်စွမ်းအင်...နွယ်ပင်အလား.....

မောင့်ရင်ဘတ်နား....တစ်သက်မခွဲ......

ကပ်နေချင်တယ်....လမင်းမသာ.

ညချမ်းခါမှာ..ကြယ်တွေပျိုးပျက်..

မမြင်ရလည်း....ထင်ရောင်ထင်မှား......

စိတ်ကေ၀၀ါး...ညတစ်ညရဲ့

လတစ်စင်းကို..စိတ်ကူးပုံဖော်

ချစ်လိုက်လေနော်....ရင်ဖက် စီးချင်း

အလွမ်း
စစ်
ခင်း


အလွမ်း စစ်တလင်းမှာ

လွမ်းတတ်သူက

ရှုံးပါတယ်................။

အလွမ်း မျိုးစေ့ 


ကျဲတဲ့ ပျိုးက အလွမ်း မျိုးစေ့ 
လွမ်းဖို့ 
ဘယ်သူ ကျဲမှာလည်း

လွမ်းဖို့
ဘယ်သူ ချစ်မှာလည်း၊

ရင်ကွဲ
ရအောင် မင်းချစ်နေလည်း

ရင်နဲ့ မဆန့် 
မင်းးး
ချစ်နေတာ မသိ
ခဲ့ဘူး
မကြည့် မိဘူး အားနာတယ်

တစ်ခဏတာ မထင်မှတ်ဘဲ
ဆုံဆည်းခဲ့ တာ
မျှော်တာ တစ်ယောက်
ပေါ်လာတာ တစ်ယောက်
ဘယ်သူကိုမှ လမ်းမခွဲဘူး
ဖြူစင်
အချစ် ရင်ထဲရှိလို့ 

ချစ်သူသိစေ မြင်ကြည့်လေနော်............။