Pages

Wednesday, March 10, 2010

“အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)” ရွေးချယ်ခံခဲ့ရသော မြန်မာဘလော့များ

သတ္တမနည်းပညာရပ်ဝန်း (www.technical-seven.com) နှင့် မြန်မာဘလော့ဂါပရက်စ် (http://www.mmblogpress.org) တို့  စုစည်းစီစဉ် ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့သတင်းထောက်များအသင်း (RSF) မှ ပေးအပ်ချီးမြှင့်သော ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် “အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)” ရွေးချယ်ခံခဲ့ရသော မြန်မာဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။
အကောင်းဆုံး အထွေထွေ ဘလော့ဂါဆု။


အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂါဆု။

ကိုပီတာရဲ့ အတွေးပုံရိပ်များ (http://kopeter.blogspot.com)

အကောင်းဆုံး အစုအဖွဲ့  ဘလော့ဂါဆု။

ငပေါများဂေဟာ (http://www.crazyvilla.net)

အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာစာပေဘလော့ဂါဆု။

မြစ်ကျိုးအင်း (http://page-28.blogspot.com)

အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂါဆု။

နင်းနဲ့ မာယာ (http://mysterysnow.blogspot.com)

အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂါဆု။

မြန်မာစာ မြန်မာစကား (http://myanmarsar.zaung.net)

အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတအသင်းအဖွဲ့  ဘလော့ဂါဆု။

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (http://www.everyoneit.com)

အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့် စာပေ ဘလော့ဂါဆု။

စည်းလုံးခြင်းရဲ့  အင်အား (http://photayokeking.org)

အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂါဆု။

သီတဂူစတား (http://www.sitagustar.net)

အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂါဆု။

ညီနေမင်း (http://www.nyinaymin.com)

ပထမအကြိမ်မြောက် “အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၈)” တွင် ရရှိခဲ့သော ဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။

(၁) အကောင်းဆုံး ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog )

မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ် http://soethuhein.iblogger.org/

(၂) အကောင်းဆုံး ပညာရေး ဘလော့ဂ်ဆု (Best Education Blog )

မသက်ဇင် ဘလော့ဂ် http://www.mathetzin.com/

(၃) အကောင်းဆုံး နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging )

ညီလင်းဆက် ဘလော့ဂ် http://blog.nyilynnseck.com/

(၄) အကောင်းဆုံး နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog )

နစ်နေမန်း ဘလော့ဂ် http://www.niknayman-niknayman.blogspot.com/

(၅) အကောင်းဆုံး သတင်း ဘလော့ဂ်ဆု (Best News Blog )

ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ် http://www.newskhitpyaing.co.cc/

(၆) အကောင်းဆုံး ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog )

ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ် http://tomorrowplan.blogspot.com/

(၇) အကောင်းဆုံး မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog )

ဖွဲ့တည်ရာ မဂ္ဂဇင်း http://existencemgz.wordpress.com/

(၈) အကောင်းဆုံး ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog )

မင်းဒင် ဘလော့ဂ် http://www.mindin.info/

(၉) အကောင်းဆုံး ကဗျာ ဘလော့ဂ်ဆု (Best Poem Blog )

ကောင်းကင်ကို ဘလော့ဂ် http://kaungkinko.myanmarbloggers.org/

(၁၀) အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog )

ကိုမိုးသီး ဘလော့ဂ် http://komoethee.blogspot.com/

(၁၁) အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု (Best General Blog )

နိုင်းနိုင်းစနေ ဘလော့ဂ် http://nineninesanay.blogspot.com/

Sunday, March 7, 2010

http://myanmarsar.zaung.net

စက်ရုံ အလုပ်ရုံ ၀န်ထမ်း လုပ်ငန်းရှင်များ အောင်မြင် တည်တံ့နိုင်သည့် နည်းလမ်းကောင်း

စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်များ အောင်မြင် တည်တံ့နိုင်သည့် နည်းလမ်းကောင်း


မိမိအလုပ်ရုံ စက်ရုံအပေါ်၌ အာက်ခြေမှစ နားလည်တတ်ကျွမ်းအောင်လေ့လာပါ။

ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက် လေ့လာခဲ့လျှင် မိမိ လုပ်ငန်း လိုအပ်ချက်ကိုတွေ့ မြင်နိုင်သည်။

အလုပ်သမားဝန်ထမ်း များအပေါ်၌ မိမိအားမှီခိုရပ်တည် စားသောက်နေသည်ဟုမြင်တတ်ပါ။

အလုပ်သမားဝန်ထမ်း များ နေထိုင်စားသောက်နေသည်ကိုလေ့လာပါ။

အလုပ်သမားဝန်ထမ်း အားချီးမွန်းစကားပြောတတ်ပါ။

လုပ်ငန်းရှင်၏ချီးမွန်းစကားသည်အလုပ်သမားအတွက်ခွန်အားဖြစ်စေသည်။

အမှားတွေ့ လျှင်မှားခြင်း၏ နောက်ဆက်တွဲဖြစ်လာနိုင်သည် အကျိုးအပြစ်ကို သေချာစွာရှင်းပြပြောဆိုပါ။

ဒုတိယ အကြိမ်ထပ်ပြီး အမှားတွေ့ လျှင် အလုပ်အပေါ်၌ စိတ်ဝင်စားမှု့ မရှိ
ကြောင်းသူ၏လုပ်ဆောင်မှု့သည် အပြစ်ရှိကြောင်းပြောပါ။

အလုပ်သမားဝန်ထမ်း များသည် လုပ်ငန်းရှင် ရှေ့ တွင်အယောင်ယောင် အမှားမှားဖြစ်တတ်ကြသည် ကို နားလည်ပါ။

မိမိ၏ ရှေ့ တွင်မှ တစုံတခု မှားယွင်းလျှင် အလွှဲအချော် ဖြစ်လျှင်သေချာစွာ ရှင်းပြ ခွင့်လွတ်ပါ။

အလုပ်သမားဝန်ထမ်း များအား ဆူပူအော်ဟစ်ခိုင်းစေ မည့်အစား ပြေပြစ်စွာ
ပြောဆိုခြင်းဖြင့် မိမိ၏ လုပ်ငန်းအား မိသားစုသဖွယ် လုပ်ကိုင်ဆောင်ရွက်နိုင်စေသည်။

တနှစ် တခါ အလုပ်သမားဝန်ထမ်း များအား ဆုချီးမြင့်ပါ
ကြားထဲတွင်လည်းထူးချွန်ထက်မျက်သည့် အလုပ်သမားအား သီးသန့်ဆုချီးမြင့်ပါ။

အလုပ်သမားဝန်ထမ်း များအား ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ကိုင်နေထိုင်
စားသောက် နေခြင်းဖြစ်သည် အားကိုးအားထားပြုနေကြောင်း
လုပ်ငန်းအပေါ်တွင်မိမိ ကိုယ်ပိုင်လုပ်ငန်း သဖွယ်သဘောထား လုပ်ကိုင် ဆောင်ရွက်ဖို့ကိုပြောဆိုပါ။

လိုအပ်လျှင်မိသားစုသဖွယ် အရေးကိစ္စရှိက လာရောက် အကူအညီတောင်းခံနိုင်ကြောင်းအသိပေးပြောကြားပါ။

သင်၏ စက်ရုံ အလုပ်ရုံဖြစ်သည် ဟုမမြင်ပဲ အလုပ်သမားဝန်ထမ်းမျာ၏ စက်ရုံအလုပ်ရုံသာဖြစ်သည်။

ကောင်းမွန်စွာ ထိမ်းသိမ်း လုပ်ကိုင်စောင့်ရှောက်ဖို့ကိုပြောဆိုပါ။

သင်၏ ကူဖော် လောင်ဖက် အဖြစ်မြင်တတ်ပါ။
ထိုအခါ အလုပ်သမားဝန်ထမ်းကောင်း တို့သည် သင်လိုအပ်သည့် အချိန်တိုင်း သင့်ဘေးမှာ အဆင်သင့်ရှိနေနိုင်သည်။

မိသားစုသဖွယ် စောင့်ရှောက်တတ်ပါ သင်၏ စက်ရုံ အလုပ်ရုံ အောင်မြင်နိုင်သည် အလုပ်သမားဝန်ထမ်း ကောင်းရရှိနိုင်သည်။

သို့မှသာ သင်သည် လုပ်ငန်းရှင်ကောင်း သဘောထား ပြည့်ဝသည့် ပိုင်ရှင်ကောင်း တရောက်ဖြစ်လာနိုင်ပါသည်။

(တချို့ နိုင်ငံ တိုင်းပြည်များ တွင် လုပ်အားခ နှင့်လုပ် သည့် အလုပ် ထိုက်တန် ၍ တော်သေးသည။်)



***စိတ် သဘောထားမှန်သော အလုပ်သမားဝန်ထမ်းကောင်း***


စိတ် သဘောထားမှန်သော အလုပ်သမားဝန်ထမ်းကောင်း သင်၏လုပ်ကိုင်နေသော လုပ်ငန်းအပေါ်၌
မိမိအလုပ်ဟု သဘောထား လုပ်ကိုင်ဆောင်ရွက် ပါမိမိကြောင့်
့်မတော်တဆ ဆုံးရှုံးသွားသော ပစ္စည်းကို ကိုယ်ပိုင်ဆိုင်သော ပစ္စည်းဟုသဘောထားလျှင်
သင်သည်နောက်ထပ်မတော်တဆ အမှားမျိုးကျူးလွန်မိမည်မဟုတ် ပျက်စီးဆုံးရှုံးမှု့ထပ်မဖြစ်နိုင်တော့ပေ။

ခိုင်းမှလုပ်သောအလုပ်ထက်မခိုင်းစေပဲ လုပ်ကိုင်ဆောင်ရွက်ခြင်းသည်
သင်ကိုယ်တိုင် ပိုင်ရှင်စိတ် ထားသောကြောင့်ဖြစ်သည်။

သင်၏ ပိုင်ရှင်မခိုင်းစေ ပဲလုပ်သောလုပ်ရပ်က သင်၏ မြင့်မြတ်သော စိတ်ဓါတ် ကိုပြသနေခြင်းဖြစ်သည်။

ခိုင်းမှ လုပ်လျှင် ကျွန် ဖြစ်သည် မခိုင်းပဲ လုပ်လျှင် သခင် ဖြစ်သည်။

ဟုကျွန်ုပ်ကြားဘူးသည့် အတိုင်းသင်၏ စိတ်ဓါတ်သည် လေးစားဖွယ် ဂုဏ် ယူဖွယ်ကောင်း၏

သင်၏ လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းအပေါ်သင်၏ လုပ်ဆောင်ချက်ကြောင့်  လုပ်ငန်း အောင်မြင် အောင်သင်၏စက်ရုံ အလုပ်ရုံ လိုသဘောထား ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိ၏ အလုပ်အပေါ် စွမ်းနိုင်သလောက် လုပ်ကိုင်ကူညီဆောင်ရွက်ြခင်း ဟုစိတ်ထားသော ကြောင့်သင်သည် အလုပ်သမားဝန်ထမ်းကောင်းတစ်ရောက်ဖြစ်သည်။




***ရောင်း ၀ယ် ဖောက် ကားမှု့ အောင်မြင်ရေးနည်းလမ်းကောင်း***

ရောင်းချသောအခါဖြစ်စေ ၀ယ်ယူသောအခါဖြစ်စေ ချိုသာသောစကားပြောဆို၍ ရောင်းချဝယ်ယူပါ။

ဝယ်သူအား စိတ်ရှေစွာ ပြောဆို ရောင်းဝယ်ပါ ရောင်းချပါ။
ဝယ်သူ၏ နားမလည်မှု့အပေါ် စိတ်မကွက်ပါနှင့် သင်ကိုယ်တိုင် ၀ယ်ယူနေသည် ဟုစိတ်ထား၍ သူတတ်နိုင်သော ငွေကျေး ပမာဏနှင့်အညီ
ကောင်းမွန်သော ပစ္စည်း သာရောင်းချပါ။

ပို့ ရန် ပေးရန် မှာထားသော ပစ္စည်း အားကောင်းမွန် သေချာ လုံခြုံ ကျနစွာထုပ်ပိုးပြီးပေးပါ။

လမ်းခရီး ဝေးကွာလျှင် ပျက်စီးတတ်၍ဖြစ်သည်။ဝယ်ယူသူ အား အချိန်မှီ ပို့ပေးပါ။

နောက်ကျပါက မိမိ ဘက်မှ အခက် အခဲအား ၀ယ်ယူသူ စိတ် ကျေနပ် သည့်အထိ သေချာ နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောဆိုရမည်။

မိမိ ရောင်ချမည့် ပစ္စည်း ပြတ်လတ်မှု့ကိုဝယ်ယူသူ အားကြိုတင် အသိပေးပါ။

ဝယ်သူမှ လည်းလိုအပ်မှ မှာ ယူလျှင် ပစ္စည်း ပြတ်လပ်မှု့နှင့် ကြုံတွေ့ တတ်သည်။

ဝယ်ယူ သူသည် ထ္မင်း လာကျွေးသော ကျေးဇူးရှင်ဖြစ်သည်။

ရောင်းဝယ်သည့် ပစ္စည်းအား သန့်ရှင်းစင်ကြယ်စွာ ထားရှိရမည်။

ငွေကျေး တွက်ချက်ရာတွင် လည်းပို၍ ပါလာလျှင်ပြန်ပေး ရန်မမေ့ပါနှင့်သင့်ထံမှ ၀ယ်ယူ သူမှလည်း စွဲမြဲစွာ ၀ယ် ယူ နိုင်သည်။

ရောင်းသူ ၀ယ်သူ အသံတူကြည်ဖြူ စိတ် ကိုမွေး

ရောင်းသူ ၀ယ်သူ အသံ မတူ ခွင့်လွတ် နားလည်ပေး။

ရောင်းချ ၀ယ်ယူ ရာတွင် စိတ်ရှေပါ သည်းခံပါ

သင်သည် မုချ မသွေ ကြာရှည် တည်တံစွာ ရောင်းချ နိုင် ၀ယ်ယူ နိုင်သည်။

ဝယ်သူ မှ လည်း စွဲမြဲစွာ ၀ယ် ယူ ပေလိမ့်မည်။

သင်သည် မုချ မသွေ အောင်မြင် နိုင်မည့်သူဖြစ်ပ်ါသည်။

**ယဉ်မင်းခိုင်**

Friday, March 5, 2010

သံသရာ မှာ သမုဒ္ဒရာ လေးစင်း မျက်ရည် မြစ်များကျဖူးတယ်

အိပ်မက်လေး

တစ်ရေးနိုးထ နှလုံးသားလေး စူးနင့်နာကျင်
ဘ၀ဟောင်းမှာ ချစ်ဖူးတယ် သခင်
သံသရာဝဋ်ကျွေး မပြယ်သေး
တဖန်တွေ့ဆုံကြုံလာတယ်
အိပ်မက်ထဲမှာ ငိုညည်းနေမိ သူ တစ်ယောက်တွက်
မျက်ရည်တစ်စက် ကျမိခဲ့ရင်
သံသရာမှာ သမုဒ္ဒရာလေးစင်း မျက်ရည် မြစ်များ

ဘ၀ဟောင်းမှာ ကျဖူးတယ်ရှင်


``ဘုရား´´

ဟောတာကြားဖူးတယ်သခင်

ချစ်သူမသိ အိပ်မက်ထဲမှာ ငိုညည်းနေမိ

ဘ၀ဟောင်း ပြန်ပြောင်းသိတော့လွမ်းမိရင်မှာ

အတိတ်ဝဋ်ကြွေး ပေးဆပ်နေတာ

ကြင်သူသိစေချင်လှတာ

ကျောက်သံ ပတ္တမြား အိမ်မှာထားရင် လဘ်ရွှင်စေသည်

ကျောက်သံ ပတ္တမြား

အိမ်မှာထားရင်
  လဘ် ရှိတယ်

ငါ့မိ ငါ့ဘ ပြောဖူးတယ်။

ကျောက်သံ ပတ္တမြား

ဇယ်တောက်

ကစား

မြေပေါ် မြေအောက်

ကောက်ရထား

မိတ်ဆွေ ဖော်ပေါင်း လက်ဆောင်ပေးလို့
ဝယ်ထားတာလဲ ရှိပါတယ်။
ငယ်စဉ်ကာလ

ငါ့မိ ငါ့ဘ ပေးအပ် ထား

ရတနာ စိန် ကျောက်

ဇယ်တောက် လောက်အောင်

မ........... မှာရှိတယ်။
ခဏတဖြုတ်

ဥစ္စာ အပ်နှင်းထားခဲ့ခြင်း

ရောင်းချ သုံးဖြုန်း ပြစ်လိုက်တယ်။
စိတ်ချ ယုံကြည် ထားခဲ့သည်ကို အလွှဲသုံးစား လုပ်လိုက်တယ်။
မင်းးးးးးးးးး မမြင်ဘူး
တန်ဖိုး မသိ

တခါဆက်ဆံ ဆယ်ခါလန်

သူခိုး သူဝှက် အပ်မိထားတော့ ကုန်သွားတယ်လို့

စိတ် ကိုဖြေသိမ့် နေရတယ်

ကျွန်ယုံရင် တဖက်ကန်း
သားသမီး ယုံစုံလုံးကန်း
အိမ်က ခွေးတောင်

သခင်ပစ္စည်း

စောင့် ရှောက်ပေးတယ်။

ခွေးထက်မိုက်တဲ့ လူ ကောင်ရယ်

နောင် သံသရာ ရှူမျော် တွေးနော်
မိဘ ပစ္စည်း

ခိုးဝှက်ယူလဲ ခိုးမှု့မြောက်တယ်။

ငရဲ လမ်း ကိုသွားပေါ့ ဟယ်။

Tuesday, March 2, 2010

ဘ၀ အောင်မြင်မှု့နည်းလမ်း

ဘ၀  အောင်မြင်မှု့  နည်းလမ်း



အောင်မြင်မှု့ဟူသည် သူတပါး၏  အကျိုးစီးပွားကိုမထိခိုက်ပဲ  ရည်မှန်းထားသော
ပန်းတိုင်ကိုရောက်၇ှိစေသည့်  မိမိကိုကျေနပ်နှစ်သိမ့်မှု့
ပေးသောအောင်ပွဲခံခြင်းဖြစ်သည်။
အောင်မြင်မှု့ကို  ငွေကြေး ဥစ္စာ ဓနနှင့်လည်း တိုင်းတာလို့မရ
ထင်ပေါ်ကျော်ကြားမှု့နှင့်လည်း
တိုင်းတာလို့မရပါ   အောင်မြင်မှု့ဆိုသည်မှာ  မိမိလိုလားတောင့်တသော
အခြေအနေကို ရရှိကျေနပ်မှု့ပင်ဖြစ်သည်။









ကြိုတင်လိုအပ်ချက်များ



ဘ၀၌အောင်မြင်လိုသူတိုသည်  မိမိ၏  ကိုယ်  နှုပ်  နှလုံး သုံးပါးစလုံးတွင်
ကြိုတင်ပြင်စင်ထားရှိရမည့်

လိုအပ်ချက်များရှိပါသည်။ယင်းတို့ မှာ။

၁။အကျင့်စာ ရိတ္တကောင်းမွန်ခြင်း ။

၂။မိမိ၏ရှိရင်းစွဲ  ဘ၀အခြေနေ၌မနေတော့ဟု  ဆုံးဖြတ်ရမည့် စိတ်ဓါတ်ပြောင်းလဲမှု့ ။

၃။အခြေအနေနှင့်အချိန်အခါကိုသိနားလည်မှု့ ။

၎။အလုပ်ကိုချစ်မြတ်နိုးမှု့နှင့်။

၅။မိတ်ဆွေသဂ်ဟကောင်း ရှိခြင်းတို့ဖြစ်ပါသည်။



အကျင့်စာရိတ္တ ကောင်းမွန်ခြင်း



စစ်မှန်သော အောင်မြင်မှု့ရယူလိုသူတို့သည် တယုတယ ပျိုးထောင်ထားအပ်သော
အကျင့်စာရိတ္တကောင်းရှိဖို့လိုပါသည်။အကျင့်မကောင်းတဲ့ သူတွေလဲ
ဲအောင်မြင်နေတာပဲဟု စောဒကတက်ဖွယ် ရှိသော်လည်းရေရှည်တည်တံသော ဂုဏ်သတင်း ၊
မွေးပျံသောအောင်မြင်မှု့ဟူသည်  အကျင့်စာရိတ္တကောင်းမွန်ခြင်း၊မြေဆီလွာပေါ်၌သာ
 ပျိုးထောင် ရှင်သန်နိုင်သော  နတ်ပန်း  ဖြစ်သည်။



စိတ်ဓါတ်ပြောင်းလဲမှု့


လူအတော်များများသည်မိမိ လက်ရှိ အနေအထားမှ  ပြောင်းလဲရန်တွန့်ဆုပ်သည့်
သဘောထားရှိကျပါသည်။ကြိုးစားနေလည်းထူးမှာမဟုတ်ပါဘူး  ဒီသင်တန်းတက်ပြီးတော့လည်း
ချက်ညခင်းလက်ငင်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုကာ ဆင်ခြေအမျိုးမျိုးဖြင့် အပျင်းထူကာ
 မိမိလက်ရှိ နေရာမှ  တလက်မမှ မရွေ့ တမ်းနေကျသူအတော်များပါသည်။
လက်ရှိအနေအထားထက် တိုးမြင့်အောင် လုပ်ဆောင်မည်  ယခုအခြေအနေမှာ
လုံးဝ မနေလိုတော့ဟု ဆုံးဖြတ်ကြိုးစား  သူတို့သာ  အောင်မြင်စမြဲ  ပင်ဖြစ်သည်။



အခြေအနေနှင့်အချိန်အခါကို  သိနားလည်မှု့


အောင်မြင်မှု့ရယူနိုင်ဖို့ အခြေအနေ အချိန်အခါ ပေးသည်ကိုပေးမှန်း
နားလည်တတ်ရန်လိုသည်။
အခွင့်အရေးဟူသည် အတောင်ပံပါသည်ဟု ဆိုရိုးစကားရှိသည်။
ခွင့်သာခိုက်မှမကြိုးစားပါက အောင်မြင်မှု့နှင့် ဝေးရလိမ့်မည်။
အချိန်အခါဟူသည်မှာလည်း  အခြေအနေပေးချိန်တွင် ချက်ချင်းထလုပ်မှသာ
အောင်မြင်နိုင်ပေမည်။


အခွင့်အရေး



လောက၌အရာရာတိုင်းအတွက်  အခွင့်အရေးအခွင့်အလမ် ပေါ်ပေါက်တတ်သည်။
အချို့သောသူတို့မှာ  အခွင့်အရေးကိုအခွင့်အရေးမှန်း  မသိကျော်လွားသွားကျသည်။

အချို့မှာအခွင့်အရေးမှန်းသိသော်လည်း
ဖမ်းဆုပ်ရယူခြင်းမရှိသဖြင့်လက်လွတ်ဆုံးရှုံးခဲ့ရသည်။
အခွင့်အရေးသည် နောက်တကြိမ်လာခဲသဖြင့်  အခွင့်အရေးပေါ်သခိုက်
ဖမ်းဆုပ်ရယူနိုင်ဖို့လိုသည်။




အလုပ်ကိုချစ်မြတ်နိုးမှု့


ဘ၀ ကိုပြီးပြည့်စုံအောင်ဆောင်ရွက်ပေးသောအရာများမှာ  အလုပ်သည်အဓိကကျသည်။
လူသည်  အသိဥာဏ်ကြီးမြတ်သည် မိမိအတွက်မိသားစုအတွက် ပါတ်ဝန်းကျင်အသိုင်းဝိုင်းအတွက်
လောကမှာအ လုပ်လုပ်နေသောကြာင့် အသိဥာဏ် ကြီးမြတ်ရခြင်းဖြစ်သည်။
မိမိ၏ အလုပ်ကို  ချစ်မြတ်နိုးတတ်သူ တန်ဖိုးထားတတ် သူဖြစ်မှသာ သန်
့ရှင်းရေး  အလုပ်သမားဖြစ်စေ။

နိုင်ငံတော်   သမ္မတဖြစ်စေ   ဂုဏ်ယူလေးစား   လောက်ပေသည်။

မိတ်ဆွေသဂ်ဟကောင်းရှိခြင်း

လူသည်မိတ်ဆွေသဂ်ဟများ၊အိမ်နီးခြင်းများ၊လုပ်ဖော်ကိုင်ဘက်များ၊တစ်မြို့
တစ်နိုင်ငံတည်းနေသူများ
နိုင်ငံခြားသားများကိုဆက်ဆံ ပေါင်းသင်းရ၏  မိမိကျင်လည်ရာလောက၌ အလုပ်တခု
အောင်မြင်ေ၇းအတွက်  မိမိအားဝိုင်းဝန်းကူညီမည့် မိတ်ဆွေများ
အကြံဥာဏ်ကောင်းပေးမည့်သူများ။
စိတ်ထားဖြောင့်မတ်စွာမိမိ အောင်မြင်မှု့ကို
နှစ်သက်လိုလားသူများနှင့်အဆွေခင်ပွန်းဖွဲရန်လို၏
မိမိကြီးပွားသည်ကို  မုဒိတာပွားကာ  မိမိအခက်အခဲကြုံချိန်မှာ
နှစ်သိမ့်ထူမည့်  မိတ်ဆွေကောင်းဟူသည် ဘ၀၏  အကြီးမားဆုံး ဆုလာဘ် ဖြစ်သည် ။
တစ်ခုသတိပြုရန်မှာ မိမိကိုယ်တိုင် မိတ်ဆွေကောင်း   ပီသဖို့လိုသည်။

ဘ၀   အိမ်မက်  မျော်လင့်ချက်

မျှော်လင့်ချက်ရည်မှန်းချက်ဟူသည်  လူတဦးစီ၏
ဘ၀ကိုရှေ့သို့တွန်းပို့ပေးသောစွမ်းအားဖြစ်သည်။
မျှော်လင့်ချက်  ရည်မှန်းချက်ကြီးမား  သူတို့မှာ စိတ်ကူးအတိုင်း
ကြီးကျယ်ပေါက်မြောက်အောင်
ကြိုးစားရယူနိုင်သည်။
အောင်မြင်လိုသူတိုင်းသည် အိမ်မက်ကြီးကြီးမက်  ရည်မှန်းချက်ကြီးကြီး ထားရှိရမည်။



အာရုံစူးနှစ်မှု့

လောကီကိစ္စ  လောကုတ္တရာကိစ္စ ဆောင်ရွက်ရာတွင်အာရုံစူးနှစ်မှု့သည်အလွန်အရေးပါသည်။
အာရုံစူးနစ်မှု့မရှိပါက
လောကီကိစ္စ  လောကုတ္တရာကိစ္စ ဆောင်ရွက်ရာတွင်  ဟိုမရောက်ဒီမရောက်ခရီးမပေါက်နိုင်။
မိမိရည်စူးရာရည်သန်ရာကိုသာ တခုတည်းသောစိတ်ဖြင့် စူးစိုက်လုပ်ဆောင်ပါမှ ဘဝ
မှာအောင်မြင်မှု့ပန်းတိုင်ကိုရရှိမည်။

လေ့လာဆည်းပူးခြင်း  ကြိုတင်ပြင်ဆင်ခြင်း

အောင်မြင်လိုသောလူများသည် သိသင့်သိထိုက်သည်  ကိုလေ့လာဆည်းပူးခြင်းသည်
ပထမဦးဆုံးအခြေခံ အုပ်မြစ်ဖြစ်သည်။ မိမိလေ့လာဆည်းပူခဲ့သော အတွေ့အကြုံ  ဗဟုသုတ
ပညာရပ်များကို  မိမိလုပ်မည့်လုပ်ငန်းအတွက်  ကြိုတင်ပြင်ဆင်ရမည်။
မိမိလုပ်ငန်းအတွက်လည်း  ၀န်ထမ်း ဘဏ္ဍာရေး  လုပ်ငန်းစီမံခန့်ခွဲမှု့
စသည်ဖြင့်မည်သို့ထားရှိရမည်
ကြိုတင်ပြင်ဆင်မှသာ  လုပ်ငန်းအောင်မြင်ဖို့နီးစပ်သည်။



ယုံကြည်မှု့နှင့် သန္နိဌာန်


ယုံကြည်မှု့သည်ဘ၀၏တွန်းအားဖြစ်သည်  ။
တစုံတရာကို  ဖြစ်ကိုဖြစ်ရမည်ဟု  ယုံကြည်ကာ  သန္နဌာန်  ချမှတ်ဆောင်ရွက်ပါ။
ယုံကြည်မှု့ပြင်းပြပါက  အခက်အခဲများကို
မဆုပ်မနစ်ကြိုးစားဖြတ်ကျော်နိုင်စွမ်းရှိသည်။
သန္နိဌာန်စွမ်းအားက  လိုရာပန်းတိုင်  ရရှိအောင်မြင်နိုင်အောင်ပံပိုးပေးသည်။


အခက်အခဲ  အမှား  နှင့် ရှုံးနိမ့်မှု့


အခက် အခဲသည်  အောင်မြင်မှု့ကို ပိုမိုရရှိ  စေနိုင်သည်
အောင်မြင်မှု့ ဟူသည် လွယ်လင့်တကူ ရရှိသည့်  အရာမဟုတ်ပါ။
အခက် အခဲ ကို တွေ့ကြုံပြီးမှ ရရှိနိုင်သည် ကများသည်
အောင်မြင်မှု့ ကို လုပ်ဆောင်ရင်း အမှားများနှင့် ကြုံတတ်သည်
မမှားဖူးသူသည် ဘာမှမလုပ်  သူသာဖြစ်သည်
မိမိ၏အမှား သူတပါး၏ အမှား များကိုတွေ့ကြုံ သင်ခန်းစာယူမှ တိုးတက်အောင်မြင်နိုင်သည်
အမှားနှင့်  ရှုံးနိမ့်မှု့သည် အောင်မြင်မှု့ ပန်းတိုင်မရောက်မှီ  တွေ့ကြုံရတတ်သည်
အရေးကြီးဆုံး ကိစ္စမှာ   အခက်အခဲ အမှားများ နှင့်ရှုံးနိမ့်မှု့ကို  လက်ခံပြုပြင်ကာ
အောင်မြင်အောင်  ကြိုးစားမည်ဟု  ပိုင်းဖြတ်ထားသော  စိတ်  ဓါတ်  ပင်ဖြစ်သည်။


ငယ်ငယ်ထဲက ဖတ်ခဲ့ရတာလေးကို  ဝေမျှလိုက်တာနော်