Pages

Wednesday, April 14, 2010

ဘယ်တော့ာ မှ ရ မ လည်း

လောက အပြင်ဘက်က ကောင်းကင် အရောင်းဆိုင်
ဆိုင်ရိပ်ခိုလာသူ မှန်သမျှ
အမောပြေ စိတ်တိုင်းကျ သောက်ဖို့ 
ရေကြည်အေးတို့ တည်ခင်းထားပါတယ်။
Menu ကို ဖတ်ကြည့်လိုက်တော့…
“အနာဂတ်တွင်
သင်ယုံကြည်ရာ မှာယူ သုံးဆောင်နိုင်ပါလိမ့်မည်။
ယနေ့ ဘာမျှ မရပါ။”

ကောင်းကင်ကို..................။

ဘယ်တော့
 ရ
မလည်း

ကောင်းကင်ရယ်

ရေကြည်အေးလေး တည်ခင်းထားလည်း

ရာသီကပျက် 

လူကပျက်နဲ့ 


ကမ္ဘာပျက်  မလိုဖြစ်နေတယ်

အမောပြေအောင် သောက်မယ့်ပြင်တော့

ယင်မဲ 
တစ်ကောင်ကျနေတယ်

ရေ
ကဆာဆာ 
ဝမ်း
ဟာဟာနဲ့ 


လက်ပိုက်ပြီးတော့ ကြည့်နေမယ်

မ.. မ ......။.

http://www.justmusicradio.net/radio/........Myanmar Mp3 Albums



http://www.justmusicradio.net/radio/


ဘင်္ဂလားပင်လယ်အော်
လေးဖြူ


http://music.all-channel.com/ListenMyanmarMp3.aspx?a=224

Ta Yoke Htay Net
တစ်ယောက်ထဲနဲ့


download








2 Nga Yae La Min
ငါရဲ့လမင်း


download








3 Wi Yaw Di
ဝိရောဓိ


download








4 A Lay A Kwai
အလဲအကွဲ


download








5 Ka Sin Ka Lar Thi O Yi
ကစဥ့်ကလျားသီအိုရီ


download








6 Pyan Khae BAr
ပြန်ခဲ့ပါ


download








7 Than Yaw Zin
သံယောဇဉ်


download








8 Moe Taing Htay Wai
မိုးတိမ်ထဲဝဲ


download








9 Ma Lote Net
မလုပ်နဲ့


download








10 A Yin Loe Bae
အရင်လိုပါပဲ


download








11 A Lwan
အလွမ်း


download








12 Dar Li Nay
ဒါလီနေ့


download








13 Sar Myat Nar Ta sae Ngar
စာမျက်နှာတစ်ဆယ့်ငါး


download




Tuesday, April 13, 2010

အသဲ








ချစ်သူစကား..ပျားရည်မြစ်လေးစီးနေတယ်
ချစ်နေတော့လဲ..သူပြောစကားမုနိးတ်မထား
အချစ်ကြောင့်ဘဲ..ဖြစ်လိမ့်မယ်..
ခံစားတတ်တယ်...နာကြည်းတတ်တယ်...
သူသိမှာလဲဆိုးနေတယ်...နယ်ရုပ်ကလေးဖြစ်နေတယ်...
သူကိုတွေ့တော့သူအပြောထဲ..ငါလေမျောလိုနေတော့တယ်....
ရူးချင်ရောင်လဲဆောင်တတ်တယ်..မူးချင်ရောင်လဲဆောင်တတ်တယ်...
သိနေတော့လည်းမသိချင်...ရောင်ဆောင်လိုက်တယ်...
အသဲလို့ လည်းခေါ်ခိုင်းတယ်..
အသက်ပါပေးရလိမ့်မယ်ထင်ပါတယ်...
ဝေးနေတော့လည်း.သူ့ပြောစကား..ယုံမိတော့မယ်ချစ်သူရယ်..
နင်မုန်းမှာဘဲငါကြောက်တယ်..တကယ်ချစ်လားမေးချင်တယ်....
သိသာသိစေမမြင်စေနဲ့    မမြင်ပဲနဲ့ သိနေတယ်.......
ခေါ်တော့အချစ်  ရင်ထဲအနှစ်ဖြစ်နေတယ်........
စိတ်ရှိတိုင်းသာပြောရပါမူမင်း  မုန်းသွားမှာကြောက်နေတယ်....

အမေ့အိမ်

အမေ့အိမ်
....................

ကားပေါ်ကဆင်းခဲ့တယ်
ပြန်မရောက်တာကြာတဲ့ရွာ
ကျုပ်ရဲ့မွေးဖွားရာဇာတိ
တစ်ခါပြန်လို့ ခြေချမိခဲ့ပေါ့.........

သစ်လွင်တဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့
စည်ကားနေတဲ့ ရွာလယ်လမ်းမ
အတော်ကိုနေသားကျနေပြီပဲ
ငေးမောရင်းလျှောက်လာ
ဘယ်ညာမှာ အသစ်အဆန်ချည်း
အချည်းနှီးကုန်လွန်ခဲ့တဲ့နှစ်တွေ
တွက်ရေလို့မနေတော့ဘူး
ဟိုရှေ့ကလမ်းကွေ့ဆို
ကျုပ် အိမ်ကိုရောက်ပြီလေ.........

ဒီနေရာလေးစိမ်းသလား
အမေနဲ့ညီမတွေနားခိုရာသိုက်မြုံ
တစ်ခါပြန်လည်ခိုလှုံဖို့ရောက်ခဲ့တဲ့ကျုပ်
ရင်ဆို့ဖွယ်ရာ မြင်ကွင်း
အိမ်ဝန်း ဟင်းလင်းပြင်နေရာ
ခြံအကာ စည်းရိုးပြိုပျက်
ယိုင်နဲ့နဲ့ ဝါးအိမ်လေး
စုတ်ချာသေးကွေးလှတယ်
မြက်ရိုင်းပင်တွေက ရှည်ရှည်
အိမ်ရှေ့ကွက်ပျစ်က ဟောင်းလောင်း
ခြထောင်သောင်း တောင်ပို့
အိမ်အမိုးက မလုံ့တလုံ
ညညဆို ကြယ်တွေစုံပေါ့
အိမ်အခင်း ကြမ်းပြင်
ခြေနင်းရင် ကျွံဝင်သွားမလား
အိမ်အကာ ထရံပေါက်နဲ့
သရဲကြောက်တဲ့ ညီမလေး
အိပ်ဆေးတွေ သောက်ခဲ့ရမယ်
ချောက်ချားဖွယ်ညတွေဆို
အမေ ဘယ်လိုများကြိတ်ငိုခဲ့
မိုးစက်တွေနဲ့ အိမ်ခန်းမှာ
တစ်ညလုံးငုတ်တုတ် အိပ်ခဲ့ကြလား
မနက်ဖန်တွေအတွက် အားနည်းနေပြီထင်ရဲ့.........

အမေရေးခဲ့တဲ့ စာတစ်စောင်
သားမောင် စိတ်ချမ်းသာပါစေ
အိမ်အတွက်မပူလေနှင့်
အမေနဲ့ ညီမတွေကိုချစ်ရင်
သားမောင်လျှောက်တဲ့လမ်းကိုသာ
ဖြောင့်တန်းအောင် သွားပါလေ
တစ်ကယ်လေ အမေဆိုခဲ့
ကျုပ်နားမှာ ကြားလျှက်ရှိသေးတယ်
အံကြိတ်ရယ်ရင်း ငိုရှိုက်
သောကတစ်ချို့ကို သိုဝှက်လို့ထား
အမေ့ရဲ့ ရင်ခွဲထွက်စကားနဲ့
ညီမငယ် အမှာပါးခဲ့တာက
ကိုကိုရယ်....
သူငယ်ချင်းတွေ အိမ်လာလည်တယ်
အိမ်လေးတစ်လုံးလောက် လိုချင်တယ်...တဲ့
ဘယ်အရာကိုမှ မပူဆာဖူးလေတဲ့ညီမ
ဒီတစ်ခါတစ်ကယ် မျက်နှာငယ်ခဲ့ရမယ်
ရှက်ဖွယ်ရာ မှားခဲ့တဲ့ ကျုပ်
လျစ်လျူရှုလို့များ ထားခဲ့တာလား
နားလည္မႈလြဲတဲ့ သီအိုရီၤ
သားမိုက်ကို လိမ္မာပြီထင်တဲ့အမေ
ညီမတွေရဲ့ အားကိုးရာ
ကျုပ်လေ.........
ဘာတစ်ခုများအသုံးကျခဲ့လဲ
မျက်နှာမပြရဲတော့ဘူး အမေ.........

အမေ့ရဲ့ အေးမြတဲ့ရင်ခွင်
အပြေးလာ ခိုဝင်ချင်ခဲ့တာ
အခုတော့လေ
အိမ်အပြင်မှာရပ်ရင်း မျက်ရည်စို့ခဲ့ပေါ့
လက်အုပ်ချီမိုး ကန်တော့ရင်း
အမေ့အိမ် အမေ့ရင်ခွင်မှ
နောင်တ တစ်ချို့တစ်ဝက်နဲ့ကျုပ်
တပ်ဆုတ်လို့ လှည့်ပြန်ခဲ့ရပြီ
အမေနဲ့ ညီမတွေအတွက်
နောက်တစ်ကြိမ် စီးပွားရှာထွက်လိုက်ဦးမယ်
ကျုပ်ကို ခွင့်ပြုပါအမေ.........

အမေရယ် ညီမရယ်
နှုတ်ဆက်မယ်လေ ကျုပ်မရဲလို့
ခြေလှမ်းကို သုတ်သုတ်နှင်
သူတို့တွေ မမြင်ကွယ်ရာရောက်မှ
မာန်တင်းပြီး ထိန်းထားရတဲ့
မျက်လုံးအိမ်က ချော်ရည်ပူတွေကို
အားပါးတရ သွန်ချလိုက်တယ်...

(ကျုပ်ရဲ့မျက်ရည်တွေက်ုမြင်ရင်လေ
အမေရယ်မှာ ကြောက်လို့ပါ...)


သူငယ်ချင်းတရောက်ရေးတင်ထားတဲ့ ကဗျာလေးပါ။
ကြိုက်လို့ တင်ထားတာ



သူငယ်ချင်း အားလုံးနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပါစေ




ပိတောက်ဖူးနဲ့အတူ မလွမ်းလောက်ပါဘူး





 ပိတောက်တွေ ပွင့်နေတာ အိပ်ရာကနေနိုးတာနဲ့ တန်းမြင်လိုက်ရတယ် ပိတောက်ပန်းတွေ ရနံလှိုင်လို့  မွှေးအီသွားတဲ့ရနံနဲ့အတူ ကျွန်မမောင့်ကိုသတိရနေမိတယ် အခုချိန်ဆိုမောင်လဲသတိရနေမှာ မောင်ကျွန်မကိုပိတောက်ပန်းနဲ့ ငုပန်းနှစ်မျိုးထဲက ငုပန်းကြိုက်လား ပိတောက်ပန်းကြိုက်လားလို အမှတ်မထင်မေးတော့ ကျွန်မချက်ချင်းပြန်ဖြေလိုက်တယ် ငုပန်းကိုပိုကြိုက်တယ်လို ပြောလိုက်တော့ မောင်ကပြုံးပြီးကြည့်နေတယ် ကျွန်မအဖြေကို  သဘောကျနေတယ်ထင်ပါတယ်။ညနေမိုးချုပ် မှောင်စပျိုးအချိန်မှာမောင်ငုပန်းတွေတစ်ပွေ့ တစ်ပိုက်နဲ့ အိမ်ကို ရောက်လာတယ်  ရော့မင်းကြိုက်တယ်ဆိုလို့ မောင်ခူးလာတာလေ ပြောဆိုပြီး ကျွန်မကိုလှမ်းပေးပါတယ်။ကျွန်မ၀မ်းသာ ပျော်မြူးနေတာ ဟန်တောင် မဆောင်နိုင်ပါ ကျေးဇူးတင်ပါတယ် မောင်လို့ တောင်မပြောနိုင်ဖူး    ငုပန်းတွေပွေ့ ပိုက်ပြီး    အိမ်အပေါ်ထပ်ပြေးတက်လို့ဘုရား  ကိုချက်ချင်း   လှုလိုက်တယ်  ရင်ထဲလည်း   ကြည်နူးလိုက်တာငုဝါတွေ  ထိန်ဝင်းနေတဲ့  ဘုရားစင်ကိုကြည့်ပြီး    ကြည်နူးလိုက်တာ စိတ်ချမ်းသာလိုက်တာနော် အယ်တော့....... အိမ်အောက်မှာ မောင်စောင့်နေတာ မေ့သွားတယ်  ချက်ချင်းအိမ်အောက်ကိုပြန်ဆင်းပြီး  အမေနဲ့တူထိုင် စကားပြောနေတဲ့မောင့်ကို ကျေးဇူးတင်ကြောင်း ပြောရတော့တယ်လေ။အမေက မောင့်ကို မင်းညီမကသူလိုချင်တာရရင် ဘာမှသတိမထားတော့ဖူး ပါတ်ဝန်းကျင်ကိုမေ့ နေတတ်တယ်လို့   ပြောတော့  မောင်က ရပါတယ် အန်တီ အားနာစရာမလိုပါဖူးတဲ့  အမြဲခွင့် လွှတ်တတ်တဲ့  မောင့်ကို  ကျွန်မအမြဲအနိုင်ယူ တတ်ပါတယ်............သူကချစ်တာလေနော်  ကျွန်မကချစ်တာမဟုတ်ဖူး နေချင်သလိုနေပေါ့  အားနာပါဖူးနော်  မောင် ဘယ်နေရာကနေ  ခူးလာတာလည်း  ငုပန်းတွေကိုလို့  ကျွန်မမေးတော့ ဟိုးးးးးးးးးရှေ့နားက တောင်တန်းတစ်ခုကျော်ကတဲ့ လှမ်းကြည့်လိုက်တော့ တော်တော်ဝေးတာစိတ်ထဲမှာ သနားသွားတယ် သူ့ ကိုသနားနေတာပါ မချစ်ဖူး ခုတော့ မောင်  ကျွန်မ ဘေးမှာမရှိတော့ဖူးလေ သူရေခြား မြေခြားမှာ အလုပ်တာဝန်နဲ့   နေရတယ်  သတိတော့ရနေတာပေါ့ သူများတွေ   ရေဆော့ကစားနေကျတာကြည့်ရင်း ကျွန်မဘေးနားမှာ   ငယ်ငယ်ထဲက ကလေးတစ် ယောက်လို ကျွန်မကို လိုက်စောင့်ရှောက်ပေးနေခဲ့တာသတိရနေမိတယ်။ဒီနှစ်သင်္ကြန် ဆို သုံးနှစ်ရှိပြီသင်္ကြန်ရောက်တိုင်း ကျွန်မတစ်ယောက်ထဲအိမ်ပြင်လမ်းမပေါ် ကိုငေးကြည်းနေမိရင်း မောင့်ကိုသတိရနေမိတယ် ဒီအချိန်မှာ အိမ်ရှေ့ကိုလူတစ်ယောက် လာရပ်တယ် အမေတံခါးသွားဖွင့်ပေးနေတယ် ဧည့်သည်ကအိမ်ထဲ ထိလိုက်မလာဘူး အမေ့ကိုပစ္စည်းတချို့ပေးပြီးပြန်သွားပါတယ်။ကျွန်မ လမ်းဖက်ဆက်ငေးနေတုန်း အမေခေါ်တာနဲ့အိမ်အောက်ကိုဆင်းပြီး အမေဘာပြောမို့လည်းမေးတော့   အမေမျက်နှာ  မကောင်းဘူးကျွန်မလက်ထဲကို  စာ   တစ်စောင်လှမ်းပေးတယ်  ဘာစာမို့ အမေ  မျက်နှာမကောင်း တာလဲပေါ့  ကျွန်မသိချင်စိတ်နဲ့ စာကို အမြန်ဖတ်လိုက်တဲ့ အချိန်မှာ  မောင် တောင်းပန်ထားတယ် ။
မမ   ခွင့်လွတ်ပါတဲ့   သူ ကောင်မလေးတစ်ယောက်နဲ့ မယူရင်မဖြစ်တော့လို့ ယူလိုက်ရပါတယ်တဲ့  ဘယ်လိုမှ  မထင်မှတ်ထားဘူး ဒီလို  စာမျိုးနဲ့   ဒီလိုမျိုးသူ လမ်းခွဲမယ်လို့   မမ မျှော်လင့်မထားဘူးလေ သူ့ကိုလွမ်းနေတဲ့ အချိန်မှာ တိုက်ဆိုင်စွာ ရောက်လာတဲ့   လမ်းခွဲဖို့ စာ ခွင့်လွတ်ဖို့ စာ စိတ်ထဲမှာ ဒေါသဖြစ်လိုက်တာ ချွေးတောင်ပြန်တယ်။
အမေ့ကိုကြည့်လိုက်တော့ ကျွန်မကို သနားနေတဲ့ ကြင်နာနေတဲ့ မျက်ဝန်းကို ကျွန်မတွေ့ လိုက်ရတယ် ကျွန်မချက်ခြင်းပြုံးလိုက်တယ်  ပြီးတော့အမေ့ကိုဖက်ပြီး ရီ(ယ်)နေရင်းအမေရဲ့ သမီး   ကံကောင်းတယ်မှတ်နော်    ဘာမှစိတ်မကောင်းဖြစ်မနေနဲ့ သမီး   ကံကောင်းတာသိလား  မောင်မောင်ကိုယူပြီးမှ မောင်မောင် သမီးကိုထားခဲ့ရင် သမီး ဘ၀ဘယ်လိုနေမလဲ  ..............သမီးတွေးကြည့် နေရင်းတောင်   စိတ်ချမ်းသာတယ် သိလား  အမေ မလွမ်းလောက်ပါဖူး   အမေရယ်နော် အမေ စိတ်မကောင်း မဖြစ်နေပါနဲ့နော်   ဒီနှစ်သင်္ကြန်က ခုမှ အနှောင်အဖွဲ့ ကင်းစွာနဲ့  စိတ်လွတ်လပ်  ပေါ့ပါးစွာနေရတာ  သမီးစိတ်ကို      စိုးမိုး မယ့်     လူမရှိတော့ဖူး အမေ ဒီနှစ်သင်္ကြန်  သမီးအပျော်ဆုံး  သင်္ကြန်ပေါ့  အမေရယ်နော် ကျွန်မ  အပျော်ဆုံးသင်္ကြန်ပေါ့နော်..........မောင်ကပင်မြင့်ထက်က ခက်ခဲ တဲ့ ငုပန်း ပိတောက်ပန်းကိုတော့  အဝေးမှနေတောင်  အရောက်သူခူးယူပေးနိုင်တယ် လောကထဲက  ဘ၀ အောင်ပန်းကိုတော့ မောင် မခူးယူပေးနိုင်ခဲ့ပါဖူး မောင်ကျရှုံးခဲ့ပါတယ်။ကျွန်မပျော်နေပါတယ် စိတ်ပေါ့ပါးစွာနဲ့ အနှောင်အဖွဲမှလွတ်တဲ့ လူတစ်ယောာက်လို စိတ်လက်ပေါ့ပါးစွာ ဒီနှစ်သင်္ကြန်မှာ မမ ပျော်နေပါတယ် မောင်..............;P

ပန်းပိတောက် ၀ါဝါ၀င်း
စိတ်လွတ်လပ်တဲ့ သင်္ကြန်တွင်း
အနှောင်အဖွဲ့ကင်း သင်္ကြန်တွင်း
ဒီအတာ ဒီတန်ခူး ဒီသင်္ကြန်ရွှင်ကာမြူး
ငုပန်းလေး ချစ်စရာထိန်ထိန်ဝင်းလို့ အနံမပါ
ပျော်ရွှင်စရာ သင်္ကြန်မှာချစ်သူ အဖော်သဟာမလိုပါ
ပန်းပိတောက်ဝါ၀ါဝင်း စိတ်လွတ်လပ်တဲ့သင်္ကြန်တွင်း
ပိတောက်ဖူးတွေ လှိုင်လှိုင်ပွင့်တော့မ..မပျော်ရွှင် မိတာပေါ့။

Monday, April 12, 2010

ခက်တယ်

အမှန်ပြောရင်
အမှားထင်နေတော့
ခက်တယ်



သိနေတယ်။

အမှားပြောတော့
အမှန်
ထင်နေတော့
ခက်တယ်။


ဘယ်သူတွေဘယ်လို
စိတ်မှန်းနဲ့ 

သိနေတာကလည်း
ခက်တယ်

ခက်နေတာ တော်တော်ကို
ခက်နေတာ။



မရှိတာထက်
မသိတာခက်တဲ့


ခုတော့
သိနေတော့လည်း
 ခက်နေတယ်။