Pages
Monday, April 12, 2010
နှစ်ဦးဆုတောင်း
နှစ်ဦးဆုတောင်း
နှစ်ဦးဆုတောင်းပြည့်စေလို...
မဟာမုနိရှင်ထံပါး မိုးမလင်းခင်အရောက်သွား..
ပန်းပိတောက်ဝါ၀ါဝင်း နှစ်ဦး သင်္ကြန်တွင်း...
နန်းတော်ပတ်လည် ရေသဘင်ပွဲ
သင်္ကြန်သီချင်းနဲ့ သီဆိုနွဲ.
စတုဒီသာမဏ္ဍာပ်ထဲ လူမျိုးပေါင်းစုံဝင်ကာနွဲ..
စားလို့ မြိန်တဲ့အလှု ပွှဲ...
ဦးပိန်တံတါးအရောက်သွား...
မယ်ဇယ်ပင်အောက် တထောက်နား
ညနေစောင်းတော့တဖန်ကဲ.
ကျုံးတော်ပတ်လည် ရေသဘင်ပွှဲ..
စိတ်ကူးလေးနဲ့ စောင့်နေမယ်..
ရေခြားမြေခြား ချစ်သူရယ်..
ဒီနှစ်သင်္ကြန်မဆုံနိုင်ဖူး..
အတာသင်္ကြန်မပျော်နိုင်ဖူး.
သင်္ကြန်ချိန်တိုင်း မလွမ်းလို..
ဆုတောင်းဆုယူ သစ္စာဆို..
တစ်နှစ်တစ်ခါဆုံဖို့ကို သိကြားမင်းကိုတိုင်တည်လို..
တစ်နှစ် တစ်ကြိမ် မဆုံ ဖြစ်တော့..
ပန်းပိတောက်မြင်တိုင်း လွမ်းတာပေါ့..
နောင်နှစ်သင်္ကြန် ဆုံဖို့ အရေး..
သိကြားမင်းကြီးရေ ကူညီပေး.
Friday, April 9, 2010
မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော ယောင်္ကျားများအကြောင်း
မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော ယောင်္ကျားများ အကြောင်းပေါ့နော်
ယောက်ျားလေးများက မိန်းမလေးမြင်တိုင်း ကြည့်ချင်ကြသည်
စိတ်ဝင်စားကျတယ် သနားတတ်ကြတယ်
ဂရုစိုက်တတ်တယ် ကြင်နာတတ်တယ်။
အိမ်ကမိန်းမကိုမေ့နေတတ်ပြီး အနီးပတ်ဝန်းကျင်မှ မိန်းမလေးများကိုသာ
သူတို့ စိတ်တွင်သာယာတတ်ကြတယ်။
အိမ်မှ မိန်းမ အပြင် သွားသခိုက်လည်း အိမ်တွင် ကူညီရန် ခေါ်ထားသော
အမျိုးတော်သည်ဖြစ်စေ အလုပ်သမား မိန်းမလေးများကို
အိမ်ကမိန်းမထက်ပင် သနားတတ်ကျတယ်။
မိန်းမလေးမှန်သမျှ သူတို့မျက်စေ့ရှေ့တွင်ဖြတ်သွား၍သူတို့ မျက်စေ့နှင့် စိတ်နှင့် မကြည့်မိသည့် ယောက်ျား မရှိသလောက်ပင်ရှားပါးလှပါတယ်။
ဝေးလျှင်လည်း အဝေးက ကြည့်တတ်တယ်လေနော်နီးလျှင်လည်းအနီးကပ် ကြည့်တတ်တယ်။
ဓါတ်တိုင်လည်း  ထိုနည်းအတိုင်းပင် မည့်သည့်အိမ်က မီးလာသွယ်သွယ် အကုန်သွယ်ယူနိုင်သကဲ့သို့နီးလျှင်ပို၍မီးအားဗိုအားများသည်
ဝေးဝေးနီးနီးမည့်သည့်နေရာမှသွယ်
ယူယူ ရရှိနိုင်ပါတယ်။ကျွန်မအကိုသည် သူမိန်းမနဲ့ ကလေးများရှိပါတယ်။ကောင်မလေး တစ်ယောက်ကို ဆင်းရဲလွန်း၍သနားသည်ဟုဆိုကာထပ်ယူထားပါတယ်
မိန်းမကြီးအားလည်းကွာမပေးပါ ။
နောက်အကိုတစ်ယောက်ကလည်း အိမ်မှာခေါ်ထားသော စာရေးမလေးများနှင့် မွေးစားသမီးဟုဆိုကာ မွေးပီးစားပါတယ်
အဝေးလမ်းမပေါ်တွင် ကားမောင်းနေသော
အကိုသည်ကားတစ်ခါနားသည့် နေရာသည် သူအိမ်ထောင်ကျသော နေရာဖြစ်နေပါတယ် အပြင်က ထမင်းသည် အိမ်ကထမင်းထက် စားကောင်းသည်ဟု  ဆိုပြီးယောင်းမအား ခဏခဏ ဟင်းမချက်တတ်၍ အပြစ်ပြောပါသည် ။
အသက်ကြီးသောလူကြီးဟု ဆိုသောလူကြီးများသည်ကေတိဘီ(K T B) ဆိုင်တွင် သူတိုနှစ်သက်သောကောင်မလေးများအားဘိုကင်ချိတ်ထားပါသည်
အိမ်မှာနေ၍အဖွားကြီးစော်  နံနေသောအဖွားကြီးများရှေ့တွင် သူတို့သည်
သီလ သမာဓိ နှင့်ပြည့်စုံသော လူကြီးများ ဖြစ်နေပါသည။်
မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော
ယောင်္ကျားများ အကြောင်းပေါ့နော် မ.မကို စာဖတ်တဲ့သူအပြစ်ပြောမလား ဓါတ်တိုင်က လျှပ်စစ်ကမီးမှန်မှန်မပေးဘူးတဲ့   မီးမလာတဲ့ရက်ရောတဲ့  မေးကျတယ်
ပြန်ပြောရမှာအားနာပါတယ်။
မီး    မလာတဲ့ရက်သည်
အနားယူသောရက်ဖြစ်သည်လို့
ပြန်ရေးချင်တာလေနော်...း )
Thursday, April 8, 2010
”မင်း”းးးးးးးးးးးး နှစ်ဖက်မြင် ကျွန်မခံနဲ့ 
သူ့ သတ် ကိုယ်သေ လည်ပတ်နေသည့် သံသရာ
ဆိတ်သတ် နွားသတ် ကြက်သတ် လည်ချောင်းသွေးတွေ သူများလှီးလို့ ထွက်ရှိနေတာ
သမုဒ္ဒရာ လေးစင်းမကပါဖူး အရင်ဘ၀အကြောင်း ပြန်တွေးကြည့်တော့ ဘာမှမသိ
သူတို့ သတ်လို့  သေတာတဲ့လေ ဘုရားဟောလို့   သိရတာနော် သားသမီး ဆွေမျိုး
စည်းစိမ် ဥစ္စာ ရတနာ  အမှောင်ဖုန်းလို့ မအားလပ်ပါ မတွေးမိလို့ မသိတာပါ။
သားနဲ့ သမီး ပစ္စည်းအတွက် တဏှာခိုင်းလို့   မအားပါသည်။
မျက်စိစုံကမ်း  လမ်းလျှောက်သလိုဒုက္ခ ပင်လယ်ဝေတော့မည်။
အချိန်မရောက်သေး တော့ အရွယ်ရောက်အောင်ပူရသည်။
အရွယ်ရောက်တော့  လူလားမြောက်အောင်ပူရသည်။
လူလားမြောက်တော့  လူရာဝင်အောင်ပူရသည်။
လူရာဝင်တော့  လူတန်းစေ့အောင်ပူရသည်။ မိမိတွက်ဆို
ပျှော်ရွှင်ကြည်နူး မေတ္တာထားကာ  ကောင်းတဲ့ စကားကြားချင်သည်။
မကောင်းစကားပြောချင်သည်။
နွေ မိုး ဆောင်း လည်း ခန္ဓာ အကြိုက်လိုက် လို့ နေရ နေတော့လည်း ”ကျွန်”
သေတော့လည်း”ကျွန်” သူသတ် ကိုယ်သေ လည်ပတ်နေသည့် သံသရာ
သံသရာခဏ ခဏ့ ကြုံတွေ့  နေရ ဘ၀များစွာသေရမည် ။
“ကိုယ်ခန္ဓာ “က  “ကိုယ်”  နဲ့ နေတာ
ခန္ဓာခိုင်းသမျှ လုပ်ကိုင်နေရ  နေ၀င် နေထွက် သူမသိပါ။
 စုံလုံးကန်းမို့ မကြည့်တတ်ပါ။လောက  ကောင်းကျိုး အမှန် ပြောသည်
ကြောင့်ကျ သောက ဗျာပါဒနှင့် နေထိုင်နေရ  ဘုရားဟောသည်။
အ၀ိဇာ  တဏှာ ဒေါင်ချာဆိုင်းအောင်ခိုင်းလို့ နေတာ
” မင်း ”ရဲ့ ဘ၀ အရတော်သလား” မင်း”ရဲ့ ဘ၀  အရဆိုးသလား
”မင်း”ရဲ့ ခန္ဓာ ခိုင်မြဲ ရဲ့ လား  မခိုင်မြဲတဲ့ ” မင်း ”ရဲ့ ခန္ဓာရလို့ ထားတာ
ဇာတိ ဇရာ မရဏ  တဲ့ ”မင်း” ခန္ဓာ  ကိုယ်သတိနှင့်ကြည့်ပါ
အခုကောင်း မကောင်း စစ်ဆေးပါ  အရဆိုးတဲ့ဒီ  ခန္ဓာ  ရှုပါများတော့
ဖြစ်ပျက်တွေ့ မှာ သတိထားပြီး ၀ရိယစိုက်လို့  သမာဓိ  ပညာ  ဥာင်္ဏနဲ့ ကြည့် တော့
”မင်း”ရဲ့  ခန္ဓာ  ”မင်း”မလိုချင်တော့ မဂ်ရမှာ  အရဆိုးတဲ့ဒီ  ခန္ဓာ
နှစ်ဖက်  မြင်လို့ ကြည့် တတ်ပါ။့
ခန္ဓာ  ဇာတ်သိမ်း  နိဗ္ဗာန်ထိတောင် ရောက်ရမှာ
”မင်း”းးးးးးးးးးးး
နှစ်ဖက်မြင်  ကျွန်မခံနဲ့ 
စုံလုံးမကမ်းနဲ့
လောကအကြောင်း စုံလုံးမြင်တဲ့
ဘုရားဟောလို့ ထားခဲ့တာ။
ကင်ဆာနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ
ကင်ဆာရောဂါလို့ ဆိုလိုက်တာနဲ့ ၀မ်းနည်းဖွယ်ရာ
နိဂုံးအတော်များများ ရှိနေတဲ့ လူတိုင်းလိုလို သတ်မှတ်ထားတဲ့
ရောဂါဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားသူ
၁.၅ သန်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ပြင် ကင်ဆာရောဂါနဲ့
သေဆုံးသူတွေဟာ တစ်ရက်ကို အယောက် ၁၅၀၀ ခန့် ရှိပါနေတယ်။ တနည်းအားဖြင့်
ဆိုရင်တော့ သေဆုံးသူ လေးယောက်မှာ တစ်ယောက်ဟာ ကင်ဆာ ရောဂါကြောင့်လို့
ဆိုရပါလိမ့်မယ်။
ဒါဆို အဲဒီလို ဆိုးရွားတဲ့ ကင်ဆာရောဂါဆိုးကြီးကို တိတိကျကျမသိရှိဘဲနဲ့ မှန်းပြီး ကြောက်နေရမှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။
ကင်ဆာရောဂါ အများစုမှာ သက်ဆိုင်ရာ နေရာကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ
တချို့ရှိပါတယ်။ ဒီအချက်လေးတွေကို သတိထားခြင်းဖြင့် ကိုယ့်မှာ
ကင်ဆာရောဂါရှိနေမလား ဆိုတာကို သတိထားနိုင်ပြီး အချိန်မနှောင်းခင်မှာ
ကျွမ်းကျင်တဲ့ ဆေးပညာရှင်များနဲ့ ပြသဆွေးနွေးပြီးတော့ လိုအပ်တဲ့
ကုသမှုတွေကို ခံယူဖို့လိုအပ်ပြီလို့ ဆိုနိုင်ပါတယ်။
ကင်ဆာရောဂါမှာ တွေ့ရတတ်တဲ့ အချို့သော အချက်တွေဟာ တခြားရောဂါတွေမှာလည်း တွေ့နိုင်တာမို့
ဒီလက္ခဏာရှိတဲ့သူတိုင်းကို ကင်ဆာရောဂါဖြစ်နေပါပြီလို့ ပြောလို့မရပါဘူး။
သို့သော် ဒီအချက်တွေကို တွေ့တဲ့သူတွေဟာ ကင်ဆာဖြစ်ဖို့ အလားအလားရှိတဲ့
အုပ်စုမှာ ဆိုရင်တော့ ပိုမိုသတိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဥပမာ
ဆိုရရင်တော့ ဆေးလိပ်သောက်သုံးသူ၊ ဟော်မုန်းဆေးများ သောက်သုံးသူ၊
ဓာတ်ရောင်ခြည်များနှင့် အလုပ်လုပ်ရသူ၊ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်သူ၊
ဓာတုဗေဒပစ္စည်းများကို အစဉ်မပြတ်ကိုင်တွယ် သုံးစွဲနေရသူ၊
ကင်ဆာမျိုးရိုးဗီဇရှိသူနှင့် အသက်အရွယ်ကြီးရင့်သူ စသည်ဖြင့်ပေါ့။
သတိထားမိသင့်တယ်ဆိုတဲ့
အချက်လေးတွေကတော့…
၁။ ချွဲသလိပ်များကြောင့် အသက်ရှုာကြပ်ခြင်း သို့မဟုတ် အသက်ရှုရပ်ခြင်း။
ဒီလက္ခဏာကို သာမန် အဆုတ်ရောဂါများမှာလည်း တွေ့နိုင်ပါတယ်။ထို့အပြင် အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများထဲက တစ်ခုအနေနဲ့လည်း
တွေ့နိုင်ပါတယ်။ ကာလကြာရှည်စွာ ချောင်းဆိုးခြင်း နဲ့ ရင်ဘတ်အောင့်ခြင်း၊
သွေးကင်ဆာ၊ အဆုတ်ကင်ဆာသမားတွေမှာ ဆိုရင်တော့ ချောင်းကို ဆိုးဆိုးရွားရွား
ဆိုးတာမျိုးတွေ တွေ့ရတတ်ပါတယ်။
၂။ မကြာခဏ ဖျားနာခြင်းနှင့် ရောဂါပိုးဝင်လွယ်ခြင်း။
ဖျားနာခြင်းဟာ ယေဘုယျ လက္ခဏာ တစ်ခုဖြစ်သလို ဒါဟာ သွေးကင်ဆာရဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သွေးကင်ဆာ
ဖြစ်ပွားသူတွေမှာ ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်တဲ့ သွေးဖြူဥတွေကို
ပုံစံပျက်စေပါတယ်။ ခုခံအားစနစ်မှာ ပုံစံမမှန်တဲ့ သွေးဖြူဥတွေကြောင့်
ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သွေးကင်ဆာရှိသူတွေမှာ မကြာခဏ
ဖျားနာတတ်တာ ဖြစ်ပါတယ်။
၃။ အစားအသောက်များ မျိုချရာတွင် အခက်အခဲဖြစ်ခြင်း။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာတချို့နဲ့ လည်ပင်း ကင်ဆာတွေမှာ အစားသောက် မျိုချရတာ ခက်ခဲတတ်ပါတယ်။
၎။
သနံ အကြိတ်လေးများ ရောင်ရမ်းခြင်း (သို့မဟုတ်) လည်ပင်းပေါင်ခြံ
တို့မှအဖုအကြိတ်များ။
သနံကြိတ်လေးများ ရောင်ရမ်းခြင်းဟာ သနံအဖွဲ့အစည်းရဲ့ အလုပ်လုပ်ဆောင်မှု မမှန်ကန်ခြင်းကို ဖြော်ပပါတယ်။ ဒါဟာ
ကင်ဆာတစ်မျိုးမျိုးရဲ့ ရှေ့ပြေး လက္ခဏာ ဖြစ်နေနိုင်ပါတယ်။
၅။ အတွင်းကြေအနာ ဆိုးဆိုးဝါးဝါးဖြစ်ခြင်း (သို့မဟုတ်)
သွေးတိတ်ရန်ကြာမြင့်ခြင်း။
သွေးကင်ဆာဖြစ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သွေးဖြူဥနဲ့ သွေးဥမွှားတွေမှာ
ပြဿနာရှိခြင်းကြောင့်လို့ပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။
၆။ အလိုလို အားနည်းနေခြင်းနှင့် မောပန်းလွယ်ခြင်း။
ဒါကတော့ အမျိုးမျိုးသော ကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အကြောင်းပြချက်မရှိဘဲ မောပမ်းလွယ်နေမယ်၊
အားနည်းနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၇။ အစားအသောက်ပျက်ခြင်း။
“ငါ ဆာလဲ မစားဘူး။ စားလဲ မစားနိုင်ဘူး” ဆိုတဲ့ စကားသံများကို တခါတလေ ကျွန်တော်တို့ ကြားရတတ်ပါတယ်။ ဒီလက္ခဏာကို
သားအိမ်ကင်ဆာသမားတွေမှာ တွေ့ရတတ်ပါတယ်။
၈။ တင်ပါးနှင့် ၀မ်းဗိုက်တစ်ဝိုက်တွင် နာကျင်ခြင်း။
လေပွခြင်းနှင့် တွဲပြီး ၀မ်းဗိုက်နှင့် တင်ပါးတ၀ိုက်တွင် နာကျင်ကိုက်ခဲပါက သားအိမ်ကင်ဆာကို
ထည့်ပြီး စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်တ၀ိုက် နာကျင်ခြင်းဟာ
ဆိုရင်ဖြင့် သွေးကင်ဆာကြောင့် ထိခိုက်ခံရတဲ့ သရက်ရွက်ကြောင့်လည်း
ဖြစ်နိုင်ပါတယ်။
၉။ စအိုမှ သွေးကျခြင်းနှင့် ၀မ်းသွားရာမှာသွေးပါခြင်း။
လိပ်ခေါင်းနဲ့ စအိုကွဲနာတွေမှာ ၀မ်းသွားလျှင် သွေးပါတတ်သလို အူမကြီး နဲ့ စအိုကင်ဆာတွေမှာ တွေ့တတ်ပါတယ်။ ဒါကြောင့်
ဆရာဝန်တွေက အိမ်သာမှာ သွေးတွေ့ပြီဆိုတာနဲ့ ဆေးခန်းပြသင့်ကြောင်းနဲ့
လိုအပ်ပါက ၀မ်းစစ်ဆေးခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းဖြင့်
ကြည့်ရှုခြင်းများကို လိုအပ်သလို လုပ်သင့်ကြောင်း အကြံပြုထားပါတယ်။
၁၀။
အကြောင်းအရင်း ခိုင်ခိုင်မာမာမတွေ့ရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်း။
အူမကြီး၊
အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာတချို့မှာ ကိုယ်အလေးချိန် ကျတတ်ပါတယ်။
အသည်းကို ပျံ့နှံ့သွားတတ်တဲ့ ကင်ဆာမျိုးတွေမှာလည်း စားချင်စိတ်ကို
လျော့နည်းစေတာကို တွေ့ရပါတယ်။
၁၁။ အစာအိမ်မှာ မသက်မသာခံစားရခြင်း။
အစာအိမ်နာခြင်း
နဲ့ ဗိုက်အောင့်တတ်ခြင်းတွေကိုလည်း အူမကြီးကင်ဆာမှာ တွေ့ရတတ်ပါသေးတယ်။
၁၂။
သားမြတ် နီရဲ ရောင်ရမ်း နာကျင်ခြင်း။
သားမြတ်ကင်ဆာသမားတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတဲ့အတွက် အဲဒီလို အခြေအနေကို ကြုံလာခဲ့ပြီဆိုရင်တော့
တတ်ကျွမ်းတဲ့ ဆရာဝန်ကို သွားရောက် ဆွေးနွေးသင့်ပါတယ်။
၁၃။ သားမြတ်ခေါင်း ပုံစံပြောင်းလဲခြင်း။
သားမြတ်ကင်ဆာကတော့ ဆရာဝန်ဆီ မရောက်ခင်ကတည်းက အမျိုးသမီးတွေ သတိထားမိနိုင်တဲ့ အမျိုးအစားပါလို့ ပြောရင်
မမှားပါဘူး။ သားမြတ်ခေါင်း ပုံစံနဲနဲ ပြောင်းတာနဲ့ ရောဂါ
ရှာဖွေရေးလုပ်သင့်ပြီဆိုတဲ့ အချက်ကိုတော့ မမေ့အပ်ပါဘူး။
၁၄။ ဓမ္မတာမမှန်တော့ခြင်း။
တခါတလေမှာ အချိန်အခါမဟုတ် ရာသီသွေးလာတာ ကိုတွေ့ရပါတယ်။ ဒါ့အပြင် အလွန်အမင်း နာကျင်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။
ဒါဟာဆိုရင်ဖြင့် သားအိမ်နဲ့ဆိုင်တဲ့ ကင်ဆာတွေရဲ့ လက္ခဏာပါပဲ။ ဒါကြောင့်
ရောဂါရှာဖွေကုသနိုင်ဖို့အတွက် ဆေးပညာရှင်များနဲ့ ဆွေးနွေးသင့်ပါတယ်။
၁၅။
မျက်နှာ ရောင်ရမ်း ဖေါသွပ်ခြင်း။
တခါတရံ မျက်နှာမှာ ရောင်ရမ်းဖောသွပ်ခြင်းနဲ့ နီမြန်းခြင်းတွေကို အဆုတ်ကင်ဆာရဲ့ ရှေ့ပြေး
အနေနဲ့ တွေ့ရတတ်ပါတယ်။
၁၆။ အရေပြားတွင် အဖုအကြိတ်နှင့် အနီကွက်များ ပေါ်လာခြင်း။
အရေပြားမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မဖြစ်ကို အမြဲတစေ စောင့်ကြည့်နေဖို့လိုအပ်ပါတယ် ။ ဒါမှသာလျှင် အရေပြားနဲ့ဆိုင်တဲ့
ကင်ဆာအမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၁၇။ လက်သည်းခြေသည်းခွံများတွင် ပြောင်းလဲခြင်း။
လက်သည်း ခြေသည်းများ ညိုမည်းလာခြင်းနှင့် အမည်းစက်လေးများ ပေါ်လာခြင်းကို အရေပြားကင်ဆာတွေမှာ
တွေ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေမှာ တင်းပုတ်ပုံစံကဲ့သို့
ကြီးလာခြင်းကတော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။ ဒါ့အပြင် လက်သည်းခြေသည်း
အရောင်များဖျော့ခြင်း၊ ဖြူခြင်းများကိုတော့ အသည်းကင်ဆာမှာ တွေ့ရတတ်
ပြန်ပါတယ်။
၁၈။ ခါးနာခြင်း။
အသည်းကင်ဆာခံစားရသူ အများစုကတော့ ခါးနာတယ် လို့ပြောကြပါတယ်။ ဒါ့အပြင် သားမြတ်ကင်ဆာသမားတွေမှာလည်း ခါးနာတာကို
တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကင်ဆာဆဲလ်တွေက နံရိုးတွေနဲ့
ကျောရိုးတွေကိုပါ ပျံ့နှံ့သွားနိုင်လို့ပါပဲ။
အမှန်တကယ်ကတော့ လူတိုင်းလူတိုင်း မိမိတို့ကိုယ်မှာ ဘာတွေ ပြောင်းလဲနေတယ်ဆိုတာကို အစဉ်မပြတ်
စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အားလုံး သိတဲ့အတိုင်းပါပဲ ရောဂါတစ်ခုဟာ
စောစော သိတယ်ဆိုရင် ကုသရေးမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ ကျန်းမားရေးနဲ့ ညီညွတ်စွာ
နေထိုင်တတ်ခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းတစ်ခု
ဖြစ်ပါတယ်။ အိပ်ရေး၀၀အိပ်ခြင်း၊ သင့်တင့် မျှတစွာစားသုံးခြင်း၊
လေ့ကျင့်ခန်း၊ မှန်မှန်လုပ်ခြင်းနဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်
လျှော့ချခြင်းတို့ကို လုပ်ဆောင်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိကြောင်း
သိလာပါလိမ့်မယ်။
တကယ်ဆိုရင်တော့ ကင်ဆာရောဂါဟာ ကာကွယ်လို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကင်ဆာရောဂါ အများစုဟာ အ၀လွန်မှု၊
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အစာအဟာရ ချို့တဲ့ခြင်းတွေနဲ့
ဆက်စပ်နေလို့ပါပဲ။ နောက်ကျွန်တော်တို့ သတိမထားမိတဲ့ အချက်ကတော့
ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းပါပဲ။ အခု သိလာရတဲ့ အချက်တစ်ခုကတော့
ဗိုက်တာမင်ဒီကိုသာ ကောင်းကောင်း ဖြည့်တင်းထားမယ်ဆိုရင် ကင်ဆာရဲ့
၅၀ရာခိုင်နှုန်းလောက်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်တစ်ခုပါပဲ။
ကင်ဆာရောဂါ
ဖြစ်ပွားမှု့ လျော့နည်းအောင် ဘယ်လိုကာကွယ်မလဲ ...
၁။ ဗိုက်တာမင်ဒီ ပမာဏကို မလျော့ကျအောင်ထိန်းထားခြင်း။
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ။ ဗိုက်တာမင်ဒီ ပမာဏကို လျော့ကျမနေအောင် ထိန်းထားဖို့ လိုအပ်ပါတယ်။ ဆိုတော့
ဘယ်နည်းတွေနဲ့ ဗိုက်တာမင်ဒီကို ရယူမလဲ။ အကောင်းဆုံးနဲ့ သဘာဝအကျဆုံးကတော့
နေရောင်ခြည်ကနေ ရယူခြင်းပါပဲ။ နေရောင်ခြည်ကို ထိတွေ့ခြင်းနဲ့
ကျွန်တော်တို့ဟာ ဗိုက်တာမင်ဒီကို ရယူနိုင်ပါတယ်။ မလုံလောက်ခဲ့ရင်တော့
ဗိုက်တာမင်ဒီ ပါတဲ့ ဆေးဝါးများကနေ တဆင့် ဗိုက်တာမင်ဒီ ပမာဏကို
ဖြည့်တင်းနိုင်ပါတယ်။
၂။ အ၀လွန်မှုမှ ကာကွယ်ခြင်း။
နောက်တစ်ခုကတော့
ကာဗိုဟိုက်ဒြိတ် ပမာဏကို တက်စေမယ့် ဆန်၊ ပြောင်း၊ အာလူး စတာတွေကို
တတ်နိုင်သလောက် လျှော့စားဖို့ပါပဲ။ ဒီအစားသောက်တွေဟာ အ၀လွန်ခြင်းနဲ့
ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကင်ဆာဟာ အ၀လွန်မှုနဲ့ ဆက်စပ်နေတဲ့အတွက်
ဒီအစားအသောက်တွေကို လျှော့ချခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို
လျော့ကျစေမှာ ဖြစ်ပါတယ်။
၃။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း။
လေ့ကျင့်ခန်း
မှန်မှန်လုပ်မယ်ဆိုရင်တော့ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုအထိ
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ခန်း
လုပ်ခြင်းအားဖြင့် အ၀လွန်မှုကနေ ကာကွယ်ပေးတဲ့ အပြင် ဆဲလ်ထဲက
ဆက်သွယ်ရေးစနစ်ကိုပါ ကောင်းမွန်စေတဲ့အတွက် ထိရောက်တဲ့ ကာကွယ်နည်း တစ်ခုလို့
ဆိုနိုင်ပါတယ်။
၎။ မျှတစွာစားသုံးပြီး အိပ်ရေးဝအောင် အိပ်စက်ခြင်း။
ကင်ဆာရောဂါကို
အဓိက ကုသတဲ့ ဆေးရုံတစ်ခုကနေ လုပ်ထားတဲ့ သုသေသန တစ်ခုအရ ကျန်မာရေးနဲ့
ညီညွတ်စွာ စားသုံးပြီး အိပ်စက်ချိန် မှန်ကန်ခြင်းဟာ ကင်ဆာရောဂါကို
ထိန်းချုပ်နိုင်တဲ့ နည်းတစ်ခုပဲဖြစ်တယ်လို့ သူတို့က အခိုင်အမာ ဆိုပါတယ်။
၅။
အဆိပ်တောက်များ ဓါတုဗေဒပစ္စည်းများမှ တတ်နိုင်သမျှရှောင်ရှားခြင်း။
ဖြစ်နိုင်သမျှတော့
အဆိပ်တောက်ဖြစ်စေသော အရာများမှ ရှောင်ရှားသင့်ပါတယ်။ ဥပမာဆိုရရင်တော့
ပိုးသတ်ဆေးများ၊ လေထုညစ်ညမ်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့
ဓာတုဗေဒဆေးများပါပဲ။
ု၆။လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချုခြင်း။
လက်ကိုင်ဖုန်းတွေဟာ ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါပဲ။ ဓာတ်ရောင်ခြည် ဖြာထွက်မှုဟာ ကင်ဆာရောဂါကို
ဖြစ်ပွားစေနိုင်တဲ့ အတွက် တတ်နိုင်သလောက် လက်ကိုင်ဖုန်း အသုံးပြုမှုကို
လျှော့ချသင့်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာမယ် ဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို တော်တော်လေး တားဆီး
ပေးနိုင်ပါလိမ့်မယ်။
ကင်ဆာဖြစ်လာရင် ဘာလုပ်ကြမလဲ.....
ကင်ဆာ ဖြစ်လာပြီဆိုရင်တော့ ကင်ဆာရောဂါကို ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ပြသပြီး
ဓာတုဗေဒ ဆေးသွင်း ကုသခြင်း (chemotherapy)၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်း
(radiation therapy) နဲ့ ခွဲစိပ်ကုသခြင်း (surgical operation) များကို
လိုအပ်သလို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ ကင်ဆာ မဖြစ်အောင်
ကာကွယ်ကြပါစို့။
ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး
( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်
ပန်းဂေါ်ဖီစိမ်း၊
ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊
မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊
အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့
ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ
ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့်
ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။
( ၂ ) မုန်လာဥ-၀ါ
ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့
ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ
မဟုတ်ပါဘူး။
( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။
( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး
ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။
( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။
( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း
အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ
စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။
( ၇ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊
ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။
( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။
( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့်
အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။
( ၁၀ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့်
ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း
တင်ပြလိုက်ပါတယ်။
ကင်ဆာ နှင့် ဒူးရင်းသြဇာ
ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့
ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။
ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ
ကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။
အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့
ဆေးနည်းလေးတစ်ခုရလာတာကို
ဝေမျှခြင်လို့ပါ။
အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့
မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့်
ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာသူများကိုမသိစေချင်ဘူး၊
သူများတွေသူ့ကိုသေလူလို့
ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး
ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ
ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့
နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့
မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ
ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။ အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။
ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့
ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။
ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။
အရမ်းလဲသနားဖို့ကောင်းပါတယ်။
ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။
အရသာလဲမဆိုးတဲ့ဘဘာဝအသီးပင်ရဲ့အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို
ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့
ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell
အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့
ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ်တယ်လို့ ရှင်းပြပါတယ်။
ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊
တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က
တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်
ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ
သက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။
ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်းများမှာလဲ
ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။ ကင်ဆာဆဲလ် တွေ
စစ်တဲ့အခါတိုးတက်မှုရှိမရှိကို သိလာပါလိမ့်မယ်နော်။
နံနက်မိုးလင်းသည်နှင့် လတ်လတ်ဆတ်ဆတ်ညှစ်ထားသော လိမ္မော်ရည်တစ်ခွက်
သောက်လိုက်ပါ။ ကင်ဆာဖြစ်နိုင်ချေကိုထက်ဝက်မျှ လျှော့ချပေးနိုင်သည်ဟုဆိုသည်။ ချဉ်
ချိုအသီးအနှံအများအပြား ရှိသည့်အနက် လိမ္မော်သီးများသည် ကင်ဆာဖြစ်စေမှုကိုတိုက်
ခိုက်နိုင်သော ပဋိဓါတ်တိုးပစ္စည်းပါရှိမှုအများစုဟု သြစတြေးလျသုတေသီများကဆိုထား
သည်။ လိမ္မော်ရည်သည်ခန္ဓာကိုယ်ရှိခုခံအားအဖွဲ့အစည်းစွမ်းအင်ကိုအထူးတိုးတက်စေပြီး
ကြက်သွန်ဖြူကတော့ ဦးနှောက်ကင်ဆာကို ကာကွယ်နိုင်ပါတယ်လို့ဆိုထားပါတယ်၊ ဖတ်ကြည့်ပါ။
တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် ဆေးတက္ကသိုလ်မှ အစီရင်ခံစာအသစ်တစ်ခုအရ ကြက်သွန်ဖြူဟာကင်ဆာကိုတိုက်ထုတ်နိုင်
တယ်လို့ဆိုပါတယ်။ သိပံ္မပညာရှင်များဟာလူဦးနှောက်ကင်ဆာကလပ်စည်းများကိုကြက်သွန်ဖြူပါတဲ့ဒြပ်ပေါင်းများနှင့်ကုသခဲ့တဲ့အခါ
၎င်းကြက်သွန်ဖြူပါတဲ့ဒြပ်ပေါင်းတွေဟာ ရောဂါဖြစ် နေတဲ့ကလာပ်စည်းများကိုထိထိရောက်ရောက်သက် ပစ်ခဲ့တာကိုဖော်ထုတ်တွေ့ရှိခဲ့
ပါတယ်။အမှန်တော့ကြက်သွန်ဖြူသွေးအေးလူသတ်သမားလို့တောင်ခေါ်နိုင်ပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့၎င်းကြက်သွန်ဖြူပါတဲ့
ဒြပ်ပေါင်းတွေကိုလောင်စာတွေကဲ့သို့သဘောထားပြီးကင်ဆာကလာပ်စည်းတွေကဖျက်ရန်ကြိုစားခဲ့ပေမယ့်၎င်းတို့က
ပျက်စီးနေတဲ့
ကင်ဆာကလာပ်စည်းတွေကိုသတ်ပစ်လိုက်ပါတယ်လို့သုတေသီ ဆွာပင်ရေး (Ph.D) ကပြောပြခဲ့ပါတယ်။ လှီးပြီးသားကြက်သွန်ဖြူတစ်ဥ
ကိုစားခြင်းဟာသင့်ကို ဦးနှောက်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
ကြက်သွန်ဖြူမှာရှိတဲ့ဓာတုဒြပ်ပေါင်းတွေကအခြားကင်ဆာများ
ကိုလည်းတိုက်ထုတ်နိုင်ပါလိမ့်မယ်လို့လည်း ရေး ကပြောပြခဲ့ပါတယ်။
သွေးကင်ဆာဝေဒနာရှင်များအတွက် အသက်ကယ်ဆေး
လက်ဖက်စိမ်း ဖျော်ရည် သည် သွေး ကင်ဆာ ဝေဒနာရှင်များ အတွက် အသက်ကယ် ဆေး တခု ဖြစ်ကြောင်း ပညာရှင်များ က ထောက်ခံ ခဲ့ကြပြီး
ဖြစ်သည်။
သွေးကင်ဆာ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစား နေရသည့် လူနာများ အား လက်ဖက်စိမ်း ဖျော်ရည် ပုံမှန် တိုက်ကျွေး ကြည့်ရာ ပြန်ရည်ကြော
အဖွဲ့အစည်းများ ရောင်ရမ်းမှုကို (၅၀) ရာခိုင်နှုန်း ထိ လျော့ကျ စေကြောင်း
သုတေသီများ က တွေ့ရှိခဲ့ကြသည်။
အလေ့ကျ ပေါက်လေ့ ရှိသော လက်ဖက်စိမ်း သည် သွေးကင်ဆာ ရောဂါရှင် များ၏ အသက်ရှင် ရပ်တည်ခွင့် ကို ပိုမို
တိုးမြှင့်ပေးနိုင်ကြောင်း မင်နီဆိုးတား ပြည်နယ်၊ ရိုချက်စတာ ရှိ မေယို
ဆေးခန်းမှ ဒေါက်တာ တိတ်ရှာနာဖတ် က ထောက်ခံ ခဲ့သည်။
၎င်း နှင့် အတူ အခြား ဆရာဝန်များသည် လက်ဖက်နှင့် သွေးကင်ဆာ ရောဂါ ဆက်စပ်မှုကို အသေးစိတ်
လေ့လာခဲ့ကြ ပြီးနောက် ယခု တွေ့ရှိမှု ကို အတည်ပြု ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့်
လက်ဖက်စိမ်း တွင် ပါဝင်သော Polyphenon E ဓါတ်သည် သွေးကင်ဆာ အတွက် အလွန်
ထိရောက်သော ဓာတု ဓာတ်ပေါင်းတမျိုးဟု ဒေါက်တာ ရှာနာဖတ်က ရှင်းပြ သွားခဲ့
သည်။
Sunday, April 4, 2010
ကမ်းကုန်အောင် ဆိုးတဲ့သမီး.........
ကမ်းကုန်အောင် ဆိုးတဲ့သမီး.........
အိမ်မှာကျွန်မ အဆိုးဆုံးတဲ့ ၊အဖေကကျွန်မကို ဘယ်လိုမှကြည့်လို့ ကိုမရဘူး
ခဏခဏရိုက်တယ် အဖေ့ကိုလည်းကျွန်မ မုန်းတယ် ကျွန်မအမုန်းဆုံးကလည်း အဖေလေ။
အဖေ့ကို သိတ်မုန်းတာလို့  ပြောတော့ အဖေက အေး ကောင်းတယ် ၊မုန်းပေါ့တဲ့
မချစ်ဖူးနင့်ကိုလည်း ဆိုးလွန်းလို့ တဲ့ အဖေနဲ့ကျွန်မ ဘယ်လိုမှစကားပြော
အစဉ်မပြေပါဖူး အဖေက ကျွန်မကိုနင့်အကိုတွေကို လိုက်တုပြီးနေတာ စကား
ပြောတာ ဆိုတာ မစဉ်းစား မချင့်ချိန်ဖူး၊ မိန်းခလေးနဲ့ ကိုမတူဖူး လွယ်အိတ်လွယ်တော့လည်း၊စလွယ်သိုင်းနဲ့ ကြည့်လို့ ကိုမရဖူး နင့်မြင်တာနဲ
့ငါရိုက်ချင်တာ၊မိန်းမလေးဆိုတာ သိမ်သိမ်မွေ့မွေ့လေးနေရတယ်။
ယဉ်ယဉ်ကျေးကျေးလေးနေရတယ် ၊အေးအေးဆေးဆေး လေးနေရတယ် ၊အဖေပြောတာ နားသာထောင်နေရတာ ၊ကြောက်လိုသာနားထောင်နေရတာ၊ အဖေ့ကိုစကားကိုမပြောချင်တာမုန်းလိုက်တာမှ ဘယ်လိုကိုမုန်းမှန်းမသိဘူး စည်းကမ်းကြီးတဲ့အဖေ အမေ့ကိုနိုင်တဲ့အဖေ မိန်းမပွေတဲ့အဖေကို ကျွန်မမုန်းမိတာ ဘာမှမထူးဆန်းပါဘူးနော် ။
အခုသမီးအဖေ့ကိုသတိရနေတယ် တအားလွမ်းနေတယ်၊မိုးလင်းအိပ်ရာကနိုးတာနဲ့ထမင်း မစားတတ်တဲ့ကျွန်မကို မနက်စောစော၊အဖေလ္ဘက်ရည်ဆိုင် ကိုကျွန်မနဲ့တူတူသွားပြီး ကျွန်မ ကြိုက်တဲ့ နံပြားထောပတ်သုတ်နဲ့ မလှိုင်လိုက်ကျွေးနေကျလေ၊
အခုမနက်အိပ်ရာကနိုးတာနိုးတာနဲ့ ကော်ဖီသောက်နေရင်း အဖေ့ကိုသတိရနေမိတယ်။
လက်သည်းခြေသည်း အဖေကိုတိုင်ညှပ်ပေးတာ ၊ကျွန်မကအဖေခြေသည်း လက်သည်း
မညှပ်ပေးရင် ဒီတိုင်းထားတာလေ ၊အဖေကဘာလို မညှပ်သေးလည်းဆို ကိုယ့်
ဘာသာညှပ်မှ မညှပ်တတ်တာ၊ဒါကြောင့် ဒီတိုင်းထားတာဆိုအဖေ ကျွန်မကို ခုံပေါ်ထိုင်ခိုင်းပြီး ခြေသည်း လက်သည်း ညှပ်ပေးပါတယ်။
အခုခြေသည်းရှည်လိုညှပ်ရင်၊ကျွန်မကောင်းကောင်းမညှပ်တတ်တော့၊
အဖေ့ကိုသတိရနေတယ်။
ရေချိုးရင်လည်း ငယ်ငယ်တည်းက အဖေ ချေးတွန်းပေးတာလေ ။ဆပ်ပြာတော့ အမြုတ်ထွက်အောင်တိုက်တတ်တယ် ၊ချေးကျမတွန်းဘူးဆိုပြီး အဖေဂရုစိုက်ပြီးသေချာချေးတွန်းပေးတယ်။ တော်တော်အလုပ်ရှုပ်တဲ့ အဖေလို့  စိတ်ထဲကနေပြောနေမိတယ်။
အခုရေချိုးရင်းချေးတွန်းဖို့ မေ့နေရင် ရေချိုးပြီးမှ ချေးတွန်းဖို့ ကိုနောက်တခါ ရေပြန်ချိုးရတယ်လေ အဖေ နေရာတကာ၊လိုက်လုပ်ပေးနေလို့ ဒီလိုဖြစ်တာဆိုပြီး အဖေ့ကို သတိရနေမိပြန်တယ် ၊အိမ်မှာဆို ငယ်ငယ်လေးထဲက ကျွန်မတယောက်တည်း ကိုယ်ပုဂံ ၊ကိုယ့်ဇွန်းနဲ့မှစားတတ်တာ၊ ကျွန်မပစ္စည်း မိသားစုယူသုံးရင် အသစ်ပြန်ဝယ်ခိုင်းတတ်တယ်၊အလုပ်သမားယူသုံးရင် လွှင့်ပြစ်တတ်တယ် ၊ ခုတော့ကျွန်မအကျင့်ကပြင်မရဘူးလေနော်သူများတွေနဲနေရတော့သူများတွေ
ယူသုံးရင်စိတ်ထဲမှာ တော်တော်ကသိကအောင့်ဖြစ်ရတယ် ၊
စရိုက်မတူ အကျင့်မတူ နေထိုင်နေရတာ၊ လွှင့်ပြစ်လို့လည်းမဖြစ် ပြန်ဝယ်ရင်လည်းငွေကုန်မှာမကြိုက်ဖူးလို့ လည်း ဘယ်လိုပြောမလည်း၊ ခွဲခြားနေတယ်ထင်မှာ အိပ်တော့လည်း ၊ကိုယ့်စောင်၊ကိုယ့်ခေါင်းဦး၊ သုံးတတ်တာ ကျွန်မအခုသူများက ခဏနော်ဆို လာယူရင်ကြည့်နေရတော့တယ်။
စိတ်ထဲမှာ မကြိုက်တာတော့ အမှန်လေနော် ၊ အသွင်မတူ အမြင်မတူ နေထိုင်နေရတယ်၊
စိတ်တိုလိုက်တာ အိမ်ကိုလည်းသတိရနေတယ် ၊ အစစအရာရာ ကိုယ့်စိတ် ကိုယ့်သဘော ထားခဲ့တဲ့ အဖေ့ကိုဘာလို့များမုန်းမိပါလိမ့်လို့ တွေးနေမိတယ် ၊ အိမ်ကကျွန်မအကိုတွေနဲ့ 
ပြောချင်ရာပြော တတ်တဲ့၊ ကျွန်မကို အဖေဆူတော့ ရိုက်တော့မုန်းမိတာပေါ့ နော်။
အကိုတွေ ဆေးလိပ်သောက်တာ ကြည့်ပြီး ၊ အဖေ မသိအောင်ဆေးလိပ်ခိုးသောက်ပြီး
သောက်တတ်အောင်သင်ခဲ့တယ် ၊ သိတော့ရိုက်ခံထိတာပေါ့ ၊ အဖေကိုမုန်းတာပေါ့နော်
ယောက်ျားလေး၊ မိန်းမလေး ၊ ခွဲခြားမနေဖူး အိမ်ကအကိုတွေကိုပြောသလို
သူငယ်ချင်းတွေ သူတို့ အမျိုးသားတွေကို ကျွန်မနောက်ပြောင်ပြီး ၊အကိုတွေကို
စသလို ရင်းရင်းနှီးနှီးပြောဆို စမိတော့သူငယ်ချင်းမလေးတွေ အူပုတ်စိတ်ကောက် မျက်နှာပျက်နေမှ ကျွန်မသတိရတယ်။
ဒါကြောင့်အဖေက ကျွန်မအကိုတွေနဲ့ စကားပြောရင်၊ဆိုရင် ထိန်းထိန်းသိမ်းသိမ်း ပြောဆို ရတယ်၊မိန်းမလေးဆိုတာ သမီးနဲ့  ဆုံးမတာနေမှာနော်။
အဖေ့ကိုသတိရလို့  စိတ်ထဲမှာ ငိုချင်လာတယ် ၊လူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် သင်ပေးတဲ့အဖေ  ငယ်ငယ်တည်းက  စည်းကမ်းရှိအောင် နေတတ်  ထိုင်တတ်အောင်
သင်ပေးတဲ့ အဖေ ကျွန်မကိုပြုစုယုယခဲ့တဲ့ အဖေ ခုတော့ သမီး  သတိတွေရနေတယ် အဖေကိုဆိုးတယ် ထင်ခဲ့တဲ့ ကျွန်မ အဖေဆို အကောင်းမမြင်ခဲ့တဲ့ကျွန်မ ၊ အဖေဆိုးတာမဟုတ်ဖူး ၊ သမီးဆိုးတာပါ အဖေရယ်နဲ့ စိတ်ထဲမှာ ပြောနေမိတယ် ။
လူလောကမှာ အလိုက်အထိုက် နေထိုင် ပေါင်းသင်း ဆက်ဆံ တတ်အောင်သင်ပေးမှန်း သိခဲ့ရတယ်မှန်တယ်ထင်ရင် ချက်ချင်း ပြန်ပြောတတ်တဲ့ကျွန်မ၊ ပြောဆိုတာယောက်ျား၊
မိန်းမ၊ သိတ်ခွဲခြားမနေဘူး ပြောချင်ရာ ပြောတတ်တဲ့ ကျွန်မ ခုတော့နေရတာပြောရတာ ထိမ်းသိမ်းပြောဆို နေထိုင်နေရတယ် ။
စိတ်ထဲမှာလည်း မွန်းကျပ်နေတယ် ၊အဖေရယ် အောင့်အည်း သည်းခံနေရတယ်။
စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်နေတတ်ပြောဆိုတတ်တဲ့ ကျွန်မကို အဖေ စိတ်မချဖူး
အဖေမှာနေတယ်၊ကျွန်မကို သမီးပျော်အောင် ကိုယ့်ဘာသာနေနော် စိတ်ချမ်းသာအောင်လည်း ကိုယ်ဘာသာလုပ်ရတာ နေရာတကာဝင်မပါနဲ့ တဲ့ 
ဝင်မပြောနဲ့ ကိုယ်ဘာသာ  နေတတ်အောင်နေနော်။
ကော်ဖီတွေလည်း တအားမသောက်နဲ့  ရင်တွေတုန်နေမယ် ၊သမီးနဲ့မတည့်ဖူးတဲ့လေနော်
ဆေးရော မှန်မှန်သောက်ရဲ့လား ကိုယ်ကိုကိုယ် ဂရုစိုက်နော်
ထမင်းမကြိုက်တတ်မှန်းသိနေတော့၊ ထမင်းမစားဖြစ်ရင် တခုခုတော့ဗိုက်ပြည့်အောင်
အ၀စားနော် ၊ သမီးကအသီးအနှံတွေကြိုက်တယ်၊အသီးအနှံကို ထမင်းစားသလို အ၀စားတဲ့ ၊အဖေ ကျွန်မကို စိတ်ပူနေတယ် ၊ခဏခဏမှာနေတယ်
မုန်ပုံးဝယ်ကျွေး ပန်းသီးအခွံနွာကျွေးတတ်ခဲ့တဲ့ အဖေကိုကျွန်မသတိရနေတယ်၊၊
အဖေကျွန်မကို မုန်းတယ်လို့ ပြောဆိုတတ်တဲ့  အဖေ အခုတော့ ကလေးပေါက်စလေးလို
စိတ်မချပဲ အစစအရာရာ ဖုန်းဆက်မှာကြား နေတတ်တယ် ။
ကျွန်မကို အဖေ ချစ်တယ်ဆိုတာ အဖေနဲ့  အနေဝေးမှသိခဲ့ ရတယ်၊ ကျွန်မခုအဖေ့ကို သွားတိုင်း စားတိုင်း ပြောဆိုတိုင်း သတိ ရ နေမိတာ၊ ကျွန်မ အဖေ့ကိုချစ်နေလို
့ပေါ့နော် အဖေ့ဂရုစိုက်မှု့ကို ချုပ်ချယ်တယ် ထင်ခဲ့တယ် အခု အဖေ့ ဂရုစိုက်မှု့ကို သတိရနေတယ်။ ၊
အဖေ့ကို ဘာမှကူညီမလုပ်ပေးဖူးတဲ့၊ ကျွန်မ အဖေနဲ့ သမီးကြားမှာသတိရတိုင်း သေချာတွေးလေ သမီးဆိုးလေဖြစ်နေတယ်။
အဖေဆိုးခဲ့တာ မဟုတ်ပါဘူး သမီးဆိုးခဲ့တာပါ အဖေ ၊သမီးအပေါ် အလိုလိုက်အကြိုက်ဆောင် ၊ထိန်းသိမ်း စောင့်ရှောက်ထားတာ၊ အဖေကို
သမီးမုန်းခဲ့တာ ၊အဖေဆိုးတယ်လို့ ထင်ခဲ့မိတာ။
သမီးကမှလူဆိုးမအဖေ ။
အဖေ့ပြောဆိုဆုံးမတဲ့အသံတွေ ပြန်ကြားနေရင်း ၊ လူလောကထဲမှာ သမီးနေထိုင်နေရတော့ အဖေပြောခဲ့တာတွေ မှန်နေတယ်ဆိုတာသိလေ ၊ အဖေ့ကို သတိရလေဖြစ်နေတယ်၊
အဖေရယ် သမီးအဖေ့ကိုလွမ်းနေခဲ့ပါတယ်၊ အဖေနဲ့ သမီးအကြောင်းတွေးနေရင်းနဲ့ 
အဖေ့သမီး
ဒီစာရေးနေရင်း
မျက်ရည်ကျနေတယ် ၊
အဖေ့ကိုသတိရနေတယ်၊
သမီး ငို နေတယ် အဖေ။................?ီ i ?ီ
Fathersdaycake.jpg Father's Day Cake image by Hokess
Thursday, April 1, 2010
ရွှေတိဂုံဘုရားပုံတော် ဖူးမျှော်နော်
11 attachmentsScan and download all attachments View all images
05269_SDG-Upper-Final-19Nov-4R_122_1093lo.jpg
682K View Scan
and download
11724_SDG-12x360Pano4_122_224lo.jpg
213K View Scan
and download
15204_DSC00290_122_372lo.JPG
925K View Scan and download
burma-shwedagon.jpg
20K View Scan and download
IMG_8066[1].JPG
1061K View Scan and download
shwedagon7.jpg
24K View Scan and download
shwedagon8.jpg
22K View Scan and download
shwedagon9.gif
1679K View Scan and download
shwedagon 2.jpg
53K View Scan and download
shwedagon 3.jpg
234K View Scan and download
Shwedagon_pagoda_15x20.jpg
801K View Scan and
စိတ်ရဲ့ စေရာ
လောကထဲမှာ ဟန်ဆောင်နေရ
လှိုင်းပုတ်သံတွေ နှလုံးသားထဲ
ကြားနေရတယ် 
ဝုန်းး ခနဲ့
မြစ်တွေ ချောင်းတွေ
ဝဲကတော့တွေ
လောက ထဲမှာကြားနေရတယ်
စကား သံတွေ
ဟိုဖက်နားက၀င်
ဒီဖက်နားကထွက် ဟန်ဆောင်နေရ
ငိုချင်းအတု နဲ့ ရယ်ချင်းအတု
မျက်နှာဖုန်းစွပ်
ချုပ်လုပ်တပ်ဆင်
လောကထဲမှာ ဟန်ဆောင်နေရ
ခေါင်းသာညိမ့် ရ စိတ်က တနေရာ
ဟန်ဆောင်ပလွှား
အကြွားတွေပြိုင်
လောကထဲမှာ ဟန်ဆောင်နေရ
ရာထူး ဂုဏ်သိမ် ရှိသူတွေ
မျက်နှာငယ်ရ
ဆင်းရဲနှုံ့ရှာလှသူတွေ
ပြောတတ်တိုင်းသာ ပြောရပါမူ
စိတ်ရှိတိုင်းသာပြောရပါမူ
မင်းးးးးးးးးးးးးးးးးး
မုန်းသွားမှာ
ကြောက်နေလို့ နော်
ဒီဖက် နား လည်းမ၀င်
ဟိုဖက် နား လည်းမထွက်
ဟန်မဆောင်တတ်လို့ 
နားကိုမထောင်တာ
နှလုံးသားရဲ့လှိုင်းပုတ်နေသံ
ဝုန်းးးးးးးကနဲ့ နော်
စိတ်ရဲ့
စေရာ
ငါသွားနေတယ်
စိတ်ရှိတိုင်းသာ ပြောရပါမူ
မင်းးးးးးးးးးးးးးးး
မုန်း သွားမှာ  ကြောက် လို့ နော်